ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ကြ်န္မအသက္ ၃၂ ႏွစ္ ကိုယ္ဝန္ ၁၃ ပတ္ ရွိပါၿပီ။ ဆရာမႀကီး ပါေမာကၡ ေဒၚသင္းသင္းေအာင္နဲ႔ xxxxx ေဆး႐ုံမွာ ပံုမွန္ ျပေနတာ ၃ ႀကိမ္ေျမာက္အျဖစ္ ၇.၁.၂၀၁၉ မွာ ထပ္မံျပသခဲ့ပါတယ္။ ကြ်န္မေခ်ာင္းဆိုးေနခဲ့တဲ့အတြက္ ဆရာမႀကီးက ေဆး ၃ မ်ိဳးေသာက္ဖို႔ေပးခဲ့ပါတယ္။

ဆရာမႀကီး အခန္းထဲကထြက္လာအၿပီး သက္ဆိုင္ရာ MO ဆီမွာ စာအုပ္ျပရပါတယ္ အဲ့ဒီမွာ တာဝန္က်တဲ့ MO ေကာင္မေလးက ဆရာမႀကီး လက္ေရး နားမလည္လို႔ဆိုၿပီး ခဏေနာ္ဆိုၿပီး သြားေမးပါတယ္။ ပံုထဲကအတိုင္း ေအာက္ဆံုး က bronchest ေဆးကိုမသိတာပါ ဒီလိုနဲ႔အဲ့ MO ထုတ္ေပးတဲ့ေဆး List အတိုင္း ေဆးေကာင္တာမွာ ထုတ္ပါတယ္။

ေဆးက တကယ္ေတာ့ ၃ မ်ိဳးျဖစ္ၿပီး( ကိုယ္ဝန္ေဆာင္ အားေဆး pragnacare plus ထပ္ေဆာင္းပါ) Bronchest , Vitacee နဲ႔ Alerday တို႔ျဖစ္ပါတယ္။ ဒါကို MO ေကာင္မေလးက Alerday အစား Aldactone 25 mg ဆီးေဆး နဲ႔မွားေပးထား ပါတယ္။ ကြ်န္မအမ်ိဳးသားက ေဆးအေၾကာင္းနားလည္ေတာ့ သက္ဆိုင္ရာ ေဆးေကာင္တာမွာ ေဆးထုတ္ ေပးကတည္း က မွားေနတဲ့ Aldactone ကို ဘာေဆးလဲေမးပါတယ္ ေဆးထုတ္ေပးတဲ့ Pharmacist က ဆီးေဆးပါဆိုၿပီး ေပါ့ပ်က္ပ်က္ ျပန္ ေျဖပါတယ္။ ဒီလိုနဲ႔ ကြ်န္မေယာက်ာ္းက မသကၤာတာနဲ႔ ကြ်န္မကို ေမးပါတယ္။ ဆရာမႀကီးက ဆီးေဆး ထည့္ေပးထား တယ္။ နင္ ဆရာမႀကီးကို ဆီးမေကာင္းဘူးေျပာထားလို႔လားဆိုၿပီး ေမးပါတယ္။ ကြ်န္မက မေျပာပါဘူး ေခ်ာင္းဆိုးတာ တစ္ခုပဲ ျဖစ္ေၾကာင္း ျပန္ေျပာျပပါတယ္။

ဒါနဲ႔ အိမ္ျပန္ေရာက္ေတာ့ အမ်ိဳးသားက ေဆးနာမည္ကို အင္တာနက္မွာရွာ ၾကည့္ပါတယ္။ ေဆးက ဆီးသြားေစတဲ့

ေဆးျဖစ္ၿပီး ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြနဲ႔ မသင့္ေလ်ာ္ေၾကာင္း မေသာက္သင့္ေၾကာင္း ေရးထားတာ ေတြ႕ေၾကာင္း ေျပာပါတယ္။ ဒါေပမဲ့ ကြ်န္မတို႔လည္း ေဆး႐ုံကို ယံုၾကည္ၿပီး ဆရာမႀကီး ေဒၚသင္းသင္းေအာင္ ၫႊန္ၾကားထားတယ္ အမွတ္နဲ႔ Aldactone 25 mg ကို မနက္တစ္ႀကိမ္ ညတစ္ႀကိမ္ ၂ ႀကိမ္ေသာက္လိုက္ မိပါတယ္။

ဒီလိုနဲ႔ ညေရာက္ေတာ့ ေခါင္းအေနာက္ဘက္မွာ ဇက္ေၾကာထိုးသလိုမ်ိဳး နာလာတာေၾကာင့္ အမ်ိဳးသားက အေမရိကားက သူ႔သူငယ္ခ်င္း ဆရာဝန္ကို အင္တာနက္ကတဆင့္ ေမးေတာ့ ေဆးက ကိုယ္ဝန္ေဆာင္ေတြ လံုးဝေသာက္လို႔ မရေၾကာင္း၊ သက္ဆိုင္ရာ ဆရာဝန္သို႔မဟုတ္ ေဆး႐ုံက Pharmacist ကေဆးမွားေပးတာျဖစ္ႏိုင္ေၾကာင္း၊ မနက္က်ရင္ ဆရာမႀကီး ေဒၚသင္းသင္းေအာင္ကို ဆက္သြယ္ၿပီး အတည္ျပဳခ်က္ ရယူသင့္ေၾကာင္း ေလာေလာဆယ္ မေသာက္ဘဲ ရပ္ထားသင့္ ေၾကာင္း အၾကံေပးပါတယ္။

OG ေဒၚသင္းသင္းေအာင္ဖုန္းကို ရေအာင္စံုစမ္းၿပီးမနက္က်ဆက္ေတာ့ ဆရာမႀကီးေပးတာ Alerday ျဖစ္ေၾကာင္း ေဆး႐ုံက ေဆးမွားေပးတာ ျဖစ္ေၾကာင္း အတည္ျပဳပါတယ္။ ၈.၁.၂၀၁၉ မွာ xxxxx ေဆး႐ုံမွာ ေဆးမွားေသာက္ မိတာနဲ႔ ပတ္သက္ၿပီး Customer Complain တက္ဖို႔နဲ႔ တျခား OG ဆရာမႀကီးျဖစ္တဲ့ ေဒၚခ်ယ္ရီသန္းသန္းတင္နဲ႔ Consult လုပ္ဖို႔ ေန႔လည္ ၁ နာရီေလာက္မွာ သြားခဲ့ပါတယ္။

ေဆး႐ုံေရာက္ေတာ့ ေဆးမွားေပးတာနဲ႔ ပတ္သက္ၿပီး customer complain တက္တဲ့အခါမွာ သူတို႔ဆီက တာဝန္ရွိသူေတြ က ဂ႐ုတစိုက္ေျဖရွင္းေပးပါတယ္။ ဆရာမႀကီး ေဒၚခ်ယ္ရီသန္းသန္းတင္ကလည္း side affect ေတြရွိေပမယ့္ ကေလးကိုမ ထိခိုက္ႏိုင္ေၾကာင္း ေသေသခ်ာခ်ာ ရွင္းျပေပးခဲ့ပါတယ္။ ေဆးမွားေပးတဲ့ကိစၥဟာ သာမန္လူအတြက္ ျပႆနာမရွိေပမယ့္ ကိုယ္ဝန္ေဆာင္ မိခင္အတြက္ေတာ့ ဆိုးက်ိဳးေတြ အမ်ားႀကီး သက္ေရာက္ႏိုင္ပါတယ္။ ကၽြန္မအမ်ိဳးသားလို ေဆးပညာ ဗဟုသုတရွိတဲ့သူေၾကာင့္ ၂ႀကိမ္သာ ေသာက္လိုက္မိၿပီး အခ်ိန္မွီ ရပ္လိုက္တဲ့အတြက္ေၾကာင့္ ဆိုးက်ိဳး အမ်ားႀကီး မရွိေပမယ့္ ေဆးပညာနဲ႔အကၽြမ္းတဝင္မရွိတဲ့လူနာဆို အမ်ားႀကီး ဒုကၡေရာက္သြားႏိုင္ပါတယ္။

ဒီလိုအမွားအယြင္းမ်ိဳးဟာ ႏိုင္ငံတကာေဆး႐ုံ ဆိုၿပီး ခံယူထားတဲ့ xxxxx လိုေဆး႐ုံအတြက္ မျဖစ္သင့္သလို အေရးႀကီးတဲ့ MO လိုေနရာမ်ိဳးကို အေတြ႕အၾကံဳမရွိ ငယ္ရြယ္လြန္းတဲ့ ကေလးေတြ ခန္႔ထားတာလည္း ေဆး႐ုံနဲ႔ မလိုက္ဖက္ပါဘူး။ ဒီေန႔ ေဆး႐ုံရဲ႕ Pharmacist နဲ႔ MO က Incharge ေတြက သူတို႔အမွားျဖစ္ေၾကာင္း ဝန္ခံ ေတာင္းပန္ေပမယ့္ မွားယြင္းမွဳ အတြက္ေတာ့ တာဝန္ယူမွဳ ၊တာဝန္ခံမွဳ တစ္စံုတရာ မရွိပါဘူး။ ဒါ့ေၾကာင့္ ကြ်န္မလို အျဖစ္မ်ိဳးမျဖစ္ ရေအာင္ ႏိုင္ငံတကာ ေဆး႐ုံ ဆိုတိုင္း အယံုၾကည္မလြန္ၾကဖို႔ ဂ႐ုစိုက္ၾကဖို႔ ေစတနာအရင္းခံနဲ႔ ေရးသား လိုက္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: Shwe Sin Win Htun

#Unicode Version#
ဆရာဝန်ရေးပေးတဲ့ ဆေးမဟုတ်ဘဲ တခြားဆေးကို မှားပေးလိုက်တဲ့ ပုဂ္ဂလိက ဆေးရုံကြီးတစ်ခု

ကျွန်မအသက် ၃၂ နှစ် ကိုယ်ဝန် ၁၃ ပတ် ရှိပါပြီ။ ဆရာမကြီး ပါမောက္ခ ဒေါ်သင်းသင်းအောင်နဲ့ xxxxx ဆေးရုံမှာ ပုံမှန် ပြနေတာ ၃ ကြိမ်မြောက်အဖြစ် ၇.၁.၂၀၁၉ မှာ ထပ်မံပြသခဲ့ပါတယ်။ ကျွန်မချောင်းဆိုးနေခဲ့တဲ့အတွက် ဆရာမကြီးက ဆေး ၃ မျိုးသောက်ဖို့ပေးခဲ့ပါတယ်။

ဆရာမကြီး အခန်းထဲကထွက်လာအပြီး သက်ဆိုင်ရာ MO ဆီမှာ စာအုပ်ပြရပါတယ် အဲ့ဒီမှာ တာဝန်ကျတဲ့ MO ကောင်မလေးက ဆရာမကြီး လက်ရေး နားမလည်လို့ဆိုပြီး ခဏနော်ဆိုပြီး သွားမေးပါတယ်။ ပုံထဲကအတိုင်း အောက်ဆုံး က bronchest ဆေးကိုမသိတာပါ ဒီလိုနဲ့အဲ့ MO ထုတ်ပေးတဲ့ဆေး List အတိုင်း ဆေးကောင်တာမှာ ထုတ်ပါတယ်။

ဆေးက တကယ်တော့ ၃ မျိုးဖြစ်ပြီး( ကိုယ်ဝန်ဆောင် အားဆေး pragnacare plus ထပ်ဆောင်းပါ) Bronchest , Vitacee နဲ့ Alerday တို့ဖြစ်ပါတယ်။ ဒါကို MO ကောင်မလေးက Alerday အစား Aldactone 25 mg ဆီးဆေး နဲ့မှားပေးထား ပါတယ်။ ကျွန်မအမျိုးသားက ဆေးအကြောင်းနားလည်တော့ သက်ဆိုင်ရာ ဆေးကောင်တာမှာ ဆေးထုတ် ပေးကတည်း က မှားနေတဲ့ Aldactone ကို ဘာဆေးလဲမေးပါတယ် ဆေးထုတ်ပေးတဲ့ Pharmacist က ဆီးဆေးပါဆိုပြီး ပေါ့ပျက်ပျက် ပြန် ဖြေပါတယ်။ ဒီလိုနဲ့ ကျွန်မယောကျာ်းက မသင်္ကာတာနဲ့ ကျွန်မကို မေးပါတယ်။ ဆရာမကြီးက ဆီးဆေး ထည့်ပေးထား တယ်။ နင် ဆရာမကြီးကို ဆီးမကောင်းဘူးပြောထားလို့လားဆိုပြီး မေးပါတယ်။ ကျွန်မက မပြောပါဘူး ချောင်းဆိုးတာ တစ်ခုပဲ ဖြစ်ကြောင်း ပြန်ပြောပြပါတယ်။

ဒါနဲ့ အိမ်ပြန်ရောက်တော့ အမျိုးသားက ဆေးနာမည်ကို အင်တာနက်မှာရှာ ကြည့်ပါတယ်။ ဆေးက ဆီးသွားစေတဲ့

ဆေးဖြစ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ မသင့်လျော်ကြောင်း မသောက်သင့်ကြောင်း ရေးထားတာ တွေ့ကြောင်း ပြောပါတယ်။ ဒါပေမဲ့ ကျွန်မတို့လည်း ဆေးရုံကို ယုံကြည်ပြီး ဆရာမကြီး ဒေါ်သင်းသင်းအောင် ညွှန်ကြားထားတယ် အမှတ်နဲ့ Aldactone 25 mg ကို မနက်တစ်ကြိမ် ညတစ်ကြိမ် ၂ ကြိမ်သောက်လိုက် မိပါတယ်။

ဒီလိုနဲ့ ညရောက်တော့ ခေါင်းအနောက်ဘက်မှာ ဇက်ကြောထိုးသလိုမျိုး နာလာတာကြောင့် အမျိုးသားက အမေရိကားက သူ့သူငယ်ချင်း ဆရာဝန်ကို အင်တာနက်ကတဆင့် မေးတော့ ဆေးက ကိုယ်ဝန်ဆောင်တွေ လုံးဝသောက်လို့ မရကြောင်း၊ သက်ဆိုင်ရာ ဆရာဝန်သို့မဟုတ် ဆေးရုံက Pharmacist ကဆေးမှားပေးတာဖြစ်နိုင်ကြောင်း၊ မနက်ကျရင် ဆရာမကြီး ဒေါ်သင်းသင်းအောင်ကို ဆက်သွယ်ပြီး အတည်ပြုချက် ရယူသင့်ကြောင်း လောလောဆယ် မသောက်ဘဲ ရပ်ထားသင့် ကြောင်း အကြံပေးပါတယ်။

OG ဒေါ်သင်းသင်းအောင်ဖုန်းကို ရအောင်စုံစမ်းပြီးမနက်ကျဆက်တော့ ဆရာမကြီးပေးတာ Alerday ဖြစ်ကြောင်း ဆေးရုံက ဆေးမှားပေးတာ ဖြစ်ကြောင်း အတည်ပြုပါတယ်။ ၈.၁.၂၀၁၉ မှာ xxxxx ဆေးရုံမှာ ဆေးမှားသောက် မိတာနဲ့ ပတ်သက်ပြီး Customer Complain တက်ဖို့နဲ့ တခြား OG ဆရာမကြီးဖြစ်တဲ့ ဒေါ်ချယ်ရီသန်းသန်းတင်နဲ့ Consult လုပ်ဖို့ နေ့လည် ၁ နာရီလောက်မှာ သွားခဲ့ပါတယ်။

ဆေးရုံရောက်တော့ ဆေးမှားပေးတာနဲ့ ပတ်သက်ပြီး customer complain တက်တဲ့အခါမှာ သူတို့ဆီက တာဝန်ရှိသူတွေ က ဂရုတစိုက်ဖြေရှင်းပေးပါတယ်။ ဆရာမကြီး ဒေါ်ချယ်ရီသန်းသန်းတင်ကလည်း side affect တွေရှိပေမယ့် ကလေးကိုမ ထိခိုက်နိုင်ကြောင်း သေသေချာချာ ရှင်းပြပေးခဲ့ပါတယ်။ ဆေးမှားပေးတဲ့ကိစ္စဟာ သာမန်လူအတွက် ပြဿနာမရှိပေမယ့် ကိုယ်ဝန်ဆောင် မိခင်အတွက်တော့ ဆိုးကျိုးတွေ အများကြီး သက်ရောက်နိုင်ပါတယ်။ ကျွန်မအမျိုးသားလို ဆေးပညာ ဗဟုသုတရှိတဲ့သူကြောင့် ၂ကြိမ်သာ သောက်လိုက်မိပြီး အချိန်မှီ ရပ်လိုက်တဲ့အတွက်ကြောင့် ဆိုးကျိုး အများကြီး မရှိပေမယ့် ဆေးပညာနဲ့အကျွမ်းတဝင်မရှိတဲ့လူနာဆို အများကြီး ဒုက္ခရောက်သွားနိုင်ပါတယ်။

ဒီလိုအမှားအယွင်းမျိုးဟာ နိုင်ငံတကာဆေးရုံ ဆိုပြီး ခံယူထားတဲ့ xxxxx လိုဆေးရုံအတွက် မဖြစ်သင့်သလို အရေးကြီးတဲ့ MO လိုနေရာမျိုးကို အတွေ့အကြုံမရှိ ငယ်ရွယ်လွန်းတဲ့ ကလေးတွေ ခန့်ထားတာလည်း ဆေးရုံနဲ့ မလိုက်ဖက်ပါဘူး။ ဒီနေ့ ဆေးရုံရဲ့ Pharmacist နဲ့ MO က Incharge တွေက သူတို့အမှားဖြစ်ကြောင်း ဝန်ခံ တောင်းပန်ပေမယ့် မှားယွင်းမှု အတွက်တော့ တာဝန်ယူမှု ၊တာဝန်ခံမှု တစ်စုံတရာ မရှိပါဘူး။ ဒါ့ကြောင့် ကျွန်မလို အဖြစ်မျိုးမဖြစ် ရအောင် နိုင်ငံတကာ ဆေးရုံ ဆိုတိုင်း အယုံကြည်မလွန်ကြဖို့ ဂရုစိုက်ကြဖို့ စေတနာအရင်းခံနဲ့ ရေးသား လိုက်ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit: Shwe Sin Win Htun


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top