ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ျမန္မာတစ္ႏိုင္ငံလုံးရွိေမာ္ေတာ္ဆိုင္ကယ္မ်ား ယာဥ္မွတ္ပုံတင္ျပဳလုပ္ရာတြင္ ယာဥ္အကၡရာ နံပါတ္ျပားမ်ားကို ျမန္မာအကၡရာမွ အဂၤလိပ္အကၡရာဂဏန္းေျပာင္းလဲျခင္းကို ဇန္နဝါရီ ၁၀ ရက္မွစ၍ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႉဦးစီးဌာနမွ ဇန္နဝါရီ ၉ ရက္တြင္ သိရသည္။

ယခင္က ေမာ္ေတာ္ဆိုင္ကယ္မ်ား မွတ္ပုံတင္ နံပါတ္ျပားမ်ားထုတ္ေပးရာတြင္ ၄၆ယ/— အစရွိေသာ ျမန္မာအကၡရာမ်ားထုတ္ေပးခဲ့ရာ တိုင္းေဒသႀကီးအလိုက္ ေမာ္ေတာ္ယာဥ္ နံပါတ္ျပားမ်ားအတိုင္း အဂၤလိပ္အကၡရာကို ေျပာင္းလဲထုတ္ေပးမည္ျဖစ္သည္။

” ဇန္နဝါရီ ၁၀ ရက္ကစၿပီး ေမာ္ေတာ္ဆိုင္ကယ္ေတြကို ျမန္မာအကၡရာနံပါတ္ျပားကေန အဂၤလိပ္အကၡရာနံပါတ္ျပားေတြ ေျပာင္းလဲထုတ္ေပးသြားမွာပါ။ ေမာ္ေတာ္ယာဥ္လိုပဲ အဂၤလိပ္နံပါတ္ျပား MDY 46 W ဆိုၿပီး ေျပာင္းလဲထုတ္ေပးသြားမွာပါ။”ဟု ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈ ဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ဇန္နဝါရီ ၉ ရက္တြင္ ျမန္မာတိုင္းမ္ေန႔စဥ္သို႔ ေျပာသည္။

တရားမဝင္တင္သြင္းလာေသာ လိုင္စင္မဲ့ဆိုင္ကယ္ သုံးဘီးဆိုင္ကယ္မ်ားႏွင့္ လွ်ပ္စစ္ဆိုင္ကယ္မ်ား ကို စီမံခ်က္အေနျဖင့္ ၂၀၁၈ခုႏွစ္ ႏိုဝင္ဘာလ ၁ ရက္မွ ႏိုဝင္ဘာလ ၂၃ ရက္ေန႔အထိ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႉဦးစီးဌာန႐ုံးစိုက္ရာ ၄၉ ႐ုံးတြင္ မွတ္ပုံတင္လုပ္ေဆာင္ေပးခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyanmarTimes

# Unicode Version ျဖင့္ ဖတ္ပါ #

မြန်မာတစ်နိုင်ငံလုံးရှိမော်တော်ဆိုင်ကယ်များ ယာဉ်မှတ်ပုံတင်ပြုလုပ်ရာတွင် ယာဉ်အက္ခရာ နံပါတ်ပြားများကို မြန်မာအက္ခရာမှ အင်္ဂလိပ်အက္ခရာဂဏန်းပြောင်းလဲခြင်းကို ဇန်နဝါရီ ၁၀ ရက်မှစ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှူဦးစီးဌာနမှ ဇန်နဝါရီ ၉ ရက်တွင် သိရသည်။

ယခင်က မော်တော်ဆိုင်ကယ်များ မှတ်ပုံတင် နံပါတ်ပြားများထုတ်ပေးရာတွင် ၄၆ယ/— အစရှိသော မြန်မာအက္ခရာများထုတ်ပေးခဲ့ရာ တိုင်းဒေသကြီးအလိုက် မော်တော်ယာဉ် နံပါတ်ပြားများအတိုင်း အင်္ဂလိပ်အက္ခရာကို ပြောင်းလဲထုတ်ပေးမည်ဖြစ်သည်။

” ဇန်နဝါရီ ၁၀ ရက်ကစပြီး မော်တော်ဆိုင်ကယ်တွေကို မြန်မာအက္ခရာနံပါတ်ပြားကနေ အင်္ဂလိပ်အက္ခရာနံပါတ်ပြားတွေ ပြောင်းလဲထုတ်ပေးသွားမှာပါ။ မော်တော်ယာဉ်လိုပဲ အင်္ဂလိပ်နံပါတ်ပြား MDY 46 W ဆိုပြီး ပြောင်းလဲထုတ်ပေးသွားမှာပါ။”ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၉ ရက်တွင် မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောသည်။

တရားမဝင်တင်သွင်းလာသော လိုင်စင်မဲ့ဆိုင်ကယ် သုံးဘီးဆိုင်ကယ်များနှင့် လျှပ်စစ်ဆိုင်ကယ်များ ကို စီမံချက်အနေဖြင့် ၂၀၁၈ခုနှစ် နိုဝင်ဘာလ ၁ ရက်မှ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူဦးစီးဌာနရုံးစိုက်ရာ ၄၉ ရုံးတွင် မှတ်ပုံတင်လုပ်ဆောင်ပေးခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: MyanmarTimes
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top