သန္လ်က္ဆိုသည္မွာ ေရွးအခါက ျမန္မာဘုရင္မ်ားစစ္သူရဲေကာင္းမ်ားသာ ကိုင္စြဲရေသာ ထက္ရွလြန္းသည့္ စစ္လက္နက္တစ္မ်ိဳးျဖစ္သည္။သန္လ်က္ကို ထိုးရာ၌၎၊ ခုတ္ရာ၌၎ အသုံးျပဳနိုင္သည္။

မင္းေျမႇာက္တန္ဆာ ငါးပါးတြင္ သန္လ်က္သည္ မပါမျဖစ္ပါဝင္ရေသာမင္းေျမာက္တန္ဆာတစ္ခု
လည္းျဖစ္သည္။

မင္းခမ္းမင္းနားမ်ားတြင္ သန္လ်က္ကို လကၤ်ာမင္းခမ္းေတာ္အျဖစ္ ေတြ႕ရသည္။ ထို႔ေၾကာင့္ `လကၤ်ာေတာ္က၊ ေရႊေလွာ္သိဂၤါ၊ မ်က္စိႁမႊာသား၊ ရတနာသန္လ်က္၊ လၽွံလက္ လၽွပ္လၽွပ္၊ သားၿမီးယပ္ႏွင့္….´ စသည္ျဖင့္ စပ္ဆိုခဲ့ၾကသည္။

ေရွးအခါက ထီးျဖဴေဆာင္းမင္းမ်ားသာ ကိုင္စြဲေလ့ရွိေသာ္လည္း ေနာက္ပိုင္းတြင္ ဘုရင္၏ ခ်ီးေျမာက္မွဳ႕ ခြင့္ျပဳခ်က္ျဖင့္ ဘြဲ႕တံဆိပ္ရစစ္သူရဲေကာင္းတို႔ ကိုင္စြဲခြင့္ရျကပုံကို ရာဇဝင္ သမိုင္းမ်ားတြင္ေလ့လာ ေတြ႕ရွိနိုင္သည္။

သန္လ်က္ ျပဳလုပ္ရာတြင္ လုပ္ေသာသံသည္ အလြန္ေကာင္းမြန္ရသည္။ငွက္ခါးေရာင္အဆင္းရွိေသာ သံစိမ္းခဲကိုသာ အသံုးျပဳရသည္ဟု အဆိုရွိသည္။

အဆင့္ဆင့္လက္ဆင့္ကမ္းခဲ့ၾကေသာ ျမန္မာ့အဂၢိရိတ္နည္း၊ျမန္မာ့ ပန္းပဲပညာျဖင့္ သန္လ်က္ေကာင္းတစ္ခုျပဳလုပ္ပံုအဆင့္ဆင့္မွာ ေအာက္ပါအတိုင္းျဖစ္သည္။

သန္လ်က္ေကာင္းတစ္ခုလုပ္ေဆာင္ရာတြင္ ေရွးဦးစြာ ေခ်းခၽြတ္ၿပီး သန္႕စင္ေနေသာသံေကာင္းကို ႀကိဳးၾကာငွက္၏ဝမ္းတြင္ အႀကိမ္ႀကိမ္ထည့္သြင္းၿပီး သံဓာတ္ကိုျမင့္တင္ေပးရသည္။

ထို႕ေနာက္ ေႂကြရည္ျပည့္လုပ္ထားေသာ
မီးျပင္းခံ လံုတြင္ထည့္ကာ
ရွားမီးႏွင့္တိုက္ကာ ႀကိဳရသည္။ ပတၱျမားေသြးေရာင္၊
ပုစြန္ဆီေရာင္စသည္ျဖင့္ တေျဖးေျဖးအေရာင္ေျပာင္းလာၿပီး၊ သိဂႌေရႊေရာင္အဆင္းရလာမွသာ သံပူရည္ကို
ပံုစံခြက္ထဲေလာင္းထည့္ကာပံုေလာင္းရသည္။
ရလာေသာပံုစံၾကမ္းကိုမွ ေပေပၚတင္ကာ မီးျပ၊ေရခ်ၿပီး အႀကိမ္ႀကိမ္ တူျဖင့္ထုႏွက္ရသည္။

တေျဖးေျဖးပံုစံက်ကာ မာေက်ာပါးလြာလာေသာ
ဓားသြားကို ေလတြင္ခုတ္ကာ စမ္းရသည္။ ဓားအလြဲ အခုတ္တြင္ ေလတိုးသံမၾကားရေတာ့မွ တူျဖင့္ထုျခင္း၊မီးျပ၊ ေရခ်ျခင္း ၿပီးသည္ဟု အယူရွိသည္။

ရလာေသာဓားသြားကိုဦးစြာ ယင္းတိုက္သားျဖင့္အ႐ိုးတပ္ရသည္။ ထို႕ေနာက္ မုန္႕ညႇင္းဆီျဖင့္ပြတ္ကာ လိပ္သည္းေက်ာက္ေပၚတြင္တင္ကာ အေရာင္ထြက္ေအာင္ ေသြးေပးရသည္။ ေနေရာင္တြင္ေထာင္ကာၾကည့္က မွန္ကဲ့သို႕ ၾကည္လင္ၿပီးအေရာင္ၿငီးၿငီးေတာက္လာ
သည့္အထိေသြးေပးရသည္။ ၿပီးမွသာ လိုခ်င္ေသာဓားသြားပံုစံအတိုင္း ထက္ျမလာေအာင္
သဲေက်ာက္တြင္တင္ကာ အခ်ိန္အေတာ္ယူၿပီးေသြးျခင္းအမွဳ႕ျပဳရသည္။

ၿပီးမွသာ ေနာက္ဆံုးအဆင့္အေနျဖင့္ ဆင္စြယ္႐ိုးတပ္ကာ ခ်ိတ္ရည္ေလာင္း၊ခဲရည္ေလာင္းၿပီး ဓားကိုေနာက္ပိတ္ရသည္။ထို႕ေနာက္ ဓား႐ိုးေပၚတြင္ေရႊပိန္းခ်ျခင္း၊ ေက်ာက္စီျခင္း၊ ဓားသြားေပၚတြင္ ျခဴးႏြယ္မ်ား စာမ်ားေရးထြင္းျခင္း လုပ္ရသည္ဟု သိရသည္။

ထိုနည္းအဆင့္ဆင့္တိုင္းတြင္ ပန္းပဲဆရာသည္ ငါးပါးသီလလံုျခင္း၊ အသားႀကီးငါးႀကီး စားျခင္းကိုေရွာင္က်ဥ္ျခင္း စတာေတြကို လုပ္ေဆာင္ႏိုင္မွသာသန္လ်က္ေကာင္း၊ ဓားေကာင္းလုပ္ရာသည္ဟု အဆိုရွိသည္။

ထို႔ေၾကာင့္ သန္လ်က္သည္ အထူးျပဳလုပ္ထားေသာ းဓားေကာင္းတစ္ခုျဖစ္ကာ
ထက္ျမက္လြန္း၍ ဆင္ေပါက္ လည္တိုင္ကိုပင္တိကနဲ ျဖတ္နိုင္ေလာက္သည္ဟု အမွတ္သညာ ျပဳခဲ့ၾကေပသည္။

ေထာင္ထားေသာ ဓားသြားေပၚကို ဆံပင္တစ္ေခ်ာင္းရိုက္ခ်ကာ ယင္းဆံပင္တိကနဲျပတ္က်သြားမွသာ ဓားသန္လ်က္ဟု သမုတ္ႏိုင္ေၾကာင္း ရာဇဘိေသကက်မ္း၌ပါရွိသည္။

သန္လ်က္သည္ အသြားႏွစ္ဖက္ရွိေသာ ဓားဟု ဆိုခဲ့ေသာေၾကာင့္ သန္လ်က္ႏွင့္ ဓားကို ေပါင္းစပ္ကာ “သန္လ်က္ဓား”ဟုလည္း သုံးခဲ့ၾကသည္။ အသြားႏွစ္ဖက္ရွိေသာ သန္လ်က္ အစစ္ကိုသာ သန္လ်က္ဓားဟု ေခၚ႐ုံမၽွမက ေနာင္အခါတြင္ အသြားထက္ျမက္သည့္ ဓားကိုပင္ သန္လ်က္ဓားဟုလည္း တင္စားေခၚေဝၚခဲ့ၾကသည္။

သန္လ်က္ ဟူသည္ကား အျခားေသာ သံႏွင့္လုပ္ထားေသာ လက္နက္တိုင္းကို ပိုင္းျဖတ္ႏိုင္ေသာ မာေက်ာလွေသာ လက္နက္အထူး လက္နက္ဘုရင္လည္းျဖစ္သည္။

သန္လ်က္ကို ဘုန္းကံရွိေသာ ေယာက်ၤားျမတ္ေတြသာ ကိုင္စြဲႏိုင္တယ္လို႕ အယူရွိၾကပါတယ္။

ရာဇဝင္က်မ္းအဆိုအရ
သန္လ်က္ ၂ မ်ိဳးရွိသည္။ တစ္ဖက္သာ အသြားရွိေသာ ဧကေတာဓာရ သန္လ်က္ႏွင့္ ႏွစ္ဖက္သြားရွိေသာ ဥဘေတာဓာရ သန္လ်က္ဟူ၍ လည္းေကာင္း၊ ဦးဖ်ား စဥ္းငယ္ညြတ္ေသာ ဧသာဂၢသန္လ်က္ႏွင့္ ဦးဖ်ားမညြတ္ဘဲ အစဥ္အတိုင္း ဦးဖ်ား ေသးေသာ ဥဇုဂၢသန္လ်က္ဟူ၍လည္းေကာင္း ႏွစ္မ်ိဳးခြဲၾကသည္။

ျမန္႔မာရာဇဝင္က်မ္းလာ သန္လ်က္ပံုစံမ်ားကေတာ့
ႀကိဂံခြ်န္ကဲ့သို႕ အရင္းျပား၍အဖ်ား ခၽြန္သြားေသာ ပံုစံႏွင့္ အရင္းသြယ္ကာ အဖ်ားႀကီးသြားေသာ ပံုစံဟူ၍ ၂ မ်ိဳးေတြ႕ရသည္။ ပထမပံုစံကို ထီးျဖဴေဆာင္းမင္းမ်ား ကိုင္ေဆာင္ေလ့ရွိၿပီး၊ ဒုတိယပံုစံကိုေတာ့ စစ္သူရဲမ်ား ကိုင္ေလ့ရွိသည္ဟု ေလ့လာေတြ႕ရွိရသည္။

သန္လ်က္၏ အသြား အလ်ားပမာဏသည္ သုံးဆယ့္သုံးသစ္၊( သံုးေပ နီးပါး) အခ်ိန္ပမာဏသည္ သုံးဆယ့္သုံးပိုလ္ဟူ၍ ေသနကဇာတ္၊ ပဥၥာဝုဓဇာတ္တို႔၌ လာသည္။

ရာဇဝင္၌
နားေတာင္းမ်ားမင္း၏ ေယာက္ဖေတာ္ မင္းအနႏၲသူရိယသည္ ဒုတိယ နရပတိစည္သူ လက္ထက္ေတာ္တြင္ သူရဲေကာင္း ရန္မန္ငေထြးအျဖစ္ႏွင့္ ေရဝယ္ဆင္း၍ ငုပ္ၿပီးေသာ္ မင္းႀကီး၏ ေဖာင္ေတာ္ကို ေက်ာကုန္းထက္ရြက္၍ ခ်ဳပ္ကိုင္ေသာ မိေခ်ာင္းအား သန္လ်က္ျဖင့္ ထိုးသတ္ခဲ့ဘူးေပသည္။

ဗုဒၶဝင္၌လည္း ဘုရားေလာင္း သိဒၶတၳမင္းသားသည္
လက္စြဲေတာ္ သန္လ်က္ျဖင့္ ဆံေတာ္ကို ပယ္ျဖတ္ကာ ေကာင္းကင္သို႔ပစ္တင္သည္လို႔ပါရွိပါသည္။

ထို႕ေၾကာင့္ သန္လ်က္ဟူေသာ ဓားလက္နက္သည္ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၀၀၀-၃၀၀၀ ခန္႔ကတည္းက ရွိခဲ့ေသာ ရတနာလက္နက္ တခုအျဖစ္မွတ္ယူႏိုင္ပါတယ္။

အခုအခါမွာေတာ့ ရန္ကုန္ၿမိဳ႕ အမ်ိဳးသားျပတိုက္တြင္
ကုန္းေဘာင္မင္းဆက္တည္ မင္းတရားႀကီး အေလာင္းဘုရားဦးေအာင္ေဇယ် ကိုင္ေဆာင္ခဲ့ေသာ
သန္လ်က္ဓါး ကို သမိုင္းစိတ္ဝင္စားသူမ်ားေလ့လာႏိုင္ေအာင္ ျပသထားရွိပါသည္။

ကိုးကား။ ျမန္မာ့စြယ္စံုက်မ္း
ရာဇဘိေသကက်မ္း
မွန္နန္းရာဇဝင္
ဇိနတၱပကာသနီ ဗုဒၶဝင္က်မ္း
ျမန္မာ့ အဂၢိရိတ္က်မ္း

ဖိုးသူေတာ္(www.phothutaw.com)
Credit:xyznews

#Unicode Version#
သန်လျက်ဆိုသည်မှာ ရှေးအခါက မြန်မာဘုရင်များစစ်သူရဲကောင်းများသာ ကိုင်စွဲရသော ထက်ရှလွန်းသည့် စစ်လက်နက်တစ်မျိုးဖြစ်သည်။သန်လျက်ကို ထိုးရာ၌၎င်း၊ ခုတ်ရာ၌၎င်း အသုံးပြုနိုင်သည်။

မင်းမြှောက်တန်ဆာ ငါးပါးတွင် သန်လျက်သည် မပါမဖြစ်ပါဝင်ရသောမင်းမြောက်တန်ဆာတစ်ခု
လည်းဖြစ်သည်။

မင်းခမ်းမင်းနားများတွင် သန်လျက်ကို လင်္ကျာမင်းခမ်းတော်အဖြစ် တွေ့ရသည်။ ထို့ကြောင့် `လင်္ကျာတော်က၊ ရွှေလှော်သိင်္ဂါ၊ မျက်စိမြွှာသား၊ ရတနာသန်လျက်၊ လျှံလက် လျှပ်လျှပ်၊ သားမြီးယပ်နှင့်….´ စသည်ဖြင့် စပ်ဆိုခဲ့ကြသည်။

ရှေးအခါက ထီးဖြူဆောင်းမင်းများသာ ကိုင်စွဲလေ့ရှိသော်လည်း နောက်ပိုင်းတွင် ဘုရင်၏ ချီးမြောက်မှု့ ခွင့်ပြုချက်ဖြင့် ဘွဲ့တံဆိပ်ရစစ်သူရဲကောင်းတို့ ကိုင်စွဲခွင့်ရကြပုံကို ရာဇဝင် သမိုင်းများတွင်လေ့လာ တွေ့ရှိနိုင်သည်။

သန်လျက် ပြုလုပ်ရာတွင် လုပ်သောသံသည် အလွန်ကောင်းမွန်ရသည်။ငှက်ခါးရောင်အဆင်းရှိသော သံစိမ်းခဲကိုသာ အသုံးပြုရသည်ဟု အဆိုရှိသည်။

အဆင့်ဆင့်လက်ဆင့်ကမ်းခဲ့ကြသော မြန်မာ့အဂ္ဂိရိတ်နည်း၊မြန်မာ့ ပန်းပဲပညာဖြင့် သန်လျက်ကောင်းတစ်ခုပြုလုပ်ပုံအဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်သည်။

သန်လျက်ကောင်းတစ်ခုလုပ်ဆောင်ရာတွင် ရှေးဦးစွာ ချေးချွတ်ပြီး သန့်စင်နေသောသံကောင်းကို ကြိုးကြာငှက်၏ဝမ်းတွင် အကြိမ်ကြိမ်ထည့်သွင်းပြီး သံဓာတ်ကိုမြင့်တင်ပေးရသည်။

ထို့နောက် ကြွေရည်ပြည့်လုပ်ထားသော
မီးပြင်းခံ လုံတွင်ထည့်ကာ
ရှားမီးနှင့်တိုက်ကာ ကြိုရသည်။ ပတ္တမြားသွေးရောင်၊
ပုစွန်ဆီရောင်စသည်ဖြင့် တဖြေးဖြေးအရောင်ပြောင်းလာပြီး၊ သိင်္ဂီရွှေရောင်အဆင်းရလာမှသာ သံပူရည်ကို
ပုံစံခွက်ထဲလောင်းထည့်ကာပုံလောင်းရသည်။
ရလာသောပုံစံကြမ်းကိုမှ ပေပေါ်တင်ကာ မီးပြ၊ရေချပြီး အကြိမ်ကြိမ် တူဖြင့်ထုနှက်ရသည်။

တဖြေးဖြေးပုံစံကျကာ မာကျောပါးလွာလာသော
ဓားသွားကို လေတွင်ခုတ်ကာ စမ်းရသည်။ ဓားအလွဲ အခုတ်တွင် လေတိုးသံမကြားရတော့မှ တူဖြင့်ထုခြင်း၊မီးပြ၊ ရေချခြင်း ပြီးသည်ဟု အယူရှိသည်။

ရလာသောဓားသွားကိုဦးစွာ ယင်းတိုက်သားဖြင့်အရိုးတပ်ရသည်။ ထို့နောက် မုန့်ညှင်းဆီဖြင့်ပွတ်ကာ လိပ်သည်းကျောက်ပေါ်တွင်တင်ကာ အရောင်ထွက်အောင် သွေးပေးရသည်။ နေရောင်တွင်ထောင်ကာကြည့်က မှန်ကဲ့သို့ ကြည်လင်ပြီးအရောင်ငြီးငြီးတောက်လာ
သည့်အထိသွေးပေးရသည်။ ပြီးမှသာ လိုချင်သောဓားသွားပုံစံအတိုင်း ထက်မြလာအောင်
သဲကျောက်တွင်တင်ကာ အချိန်အတော်ယူပြီးသွေးခြင်းအမှု့ပြုရသည်။

ပြီးမှသာ နောက်ဆုံးအဆင့်အနေဖြင့် ဆင်စွယ်ရိုးတပ်ကာ ချိတ်ရည်လောင်း၊ခဲရည်လောင်းပြီး ဓားကိုနောက်ပိတ်ရသည်။ထို့နောက် ဓားရိုးပေါ်တွင်ရွှေပိန်းချခြင်း၊ ကျောက်စီခြင်း၊ ဓားသွားပေါ်တွင် ခြူးနွယ်များ စာများရေးထွင်းခြင်း လုပ်ရသည်ဟု သိရသည်။

ထိုနည်းအဆင့်ဆင့်တိုင်းတွင် ပန်းပဲဆရာသည် ငါးပါးသီလလုံခြင်း၊ အသားကြီးငါးကြီး စားခြင်းကိုရှောင်ကျဉ်ခြင်း စတာတွေကို လုပ်ဆောင်နိုင်မှသာသန်လျက်ကောင်း၊ ဓားကောင်းလုပ်ရာသည်ဟု အဆိုရှိသည်။

ထို့ကြောင့် သန်လျက်သည် အထူးပြုလုပ်ထားသော းဓားကောင်းတစ်ခုဖြစ်ကာ
ထက်မြက်လွန်း၍ ဆင်ပေါက် လည်တိုင်ကိုပင်တိကနဲ ဖြတ်နိုင်လောက်သည်ဟု အမှတ်သညာ ပြုခဲ့ကြပေသည်။

ထောင်ထားသော ဓားသွားပေါ်ကို ဆံပင်တစ်ချောင်းရိုက်ချကာ ယင်းဆံပင်တိကနဲပြတ်ကျသွားမှသာ ဓားသန်လျက်ဟု သမုတ်နိုင်ကြောင်း ရာဇဘိသေကကျမ်း၌ပါရှိသည်။

သန်လျက်သည် အသွားနှစ်ဖက်ရှိသော ဓားဟု ဆိုခဲ့သောကြောင့် သန်လျက်နှင့် ဓားကို ပေါင်းစပ်ကာ “သန်လျက်ဓား”ဟုလည်း သုံးခဲ့ကြသည်။ အသွားနှစ်ဖက်ရှိသော သန်လျက် အစစ်ကိုသာ သန်လျက်ဓားဟု ခေါ်ရုံမျှမက နောင်အခါတွင် အသွားထက်မြက်သည့် ဓားကိုပင် သန်လျက်ဓားဟုလည်း တင်စားခေါ်ဝေါ်ခဲ့ကြသည်။

သန်လျက် ဟူသည်ကား အခြားသော သံနှင့်လုပ်ထားသော လက်နက်တိုင်းကို ပိုင်းဖြတ်နိုင်သော မာကျောလှသော လက်နက်အထူး လက်နက်ဘုရင်လည်းဖြစ်သည်။

သန်လျက်ကို ဘုန်းကံရှိသော ယောင်္ကျားမြတ်တွေသာ ကိုင်စွဲနိုင်တယ်လို့ အယူရှိကြပါတယ်။

ရာဇဝင်ကျမ်းအဆိုအရ
သန်လျက် ၂ မျိုးရှိသည်။ တစ်ဖက်သာ အသွားရှိသော ဧကတောဓာရ သန်လျက်နှင့် နှစ်ဖက်သွားရှိသော ဥဘတောဓာရ သန်လျက်ဟူ၍ လည်းကောင်း၊ ဦးဖျား စဉ်းငယ်ညွတ်သော ဧသာဂ္ဂသန်လျက်နှင့် ဦးဖျားမညွတ်ဘဲ အစဉ်အတိုင်း ဦးဖျား သေးသော ဥဇုဂ္ဂသန်လျက်ဟူ၍လည်းကောင်း နှစ်မျိုးခွဲကြသည်။

မြန့်မာရာဇဝင်ကျမ်းလာ သန်လျက်ပုံစံများကတော့
ကြိဂံချွန်ကဲ့သို့ အရင်းပြား၍အဖျား ချွန်သွားသော ပုံစံနှင့် အရင်းသွယ်ကာ အဖျားကြီးသွားသော ပုံစံဟူ၍ ၂ မျိုးတွေ့ရသည်။ ပထမပုံစံကို ထီးဖြူဆောင်းမင်းများ ကိုင်ဆောင်လေ့ရှိပြီး၊ ဒုတိယပုံစံကိုတော့ စစ်သူရဲများ ကိုင်လေ့ရှိသည်ဟု လေ့လာတွေ့ရှိရသည်။

သန်လျက်၏ အသွား အလျားပမာဏသည် သုံးဆယ့်သုံးသစ်၊( သုံးပေ နီးပါး) အချိန်ပမာဏသည် သုံးဆယ့်သုံးပိုလ်ဟူ၍ သေနကဇာတ်၊ ပဉ္စာဝုဓဇာတ်တို့၌ လာသည်။

ရာဇဝင်၌
နားတောင်းများမင်း၏ ယောက်ဖတော် မင်းအနန္တသူရိယသည် ဒုတိယ နရပတိစည်သူ လက်ထက်တော်တွင် သူရဲကောင်း ရန်မန်ငထွေးအဖြစ်နှင့် ရေဝယ်ဆင်း၍ ငုပ်ပြီးသော် မင်းကြီး၏ ဖောင်တော်ကို ကျောကုန်းထက်ရွက်၍ ချုပ်ကိုင်သော မိချောင်းအား သန်လျက်ဖြင့် ထိုးသတ်ခဲ့ဘူးပေသည်။

ဗုဒ္ဓဝင်၌လည်း ဘုရားလောင်း သိဒ္ဓတ္ထမင်းသားသည်
လက်စွဲတော် သန်လျက်ဖြင့် ဆံတော်ကို ပယ်ဖြတ်ကာ ကောင်းကင်သို့ပစ်တင်သည်လို့ပါရှိပါသည်။

ထို့ကြောင့် သန်လျက်ဟူသော ဓားလက်နက်သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀-၃၀၀၀ ခန့်ကတည်းက ရှိခဲ့သော ရတနာလက်နက် တခုအဖြစ်မှတ်ယူနိုင်ပါတယ်။

အခုအခါမှာတော့ ရန်ကုန်မြို့ အမျိုးသားပြတိုက်တွင်
ကုန်းဘောင်မင်းဆက်တည် မင်းတရားကြီး အလောင်းဘုရားဦးအောင်ဇေယျ ကိုင်ဆောင်ခဲ့သော
သန်လျက်ဓါး ကို သမိုင်းစိတ်ဝင်စားသူများလေ့လာနိုင်အောင် ပြသထားရှိပါသည်။

ကိုးကား။ မြန်မာ့စွယ်စုံကျမ်း
ရာဇဘိသေကကျမ်း
မှန်နန်းရာဇဝင်
ဇိနတ္တပကာသနီ ဗုဒ္ဓဝင်ကျမ်း
မြန်မာ့ အဂ္ဂိရိတ်ကျမ်း


ဖိုးသူတော်(www.phothutaw.com)
Credit:xyznews


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top