ရဟန္​း​ေတာ္​တစ္​ပါးအား အရက္​လာဝယ္​သည္​ဟု စြပ္​စြဲ႐ိုက္​ႏွက္​ခဲ့သည္​့ လမင္​းသာ (၂) စား​ေသာက္​ဆိုင္​ပိုင္​႐ွင္​ႏွင္​့ အျခားတစ္​ဦးကို မဂၤလာဒံုၿမိဳ႕နယ္​တရားရံုးက ​ေထာင္​ဒဏ္​ (၂) ႏွစ္​စီ အမိန္​႔ခ်ခဲ့သည္​။

ဆရာေတာ္ဘဒၵႏၲဣႏၵက အား အရက္​လာဝယ္​သည္​ဟု စြပ္​စြဲ ႐ိုက္​ႏွက္​မႈ က်ဴးလြန္​ခဲ့သည္​့ လမင္​းသာ (၂) စား​ေသာက္​ဆိုင္​ ပိုင္​႐ွင္​ ​ေအာင္​မိုးႏွင္​့ ျမင္​့​ေက်ာ္​ တို႔အား ရာဇ သတ္ႀကီး ဆိုင္ရာ ဥပေဒ ပုဒ္မ ၂၉၅- က /၃၂၃/ ၂၉၄- ခ၊ ပုဒ္​မ (၃) ခုျဖင္​့ စြဲခ်က္​ တင္ထားရာ ယ​ေန႔ ဇန္​န၀ါရီလ (၂၄) ရက္​တြင္​ အၿပီးသတ္​ အမိန္​႔ခ်မွတ္​ခဲ့ျခင္​း ျဖစ္​ၿပီး ျပစ္​မႈက်ဴးလြန္​သူ တရားခံမ်ားအား ရာဇသတ္​ႀကီးပုဒ္​မ ၂၉၅-ကအရ ​အလုပ္​ႏွင္​့​ေထာင္​ဒဏ္​ (၂)ႏွစ္​၊ ၂၉၄(ခ)အရ အလုပ္​ႏွင္​့​ေထာင္​ဒဏ္​ (၃)လ၊ ၃၂၃ အရ အလုပ္​ႏွင္​့​ေထာင္​ဒဏ္​ (၆)လ၊ တ​ေပါင္​းတည္​းက်ခံ​ေစရန္​ အမိန္​႔ခ်မွတ္ခဲ့ျခင္​း ျဖစ္​သည္​။

” အမိန္​႔က​ေတာ့ ပုဒ္​မ တစ္​ခုခ်င္​းစီ ​ခ်တာပါ။ စုစု​ေပါင္​းက​ေတာ့ (၂) ႏွစ္​နဲ႔ (၉) လ​ေပါ့။ ဒါ​ေပမဲ့ တ​ေပါင္​းတည္​း က်ခံ​ေစလို႔ အမိန္​႔ခ်လိုက္​တယ္​။ (၂)ႏွစ္​အတြင္​းမွာ တ​ေပါင္​းတည္​း​က်ခံ​ရမွာ​ေပါ့ ” ဟု ဆရာ​ေတာ္​ဘက္​မွ လိုက္​ပါ​ေဆာင္​ရြက္​​ေနသည္​့ အက်ိဳး​ေဆာင္​​ေ႐ွ႕​ေန ေဒၚဇာနည္​ဝင္​းထြန္​း (အထက္​တန္​း​ေ႐ွ႕​ေန) က ျငမ္​းမီဒီယာ သို႔ ​ေျပာသည္​။မဂၤလာဒံု ၿမိဳ႕နယ္​တရားရံုးတြင္​ ရံုးတင္​စစ္​​ေဆးမႈ တစ္​ႏွစ္​ခန္​႔အၾကာ၌ အၿပီးသတ္​ အမိန္​႔ခ်ခဲ့ျခင္​းျဖစ္​သည္​။

” ဦးဇင္​းတို႔ဘက္​က ဆရာ​ေတာ္​က ဘဏ္​သြားၿပီး​ေတာ့ ဆိုင္​ထဲဝင္​တဲ့အ​ေပၚမွာ အရက္​မဝယ္​ဘူးဆိုတဲ့အ​ေပၚမွာ ျပန္​လည္​ၿပီး ျငင္​းထုတ္​ဖို႔က သက္​​ေသမ႐ွိဘူး​ေလ။ ဦးဇင္​းတို႔က Facebook စာမ်က္​ႏွာ​ေပၚမွာ တက္​လာတဲ့ဟာကို အ​ေျခခံၿပီး အမႈဖြင္​့ရတဲ့အတြက္​ ဦးဇင္​းတို႔ဘက္​က စြဲဆိုထားတဲ့ အတိုင္​းအတာ​ေလး​ေတြအတြက္​ကို ​ေဆာင္​ရြက္​​ေပးတဲ့အတြက္​ ​ေက်နပ္​ပါတယ္​ ” ဟု ​ဝန္းရံဆရာ​​ေတာ္​တစ္​ပါးျဖစ္​သည္​့ ဆရာ​ေတာ္​ ဦး​ေကတု (လမ္​းမ​ေတာ္​) က ျငမ္​းမီဒီယာသို႔ မိန္​႔သည္​။

စြပ္​စြဲ႐ိုက္​ႏွက္​ခံခဲ့ရသည္​့ ဆရာ​ေတာ္ ဦးဣႏၵက ​အ​ေနျဖင္​့လည္း အမႈကို စတင္​စစ္​​ေဆးခ်ိန္​က ​​တရားလိုျပသက္​​ေသအျဖစ္​ လာ​ေရာက္​ထြက္​ဆိုၿပီး​ေနာက္​ပိုင္​းတြင္​ တရားရံုးသို႔ ထပ္​မံလာ​ေရာက္​ျခင္​း၊ အမႈကိစၥႏွင္​့ပတ္​သက္​၍ တစ္​စံုတစ္​ရာ ​ေျပာဆိုျခင္​းမ်ား မ႐ွိ​ေတာ့​​ေၾကာင္​း ဆရာ​ေတာ္​ ဦး​ေကတု (လမ္​းမ​ေတာ္​) က မိန္​႔သည္​။

” တဖက္​အ​ေပၚမွာလည္​း ဦးဇင္းတို႔က ​သာ​ေစ နာ​ေစဆိုတဲ့ ဆႏၵလည္​းမ႐ွိပါဘူး။ သာသနာအ​ေပၚမွာ ​ေစာ္​ကားတဲ့အတြက္​ကို သူအျပစ္ရွိရင္ ႐ွိသလိုပဲ သင့္​​ေတာ္တဲ့ အျပစ္ခ်ရင္ ​​​တရားသူႀကီးက မွန္​ကန္​တဲ့ ဆံုးျဖတ္​ခ်က္​ ခ်တယ္​လို႔ပဲ သံုးသပ္​ပါတယ္​ ” ဟု ဆရာ​ေတာ္​က မိန္​႔သည္​။

၂၀၁၇ ခုႏွစ္​၊ ႏုိဝင္ဘာလ (၂၈) ရက္၊ ေန႔လယ္ (၂း၀၀)နာရီ အခ်ိန္က ​ေထာက္ၾကန္႔ၿမိဳ႕၊ လမင္းသာ (၂) စားေသာက္ဆုိင္တြင္ ရခိုင္​ရဟန္​း​ေတာ္​တစ္​ပါးျဖစ္​သည္​့ ဆရာေတာ္ ဦးဣႏၵကသည္​ ​ေရ​ဝင္​​ေတာင္​း​ေသာက္​ရာမွ စကားမပီသသည္​ကို အ​ေၾကာင္​းျပဳ၍ အရက္​လာဝယ္​သည္​ဟု စြပ္​စြဲ ႐ိုက္​ႏွက္​ခံခဲ့ရျခင္​းျဖစ္​ၿပီး စား​ေသာက္​ဆိုင္​ပိုင္​႐ွင္​​ ​ေအာင္​မိုးႏွင့္​အတူ ျပစ္မႈက်ဴးလြန္သူ ျမင္​့​ေက်ာ္​မွာ အက်င္​့ပ်က္​ရဟန္​းတစ္​ပါး ျဖစ္​​​ေၾကာင္​း ​​ရန္​ကုန္​တိုင္​း​ ရဲတပ္​ဖြဲ႔ က စံုစမ္​း​ေဖာ္​ထုတ္​ကာ သတင္​းထုတ္​ျပန္​ခဲ့သည္​။

လမင္​းသာ(၂) စား​ေသာက္​ဆိုင္​ပိုင္​႐ွင္​ကို မူလက ပုဒ္​မ ၂၉၅၊ ၃၂၃၊ ၁၁၄ တို႔ျဖင္​့ အမႈဖြင္​့ကာ အာမခံ​ေပးထားခဲ့ရာမွ အာမခံ​ေပး၍ ရ​ေသာ ပုဒ္​မ ၂၉၅ အစား အာမခံ​ေပး၍ မရ​ေသာ ပုဒ္မ ​၂၉၅(က) ျဖင္​့ ​ေျပာင္​းလဲ အမႈ ဖြင့္ခဲ့ၿပီး ပုဒ္​မ ၄၀၃ ျဖင္​့ ပါ ထပ္​တိုး အမႈဖြင္​့ ခဲ့သည္​။

ယင္​း​ေနာက္​ မဂၤလာဒံုၿမိ့ဳနယ္ ​တရားသူႀကီး က လမင္​းသာ (၂) စား​ေသာက္​ဆိုင္​ ပိုင္​႐ွင္​ ​ေအာင္​မိုးႏွင္​့ ျမင္​့​ေက်ာ္​တို႔အား ၂၀၁၈ ခုႏွစ္​၊ စက္​တင္​ဘာလ (၁၃) ရက္​ကျပဳလုပ္​သည္​့ ရံုးခ်ိန္​းတြင္​ ရာဇသတ္​ႀကီး ဥပ​ေဒ ပုဒ္​မ ၂၉၅ (က)၊၂၉၄ (ခ)၊ ၃၂၃တို႔ျဖင္​့ စြဲခ်က္​တင္​ အမိန္​႔ခ်ခဲ့​ၿပီး ယ​ေန႔ အၿပီးသတ္​အမိန္​႔ခ်ခဲ့ျခင္​း ျဖစ္​သည္​။

​စြပ္​စြဲ႐ိုက္​ႏွက္​ခံခဲ့ရသည္​့ ဆရာေတာ္ဘဒၵႏၲဣႏၵကအား ၂၀၁၇ ခုႏွစ္​က ျပဳလုပ္​ခဲ့​ေသာ သတင္​းစာ႐ွင္​းလင္​းပြဲတြင္​​ေတြ႕ရစဥ္

ဖိုးသူေတာ္(www.phothutaw.com)
Credit:The Nyang News ဓာတ္​ပံု – ျငမ္​း
#Unicode Version#
 ရဟန်းတော်တစ်ပါးအား အရက်လာဝယ်သည်ဟု စွပ်စွဲရိုက်နှက်ခဲ့သည့် လမင်းသာ (၂) စားသောက်ဆိုင်ပိုင်ရှင်နှင့် အခြားတစ်ဦးကို မင်္ဂလာဒုံမြို့နယ်တရားရုံးက ထောင်ဒဏ် (၂) နှစ်စီ အမိန့်ချခဲ့သည်။

ဆရာတော်ဘဒ္ဒန္တဣန္ဒက အား အရက်လာဝယ်သည်ဟု စွပ်စွဲ ရိုက်နှက်မှု ကျူးလွန်ခဲ့သည့် လမင်းသာ (၂) စားသောက်ဆိုင် ပိုင်ရှင် အောင်မိုးနှင့် မြင့်ကျော် တို့အား ရာဇ သတ်ကြီး ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉၅- က /၃၂၃/ ၂၉၄- ခ၊ ပုဒ်မ (၃) ခုဖြင့် စွဲချက် တင်ထားရာ ယနေ့ ဇန်နဝါရီလ (၂၄) ရက်တွင် အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ပြီး ပြစ်မှုကျူးလွန်သူ တရားခံများအား ရာဇသတ်ကြီးပုဒ်မ ၂၉၅-ကအရ အလုပ်နှင့်ထောင်ဒဏ် (၂)နှစ်၊ ၂၉၄(ခ)အရ အလုပ်နှင့်ထောင်ဒဏ် (၃)လ၊ ၃၂၃ အရ အလုပ်နှင့်ထောင်ဒဏ် (၆)လ၊ တပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

” အမိန့်ကတော့ ပုဒ်မ တစ်ခုချင်းစီ ချတာပါ။ စုစုပေါင်းကတော့ (၂) နှစ်နဲ့ (၉) လပေါ့။ ဒါပေမဲ့ တပေါင်းတည်း ကျခံစေလို့ အမိန့်ချလိုက်တယ်။ (၂)နှစ်အတွင်းမှာ တပေါင်းတည်းကျခံရမှာပေါ့ ” ဟု ဆရာတော်ဘက်မှ လိုက်ပါဆောင်ရွက်နေသည့် အကျိုးဆောင်ရှေ့နေ ဒေါ်ဇာနည်ဝင်းထွန်း (အထက်တန်းရှေ့နေ) က ငြမ်းမီဒီယာ သို့ ပြောသည်။မင်္ဂလာဒုံ မြို့နယ်တရားရုံးတွင် ရုံးတင်စစ်ဆေးမှု တစ်နှစ်ခန့်အကြာ၌ အပြီးသတ် အမိန့်ချခဲ့ခြင်းဖြစ်သည်။

” ဦးဇင်းတို့ဘက်က ဆရာတော်က ဘဏ်သွားပြီးတော့ ဆိုင်ထဲဝင်တဲ့အပေါ်မှာ အရက်မဝယ်ဘူးဆိုတဲ့အပေါ်မှာ ပြန်လည်ပြီး ငြင်းထုတ်ဖို့က သက်သေမရှိဘူးလေ။ ဦးဇင်းတို့က Facebook စာမျက်နှာပေါ်မှာ တက်လာတဲ့ဟာကို အခြေခံပြီး အမှုဖွင့်ရတဲ့အတွက် ဦးဇင်းတို့ဘက်က စွဲဆိုထားတဲ့ အတိုင်းအတာလေးတွေအတွက်ကို ဆောင်ရွက်ပေးတဲ့အတွက် ကျေနပ်ပါတယ် ” ဟု ဝန်းရံဆရာတော်တစ်ပါးဖြစ်သည့် ဆရာတော် ဦးကေတု (လမ်းမတော်) က ငြမ်းမီဒီယာသို့ မိန့်သည်။

စွပ်စွဲရိုက်နှက်ခံခဲ့ရသည့် ဆရာတော် ဦးဣန္ဒက အနေဖြင့်လည်း အမှုကို စတင်စစ်ဆေးချိန်က တရားလိုပြသက်သေအဖြစ် လာရောက်ထွက်ဆိုပြီးနောက်ပိုင်းတွင် တရားရုံးသို့ ထပ်မံလာရောက်ခြင်း၊ အမှုကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ပြောဆိုခြင်းများ မရှိတော့ကြောင်း ဆရာတော် ဦးကေတု (လမ်းမတော်) က မိန့်သည်။

” တဖက်အပေါ်မှာလည်း ဦးဇင်းတို့က သာစေ နာစေဆိုတဲ့ ဆန္ဒလည်းမရှိပါဘူး။ သာသနာအပေါ်မှာ စော်ကားတဲ့အတွက်ကို သူအပြစ်ရှိရင် ရှိသလိုပဲ သင့်တော်တဲ့ အပြစ်ချရင် တရားသူကြီးက မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချတယ်လို့ပဲ သုံးသပ်ပါတယ် ” ဟု ဆရာတော်က မိန့်သည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်၊ နေ့လယ် (၂း၀၀)နာရီ အချိန်က ထောက်ကြန့်မြို့၊ လမင်းသာ (၂) စားသောက်ဆိုင်တွင် ရခိုင်ရဟန်းတော်တစ်ပါးဖြစ်သည့် ဆရာတော် ဦးဣန္ဒကသည် ရေဝင်တောင်းသောက်ရာမှ စကားမပီသသည်ကို အကြောင်းပြု၍ အရက်လာဝယ်သည်ဟု စွပ်စွဲ ရိုက်နှက်ခံခဲ့ရခြင်းဖြစ်ပြီး စားသောက်ဆိုင်ပိုင်ရှင် အောင်မိုးနှင့်အတူ ပြစ်မှုကျူးလွန်သူ မြင့်ကျော်မှာ အကျင့်ပျက်ရဟန်းတစ်ပါး ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က စုံစမ်းဖော်ထုတ်ကာ သတင်းထုတ်ပြန်ခဲ့သည်။

လမင်းသာ(၂) စားသောက်ဆိုင်ပိုင်ရှင်ကို မူလက ပုဒ်မ ၂၉၅၊ ၃၂၃၊ ၁၁၄ တို့ဖြင့် အမှုဖွင့်ကာ အာမခံပေးထားခဲ့ရာမှ အာမခံပေး၍ ရသော ပုဒ်မ ၂၉၅ အစား အာမခံပေး၍ မရသော ပုဒ်မ ၂၉၅(က) ဖြင့် ပြောင်းလဲ အမှု ဖွင့်ခဲ့ပြီး ပုဒ်မ ၄၀၃ ဖြင့် ပါ ထပ်တိုး အမှုဖွင့် ခဲ့သည်။

ယင်းနောက် မင်္ဂလာဒုံမြိ့ုနယ် တရားသူကြီး က လမင်းသာ (၂) စားသောက်ဆိုင် ပိုင်ရှင် အောင်မိုးနှင့် မြင့်ကျော်တို့အား ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်ကပြုလုပ်သည့် ရုံးချိန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၉၅ (က)၊၂၉၄ (ခ)၊ ၃၂၃တို့ဖြင့် စွဲချက်တင် အမိန့်ချခဲ့ပြီး ယနေ့ အပြီးသတ်အမိန့်ချခဲ့ခြင်း ဖြစ်သည်။

စွပ်စွဲရိုက်နှက်ခံခဲ့ရသည့် ဆရာတော်ဘဒ္ဒန္တဣန္ဒကအား ၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင်တွေ့ရစဉ်


ဖိုးသူတော်(www.phothutaw.com)
Credit:The Nyang News ဓာတ်ပုံ – ငြမ်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top