မေလးရွားႏိုင္ငံတြင္ အၿမဲတမ္းေနထိုင္ခြင့္ရရွိမည့္ အခြင့္အေရးႏွင့္ ကြာလာလမ္ပူၿမိဳ႕ရွိ Pavilion Damansara Heights ကြန္ဒိုအေရာင္းျပပြဲ
×

အစာအိမ္ေလထိုး၊ ေလေအာင့္တယ္ဆုိတာ တကယ္ကိုခံစားရခက္တဲ့ ေဝဒနာတစ္ခုပါ။  စားခ်င္တာေတြစားျပီး ဗုိက္ထဲမွာ တင္းျပီးေအာင့္လာလို႕ တကယ္ကို သက္ေတာင့္သက္တာ မရွိေစပါဘူး။ အစာအိမ္ျပႆနာရွိတဲ့သူ အမ်ားစု ျဖစ္တတ္ျပီး၊ ေလထစာေတြ စားလိုက္ရင္ ပိုဆုိးသြားတတ္ပါတယ္။ ဒါေၾကာင့္ ေလထတဲ့ ေဝဒနာကို မခံစားခ်င္ဘူးဆိုရင္ ဘယ္လိုအစားအေသာက္ေတြက ေလထေစလဲဆုိတာ သိထားဖို႕လိုအပ္ျပီး ေရွာင္သင့္ပါတယ္။  ။

    ပဲအမ်ိဳးမ်ိဳး ။ ။

အမွ်င္ဓာတ္၊ ဗီတာမင္နဲ႔ သတၱဳဓာတ္္ေတြ ၾကြယ္ဝစြာပါဝင္တဲ့ အျပင္ ပရုိတင္းဓာတ္ေတြ အမ်ားၾကီးပါတဲ့ ပဲ အမ်ိဳးမ်ိဳးဟာ က်န္းမာေရးအတြက္ အေထာက္အကူျပဳတယ္ေပမယ့္ ဆိုးက်ိဳးအေနနဲ႕ ေလေအာင့္တာကိုျဖစ္ေစတတ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ပဲမွာပါတဲ့ ကာဘိုဟိုက္ဒရိတ္ တစ္မ်ိဳးဟာ အူအတြင္းမွာ ရွိ္တဲ့ ဘက္တီးရီီးယားေၾကာင့္ အခ်ဥ္ေပါက္သြားျပီး gas ေတြထြက္လာတာျဖစ္ပါတယ္။ ဒီထြက္လာတဲ့ ေလေတြဟာ အျပင္ကို မထြက္ႏုိင္ဘဲ အူထဲမွာပဲ ပတ္ေနလို႕ ေလထိုးေလေအာင့္ ျဖစ္ရတာျဖစ္ပါတယ္။

    Gas ပါတဲ့ ေဖ်ာ္ရည္မ်ား ။ ။

Gas ပါတဲ့ ေဖ်ာ္ရည္ေတြေၾကာင့္ အစာအိမ္နဲ႕ အူထဲကို gas ေတြ တုိက္ရုိက္ဝင္သြားျပီး ေလထိုးေလေအာင့္ကိုျဖစ္ေစပါတယ္။ ဒါ့အျပင္ ဆီးခ်ိဳ ေရာဂါနဲ႔ အဝလြန္ေရာဂါကို ျဖစ္ေစတဲ့ အခ်ိဳရည္ေတြကို မေသာက္ရင္ အေကာင္းဆံုးပါ။ အဲဒီအစား လတ္လတ္ဆတ္ဆတ္သစ္သီး ေဖ်ာ္ရည္ေတြကို ေသာက္ေပးပါ။

    ဂ်ံဳၾကမ္း ။ ။

ဂ်ံဳၾကမ္း ထဲမွာ Gluten လို႔ေခၚတဲ့ ပရိုတင္းတစ္မ်ိဳးပါျပီး ေလထျခင္း၊ အစာအိမ္ေအာင့္ျခင္းနဲ႔ ဝမ္းေလွ်ာျခင္းတို႕ကို ျဖစ္ေစတဲ့ အဓိကတရားခံပါ။ ေပါင္မုန္႔ျဖဴ၊ ပါစတာနဲ႔ အျခား ဖုတ္ထားတဲ့ မုန္႕ေတြထဲမွာ Gluten ေတြ အမ်ားၾကီးပါလို႔ သူတုိ႕ကေလထေစတဲ့ အစားအစာေတြပါ။  ။

    ၾကက္သြန္နီ ၾကက္သြန္ျဖဴ ။ ။

ၾကက္သြန္နီမွာ  ပါဝင္တဲ့ fructans လို႕ေခၚတဲ့ ေပ်ာ္ဝင္လြယ္တဲ့  အမွ်င္ဓာတ္တစ္မ်ိဳးျဖစ္ျပီး သူက ေလထျခင္းကိုျဖစ္ေစပါတယ္။ fructans ဟာ ၾကက္သြန္ျဖဴ မွာလည္း ပါတာေၾကာင့္ သူတို႕ကိုစားျပီးရင္ ေလထျခငး္ကို ျဖစ္ေစတတ္ပါတယ္။

    ေဂၚဖီထုပ္ေတြ ။ ။

ေဂၚဖီထုပ္ ေတြ၊ ပန္းေဂၚဖီစိမ္း နဲ႕ မုန္လာစိမ္းတို႕မွာ အလြယ္တကူ မေခ်ဖ်က္ႏုိင္တဲ့ အမွ်င္ ဓာတ္ေတြပါတာေၾကာင့္ သူတုိ႕ဟာ ေလထိုးေလေအာင့္ကို ျဖစ္ေစတဲ့ အစားအေသာက္ေတြပါ။ ။

    ႏို႕ နဲ႕ ႏို႕ထြက္ ပစၥည္းေတြ ။ ။

ကယ္လ္ဆီယမ္ နဲ႔ ပရိုတင္းဓာတ္ ေတြ ၾကြယ္ဝစြာပါဝင္ျပီး ေသာက္လို႕၊ စားလို႕ေကာင္းတဲ့ ႏုိ႕နဲ႕ ႏုိ႕ထြက္ပစၥည္းေတြ lactose ဓာတ္ တစ္မ်ိဳးပါဝင္တာေၾကာင့္ lactose ကို မေျခဖ်က္ႏုိင္တဲ့ လူေတြ အေနနဲ႕ ႏုိ႕ေသာက္ျပီးတိုင္း ေလထ၊ ဗုိက္ေအာင့္တာေတြ ျဖစ္ေနရတာပါ။

    သဘာဝ အခ်ိဳ မဟုတ္တဲ့ အစားအစာေတြ ။ ။

ေဖ်ာ္ရည္ေတြ၊ ပီေက ေတြ၊ ေတြ မွာ အေတြ႔မ်ားတဲ့ သဘာဝအတုိင္းမဟုတ္တဲ့ သၾကားဓာတ္ ေတြျဖစ္တဲ့ xylitol, sorbitol and mannitol တုိ႕ဟာ ဘက္တီးရီးယားေတြ ရဲ႕ တည္ေနရာျဖစ္တဲ့ အူမၾကီးထဲ တန္းေရာက္သြားျပီး ေလထျခငး္ကိုျဖစ္ေစပါတယ္။

    ဘီယာ ။ ။

မုေယာစပါး တုိ႕၊ ပန္းဂ်ံဳတို႕၊ ဘာလီေစ့တုိ႕ကို အေျခခံျပီးထုတ္ထားတဲ့ ဘီယာ ေသာက္လြန္းရင္ ဗုိက္ပူတာကို ျဖစ္ေစရံုမက အူအတြင္းက ဘက္တီးရီးယားေတြနဲ႔ ဓာတ္ျပဳလို႔ ေလထျခင္းကိုလည္း ျဖစ္ေစတတ္ပါတယ္။

ကဲ ကိုယ္ကလည္း အစတည္းက ေလထတတ္တဲ့သူ၊ အစာအိမ္နဲ႔ ပက္သက္တဲ့ ျပႆနာေတြလည္းရွိတဲ့သူဆိုရင္ေတာ့ ေလထေစတဲ့ အစားအေသာက္ေတြကို ေရွာင္စားတာကသာ အေကာင္းဆံုးပါ။   ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Hellosayarwon
#Unicode Version#
အစာအိမ်လေထိုး၊ လေအောင့်တယ်ဆိုတာ တကယ်ကိုခံစားရခက်တဲ့ ဝေဒနာတစ်ခုပါ။  စားချင်တာတွေစားပြီး ဗိုက်ထဲမှာ တင်းပြီးအောင့်လာလို့ တကယ်ကို သက်တောင့်သက်တာ မရှိစေပါဘူး။ အစာအိမ်ပြဿနာရှိတဲ့သူ အများစု ဖြစ်တတ်ပြီး၊ လေထစာတွေ စားလိုက်ရင် ပိုဆိုးသွားတတ်ပါတယ်။ ဒါကြောင့် လေထတဲ့ ဝေဒနာကို မခံစားချင်ဘူးဆိုရင် ဘယ်လိုအစားအသောက်တွေက လေထစေလဲဆိုတာ သိထားဖို့လိုအပ်ပြီး ရှောင်သင့်ပါတယ်။  ။

    ပဲအမျိုးမျိုး ။ ။

အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ အပြင် ပရိုတင်းဓာတ်တွေ အများကြီးပါတဲ့ ပဲ အမျိုးမျိုးဟာ ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ပေမယ့် ဆိုးကျိုးအနေနဲ့ လေအောင့်တာကိုဖြစ်စေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပဲမှာပါတဲ့ ကာဘိုဟိုက်ဒရိတ် တစ်မျိုးဟာ အူအတွင်းမှာ ရှိတဲ့ ဘက်တီးရီးယားကြောင့် အချဉ်ပေါက်သွားပြီး gas တွေထွက်လာတာဖြစ်ပါတယ်။ ဒီထွက်လာတဲ့ လေတွေဟာ အပြင်ကို မထွက်နိုင်ဘဲ အူထဲမှာပဲ ပတ်နေလို့ လေထိုးလေအောင့် ဖြစ်ရတာဖြစ်ပါတယ်။

    Gas ပါတဲ့ ဖျော်ရည်များ ။ ။

Gas ပါတဲ့ ဖျော်ရည်တွေကြောင့် အစာအိမ်နဲ့ အူထဲကို gas တွေ တိုက်ရိုက်ဝင်သွားပြီး လေထိုးလေအောင့်ကိုဖြစ်စေပါတယ်။ ဒါ့အပြင် ဆီးချို ရောဂါနဲ့ အဝလွန်ရောဂါကို ဖြစ်စေတဲ့ အချိုရည်တွေကို မသောက်ရင် အကောင်းဆုံးပါ။ အဲဒီအစား လတ်လတ်ဆတ်ဆတ်သစ်သီး ဖျော်ရည်တွေကို သောက်ပေးပါ။

    ဂျုံကြမ်း ။ ။

ဂျုံကြမ်း ထဲမှာ Gluten လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးပါပြီး လေထခြင်း၊ အစာအိမ်အောင့်ခြင်းနဲ့ ဝမ်းလျှောခြင်းတို့ကို ဖြစ်စေတဲ့ အဓိကတရားခံပါ။ ပေါင်မုန့်ဖြူ၊ ပါစတာနဲ့ အခြား ဖုတ်ထားတဲ့ မုန့်တွေထဲမှာ Gluten တွေ အများကြီးပါလို့ သူတို့ကလေထစေတဲ့ အစားအစာတွေပါ။  ။

    ကြက်သွန်နီ ကြက်သွန်ဖြူ ။ ။

ကြက်သွန်နီမှာ  ပါဝင်တဲ့ fructans လို့ခေါ်တဲ့ ပျော်ဝင်လွယ်တဲ့  အမျှင်ဓာတ်တစ်မျိုးဖြစ်ပြီး သူက လေထခြင်းကိုဖြစ်စေပါတယ်။ fructans ဟာ ကြက်သွန်ဖြူ မှာလည်း ပါတာကြောင့် သူတို့ကိုစားပြီးရင် လေထခြင်းကို ဖြစ်စေတတ်ပါတယ်။

    ဂေါ်ဖီထုပ်တွေ ။ ။

ဂေါ်ဖီထုပ် တွေ၊ ပန်းဂေါ်ဖီစိမ်း နဲ့ မုန်လာစိမ်းတို့မှာ အလွယ်တကူ မချေဖျက်နိုင်တဲ့ အမျှင် ဓာတ်တွေပါတာကြောင့် သူတို့ဟာ လေထိုးလေအောင့်ကို ဖြစ်စေတဲ့ အစားအသောက်တွေပါ။ ။

    နို့ နဲ့ နို့ထွက် ပစ္စည်းတွေ ။ ။

ကယ်လ်ဆီယမ် နဲ့ ပရိုတင်းဓာတ် တွေ ကြွယ်ဝစွာပါဝင်ပြီး သောက်လို့၊ စားလို့ကောင်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ lactose ဓာတ် တစ်မျိုးပါဝင်တာကြောင့် lactose ကို မခြေဖျက်နိုင်တဲ့ လူတွေ အနေနဲ့ နို့သောက်ပြီးတိုင်း လေထ၊ ဗိုက်အောင့်တာတွေ ဖြစ်နေရတာပါ။

    သဘာဝ အချို မဟုတ်တဲ့ အစားအစာတွေ ။ ။

ဖျော်ရည်တွေ၊ ပီကေ တွေ၊ တွေ မှာ အတွေ့များတဲ့ သဘာဝအတိုင်းမဟုတ်တဲ့ သကြားဓာတ် တွေဖြစ်တဲ့ xylitol, sorbitol and mannitol တို့ဟာ ဘက်တီးရီးယားတွေ ရဲ့ တည်နေရာဖြစ်တဲ့ အူမကြီးထဲ တန်းရောက်သွားပြီး လေထခြင်းကိုဖြစ်စေပါတယ်။

    ဘီယာ ။ ။

မုယောစပါး တို့၊ ပန်းဂျုံတို့၊ ဘာလီစေ့တို့ကို အခြေခံပြီးထုတ်ထားတဲ့ ဘီယာ သောက်လွန်းရင် ဗိုက်ပူတာကို ဖြစ်စေရုံမက အူအတွင်းက ဘက်တီးရီးယားတွေနဲ့ ဓာတ်ပြုလို့ လေထခြင်းကိုလည်း ဖြစ်စေတတ်ပါတယ်။

ကဲ ကိုယ်ကလည်း အစတည်းက လေထတတ်တဲ့သူ၊ အစာအိမ်နဲ့ ပက်သက်တဲ့ ပြဿနာတွေလည်းရှိတဲ့သူဆိုရင်တော့ လေထစေတဲ့ အစားအသောက်တွေကို ရှောင်စားတာကသာ အကောင်းဆုံးပါ။   ။


ဖိုးသူတော်(www.phothutaw.com)
Credit:Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top