ပရိတ္သတ္ႀကီးေရ… ပရဟိတမေလးခိုင္ႏွင္းေဝအေၾကာင္းကိုအထူးေျပာဖို႔လိုမယ္မထင္ပါဘူးေနာ္။ အႏုပညာနယ္ပယ္မွာတင္မကဘဲ ျပည္သူလူထုရဲ႕ ေလးစားအားေပးမႈေတြကိုပါ ရရွိထားတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္လည္းေကာင္းသေလာက္ ပရဟိတစိတ္ အျပည့္နဲ႔ ကိုယ့္အက်ိဳးကို မငဲ့ဘဲ လူမႈကူညီေရးေတြကို ေရွ႕ဆုံးကေနမားမားမတ္မတ္လုပ္ေဆာင္ခဲ့တဲ့ မင္းသမီးတစ္လက္လည္းျဖစ္ပါတယ္။

သူမရဲ႕ ပရဟိတ လုပ္ရပ္ေလးေတြေၾကာင့္လည္း အႏုပညာရွင္ေတြစံထားေလးစားအားက်ျခင္းခံခဲ့ရသူတစ္ေယာက္ျဖစ္ၿပီး သူမဟာ ဟိုးတစ္ေခတ္တခါကတည္းကေန အခုခ်ိန္ထိ ပရိတ္သတ္ေတြအားေပးမႈေလ်ာ့မသြားတဲ့ မင္းသမီးေတြထဲမွာထိပ္ဆုံးကပါရွိေနခဲ့ပါတယ္။

ခိုင္ႏွင္းေဝကေတာ့ ပရဟိတအလုပ္ေတြကို ပိုမိုလုပ္ေဆာင္လွ်က္ရွိ ျမန္မာ့တစ္ႏိုင္ငံလုံးဆိုင္ရာ ဆုတံဆိပ္မ်ားစြာကိုလည္း ရရွိထားသူတစ္ေယာက္လည္းျဖစ္ပါတယ္။

အဆိုပါ ရရွိထားတဲ့ ဆုေတြကေတာ့ “ကေလးလူကုန္ကူးမႈတာဆီးေရး အထူးသံတမန္” “(၂၀၁၇ ခုႏွစ္ရဲရင့္ေသာျမန္မာ့အမ်ိဳးသမီးဆု)(ဦးေဆာင္ျမင့္မားအမ်ိဳးသမီးစြမ္းပကားဆု)” ႏွင့္ (၂၀၁၈ ပရဟိတထူးခြၽန္းစံျပဆု” ေတြကို အသီးသီးရရွိထာတာပဲျဖစ္ပါတယ္။ ဒါအျပင္ ခိုင္ႏွင္းေဝကေတာ့ ျမင္းမႈၿမိဳ႕မွေပးအပ္ေသာရာထူးတစ္ခုကို ထပ္မံၿပီး လက္ခံရရွိခဲ့ေၾကာင္း သိရပါတယ္။

အဆိုပါ ဆုကေတာ့ ျမင္းမူၿမိဳ႕နယ္လုံးဆိုင္ရာ ပရဟိတေပါင္းစုံကြန္ရက္၏ ႏွစ္ပတ္လည္ညီလာခံႀကီးမွာ ဦးေဆာင္ပဓာနဆရာေတာ္ဘုရားမ်ားမွ ခိုင္ႏွင္းေဝကို ကြန္ရက္၏ဦးေဆာင္လမ္းၫႊန္ေပးေသာ ဒုဥကၠဌ တာဝန္ကိုေပးအပ္တင္ေျမႇာက္ျခင္းပဲျဖစ္ပါတယ္။

အဆိုပါ ပြဲကို ေဝဠူေက်ာ္ႏွင့္အတူ ပရဟိတလုပ္ငန္းလုပ္ေဆာင္သူမ်ားစြာတက္ေရာက္ခဲ့ၾကၿပီး အမွတ္တရပုံရိပ္မ်ားစြာ႐ိုက္ကူးခဲ့ၾကတာေတြ႕ရပါတယ္။ ထပ္မံတိုးျမႇင့္ေပးလိုက္တဲ့ တာဝန္အတြက္ အေကာင္းဆုံးလုပ္ေဆာင္သြားမယ္ဆိုတဲ့ ပရဟိတမင္းသမီးႀကီးခိုင္ႏွင္းေဝရဲ႕ ပုံရိပ္ေလးေတြကိုခ်စ္ပရိသတ္ေတြအတြက္ မွ်ေဝေပးလိုက္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Thutasone
#Unicode Version#
ပရိတ်သတ်ကြီးရေ… ပရဟိတမလေးခိုင်နှင်းဝေအကြောင်းကိုအထူးပြောဖို့လိုမယ်မထင်ပါဘူးနော်။ အနုပညာနယ်ပယ်မှာတင်မကဘဲ ပြည်သူလူထုရဲ့ လေးစားအားပေးမှုတွေကိုပါ ရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သရုပ်ဆောင်လည်းကောင်းသလောက် ပရဟိတစိတ် အပြည့်နဲ့ ကိုယ့်အကျိုးကို မငဲ့ဘဲ လူမှုကူညီရေးတွေကို ရှေ့ဆုံးကနေမားမားမတ်မတ်လုပ်ဆောင်ခဲ့တဲ့ မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။

သူမရဲ့ ပရဟိတ လုပ်ရပ်လေးတွေကြောင့်လည်း အနုပညာရှင်တွေစံထားလေးစားအားကျခြင်းခံခဲ့ရသူတစ်ယောက်ဖြစ်ပြီး သူမဟာ ဟိုးတစ်ခေတ်တခါကတည်းကနေ အခုချိန်ထိ ပရိတ်သတ်တွေအားပေးမှုလျော့မသွားတဲ့ မင်းသမီးတွေထဲမှာထိပ်ဆုံးကပါရှိနေခဲ့ပါတယ်။

ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်တွေကို ပိုမိုလုပ်ဆောင်လျှက်ရှိ မြန်မာ့တစ်နိုင်ငံလုံးဆိုင်ရာ ဆုတံဆိပ်များစွာကိုလည်း ရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

အဆိုပါ ရရှိထားတဲ့ ဆုတွေကတော့ “ကလေးလူကုန်ကူးမှုတာဆီးရေး အထူးသံတမန်” “(၂၀၁၇ ခုနှစ်ရဲရင့်သောမြန်မာ့အမျိုးသမီးဆု)(ဦးဆောင်မြင့်မားအမျိုးသမီးစွမ်းပကားဆု)” နှင့် (၂၀၁၈ ပရဟိတထူးချွန်းစံပြဆု” တွေကို အသီးသီးရရှိထာတာပဲဖြစ်ပါတယ်။ ဒါအပြင် ခိုင်နှင်းဝေကတော့ မြင်းမှုမြို့မှပေးအပ်သောရာထူးတစ်ခုကို ထပ်မံပြီး လက်ခံရရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဆုကတော့ မြင်းမူမြို့နယ်လုံးဆိုင်ရာ ပရဟိတပေါင်းစုံကွန်ရက်၏ နှစ်ပတ်လည်ညီလာခံကြီးမှာ ဦးဆောင်ပဓာနဆရာတော်ဘုရားများမှ ခိုင်နှင်းဝေကို ကွန်ရက်၏ဦးဆောင်လမ်းညွှန်ပေးသော ဒုဥက္ကဌ တာဝန်ကိုပေးအပ်တင်မြှောက်ခြင်းပဲဖြစ်ပါတယ်။

အဆိုပါ ပွဲကို ဝေဠူကျော်နှင့်အတူ ပရဟိတလုပ်ငန်းလုပ်ဆောင်သူများစွာတက်ရောက်ခဲ့ကြပြီး အမှတ်တရပုံရိပ်များစွာရိုက်ကူးခဲ့ကြတာတွေ့ရပါတယ်။ ထပ်မံတိုးမြှင့်ပေးလိုက်တဲ့ တာဝန်အတွက် အကောင်းဆုံးလုပ်ဆောင်သွားမယ်ဆိုတဲ့ ပရဟိတမင်းသမီးကြီးခိုင်နှင်းဝေရဲ့ ပုံရိပ်လေးတွေကိုချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Thutasone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top