ကေလးေတြမွာေသြးေပါင္ခ်ိန္ဘယ္ေလာက္ဆိုရင္ ေသြးတိုးေနတယ္လို႔ သတ္မွတ္ခ်က္မရွိပါဘူး။ အသက္တူ၊ လိင္တူျပီးေတာ့ အရပ္တူတဲ့ ကေလး 95%  ေလာက္ရဲ႕ေသြးေပါင္ခ်ိန္ထက္ျမင့္တက္ေနတာကို ကေလးေတြမွာ ေသြးတိုးတယ္လို႔ေခၚပါတယ္။
အသက္ ၁၀ ႏွစ္ေအာက္ကေလးေတြမွာ ေသြးတိုးတာက အျခားက်န္းမာေရးျပသနာတစ္ခုခုေၾကာင့္ျဖစ္ႏိုင္ပါတယ္။ ဒါ့အျပင္ အဝလြန္ျခင္း၊ က်န္းမာေရးႏွင့္မညီညြတ္ေသာအစားအစာမ်ားစားသံုးျခင္းနဲ႔ ေလ့က်င့္ခန္းမလုပ္ျခင္းစတဲ့ လူၾကီးေတြမွာေသြးတိုးေစတဲ့အေၾကာင္းအရင္းေတြေၾကာင့္လည္း ကေလးေတြမွာေသြးတိုးႏိုင္ပါတယ္။
တစ္ခ်ိဳ႕ကေလးေတြမွာ ႏွလံုးက်န္းမာေစတဲ့အစားအစာေတြစားသံုးျခင္း၊ ေလ့က်င့္ခန္းပိုလုပ္ျခငး္စတဲ့ ေနထိုင္မႈပံုစံအေျပာင္းအလဲေတြေၾကာင့္ ေသြးေပါင္ခ်ိန္ကိုေလ်ာ့က်ေစႏို္င္ေပမယ့္လည္း အခ်ိဳ႕ကေလးေတြအတြက္က်ေတာ့ ေဆးဝါးနဲ႔ ကုသမႈခံယူဖို႔လိုအပ္ပါတယ္။
>> ေရာဂါလကၡဏာမ်ား
ကေလးေတြမွာေသြးတိုးတာက လကၡဏာျပေလ့မရွိပါဘူး။
>> ဘယ္အခ်ိန္မွာဆရာဝန္သြားျပမလဲ
ကေလးမွာ ေနာက္ခံက်န္းမာေရးျပသနာတစ္ခုခုမရွိဘူးဆိုရင္ ဆရာဝန္ဆီေသြးေပါင္ခ်ိန္ဖို႔ သပ္သပ္သြားစရာမလိုပါဘူး။ ဒါေပမယ့္လည္း တျခားအေၾကာင္းတစ္ခုခုနဲ႔ေဆးခန္းသြားျပရရင္ေတာ့ ကေလး ၃ ႏွစ္အရြယ္ကတည္းက ေသြးေပါင္ခ်ိန္လည္းတိုင္းဖို႔လိုပါတယ္။ ကေလးမွာေသြးတိုးေနတယ္လို႔ေတြ႕ရရင္ ေဆးခန္းသြားတိုင္းေသြးတိုင္းၾကည့္ရပါမယ္။
ကေလးမွာ လမေစ့ဘဲေမြးျခင္း၊ ေမြးဖြားခ်ိန္တြင္ေပါင္မျပည့္ျခင္း၊ ေမြးရာပါႏွလံုးေရာဂါရွိျခင္း၊ ေက်ာက္ကပ္ျပသနာေတြ စတဲ့ ေသြးတိုးေစႏို္င္တဲ့အေျခအေနေတြရွိတယ္ဆိုရင္ေတာ့ ကေလးလသားအရြယ္ကတည္းက ေသြးေပါင္ခ်ိန္ကိုစစ္ေဆးဖို႔လိုပါတယ္။
ဒါ့အျပင္ မိဘေတြအေနနဲ႔ ကိုယ့္ရဲ႕ကေလးက ေသြးတိုးႏိုင္ေခ်မ်ားေစတဲ့အဝလြန္ျခင္းစတဲ့အခ်က္ေတြရွိတယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔ေသခ်ာတိုင္ပင္ေဆြးေႏြးေပးဖို႔လိုပါတယ္။
>> ေရာဂါျဖစ္ေစေသာအေၾကာင္းအရင္းမ်ား
ကေလးငယ္ေတြမွာေသြးတိုးရတဲ့အေၾကာင္းအရင္းက အမ်ားအားျဖင့္ ႏွလံုးခ်ိဳ႕ယြင္းျခင္း၊ ေက်ာက္ကပ္ေရာဂါရွိျခင္း၊ မ်ိဳးရိုးဗီဇျပသနာတစ္ခုခုရွိျခင္း၊ ေဟာ္မုန္းျပသနာရွိျခင္းစတဲ့ အျခားက်န္းမာေရးအေျခအေနေတြနဲ႔ဆက္စပ္ေနပါတယ္။ အထူးသျဖင့္ အဝလြန္ေနတဲ့ကေလးၾကီးေတြမွာေတာ့ ေသြးတိုးရတဲ့အေၾကာင္းအရင္းအတိအက်ကို မသိတာမ်ားပါတယ္။
>> ျဖျစ္ႏိုင္ေခ်မ်ားေသာအခ်က္မ်ား
ကေလးေတြမွာေသြးတိုးႏုိင္ေခ်က ကေလးရဲ႕ေနာက္ခံက်န္းမာေရးအေျခအေန၊ မ်ိဳးရိုးဗီဇ၊ ေနထိုင္မႈပံုစံေတြအေပၚအမ်ားၾကီးမူတည္ပါတယ္။
1.Primary Hypertension
ဒါကေတာ့ တျခားေနာက္ခံအေၾကာင္းအရင္းတစ္ခုခုေၾကာင့္မဟုတ္ဘဲနဲ႔ သူ႔ဟာသူေသြးတိုးကိုတိုးေနတာျဖစ္ပါတယ္။ ဒီလိုေသြးတိုးအမ်ိဳးအစားက အသက္ ၆ ႏွစ္နဲ႔အထက္ ကေလးႀကီးေတြမွာျဖစ္တာမ်ားပါတယ္။ ဒီလိုေသြးတိုးျဖစ္ႏိုင္ေခ်မ်ားေစတဲ့အခ်က္ေတြကေတာ့-
• အဝလြန္ျခင္း
• မိသားစုမ်ိဳးရိုးထဲတြင္ ေသြးတိုးေရာဂါရွိျခင္း
• အမ်ိဳးအစား ၂ ဆီးခ်ိဳေရာဂါ (သို႔) အစာမစားမီေသြးတြင္းသၾကားဓာတ္ပမာဏျမင့္မားျခင္း
• ေသြးတြင္း ကိုလက္စေရာဓာတ္ႏွင့္ triglycerides မ်ားျမင့္မားျခင္း
2.Secondary Hypertension
ဒါကေတာ့ ေနာက္ခံက်န္းမာေရးျပသနာတစ္ခုခုေၾကာင့္ေသြးတိုးတာပါ။ ကေလးငယ္ေတြမွာအျဖ္စမ်ားျပီးေတာ့ ျဖစ္ေစတဲ့အေၾကာင္းအရင္းေတြကေတာ့-
• နာတာရွည္ေက်ာက္ကပ္ေရာဂါ
• ေက်ာက္က္ပတြင္ေရအိတ္မ်ားစြာရွိေသာေရာဂါ
• ႏွလံုးျပသနာမ်ား
• Adrenal ဂလင္းျပသနာ
• သိုင္းရြိဳက္မ်ားျခင္း
• Pheochromocytoma ဟုေခၚေသာရွားပါးကင္ဆာတစ္မ်ိဳၚ
• ေက်ာက္ကပ္ေသြးေၾကာက်ဥ္းျခင္း
• အိပ္ေပ်ာ္ေနစဥ္အသက္ရွဴရပ္ျခင္းကဲ့သို႔ေသာအိပ္စက္ျခင္းဆိုင္ရာျပသနာမ်ား
• ႏွာပိတ္ျခင္းအတြက္ေဆးမ်ား၊ စတီးရြိဳက္စေသာေဆးဝါးမ်ား
>> ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား
ေသြးတိုးတဲ့ကေလးေတြကို မကုဘဲထားမယ္ဆိုရင္ အသက္ႀကီးလာရင္လညး္ ေသြးတိုးဆက္ရွိေနပါလိမ့္မယ္။
ကေလးေတြမွာေသြးတိုးျခင္းေၾကာင့္ျဖစ္ေလ့ရွိတဲ့ေနာက္ဆက္တြဲဆိုးက်ိဳးတစ္ခုကေတာ့ အိပ္ေပ်ာ္ေနစဥ္မွာ အသက္ရွဴရပ္သြားတဲ့ျပသနာျဖစ္ပါတယ္။ ဒီျပႆနာရွိတဲ့ကေလးက အိပ္ရင္ေဟာက္ရင္ေခါက္မေဟာက္ရင္ အသက္ရွဴပံုမမွန္တာေတြျဖစ္တတ္ပါတယ္။ ဒီေတာ့ ကေလးအိပ္ေနတုန္းမွာျဖစ္တဲ့ အသက္ရွဴျပသနာေတြကို ေသခ်ာဂရုစိုက္ဖို႔လိုပါတယ္။ ဒီျပသနာက အထူးသျဖင့္အဝလြန္တဲ့ကေလးေတြမွာအျဖစ္မ်ားပါတယ္။
ကေလးဘဝမွာျဖစ္တဲ့ေသြးတိုးက လူႀကီးအထိပါသြားမယ္ဆိုရင္
• ေလျဖတ္ျခင္း
• ႏွလံုးတိုက္ခိုက္ခံရျခင္း
• ႏွလံုးပ်က္စီးျခင္း
• ေက်ာက္ကပ္ေရာဂါေတြ ျဖစ္ႏိုင္ေခ်မ်ားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Dr. Mya Myo Myo Swe

# Unicode Version # ျဖင့္ ဖတ္ပါ #

ကလေးတွေမှာသွေးပေါင်ချိန်ဘယ်လောက်ဆိုရင် သွေးတိုးနေတယ်လို့ သတ်မှတ်ချက်မရှိပါဘူး။ အသက်တူ၊ လိင်တူပြီးတော့ အရပ်တူတဲ့ ကလေး 95%  လောက်ရဲ့သွေးပေါင်ချိန်ထက်မြင့်တက်နေတာကို ကလေးတွေမှာ သွေးတိုးတယ်လို့ခေါ်ပါတယ်။
အသက် ၁၀ နှစ်အောက်ကလေးတွေမှာ သွေးတိုးတာက အခြားကျန်းမာရေးပြသနာတစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အဝလွန်ခြင်း၊ ကျန်းမာရေးနှင့်မညီညွတ်သောအစားအစာများစားသုံးခြင်းနဲ့ လေ့ကျင့်ခန်းမလုပ်ခြင်းစတဲ့ လူကြီးတွေမှာသွေးတိုးစေတဲ့အကြောင်းအရင်းတွေကြောင့်လည်း ကလေးတွေမှာသွေးတိုးနိုင်ပါတယ်။
တစ်ချို့ကလေးတွေမှာ နှလုံးကျန်းမာစေတဲ့အစားအစာတွေစားသုံးခြင်း၊ လေ့ကျင့်ခန်းပိုလုပ်ခြင်းစတဲ့ နေထိုင်မှုပုံစံအပြောင်းအလဲတွေကြောင့် သွေးပေါင်ချိန်ကိုလျော့ကျစေနိုင်ပေမယ့်လည်း အချို့ကလေးတွေအတွက်ကျတော့ ဆေးဝါးနဲ့ ကုသမှုခံယူဖို့လိုအပ်ပါတယ်။
>> ရောဂါလက္ခဏာများ
ကလေးတွေမှာသွေးတိုးတာက လက္ခဏာပြလေ့မရှိပါဘူး။
>> ဘယ်အချိန်မှာဆရာဝန်သွားပြမလဲ
ကလေးမှာ နောက်ခံကျန်းမာရေးပြသနာတစ်ခုခုမရှိဘူးဆိုရင် ဆရာဝန်ဆီသွေးပေါင်ချိန်ဖို့ သပ်သပ်သွားစရာမလိုပါဘူး။ ဒါပေမယ့်လည်း တခြားအကြောင်းတစ်ခုခုနဲ့ဆေးခန်းသွားပြရရင်တော့ ကလေး ၃ နှစ်အရွယ်ကတည်းက သွေးပေါင်ချိန်လည်းတိုင်းဖို့လိုပါတယ်။ ကလေးမှာသွေးတိုးနေတယ်လို့တွေ့ရရင် ဆေးခန်းသွားတိုင်းသွေးတိုင်းကြည့်ရပါမယ်။
ကလေးမှာ လမစေ့ဘဲမွေးခြင်း၊ မွေးဖွားချိန်တွင်ပေါင်မပြည့်ခြင်း၊ မွေးရာပါနှလုံးရောဂါရှိခြင်း၊ ကျောက်ကပ်ပြသနာတွေ စတဲ့ သွေးတိုးစေနိုင်တဲ့အခြေအနေတွေရှိတယ်ဆိုရင်တော့ ကလေးလသားအရွယ်ကတည်းက သွေးပေါင်ချိန်ကိုစစ်ဆေးဖို့လိုပါတယ်။
ဒါ့အပြင် မိဘတွေအနေနဲ့ ကိုယ့်ရဲ့ကလေးက သွေးတိုးနိုင်ချေများစေတဲ့အဝလွန်ခြင်းစတဲ့အချက်တွေရှိတယ်ဆိုရင်တော့ ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးပေးဖို့လိုပါတယ်။
>> ရောဂါဖြစ်စေသောအကြောင်းအရင်းများ
ကလေးငယ်တွေမှာသွေးတိုးရတဲ့အကြောင်းအရင်းက အများအားဖြင့် နှလုံးချို့ယွင်းခြင်း၊ ကျောက်ကပ်ရောဂါရှိခြင်း၊ မျိုးရိုးဗီဇပြသနာတစ်ခုခုရှိခြင်း၊ ဟော်မုန်းပြသနာရှိခြင်းစတဲ့ အခြားကျန်းမာရေးအခြေအနေတွေနဲ့ဆက်စပ်နေပါတယ်။ အထူးသဖြင့် အဝလွန်နေတဲ့ကလေးကြီးတွေမှာတော့ သွေးတိုးရတဲ့အကြောင်းအရင်းအတိအကျကို မသိတာများပါတယ်။
>> ဖြြစ်နိုင်ချေများသောအချက်များ
ကလေးတွေမှာသွေးတိုးနိုင်ချေက ကလေးရဲ့နောက်ခံကျန်းမာရေးအခြေအနေ၊ မျိုးရိုးဗီဇ၊ နေထိုင်မှုပုံစံတွေအပေါ်အများကြီးမူတည်ပါတယ်။
1.Primary Hypertension
ဒါကတော့ တခြားနောက်ခံအကြောင်းအရင်းတစ်ခုခုကြောင့်မဟုတ်ဘဲနဲ့ သူ့ဟာသူသွေးတိုးကိုတိုးနေတာဖြစ်ပါတယ်။ ဒီလိုသွေးတိုးအမျိုးအစားက အသက် ၆ နှစ်နဲ့အထက် ကလေးကြီးတွေမှာဖြစ်တာများပါတယ်။ ဒီလိုသွေးတိုးဖြစ်နိုင်ချေများစေတဲ့အချက်တွေကတော့-
• အဝလွန်ခြင်း
• မိသားစုမျိုးရိုးထဲတွင် သွေးတိုးရောဂါရှိခြင်း
• အမျိုးအစား ၂ ဆီးချိုရောဂါ (သို့) အစာမစားမီသွေးတွင်းသကြားဓာတ်ပမာဏမြင့်မားခြင်း
• သွေးတွင်း ကိုလက်စရောဓာတ်နှင့် triglycerides များမြင့်မားခြင်း
2.Secondary Hypertension
ဒါကတော့ နောက်ခံကျန်းမာရေးပြသနာတစ်ခုခုကြောင့်သွေးတိုးတာပါ။ ကလေးငယ်တွေမှာအြဖ်စများပြီးတော့ ဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့-
• နာတာရှည်ကျောက်ကပ်ရောဂါ
• ကျောက်က်ပတွင်ရေအိတ်များစွာရှိသောရောဂါ
• နှလုံးပြသနာများ
• Adrenal ဂလင်းပြသနာ
• သိုင်းရွိုက်များခြင်း
• Pheochromocytoma ဟုခေါ်သောရှားပါးကင်ဆာတစ်မျိုါ်
• ကျောက်ကပ်သွေးကြောကျဉ်းခြင်း
• အိပ်ပျော်နေစဉ်အသက်ရှူရပ်ခြင်းကဲ့သို့သောအိပ်စက်ခြင်းဆိုင်ရာပြသနာများ
• နှာပိတ်ခြင်းအတွက်ဆေးများ၊ စတီးရွိုက်စသောဆေးဝါးများ
>> နောက်ဆက်တွဲဆိုးကျိုးများ
သွေးတိုးတဲ့ကလေးတွေကို မကုဘဲထားမယ်ဆိုရင် အသက်ကြီးလာရင်လည်း သွေးတိုးဆက်ရှိနေပါလိမ့်မယ်။
ကလေးတွေမှာသွေးတိုးခြင်းကြောင့်ဖြစ်လေ့ရှိတဲ့နောက်ဆက်တွဲဆိုးကျိုးတစ်ခုကတော့ အိပ်ပျော်နေစဉ်မှာ အသက်ရှူရပ်သွားတဲ့ပြသနာဖြစ်ပါတယ်။ ဒီပြဿနာရှိတဲ့ကလေးက အိပ်ရင်ဟောက်ရင်ခေါက်မဟောက်ရင် အသက်ရှူပုံမမှန်တာတွေဖြစ်တတ်ပါတယ်။ ဒီတော့ ကလေးအိပ်နေတုန်းမှာဖြစ်တဲ့ အသက်ရှူပြသနာတွေကို သေချာဂရုစိုက်ဖို့လိုပါတယ်။ ဒီပြသနာက အထူးသဖြင့်အဝလွန်တဲ့ကလေးတွေမှာအဖြစ်များပါတယ်။
ကလေးဘဝမှာဖြစ်တဲ့သွေးတိုးက လူကြီးအထိပါသွားမယ်ဆိုရင်
• လေဖြတ်ခြင်း
• နှလုံးတိုက်ခိုက်ခံရခြင်း
• နှလုံးပျက်စီးခြင်း
• ကျောက်ကပ်ရောဂါတွေ ဖြစ်နိုင်ချေများပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Dr. Mya Myo Myo Swe


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top