စကၤာပူတြင္က်င္းပမည့္ ကိုယ္ပိုင္ကမ္းေျခအသစ္ Kangyi Paradise ရွိ ေျမကြက္ ႏွင့္ Service Apartment အေရာင္းျပပြဲ
×

လိင္တံထိပ္အေရျပား ျဖတ္ျခင္း – Circumcision နဲ႔ ပတ္သက္ျပီး ေ၀ခြဲမရျဖစ္ေနတဲ့ အမ်ိဳးသားေတြရွိမွာပါ။ အမ်ားစုကေတာ့ ဘာသာေရးအယူအဆေၾကာင့္၊ တခ်ိဳ႕ေတြကေတာ့ က်န္းမာေရးေၾကာင့္ ကေလးေမြးကတည္းက ဒီလိင္တံထိပ္အေရျပား ျဖတ္တဲ့ အေလ့အက်င့္ကို ျပဳမူတတ္ပါတယ္။ ဒီေန႔မွာေတာ့ လိင္တံထိပ္အေရျပားျဖတ္ျခင္းျဖင့္ ရႏိုင္တဲ့ အက်ိဳးေက်းဇူးေတြကို ေျပာျပေပးခ်င္ပါတယ္။
လိင္တံထိပ္အေရျပား ျဖတ္တယ္ဆိုတာ ဘာလဲ။

အမ်ိဳးသားေတြရဲ႕ လိင္တံထိပ္ဖူးမွာ ငံုေနတဲ့ အေရျပားကို ခြဲစိတ္ျဖတ္ေတာက္တာကို Circumcision လုပ္တယ္လို႔ ေခၚပါတယ္။ ဂ်ဴးလူမ်ိဳးေတြ၊ အစၥလာမ္ဘာသာ၀င္ေတြဟာ သူတို႔ယံုၾကည္သက္၀င္ရာ အယူအဆေတြေၾကာင့္ ကေလးေတြ ေမြးျပီးတာနဲ႔ လိင္တံထိပ္အေရျပားျဖတ္ျခင္း ျပဳလုပ္ၾကပါတယ္။ အမ်ိဳးသားက်န္းမာေရးနဲ႔ တစ္ကိုယ္ရည္သန္႔ရွင္းမႈကို အေလးထားတ့ဲ မိသားစုေတြမွာလည္း ကေလးေမြးျပီးတာနဲ႔ ျဖစ္ေစ၊ အသက္ၾကီးလာတဲ့အခ်ိန္မွာ ျဖစ္ေစ လိင္တံထိပ္မွာ ငံုေနတဲ့ အေရျပားကို ခြဲစိတ္ဖယ္ရွားၾကပါတယ္။
ခြဲစိတ္ရင္ ဘယ္ေလာက္ၾကာႏိုင္လဲ။

ကေလးအရြယ္မွာ လိင္တံထိပ္အေရျပား ျဖတ္ျခင္းဟာ ၅မိနစ္ကေန ၁၀မိနစ္အထိသာ ၾကာတတ္ျပီး လူၾကီးေတြမွာေတာ့ တစ္နာရီ၀န္းက်င္ ၾကာႏိုင္ပါတယ္။ ခြဲစိတ္ထားတဲ့ ဒဏ္ရာ အနာက်က္ဖို႔ ၅ရက္ကေန ၇ရက္ေလာက္ ေစာင့္ရပါတယ္။
လိင္တံထိပ္အေရျပားဖယ္လို႔ ဘာေကာင္းက်ိဳး ရႏိုင္လဲ။

၁။ အမ်ိဳးသားေတြ လိင္တံကိုိ သန္႔ရွင္းတဲ့ေနရာမွာ ပိုလြယ္ကူသြားပါတယ္။

အေရျပားငံုေနတဲ့အခ်ိန္မွာ အေရျပားေအာက္မွာ အျဖဴေရာင္အဖတ္၊ အညစ္အေၾကးေတြ ကပ္ေနတတ္ျပီး အျမဲေဆးေၾကာသန္႔ရွင္းေပးဖို႔ လိုအပ္ပါတယ္။ ဒီအေရျပားကို ဖယ္ရွားလိုက္တာေၾကာင့္ အမ်ိဳးသားေတြမွာ သန္႔ရွင္းေရးလုပ္ရ ပိုလြယ္ကူသြားတယ္။ အနံ႔အသက္ မျပင္းထန္ေတာ့ပါဘူး။

၂။ ဆီးလမ္းေၾကာင္းပိုး၀င္ႏိုင္ေျခ ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

အမ်ိဳးသားေတြမွာ ဆီးလမ္းေၾကာင္းထဲသို႔ ပိုး၀င္တတ္ပါတယ္။ အထူးသျဖင့္ လိင္တံထိပ္အေရျပား ျဖတ္မထားတဲ့ အမ်ိဳးသားေတြမွာ ဆီးလမ္းေၾကာင္း ပိုး၀င္ျပီး ေက်ာက္ကပ္မွာ ေရာဂါျဖစ္ႏိုင္ေျခ ပိုျပီး ျမင့္တက္ႏိုင္ပါတယ္။

၃။ လိင္ကတစ္ဆင့္ ေရာဂါကူးစက္ႏိုင္ေျခကို ေလွ်ာ့ခ်ေပးတယ္။

လိင္တံထိပ္အေရျပား ျဖတ္ထားတဲ့သူေတြမွာလည္း ေရာဂါကူးစက္ႏိုင္ေပမယ့္ မျဖတ္ထားသူေတြနဲ႔ ယွဥ္ၾကည့္တဲ့အခါမွာ အလြန္နည္းတာကို ေတြ႔ရပါတယ္။ လိင္ကတစ္ဆင့္ ကူးစက္ႏိုင္တဲ့ ေရာဂါေတြထဲမွာ HIV ၊ ကာလသားေရာဂါ၊ ေရယုန္၊ အေရျပားမႈိေရာဂါ၊ ဆီးပူေညာင္းက်ေရာဂါ တို႔ ပါ၀င္ပါတယ္။ ဒါေၾကာင့္ အေကာင္းဆံုးကေတာ့ လိင္ဆက္ဆံတိုိင္း ကြန္ဒံုးအသံုးျပဳပါ။

၄။ လိင္တံထိပ္အေရျပား ေနာက္လွန္ဆြဲလို႔မရတဲ့ ျပႆနာကို ကာကြယ္ေပးႏိုင္တယ္။

တခ်ိဳ႕အမ်ိဳးသားေတြရဲ႕ လိင္တံထိပ္အေရျပားဟာ ရွည္လြန္းတာေၾကာင့္ ေနာက္ကလွန္ဆြဲရခက္ပါတယ္။ ဒီအခါမွာ သန္႔ရွင္းေရးလုပ္ဖို႔ မလြယ္ကူေတာ့တဲ့အတြက္ ေရာဂါပိုး၀င္ႏုိင္ေျခ ပိုျမင့္တက္လာပါတယ္။ ဒီျပႆနာရွိေနသူေတြအေနနဲ႔ လိင္တံထိပ္အေရျပားကို ျဖတ္ထားသင့္ပါတယ္။

၅။ လိင္တံကင္ဆာ ျဖစ္ႏိုင္ေျခကို ေလွ်ာ့ခ်ေပးတယ္။

အျဖစ္နည္းတဲ့ ကင္ဆာေရာဂါတစ္မ်ိဳးျဖစ္တဲ့အျပင္ ထိပ္အေရျပား ျဖတ္ထားတဲ့ အမ်ိဳးသားေတြမွာ ပိုျပီးေတာင္ ျဖစ္ႏိုင္ေျခ နည္းသြားပါတယ္။ ဒါ့အျပင္ လိင္တံထိပ္အေရျပား ျဖတ္ျပီးသား အမ်ိဳးသားေတြရဲ႕ လိင္ဆက္ဆံေဖာ္အမ်ိဳးသမီးေတြမွာလည္း သားအိမ္ေခါင္းကင္ဆာ ျဖစ္ႏိုင္ေျခကို ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။
လိင္တံထိပ္အေရျပား မျဖတ္လို႔ေရာ ရလား။

ဘာသာေရး၊ လူမ်ိဳးေရးအယူအဆနဲ႔ မသက္ဆိုင္ပဲ လိင္တံထိပ္ အေရျပား ျဖတ္ထားတာဟာ က်န္းမာေရးအတြက္ေရာ အမ်ိဳးသားေတြရဲ႕ တစ္ကိုယ္ရည္သန္႔ရွင္းမႈအတြက္ပါ အေကာင္းဆံုးပါပဲ။

ကိုယ္က မျဖတ္ထားလို႔လည္း စိတ္ေတာ့မပူလိုက္ပါနဲ႔။ လိင္တံအေရျပားေအာက္ကို ေသခ်ာေလး ေဆးေၾကာေပးမယ္။ တစ္ေန႔ကို ေရ ၂ၾကိမ္ခန္႔ ခ်ိဳးေပးျပီး သန္႔ရွင္းေရးလုပ္ေပးရင္ ေရာဂါပိုး၀င္ႏိုင္ေျခကို ထိထိေရာက္ေရာက္ ေလ်ာ့နည္းေစႏိုင္ပါတယ္။ လိင္တံထိပ္အေရျပား ျဖတ္ျခင္း၊ မျဖတ္ျခင္းဟာ အမ်ိဳးသားေတြရဲ႕ လိင္မႈဘ၀ကိုေတာ့ ၾကီးမားတဲ့ ေျပာင္းလဲမႈျဖစ္ေစတာမ်ိဳး မရွိပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hello Health Group

# Unicode Version ျဖင့္ ဖတ္ပါ #

လိင်တံထိပ်အရေပြား ဖြတ်ခြင်း – Circumcision နဲ့ ပတ်သက်ပြီး ဝေခွဲမရဖြစ်နေတဲ့ အမျိုးသားတွေရှိမှာပါ။ အများစုကတော့ ဘာသာရေးအယူအဆကြောင့်၊ တချို့တွေကတော့ ကျန်းမာရေးကြောင့် ကလေးမွေးကတည်းက ဒီလိင်တံထိပ်အရေပြား ဖြတ်တဲ့ အလေ့အကျင့်ကို ပြုမူတတ်ပါတယ်။ ဒီနေ့မှာတော့ လိင်တံထိပ်အရေပြားဖြတ်ခြင်းဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေကို ပြောပြပေးချင်ပါတယ်။
လိင်တံထိပ်အရေပြား ဖြတ်တယ်ဆိုတာ ဘာလဲ။

အမျိုးသားတွေရဲ့ လိင်တံထိပ်ဖူးမှာ ငုံနေတဲ့ အရေပြားကို ခွဲစိတ်ဖြတ်တောက်တာကို Circumcision လုပ်တယ်လို့ ခေါ်ပါတယ်။ ဂျူးလူမျိုးတွေ၊ အစ္စလာမ်ဘာသာဝင်တွေဟာ သူတို့ယုံကြည်သက်ဝင်ရာ အယူအဆတွေကြောင့် ကလေးတွေ မွေးပြီးတာနဲ့ လိင်တံထိပ်အရေပြားဖြတ်ခြင်း ပြုလုပ်ကြပါတယ်။ အမျိုးသားကျန်းမာရေးနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုကို အလေးထားတဲ့ မိသားစုတွေမှာလည်း ကလေးမွေးပြီးတာနဲ့ ဖြစ်စေ၊ အသက်ကြီးလာတဲ့အချိန်မှာ ဖြစ်စေ လိင်တံထိပ်မှာ ငုံနေတဲ့ အရေပြားကို ခွဲစိတ်ဖယ်ရှားကြပါတယ်။
ခွဲစိတ်ရင် ဘယ်လောက်ကြာနိုင်လဲ။

ကလေးအရွယ်မှာ လိင်တံထိပ်အရေပြား ဖြတ်ခြင်းဟာ ၅မိနစ်ကနေ ၁၀မိနစ်အထိသာ ကြာတတ်ပြီး လူကြီးတွေမှာတော့ တစ်နာရီဝန်းကျင် ကြာနိုင်ပါတယ်။ ခွဲစိတ်ထားတဲ့ ဒဏ်ရာ အနာကျက်ဖို့ ၅ရက်ကနေ ၇ရက်လောက် စောင့်ရပါတယ်။
လိင်တံထိပ်အရေပြားဖယ်လို့ ဘာကောင်းကျိုး ရနိုင်လဲ။

၁။ အမျိုးသားတွေ လိင်တံကို သန့်ရှင်းတဲ့နေရာမှာ ပိုလွယ်ကူသွားပါတယ်။

အရေပြားငုံနေတဲ့အချိန်မှာ အရေပြားအောက်မှာ အဖြူရောင်အဖတ်၊ အညစ်အကြေးတွေ ကပ်နေတတ်ပြီး အမြဲဆေးကြောသန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။ ဒီအရေပြားကို ဖယ်ရှားလိုက်တာကြောင့် အမျိုးသားတွေမှာ သန့်ရှင်းရေးလုပ်ရ ပိုလွယ်ကူသွားတယ်။ အနံ့အသက် မပြင်းထန်တော့ပါဘူး။

၂။ ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေ လျှော့ချပေးနိုင်ပါတယ်။

အမျိုးသားတွေမှာ ဆီးလမ်းကြောင်းထဲသို့ ပိုးဝင်တတ်ပါတယ်။ အထူးသဖြင့် လိင်တံထိပ်အရေပြား ဖြတ်မထားတဲ့ အမျိုးသားတွေမှာ ဆီးလမ်းကြောင်း ပိုးဝင်ပြီး ကျောက်ကပ်မှာ ရောဂါဖြစ်နိုင်ခြေ ပိုပြီး မြင့်တက်နိုင်ပါတယ်။

၃။ လိင်ကတစ်ဆင့် ရောဂါကူးစက်နိုင်ခြေကို လျှော့ချပေးတယ်။

လိင်တံထိပ်အရေပြား ဖြတ်ထားတဲ့သူတွေမှာလည်း ရောဂါကူးစက်နိုင်ပေမယ့် မဖြတ်ထားသူတွေနဲ့ ယှဉ်ကြည့်တဲ့အခါမှာ အလွန်နည်းတာကို တွေ့ရပါတယ်။ လိင်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေထဲမှာ HIV ၊ ကာလသားရောဂါ၊ ရေယုန်၊ အရေပြားမှိုရောဂါ၊ ဆီးပူညောင်းကျရောဂါ တို့ ပါဝင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ လိင်ဆက်ဆံတိုင်း ကွန်ဒုံးအသုံးပြုပါ။

၄။ လိင်တံထိပ်အရေပြား နောက်လှန်ဆွဲလို့မရတဲ့ ပြဿနာကို ကာကွယ်ပေးနိုင်တယ်။

တချို့အမျိုးသားတွေရဲ့ လိင်တံထိပ်အရေပြားဟာ ရှည်လွန်းတာကြောင့် နောက်ကလှန်ဆွဲရခက်ပါတယ်။ ဒီအခါမှာ သန့်ရှင်းရေးလုပ်ဖို့ မလွယ်ကူတော့တဲ့အတွက် ရောဂါပိုးဝင်နိုင်ခြေ ပိုမြင့်တက်လာပါတယ်။ ဒီပြဿနာရှိနေသူတွေအနေနဲ့ လိင်တံထိပ်အရေပြားကို ဖြတ်ထားသင့်ပါတယ်။

၅။ လိင်တံကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်။

အဖြစ်နည်းတဲ့ ကင်ဆာရောဂါတစ်မျိုးဖြစ်တဲ့အပြင် ထိပ်အရေပြား ဖြတ်ထားတဲ့ အမျိုးသားတွေမှာ ပိုပြီးတောင် ဖြစ်နိုင်ခြေ နည်းသွားပါတယ်။ ဒါ့အပြင် လိင်တံထိပ်အရေပြား ဖြတ်ပြီးသား အမျိုးသားတွေရဲ့ လိင်ဆက်ဆံဖော်အမျိုးသမီးတွေမှာလည်း သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
လိင်တံထိပ်အရေပြား မဖြတ်လို့ရော ရလား။

ဘာသာရေး၊ လူမျိုးရေးအယူအဆနဲ့ မသက်ဆိုင်ပဲ လိင်တံထိပ် အရေပြား ဖြတ်ထားတာဟာ ကျန်းမာရေးအတွက်ရော အမျိုးသားတွေရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက်ပါ အကောင်းဆုံးပါပဲ။

ကိုယ်က မဖြတ်ထားလို့လည်း စိတ်တော့မပူလိုက်ပါနဲ့။ လိင်တံအရေပြားအောက်ကို သေချာလေး ဆေးကြောပေးမယ်။ တစ်နေ့ကို ရေ ၂ကြိမ်ခန့် ချိုးပေးပြီး သန့်ရှင်းရေးလုပ်ပေးရင် ရောဂါပိုးဝင်နိုင်ခြေကို ထိထိရောက်ရောက် လျော့နည်းစေနိုင်ပါတယ်။ လိင်တံထိပ်အရေပြား ဖြတ်ခြင်း၊ မဖြတ်ခြင်းဟာ အမျိုးသားတွေရဲ့ လိင်မှုဘဝကိုတော့ ကြီးမားတဲ့ ပြောင်းလဲမှုဖြစ်စေတာမျိုး မရှိပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: Hello Health Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top