ျမန္မာ–တ႐ုတ္ နယ္စပ္ဂိတ္ေပါက္ျဖစ္သည့္ ဖရဲသီး၊ သခြားႏွင့္ ေရထြက္ ပစၥည္းကုန္တင္ယာဥ္မ်ား ထြက္ေပါက္ျဖစ္ေသာ က်င္စန္းေက်ာ့ဂိတ္ကို ဇန္နဝါရီ ၁၀ ရက္ နံနက္ ၉ နာရီက ျပန္လည္ဖြင့္လွစ္လိုက္ၿပီျဖစ္ေသာ္လည္း ဖရဲစိုက္ ေတာင္သူမ်ားႏွင့္ ကုန္သည္မ်ား ဆုံးရႈံးမႈမ်ားခဲ့ၿပီး ဖရဲေဈးကြက္က်ဆင္းႏိုင္ဖြယ္ရွိေၾကာင္း ၁၀၅ မိုင္ ခြာညိဳသစ္သီးပြဲ႐ုံမွ ဦးစိုင္းခင္ေမာင္က သုံးသပ္ ေျပာဆိုခဲ့သည္။

"ခြင့္ျပဳလိုက္တဲ့အတြက္ လမ္းပန္းဆက္သြယ္မႈေကာင္းသြားလို႔ အသီးေတြ အမ်ားႀကီးေရာက္သြားရင္ ေဈးကြက္က်ႏိုင္တယ္။ လမ္းပိတ္တုန္းက ဖရဲသီး ဝယ္လက္ေတြ အလုအယက္နဲ႔ ပုတ္ျပတ္ဝယ္ၾကၿပီး ေဈးေကာင္းရခဲ့ေပမယ့္ ကုန္သည္ေတြအတြက္ေတာ့ အမွည့္လြန္ပုပ္သြားလို႔ အမႈိက္ျဖစ္သြားၿပီး ဆုံးရႈံး တာေတြနဲ႔ဆိုေတာ့ ဒုံရင္းပဲ"ဟု ဖရဲ၊ သခြား ကုန္သည္တစ္ဦးကေျပာဆိုသည္။ က်င္စန္းေက်ာ့ဂိတ္ပိတ္ၿပီးေနာက္ ၂၀၁၈ ဒီဇင္ ဘာလကုန္ရက္က ဖရဲေဈးကြက္ေပါက္ေဈးတြင္ ဖရဲအမ်ိဳးအစား ၈၅၅ တစ္တန္လွ်င္ ၁၂၀ဝ-–၁၈၀ဝ ယြမ္၊ အေစ့မဲ့ ၁၆၀ဝ–-၂၃၀ဝ ယြမ္၊ ထိုင္ဝမ္ ၁၄၀ဝ–-၂၀ဝ၀ ယြမ္ရွိခဲ့ၿပီး ဇန္နဝါရီ ၅ ရက္တြင္ ဖရဲသီး ၈၅၅ တစ္တန္ ၁၈၀ဝ-–၂၄၀ဝ ယြမ္၊ အေစ့မဲ့ ၂၆၀ဝ–-၃၂၀ဝ ယြမ္၊ ထိုင္ဝမ္ ဆိုက္ႀကီး ၁၈၀ဝ-–၂၇၀ဝယြမ္ႏွင့္ ၈ ရက္ေန႔က ၈၅၅ -တစ္တန္ ၁၇၀ဝ–-၂၂၀ဝ ယြမ္၊ အေစ့မဲ့ ၂၀ဝ၀-–၂၇၀ဝ ယြမ္၊ ထိုင္ဝမ္ တစ္တန္ ၁၈၀ဝ-–၂၀ဝ၀ ယြမ္ျဖင့္ ေရာင္းအားေကာင္းခဲ့သည္။

ဆုံးရႈံးမႈမ်ား

ျမန္မာ–တ႐ုတ္ကုန္သြယ္ေရး နယ္စပ္ဂိတ္ မ်ားအနက္ က်င္စန္းေက်ာ့ဂိတ္သည္ တရားဝင္ ကုန္သြယ္ေရးဂိတ္မဟုတ္ေသာေၾကာင့္ တရား ဝင္ျဖစ္ရန္ ဖရဲ၊ သခြား စိုက္ပ်ိဳးထုတ္လုပ္သူ မ်ားက ေတာင္းဆိုေနၾကၿပီး ႏွစ္ႏိုင္ငံညႇိႏႈိင္းေဆြးေႏြးရမည္ျဖစ္ေၾကာင္း၊ က်င္စန္းေက်ာ့ဂိတ္ ပိတ္လိုက္ခ်ိန္တြင္ တရားဝင္ကုန္သြယ္ေရးဂိတ္ ျဖစ္သည့္ ပန္ဆိုင္း–-ၾကဴကုတ္မွ ဝမ္တိန္ကုန္စည္ ဖလွယ္ကြင္းသို႔ ကုန္တင္ယာဥ္မ်ား ဝင္ထြက္မႈ မ်ားျပားလာ၍ ၾကန္႔ၾကာမႈမ်ားေၾကာင့္ ဖရဲကုန္ သည္မ်ား ဆုံးရႈံးနစ္နာမႈမ်ားျပားခဲ့ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myanmar Time

#Unicode Version#

မြန်မာ–တရုတ် နယ်စပ်ဂိတ်ပေါက်ဖြစ်သည့် ဖရဲသီး၊ သခွားနှင့် ရေထွက် ပစ္စည်းကုန်တင်ယာဉ်များ ထွက်ပေါက်ဖြစ်သော ကျင်စန်းကျော့ဂိတ်ကို ဇန်နဝါရီ ၁၀ ရက် နံနက် ၉ နာရီက ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သော်လည်း ဖရဲစိုက် တောင်သူများနှင့် ကုန်သည်များ ဆုံးရှုံးမှုများခဲ့ပြီး ဖရဲဈေးကွက်ကျဆင်းနိုင်ဖွယ်ရှိကြောင်း ၁၀၅ မိုင် ခွာညိုသစ်သီးပွဲရုံမှ ဦးစိုင်းခင်မောင်က သုံးသပ် ပြောဆိုခဲ့သည်။

"ခွင့်ပြုလိုက်တဲ့အတွက် လမ်းပန်းဆက်သွယ်မှုကောင်းသွားလို့ အသီးတွေ အများကြီးရောက်သွားရင် ဈေးကွက်ကျနိုင်တယ်။ လမ်းပိတ်တုန်းက ဖရဲသီး ဝယ်လက်တွေ အလုအယက်နဲ့ ပုတ်ပြတ်ဝယ်ကြပြီး ဈေးကောင်းရခဲ့ပေမယ့် ကုန်သည်တွေအတွက်တော့ အမှည့်လွန်ပုပ်သွားလို့ အမှိုက်ဖြစ်သွားပြီး ဆုံးရှုံး တာတွေနဲ့ဆိုတော့ ဒုံရင်းပဲ"ဟု ဖရဲ၊ သခွား ကုန်သည်တစ်ဦးကပြောဆိုသည်။ ကျင်စန်းကျော့ဂိတ်ပိတ်ပြီးနောက် ၂၀၁၈ ဒီဇင် ဘာလကုန်ရက်က ဖရဲဈေးကွက်ပေါက်ဈေးတွင် ဖရဲအမျိုးအစား ၈၅၅ တစ်တန်လျှင် ၁၂၀ဝ-–၁၈၀ဝ ယွမ်၊ အစေ့မဲ့ ၁၆၀ဝ–-၂၃၀ဝ ယွမ်၊ ထိုင်ဝမ် ၁၄၀ဝ–-၂၀ဝ၀ ယွမ်ရှိခဲ့ပြီး ဇန်နဝါရီ ၅ ရက်တွင် ဖရဲသီး ၈၅၅ တစ်တန် ၁၈၀ဝ-–၂၄၀ဝ ယွမ်၊ အစေ့မဲ့ ၂၆၀ဝ–-၃၂၀ဝ ယွမ်၊ ထိုင်ဝမ် ဆိုက်ကြီး ၁၈၀ဝ-–၂၇၀ဝယွမ်နှင့် ၈ ရက်နေ့က ၈၅၅ -တစ်တန် ၁၇၀ဝ–-၂၂၀ဝ ယွမ်၊ အစေ့မဲ့ ၂၀ဝဝ-–၂၇၀ဝ ယွမ်၊ ထိုင်ဝမ် တစ်တန် ၁၈၀ဝ-–၂၀ဝ၀ ယွမ်ဖြင့် ရောင်းအားကောင်းခဲ့သည်။

ဆုံးရှုံးမှုများ

မြန်မာ–တရုတ်ကုန်သွယ်ရေး နယ်စပ်ဂိတ် များအနက် ကျင်စန်းကျော့ဂိတ်သည် တရားဝင် ကုန်သွယ်ရေးဂိတ်မဟုတ်သောကြောင့် တရား ဝင်ဖြစ်ရန် ဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ်သူ များက တောင်းဆိုနေကြပြီး နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးရမည်ဖြစ်ကြောင်း၊ ကျင်စန်းကျော့ဂိတ် ပိတ်လိုက်ချိန်တွင် တရားဝင်ကုန်သွယ်ရေးဂိတ် ဖြစ်သည့် ပန်ဆိုင်း–-ကြူကုတ်မှ ဝမ်တိန်ကုန်စည် ဖလှယ်ကွင်းသို့ ကုန်တင်ယာဉ်များ ဝင်ထွက်မှု များပြားလာ၍ ကြန့်ကြာမှုများကြောင့် ဖရဲကုန် သည်များ ဆုံးရှုံးနစ်နာမှုများပြားခဲ့ကြောင်း သိရသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top