ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×


ဂႏၲဝင္စြယ္စုံရ အႏုပညာရွင္ႀကီး ဖခင္(ဦး) တြံေတးသိန္းတန္ ကြယ္လြန္ျခင္း ႏွစ္၂၀ ျပည့္ အထိမ္းအမွတ္နဲ႔ ေက်းဇူးရွင္မိခင္ႀကီး ေဒၚခ်စ္စံပယ္ ကြယ္လြန္ျခင္း ၁၅ ႏွစ္ျပည့္ကို ရည္စူးၿပီး သ႐ုပ္ေဆာင္ ေနလနဲ႔ အဆိုေတာ္ ေ႐ႊရည္သိန္းတန္ မိသားစုက ကုသိုလ္ျဖစ္ သိကၡာထပ္ အလႈေတာ္ မဂၤလာကို ဇန္နဝါရီလ ၁၁ ရက္ေန႔က တာေမြၿမိဳ႕နယ္ရွိ မိုးကုတ္ဝိပႆနာေအးရိပ္သာေက်ာင္းတိုက္မွာ ျပဳလုပ္ခဲ့ပါတယ္။

သမီးျဖစ္သူ ေ႐ႊရည္သိန္းတန္နဲ႔ မိသားစုက ဖခင္ႀကီး တြံေတးသိန္းတန္နဲ႔ မိခင္ႀကီးေဒၚခ်စ္စံပယ္တို႔အတြက္ ေဒါက္တာေ႐ႊမန္း ဦးသူရိယ (အစိုးရဓမၼာစရိယ) [မိုးကုတ္ဝိပႆနာေအးရိပ္သာေက်ာင္းတိုက္] ဆရာေတာ္ဘုရားႀကီးအား ကံထပ္၊သိကၡာထပ္ အလႈမဂၤလာနဲ႔တကြ သံဃာေတာ္အပါး (၁၁) ပါးအား ဆြမ္း၊သကၤန္း၊လႈဖြယ္အစုံ ဆပ္ကပ္လႈဒါန္းခဲ့ပါတယ္။

ဖခင္ျဖစ္သူအတြက္ အလႉျပဳလုပ္ေပးခဲ့ျခင္းနဲ႔ ပတ္သက္ၿပီး သမီးျဖစ္သူ ေ႐ႊရည္သိန္းတန္က ဧရာဝတီကို အခုလိုဆိုပါတယ္။


“ပထမေတာ့ ေ႐ႊရည္ စဥ္းစားထားတာက ႏွစ္ ၂၀ ျပည့္ အမွတ္တရ စတိတ္ရႈိးေလး လုပ္မယ္ေပါ့။ ေနာက္ေတာ့ စဥ္းစားတာက ငါဘာလုပ္ခ်င္တာလဲေပါ့။ အေဖ့ကို ကုသိုလ္ရေစခ်င္တယ္။ ကုသိုလ္ရတာေတြ လုပ္ေပးခ်င္တယ္။ ေနာက္တခုက ေ႐ႊရည္တို႔ အားကိုးရာမဲ့သြားတာ ႏွစ္၂၀ရွိသြားၿပီေပါ့ေနာ္”

“ဒါေၾကာင့္ ေဖေဖနဲ႔ေမေမတို႔ ရွိစဥ္ကတည္းက သိကၡာထပ္အလႈေတြလုပ္ခဲ့တဲ့ ဆရာေတာ္ႀကီးကို ေမေမတို႔ ေဖေဖတို႔ကိုယ္စား သိကၡာထပ္မယ္ဆိုတဲ့ စိတ္ကူးေလးနဲ႔ လုပ္ျဖစ္ပါတယ္”လို႔ ေ႐ႊရည္သိန္းတန္က ဧရာဝတီကို ေျပာပါတယ္။

သမီးျဖစ္သူ ေ႐ႊရည္သိန္းတန္က ဖခင္ျဖစ္သူ တြံေတးသိန္းတန္လိုပဲ ျမန္မာေတးသီခ်င္းမ်ားစြာကို သီဆိုၿပီး ေအာင္ျမင္မႈရရွိေနတဲ့ အဆိုေတာ္တဦးလည္း ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy

#Unicode Version#

ဂန္တဝင်စွယ်စုံရ အနုပညာရှင်ကြီး ဖခင်(ဦး) တွံတေးသိန်းတန် ကွယ်လွန်ခြင်း နှစ်၂၀ ပြည့် အထိမ်းအမှတ်နဲ့ ကျေးဇူးရှင်မိခင်ကြီး ဒေါ်ချစ်စံပယ် ကွယ်လွန်ခြင်း ၁၅ နှစ်ပြည့်ကို ရည်စူးပြီး သရုပ်ဆောင် နေလနဲ့ အဆိုတော် ရွှေရည်သိန်းတန် မိသားစုက ကုသိုလ်ဖြစ် သိက္ခာထပ် အလှုတော် မင်္ဂလာကို ဇန်နဝါရီလ ၁၁ ရက်နေ့က တာမွေမြို့နယ်ရှိ မိုးကုတ်ဝိပဿနာအေးရိပ်သာကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။

သမီးဖြစ်သူ ရွှေရည်သိန်းတန်နဲ့ မိသားစုက ဖခင်ကြီး တွံတေးသိန်းတန်နဲ့ မိခင်ကြီးဒေါ်ချစ်စံပယ်တို့အတွက် ဒေါက်တာရွှေမန်း ဦးသူရိယ (အစိုးရဓမ္မာစရိယ) [မိုးကုတ်ဝိပဿနာအေးရိပ်သာကျောင်းတိုက်] ဆရာတော်ဘုရားကြီးအား ကံထပ်၊သိက္ခာထပ် အလှုမင်္ဂလာနဲ့တကွ သံဃာတော်အပါး (၁၁) ပါးအား ဆွမ်း၊သင်္ကန်း၊လှုဖွယ်အစုံ ဆပ်ကပ်လှုဒါန်းခဲ့ပါတယ်။

ဖခင်ဖြစ်သူအတွက် အလှူပြုလုပ်ပေးခဲ့ခြင်းနဲ့ ပတ်သက်ပြီး သမီးဖြစ်သူ ရွှေရည်သိန်းတန်က ဧရာဝတီကို အခုလိုဆိုပါတယ်။

“ပထမတော့ ရွှေရည် စဉ်းစားထားတာက နှစ် ၂၀ ပြည့် အမှတ်တရ စတိတ်ရှိုးလေး လုပ်မယ်ပေါ့။ နောက်တော့ စဉ်းစားတာက ငါဘာလုပ်ချင်တာလဲပေါ့။ အဖေ့ကို ကုသိုလ်ရစေချင်တယ်။ ကုသိုလ်ရတာတွေ လုပ်ပေးချင်တယ်။ နောက်တခုက ရွှေရည်တို့ အားကိုးရာမဲ့သွားတာ နှစ်၂၀ရှိသွားပြီပေါ့နော်”

“ဒါကြောင့် ဖေဖေနဲ့မေမေတို့ ရှိစဉ်ကတည်းက သိက္ခာထပ်အလှုတွေလုပ်ခဲ့တဲ့ ဆရာတော်ကြီးကို မေမေတို့ ဖေဖေတို့ကိုယ်စား သိက္ခာထပ်မယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ လုပ်ဖြစ်ပါတယ်”လို့ ရွှေရည်သိန်းတန်က ဧရာဝတီကို ပြောပါတယ်။

သမီးဖြစ်သူ ရွှေရည်သိန်းတန်က ဖခင်ဖြစ်သူ တွံတေးသိန်းတန်လိုပဲ မြန်မာတေးသီချင်းများစွာကို သီဆိုပြီး အောင်မြင်မှုရရှိနေတဲ့ အဆိုတော်တဦးလည်း ဖြစ်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top