ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×


အာဆင္နယ္မွာ ၁၀ ႏွစေလာက္ က်င္လည္ခဲ့ၿပီးေနာက္ဂ်ဴဗင္တပ္ကို ေျပာင္းေ႐ႊ႕ေတာ့မွာ ျဖစ္ၿပီး ဂ်ဴဗင္တပ္ အသင္းမွာ ေရာ္နယ္ဒိုၿပီးရင္ လုပ္လစာ အျမင့္ဆုံး ျဖစ္လာမွာပါ။ရာသီကုန္ရင္ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ ရမ္ေဆးကို ဂ်ဴဗင္တပ္အသင္းက ေခၚယူ ႏိုင္ေရး ႀကိဳးပမ္းေနရာမွာ ယခုအခါ ကစားသမားနဲ႔ သေဘာတူညီမႈရခဲ့ၿပီလို႔ The Guardian သတင္းဌာနက ေဖာ္ျပလာပါတယ္။

ေပါင္ ၃၆ သန္းတန္ ၅ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုမယ္လို႔ သိရၿပီး ဂ်ဴဗင္တပ္အသင္းအေနနဲ႔ ရမ္ေဆးကို အလြတ္ေျပာင္း ေ႐ႊ႕ေၾကးနဲ႔ ရရွိခဲ့တာပါ။အသက္ ၂၈ ႏွစ္အ႐ြယ္ ေဝးလ္လက္ေ႐ြးစင္အေနနဲ႔ ဂ်ဴဗင္တပ္မွာ တစ္ပတ္လုပ္ခ ေပါင္ ၁၄၀၀၀၀နဲ႔ တစ္ႏွစ္ကို ေပါင္ ၇.၂ သန္းရရွိမွာလည္း ျဖစ္ပါတယ္။


ရမ္ေဆး ဂ်ဴဗင္တပ္မွာ အခုလို တစ္ပတ္လုပ္ခေပါင္ ၁၄၀၀၀၀ ရရွိတာဟာ ေရာ္နယ္ဒိုၿပီးရင္ အသင္းမွာ အမ်ားဆုံးလည္း ျဖစ္လာေတာ့မွာပါ။ရမ္ေဆးအေနနဲ႔ အာဆင္နယ္အသင္းကို ကာဒစ္အသင္းကေန ေပါင္ ၄.၈သန္းနဲ႔ လြန္ခဲ့တဲ့ ၁၀ ႏွစ္ေလာက္က ေရာက္ရွိလာခဲ့တာ ျဖစ္ၿပီးအသင္းအတြက္ အဓိက ပြဲေပါင္း ၂၅၂ ပြဲကစားေပးထားသူပါ။

၅၂ ဂိုးသြင္းထားၿပီး အက္ဖ္ေအဖလား ၃ ႀကိမ္ကိုလည္း ပိုင္ဆိုင္ထားသူတစ္ေယာက္ျဖစ္ျပန္ပါတယ္။ေလာေလာဆယ္ေတာ့ အာဆင္နယ္မွာ ရာသီကုန္ထိ ကစားဦးမွာ ျဖစ္ၿပီး ရာသီကုန္မွသာ ဂ်ဴဗင္တပ္အသင္းနဲ႔ စတင္ပူးေပါင္းခြင့္ရမွာလည္း ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

အာဆင်နယ်မှာ ၁၀ နှစလောက် ကျင်လည်ခဲ့ပြီးနောက်ဂျူဗင်တပ်ကို ပြောင်းရွှေ့တော့မှာ ဖြစ်ပြီး ဂျူဗင်တပ် အသင်းမှာ ရော်နယ်ဒိုပြီးရင် လုပ်လစာ အမြင့်ဆုံး ဖြစ်လာမှာပါ။ရာသီကုန်ရင် အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ရမ်ဆေးကို ဂျူဗင်တပ်အသင်းက ခေါ်ယူ နိုင်ရေး ကြိုးပမ်းနေရာမှာ ယခုအခါ ကစားသမားနဲ့ သဘောတူညီမှုရခဲ့ပြီလို့ The Guardian သတင်းဌာနက ဖော်ပြလာပါတယ်။

ပေါင် ၃၆ သန်းတန် ၅ နှစ်စာချုပ်ချုပ်ဆိုမယ်လို့ သိရပြီး ဂျူဗင်တပ်အသင်းအနေနဲ့ ရမ်ဆေးကို အလွတ်ပြောင်း ရွှေ့ကြေးနဲ့ ရရှိခဲ့တာပါ။အသက် ၂၈ နှစ်အရွယ် ဝေးလ်လက်ရွေးစင်အနေနဲ့ ဂျူဗင်တပ်မှာ တစ်ပတ်လုပ်ခ ပေါင် ၁၄၀၀၀၀နဲ့ တစ်နှစ်ကို ပေါင် ၇.၂ သန်းရရှိမှာလည်း ဖြစ်ပါတယ်။

ရမ်ဆေး ဂျူဗင်တပ်မှာ အခုလို တစ်ပတ်လုပ်ခပေါင် ၁၄၀၀၀၀ ရရှိတာဟာ ရော်နယ်ဒိုပြီးရင် အသင်းမှာ အများဆုံးလည်း ဖြစ်လာတော့မှာပါ။ရမ်ဆေးအနေနဲ့ အာဆင်နယ်အသင်းကို ကာဒစ်အသင်းကနေ ပေါင် ၄.၈သန်းနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ရောက်ရှိလာခဲ့တာ ဖြစ်ပြီးအသင်းအတွက် အဓိက ပွဲပေါင်း ၂၅၂ ပွဲကစားပေးထားသူပါ။

၅၂ ဂိုးသွင်းထားပြီး အက်ဖ်အေဖလား ၃ ကြိမ်ကိုလည်း ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပြန်ပါတယ်။လောလောဆယ်တော့ အာဆင်နယ်မှာ ရာသီကုန်ထိ ကစားဦးမှာ ဖြစ်ပြီး ရာသီကုန်မှသာ ဂျူဗင်တပ်အသင်းနဲ့ စတင်ပူးပေါင်းခွင့်ရမှာလည်း ဖြစ်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top