




Credit:Rowena
#Unicode Version#
နိုင်ငံကျော်အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ ဆယ်စုနှစ် ၂ စုစာလောက် အောင်မြင်နေခဲ့သူတစ်ဦးပါ။ စိုင်းစိုင်းခမ်းလှိုင်ဟာ မြန်မာပြည်ရဲ့ အအောင်မြင်ဆုံး နံပါတ်(၁)အနုပညာရှင် ဖြစ်ပြီး အသက် ၄၀ ကျော်တိုင် အောင်မြင်မှုတွေ တရှိန်ထိုး ရရှိနေသူလဲဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ပရိသတ်တွေက အမြို့မြို့ အနယ်နယ်မှာ အသက်အရွယ်ပေါင်းစုံနဲ့ရှိနေဆဲပါ။

စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်တွေကြားမှာ တော်တော်လေး ရေပန်းစားပြီး အောင်မြင်မှုတွေ များစွာ ဆွတ်ခူးထားနိုင်သူတစ်ဦးပါ။ စိုင်းစိုင်းက သီချင်းဆိုတော်ရုံသာမကပဲ သရုပ်ဆောင်လဲ ကောင်းမွန်သူတစ်ဦးဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကလဲ တော်တော်လေး အောင်မြင်တာကိုတွေ့ရပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က ဇန်နဝါရီလ(၆)ရက်နေ့က ရန်ကုန်တက္ကသိုလ်ရဲ့ မောင်မယ်သစ်လွင်ပွဲကို သွားရောက်ဖျော်ဖြေပေးခဲ့ပါတယ်။ အဲ့ဒီဖျော်ဖြေပွဲမှာ အားပေးသူပရိသတ်တစ်ဦးရဲ့ အားပေးမှုကြောင့် တော်တော်လေး ဂယက်ထခဲ့ပါသေးတယ်။

ထိုသူက တိုက်ပုံကို အကျအနဝတ်ပြီး ရှေ့ဆုံးခုံမှာ ထိုင်နေတော့ တစ်ချို့သော ပရိသတ်တွေသာမက အက်ဒမင်ပါ မျက်စိလွဲသွားခဲ့ရပါတယ်။ တကယ်တော့ ထိုသူက ကျောင်းဆရာမဟုတ်ပဲ ကျောင်းသားတစ်ဦးသာဖြစ်ကြောင်း သိရပါတယ်။

မနေ့က ဆရာတစ်ဦးလို့ မှားယွင်းစွာ ဖော်ပြမိခဲ့တဲ့အတွက် သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို အထူးပဲတောင်းပန်ပါတယ်။ ပရိသတ်တွေလဲ စိုင်းစိုင်းရဲ့ အောင်မြင်မှုကို သဘောကျနှစ်ခြိုက်ကြမယ်ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို  ကျေးဇူးအထူးတင်ရှိပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:Rowena
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top