စကၤာပူတြင္က်င္းပမည့္ ကိုယ္ပိုင္ကမ္းေျခအသစ္ Kangyi Paradise ရွိ ေျမကြက္ ႏွင့္ Service Apartment အေရာင္းျပပြဲ
×

အင္းေတာ္ၿမိဳ႕နယ္ ေအာင္ေမတၲာရပ္ကြက္၊ ဝင္ဒါမီယာလမ္း၊ အိမ္အမွတ္ မတ/ ၁၈၃ ေနအိမ္မွာ ဒီကေန႔ 7.1.2019 ရက္ေန႔ မနက္ပိုင္း အခ်ိန္ က ေသနတ္သမားတစ္ဦးမွ ေနအိမ္အတြင္းသုိ႔ ဝင္ေရာက္ ပစ္ခတ္၍ ေရႊထည္ပစၥည္းေတြ ယူေဆာင္သြားမႈ ျဖစ္ပြားခဲ့ပါတယ္ ။

အခင္းျဖစ္ပြားခဲ့တဲ့အခ်ိန္မွာ ေနအိမ္အတြင္း ေသဆုံးသြားခဲ့သူ ကုိဖိုးလုံး (ခ) စုိးႏုိင္ဦး ရွိေနခဲ့တာျဖစ္ၿပီး ေသဆုံးသြားခဲ့သူရဲ႕ ဇႏွီးျဖစ္သူ မျမင့္ရီက အင္းေတာ္ၿမိဳ႕မေစ်းကုိ ေအာင္ဘာေလထီေရာင္းဖို႔သြားေနခဲ့တယ္ လို ရဲမွတ္တမ္းအရ သိရပါတယ္ ။

အိမ္နီးခ်င္းမွ ဖုန္းဆက္ အေၾကာင္းၾကားတဲ့အတြက္ အခင္းျဖစ္စဥ္ကုိ သိရွိခဲ့ၿပီး ေနအိမ္သုိ႔ ျပန္လာၾကည့္ရာ ေနအိမ္အိပ္ခန္း ၾကမ္းျပင္ေပၚမွာ လည္မ်ဳိထိုးသြင္း ဒါဏ္ရာ ၂ ခ်က္၊ ျပတ္ရွ ဒဏ္ရာ ၂ ခ်က္၊ ဝဲဘက္ ႏုုိ႔အုံေအာက္ ေပါက္ၿပဲဒါဏ္ရာ ၁ ခ်က္၊ ဝဲဘက္ခါးေအာက္ ေပါက္ၿပဲ ဒဏ္ရာ ၁ ခ်က္၊ ယာခါးေစာင္း ေပါက္ၿပဲ ဒါဏ္ရာ ၂ ခ်က္ ဒါဏ္ရာမ်ားရရွိၿပီး ေသဆုံးေနတဲ့အတြက္ အင္းေတာ္ ၿမိဳ႔မရဲစခန္းကုိ သြားေရာက္ တိုင္တန္းခဲ့တယ္ လို႔ သိရပါတယ္ ။

ကသာခရုိင္ရဲမွဴး ယာယီဒုရဲမွဳးႀကီး စိန္ရႊင္ ဦးေဆာင္ၿပီး တာဝန္ရွိသူမ်ား က အခင္းျဖစ္ေနရာကုိ သြားေရာက္ ၾကည့္ရႈစစ္ေဆးၾကရာ ေသဆုံးသြားခဲ့သူ ဖိုးလုံး ဟာ ေနအိမ္အိပ္ခန္း တမံတလင္းေပၚမွာ ပက္လက္အေနအထားနဲ႔ ေသဆုံးေနခဲ့တာျဖစ္ၿပီး ေလ ေသနတ္နဲ႔ ပစ္ခတ္ခံရသည္ ဟု ယူဆရတဲ့ အရွည္ ၀.၇ လကၼ အခ်င္း ၀.၃ လက္မခန္႔ ခဲဗူး ၂ ေတာင့္နဲ႔ လြင့္စင္ထြက္လာတဲ့ က်ည္ဖူး ၁ ေတာင့္တို႔ကုိ ေတြ႕ရွိခဲ့တယ္ သိရပါတယ္ ။

ဒါ့အျပင္ ေသဆုံးသြားခဲ့သူ ဝတ္ဆင္ထားတဲ့ ၅ က်ပ္သားခန္႔ သံႀကိဳးဆက္ ေရႊဆဲြႀကိဳး ၁ ကုံးနဲ႔ ၃ မတ္သား ခန္႔ လက္စြပ္ ၁ ကြင္း ခန္႔မွန္းတန္ဘိုး ေငြက်ပ္ သိန္း ၆၀တန္ဘိုးခန္႔ ေရႊထည္ပစၥည္းေတြ ေပ်ာက္ဆုံးေနခဲ့တယ္ လို႔ သိရပါတယ္ ။

အခင္းျဖစ္စဥ္နဲ႔ ပါတ္သက္ၿပီး ေသဆုံးသြားခဲ့သူရဲ႕ ဇနီးျဖစ္သူ မျမင့္ရီ ေျပာျပခ်က္အရ မသကၤာ တရားခံမွာ ေနအိမ္သုိ႔ မၾကာခဏ ဝင္ထြက္တည္းခိုဘူးသည့္ ေအာင္ေအာင္ အသက္ ၅၀ ႏွစ္ခန္႔ ျမစ္ႀကီးနား (ေနရပ္လိပ္စာ အတိက်စုံစမ္းဆဲ) ျဖစ္ႏုိင္ေၾကာင္း၊ လက္ရွိတြင္ ၄င္း မသကၤာ တရားခံမွာ လြတ္ေျမာက္ေနတဲ့အတြက္ ရဲတပ္ဖဲြ႕အေနနဲ႔ လိုက္လံရွာေဖြ ပိတ္ဆို႔ ဖမ္းဆီးမႈေတြ ျပဳလုပ္ေနတယ္ လို႔ သိရပါတယ္ ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:(သီဟေဆြ - ကသာ)
https://www.facebook.com/thiha.s.katha

#Unicode Version#
အင်းတော်မြို့နယ် အောင်မေတ္တာရပ်ကွက်၊ ဝင်ဒါမီယာလမ်း၊ အိမ်အမှတ် မတ/ ၁၈၃ နေအိမ်မှာ ဒီကနေ့ 7.1.2019 ရက်နေ့ မနက်ပိုင်း အချိန် က သေနတ်သမားတစ်ဦးမှ နေအိမ်အတွင်းသို့ ဝင်ရောက် ပစ်ခတ်၍ ရွှေထည်ပစ္စည်းတွေ ယူဆောင်သွားမှု ဖြစ်ပွားခဲ့ပါတယ် ။

အခင်းဖြစ်ပွားခဲ့တဲ့အချိန်မှာ နေအိမ်အတွင်း သေဆုံးသွားခဲ့သူ ကိုဖိုးလုံး (ခ) စိုးနိုင်ဦး ရှိနေခဲ့တာဖြစ်ပြီး သေဆုံးသွားခဲ့သူရဲ့ ဇနှီးဖြစ်သူ မမြင့်ရီက အင်းတော်မြို့မဈေးကို အောင်ဘာလေထီရောင်းဖို့သွားနေခဲ့တယ် လို ရဲမှတ်တမ်းအရ သိရပါတယ် ။

အိမ်နီးချင်းမှ ဖုန်းဆက် အကြောင်းကြားတဲ့အတွက် အခင်းဖြစ်စဉ်ကို သိရှိခဲ့ပြီး နေအိမ်သို့ ပြန်လာကြည့်ရာ နေအိမ်အိပ်ခန်း ကြမ်းပြင်ပေါ်မှာ လည်မျိုထိုးသွင်း ဒါဏ်ရာ ၂ ချက်၊ ပြတ်ရှ ဒဏ်ရာ ၂ ချက်၊ ဝဲဘက် နို့အုံအောက် ပေါက်ပြဲဒါဏ်ရာ ၁ ချက်၊ ဝဲဘက်ခါးအောက် ပေါက်ပြဲ ဒဏ်ရာ ၁ ချက်၊ ယာခါးစောင်း ပေါက်ပြဲ ဒါဏ်ရာ ၂ ချက် ဒါဏ်ရာများရရှိပြီး သေဆုံးနေတဲ့အတွက် အင်းတော် မြို့မရဲစခန်းကို သွားရောက် တိုင်တန်းခဲ့တယ် လို့ သိရပါတယ် ။

ကသာခရိုင်ရဲမှူး ယာယီဒုရဲမှုးကြီး စိန်ရွှင် ဦးဆောင်ပြီး တာဝန်ရှိသူများ က အခင်းဖြစ်နေရာကို သွားရောက် ကြည့်ရှုစစ်ဆေးကြရာ သေဆုံးသွားခဲ့သူ ဖိုးလုံး ဟာ နေအိမ်အိပ်ခန်း တမံတလင်းပေါ်မှာ ပက်လက်အနေအထားနဲ့ သေဆုံးနေခဲ့တာဖြစ်ပြီး လေ သေနတ်နဲ့ ပစ်ခတ်ခံရသည် ဟု ယူဆရတဲ့ အရှည် ဝ.၇ လက္မ အချင်း ဝ.၃ လက်မခန့် ခဲဗူး ၂ တောင့်နဲ့ လွင့်စင်ထွက်လာတဲ့ ကျည်ဖူး ၁ တောင့်တို့ကို တွေ့ရှိခဲ့တယ် သိရပါတယ် ။

ဒါ့အပြင် သေဆုံးသွားခဲ့သူ ဝတ်ဆင်ထားတဲ့ ၅ ကျပ်သားခန့် သံကြိုးဆက် ရွှေဆွဲကြိုး ၁ ကုံးနဲ့ ၃ မတ်သား ခန့် လက်စွပ် ၁ ကွင်း ခန့်မှန်းတန်ဘိုး ငွေကျပ် သိန်း ၆၀တန်ဘိုးခန့် ရွှေထည်ပစ္စည်းတွေ ပျောက်ဆုံးနေခဲ့တယ် လို့ သိရပါတယ် ။

အခင်းဖြစ်စဉ်နဲ့ ပါတ်သက်ပြီး သေဆုံးသွားခဲ့သူရဲ့ ဇနီးဖြစ်သူ မမြင့်ရီ ပြောပြချက်အရ မသင်္ကာ တရားခံမှာ နေအိမ်သို့ မကြာခဏ ဝင်ထွက်တည်းခိုဘူးသည့် အောင်အောင် အသက် ၅၀ နှစ်ခန့် မြစ်ကြီးနား (နေရပ်လိပ်စာ အတိကျစုံစမ်းဆဲ) ဖြစ်နိုင်ကြောင်း၊ လက်ရှိတွင် ၎င်း မသင်္ကာ တရားခံမှာ လွတ်မြောက်နေတဲ့အတွက် ရဲတပ်ဖွဲ့အနေနဲ့ လိုက်လံရှာဖွေ ပိတ်ဆို့ ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ် လို့ သိရပါတယ် ။

ဖိုးသူတော်(www.phothutaw.com)
Credit:(သီဟဆွေ - ကသာ)
https://www.facebook.com/thiha.s.katha
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top