စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×


ကမာၻ႔အသက္အၾကီးဆံုးဘိုးဘိုးၾကီးဟာ ဂ်ပန္ႏိုင္ငံ ေၿမာက္ဘက္၊ ေဟာ့ကိုင္းဒိုးကြ်န္းမွာရိွတဲ့ သူ႔ေနအိမ္မွာပဲ ကြယ္လြန္သြားခဲ့ျပီ ျဖစ္ပါတယ္။ အဘိုးအို မာစာဇို ႏိုနာကာ (Masazo Nonaka) ဟာ ဆူမိုနပန္းသတ္ပြဲကို ႏွစ္ၿခိဳက္သူတစ္ဦးၿဖစ္ၿပီး အခ်ိဳေတြစားရတာလည္း ၾကိဳက္သူတစ္ဦးပါ။ သူ႔မိသားစုဝင္ေတြရဲ႕အဆိုအရ တနဂၤေႏြေန႔အေစာပိုင္းမွာ ႏိုနာကာဟာ အစ္ဟိုရိုၿမိဳ႕က သူတို႔မိသားစုစားေသာက္ဆိုင္မွာ အိပ္ေပ်ာ္ေနခ်ိန္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းပဲ ကြယ္လြန္သြားခဲ့တာၿဖစ္ပါတယ္။

ပထမကမာၻစစ္ၾကီးမစခင္ ၁၉၀၅ ခုႏွစ္ ဇူလိုင္လ ၂၅ ရက္ေန႔မွာ ေမြးဖြားတဲ့ ႏိုနာကာဟာ မိသားစုၾကီးတစ္ခုမွာ ၾကီးၿပင္းလာသူၿဖစ္ၿပီး မိဘေတြက စားေသာက္ဆိုင္လုပ္ငန္းမွာ ေအာင္ၿမင္ခဲ့ပါတယ္။ အခုေတာ့ ဒီစားေသာက္ဆိုင္ကို သူ႔ေၿမးမျဖစ္သူက ဆက္လက္ဦးစီးေနပါတယ္။ ႏိုနာကာဟာ သူ႔အမ်ိဳးသမီး၊ သူ႔ကေလးငါးေယာက္ထဲက သံုးေယာက္နဲ႔ အတူေနထုိင္ခဲ့ပါတယ္။


‘ဒီလိုၾကီးမားတဲ့ဆံုးရံႈးမႈၾကီးေၾကာင့္ ကြ်န္မတို႔ အရမ္းေၾကကြဲရပါတယ္…မေန႔ကအထိေတာ့ သူက ပံုမွန္ပဲ… ကြ်န္မတို႔မိသားစုကို ဘာမွစိတ္ပူေအာင္မလုပ္ဘဲ ကြယ္လြန္သြားတာပါ။ အဘိုးမွာ က်န္းမာေရးမေကာင္းျဖစ္ေနတာမ်ိဳး မရိွခဲ့ပါဘူး။ ေအးေအးခ်မ္းခ်မ္းပဲ ကြယ္လြန္သြားတာမို႔ ကြ်န္မတို႔ စိတ္သက္သာရာရပါတယ္’ လို႔ ေၿမးမၿဖစ္သူ ယိုကိုကေၿပာပါတယ္။ သူ႔ရဲ႕အစ္မက အဘိုးအိုအသက္မရွဴေတာ့ဘူးဆိုတာကို အရင္ဆံုးသတိထားမိခဲ့တာပါ။

ေမြးခ်င္း ညီအစ္ကို ေၿခာက္ေယာက္နဲ႔ ညီမတစ္ေယာက္ရိွတဲ့ ႏိုနာကာဟာ ၁၉၃၁ ခုနွစ္မွာ အိမ္ေတာင္ျပဳခဲ့ကာ ကေလးငါးေယာက္ရဲ႕ဖခင္ျဖစ္ခဲ့ပါတယ္။ အလုပ္ကေနအနားယူၿပီးေနာက္ပိုင္း ဆူမိုနပန္းပြဲၾကည့္ရတာကို အလြန္သေဘာက်သလို အခ်ိဳမုန္႔ေတြစားရတာလည္း ၾကိဳက္ပါတယ္။ ျပီးခဲ့တဲ့ႏွစ္က ႏိုနာကာ အသက္ ၁၁၂ ႏွစ္ ၂၅၉ ရက္ျပည့္ခ်ိန္မွာ ကမာၻ႔အသက္အရွည္ဆံုးလူသားအျဖစ္အသိအမွတ္ၿပဳခံခဲ့ရတာျဖစ္ျပီး မွတ္တမ္းကိုလက္ခံစဥ္ သူအသက္အရွည္ၾကီးေနရတဲ့လ်ိဳ႕ဝွက္ခ်က္က ေရပူစမ္းစိမ္တာေၾကာင့္လုိ႔ ေၿပာျပခဲ့ပါေသးတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Yoyarlay

#Unicode Version#

ကမ္ဘာ့အသက်အကြီးဆုံးဘိုးဘိုးကြီးဟာ ဂျပန်နိုင်ငံ မြောက်ဘက်၊ ဟော့ကိုင်းဒိုးကျွန်းမှာရှိတဲ့ သူ့နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ အဘိုးအို မာစာဇို နိုနာကာ (Masazo Nonaka) ဟာ ဆူမိုနပန်းသတ်ပွဲကို နှစ်ခြိုက်သူတစ်ဦးဖြစ်ပြီး အချိုတွေစားရတာလည်း ကြိုက်သူတစ်ဦးပါ။ သူ့မိသားစုဝင်တွေရဲ့အဆိုအရ တနင်္ဂနွေနေ့အစောပိုင်းမှာ နိုနာကာဟာ အစ်ဟိုရိုမြို့က သူတို့မိသားစုစားသောက်ဆိုင်မှာ အိပ်ပျော်နေချိန် ငြိမ်းငြိမ်းချမ်းချမ်းပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ပထမကမ္ဘာစစ်ကြီးမစခင် ၁၉၀၅ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှာ မွေးဖွားတဲ့ နိုနာကာဟာ မိသားစုကြီးတစ်ခုမှာ ကြီးပြင်းလာသူဖြစ်ပြီး မိဘတွေက စားသောက်ဆိုင်လုပ်ငန်းမှာ အောင်မြင်ခဲ့ပါတယ်။ အခုတော့ ဒီစားသောက်ဆိုင်ကို သူ့မြေးမဖြစ်သူက ဆက်လက်ဦးစီးနေပါတယ်။ နိုနာကာဟာ သူ့အမျိုးသမီး၊ သူ့ကလေးငါးယောက်ထဲက သုံးယောက်နဲ့ အတူနေထိုင်ခဲ့ပါတယ်။

‘ဒီလိုကြီးမားတဲ့ဆုံးရှုံးမှုကြီးကြောင့် ကျွန်မတို့ အရမ်းကြေကွဲရပါတယ်…မနေ့ကအထိတော့ သူက ပုံမှန်ပဲ… ကျွန်မတို့မိသားစုကို ဘာမှစိတ်ပူအောင်မလုပ်ဘဲ ကွယ်လွန်သွားတာပါ။ အဘိုးမှာ ကျန်းမာရေးမကောင်းဖြစ်နေတာမျိုး မရှိခဲ့ပါဘူး။ အေးအေးချမ်းချမ်းပဲ ကွယ်လွန်သွားတာမို့ ကျွန်မတို့ စိတ်သက်သာရာရပါတယ်’ လို့ မြေးမဖြစ်သူ ယိုကိုကပြောပါတယ်။ သူ့ရဲ့အစ်မက အဘိုးအိုအသက်မရှူတော့ဘူးဆိုတာကို အရင်ဆုံးသတိထားမိခဲ့တာပါ။

မွေးချင်း ညီအစ်ကို ခြောက်ယောက်နဲ့ ညီမတစ်ယောက်ရှိတဲ့ နိုနာကာဟာ ၁၉၃၁ ခုနှစ်မှာ အိမ်တောင်ပြုခဲ့ကာ ကလေးငါးယောက်ရဲ့ဖခင်ဖြစ်ခဲ့ပါတယ်။ အလုပ်ကနေအနားယူပြီးနောက်ပိုင်း ဆူမိုနပန်းပွဲကြည့်ရတာကို အလွန်သဘောကျသလို အချိုမုန့်တွေစားရတာလည်း ကြိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်က နိုနာကာ အသက် ၁၁၂ နှစ် ၂၅၉ ရက်ပြည့်ချိန်မှာ ကမ္ဘာ့အသက်အရှည်ဆုံးလူသားအဖြစ်အသိအမှတ်ပြုခံခဲ့ရတာဖြစ်ပြီး မှတ်တမ်းကိုလက်ခံစဉ် သူအသက်အရှည်ကြီးနေရတဲ့လျို့ဝှက်ချက်က ရေပူစမ်းစိမ်တာကြောင့်လို့ ပြောပြခဲ့ပါသေးတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top