ရုပ္ရွင္ေတြထဲကလို ေရေအာက္ကမာၻမွာ ငါးေတြနဲ႔အတူတူ အိပ္ႏိုင္မယ့္ အခြင့္အေရးကို ေမာ္လ္ဒုိက္ဗ္မွာ ရရွိေနၿပီ ျဖစ္ပါတယ္။ အခုအခါမွာေတာ့ Conrad Maldives Rangali ကြ်န္းဟာ ကမာၻ႔ပထမဆံုး ေရေအာက္ဟိုတယ္ၾကီးကို ဖြင့္လွစ္လိုက္ပါၿပီ။ ဟိုတယ္ၾကီးဟာ ႏွစ္ထပ္အေဆာက္အဦးၾကီးျဖစ္ၿပီး အိႏိၵယသမုဒၵရာေရေအာက္ အနက္(၁၆) ေပေက်ာ္မွာ ရွိပါတယ္။ ဟိုတယ္နာမည္ဟာ မူရာကာျဖစ္ၿပီး ေဒသသံုးစကားနဲ႔ဆို သႏၱာလို႔ အမည္ရပါတယ္။

မူရာကာဟိုတယ္မွာ သီးသန္႔အားကစားရံု၊ ဘား၊ ေရကူးကန္တို႔ ပါ၀င္ပါတယ္။ ပင္လယ္ဘက္ကို မ်က္ႏွာမူထားတဲ့ ဇိမ္ခံ ေရခ်ိဳးခန္းၾကီးနဲ႔ ပင္လယ္ရဲ႕ အလွကို ၾကည့္ၿပီး အနားယူအိပ္စက္ႏိုင္တဲ့ ေရေအာက္ အိပ္ခန္းေတြလည္း ပါ၀င္မွာ ျဖစ္ပါတယ္။ ဟုိတယ္ရဲ႕ အေပၚဆံုးထပ္မွာေတာ့ အပန္းေျဖအနားယူရာ ကုန္းပတ္ရွိပါတယ္။ အဲဒီအထပ္ကေတာ့ ေရမ်က္ႏွာျပင္ေပၚမွာ ရွိၿပီး ဧည့္သည္ေတြက ေနပူဆာလံႈႏိုင္မွာ ျဖစ္ပါတယ္။

ဟိုတယ္မွာ တည္းခိုစရိတ္ကေတာ့ တစ္ညကို ေဒၚလာ(၅၀,၀၀၀) ျဖစ္ၿပီး တည္းခိုသူေတြဟာ သီးသန္႔စားဖိုမႈးတစ္ဦးနဲ႔ ေလွတစ္စင္းကို စိတ္ၾကိဳက္အသံုးျပဳခြင့္ရမွာ ျဖစ္ပါတယ္။ မူရာကာဟုိတယ္ဟာ ေရေအာက္ ၾကယ္ငါးပြင့္စားေသာက္ဆိုင္တစ္ဆိုင္ျဖစ္တဲ့ Ithaa အျပင္ ကြ်န္းရဲ႕ အျခားအပန္းေျဖစခန္းေတြနဲ႔လည္း ဆက္စပ္ထားပါတယ္။ မူရာကာဟိုတယ္ကို သဘာ၀ပတ္၀န္းက်င္လည္း မထိခိုက္ရေအာင္ ထိန္းသိမ္းစီမံထားတယ္လို႔ သိရပါတယ္။

ဟုိတယ္မွာ အသံုးျပဳတဲ့ ပစၥည္းေတြအားလံုးကို စကၤာပူႏိုင္ငံမွာ တပ္ဆင္တည္ေဆာက္ၿပီးမွ ေမာ္လ္ဒိုက္ဗ္ဆီ အထူးသေဘၤာနဲ႔ တင္ေဆာင္လာတာ ျဖစ္ပါတယ္။ အေဆာက္အဦး ပစၥည္းေတြကို ေရထဲမွာ ေနရာခ်ပါတယ္။

ဒီေရၾကမ္းလို႔ အေဆာက္အဦးယိမ္းယိုင္တာမ်ိဳး မျဖစ္ရေလေအာင္ ကြန္ကရစ္တာ၀ါတိုင္ေတြနဲ႔ စနစ္တက် အေသတပ္ဆင္ထားတာ ျဖစ္ပါတယ္။The Conrad ကြ်န္းမွာေတာ့ အျခားေရေပၚ အပန္းေျဖစခန္းေတြလည္း ရွိပါေသးတယ္။ ဒါေပမယ့္ မူရာကာကေတာ့ ထူးထူးျခားျခားပဲ ေမာ္ဒိုက္ဗ္ရဲ႕ သီးသန္႔ ေရေအာက္ဟိုတယ္တစ္ခုျဖစ္တာေၾကာင့္ ေဖာ္ျပေပးလိုက္ပါတယ္=======
ဖိုးသူေတာ္(www.phothutaw.com)
Credit:Thutasone

#Unicode Version#
ရုပ်ရှင်တွေထဲကလို ရေအောက်ကမ္ဘာမှာ ငါးတွေနဲ့အတူတူ အိပ်နိုင်မယ့် အခွင့်အရေးကို မော်လ်ဒိုက်ဗ်မှာ ရရှိနေပြီ ဖြစ်ပါတယ်။ အခုအခါမှာတော့ Conrad Maldives Rangali ကျွန်းဟာ ကမ္ဘာ့ပထမဆုံး ရေအောက်ဟိုတယ်ကြီးကို ဖွင့်လှစ်လိုက်ပါပြီ။ ဟိုတယ်ကြီးဟာ နှစ်ထပ်အဆောက်အဦးကြီးဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာရေအောက် အနက်(၁၆) ပေကျော်မှာ ရှိပါတယ်။ ဟိုတယ်နာမည်ဟာ မူရာကာဖြစ်ပြီး ဒေသသုံးစကားနဲ့ဆို သန္တာလို့ အမည်ရပါတယ်။

မူရာကာဟိုတယ်မှာ သီးသန့်အားကစားရုံ၊ ဘား၊ ရေကူးကန်တို့ ပါဝင်ပါတယ်။ ပင်လယ်ဘက်ကို မျက်နှာမူထားတဲ့ ဇိမ်ခံ ရေချိုးခန်းကြီးနဲ့ ပင်လယ်ရဲ့ အလှကို ကြည့်ပြီး အနားယူအိပ်စက်နိုင်တဲ့ ရေအောက် အိပ်ခန်းတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဟိုတယ်ရဲ့ အပေါ်ဆုံးထပ်မှာတော့ အပန်းဖြေအနားယူရာ ကုန်းပတ်ရှိပါတယ်။ အဲဒီအထပ်ကတော့ ရေမျက်နှာပြင်ပေါ်မှာ ရှိပြီး ဧည့်သည်တွေက နေပူဆာလှုံနိုင်မှာ ဖြစ်ပါတယ်။

ဟိုတယ်မှာ တည်းခိုစရိတ်ကတော့ တစ်ညကို ဒေါ်လာ(၅၀,၀၀၀) ဖြစ်ပြီး တည်းခိုသူတွေဟာ သီးသန့်စားဖိုမှုးတစ်ဦးနဲ့ လှေတစ်စင်းကို စိတ်ကြိုက်အသုံးပြုခွင့်ရမှာ ဖြစ်ပါတယ်။ မူရာကာဟိုတယ်ဟာ ရေအောက် ကြယ်ငါးပွင့်စားသောက်ဆိုင်တစ်ဆိုင်ဖြစ်တဲ့ Ithaa အပြင် ကျွန်းရဲ့ အခြားအပန်းဖြေစခန်းတွေနဲ့လည်း ဆက်စပ်ထားပါတယ်။ မူရာကာဟိုတယ်ကို သဘာဝပတ်ဝန်းကျင်လည်း မထိခိုက်ရအောင် ထိန်းသိမ်းစီမံထားတယ်လို့ သိရပါတယ်။

ဟိုတယ်မှာ အသုံးပြုတဲ့ ပစ္စည်းတွေအားလုံးကို စင်္ကာပူနိုင်ငံမှာ တပ်ဆင်တည်ဆောက်ပြီးမှ မော်လ်ဒိုက်ဗ်ဆီ အထူးသင်္ဘောနဲ့ တင်ဆောင်လာတာ ဖြစ်ပါတယ်။ အဆောက်အဦး ပစ္စည်းတွေကို ရေထဲမှာ နေရာချပါတယ်။

ဒီရေကြမ်းလို့ အဆောက်အဦးယိမ်းယိုင်တာမျိုး မဖြစ်ရလေအောင် ကွန်ကရစ်တာဝါတိုင်တွေနဲ့ စနစ်တကျ အသေတပ်ဆင်ထားတာ ဖြစ်ပါတယ်။The Conrad ကျွန်းမှာတော့ အခြားရေပေါ် အပန်းဖြေစခန်းတွေလည်း ရှိပါသေးတယ်။ ဒါပေမယ့် မူရာကာကတော့ ထူးထူးခြားခြားပဲ မော်ဒိုက်ဗ်ရဲ့ သီးသန့် ရေအောက်ဟိုတယ်တစ်ခုဖြစ်တာကြောင့် ဖော်ပြပေးလိုက်ပါတယ်=======

ဖိုးသူတော်(www.phothutaw.com)
Credit:Thutasone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top