ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×


ယေန႔ဇန္နဝါရီလ ၉ ရက္ေန႔ကေတာ့ ျမန္မာႏိုင္ငံအတြက္ သာသနာျပဳလုပ္ငန္းေတြကို အက်ိဳးျပဳေဆာင္႐ြက္ေနတဲ့ ဆရာေတာ္ အရွင္ဆႏၵာဓိက (ေ႐ႊပါရမီေတာရ) ရဲ႕ သက္ေတာ္ (၅၁) ႏွစ္ေျမာက္ေမြးေန႔ရက္ျမတ္ေလးပဲ ျဖစ္ပါတယ္။ ဆရာေတာ္ဘုရားကေတာ့ သူရဲ႕သိမ္ေမြ႕နက္နဲတဲ့ တရားစာေပေတြနဲ႔ ၾကားနာဖတ္ရႈသူ ပရိသတ္ေတြရဲ႕ စိတ္ႏွလုံးကို ခ်မ္းေျမ့ၾကည္ညိဳေစႏိုင္တဲ့ဆရာေတာ္တစ္ပါးလည္းျဖစ္ပါတယ္။ဒီေန႔ဆရာေတာ္ဘုရားရဲ႕ေမြးေန႔မွာေတာ့အႏုပညာရွင္ေတြက သြားေရာက္ၿပီး ကုသိုလ္ယူခဲ့ၾကပါတယ္။

ဆရာေတာ္ဘုရားရဲ႕ေမြးေန႔ရက္ျမတ္ေလးမွာေတာ့အႏုပညာရွင္ေတြျဖစ္ၾကတဲ့သ႐ုပ္ေဆာင္ေဒါင္း၊ေမျမင့္မိုရ္၊ဆုပန္ထြာတို႔ဇနီးေမာင္ႏွံ၊ R ဇာနည္တို႔ဇနီးေမာင္ႏွံ၊ ဒီဇိုင္နာ မပုံံ့၊ လြင္မိုးဇနီးေမသူတို႔မိသားစုတို႔ကသြားေရာက္လႉဒါန္းခဲ့ၾကတာျဖစ္ပါတယ္။ ဆရာေတာ္ဘုရားအတြက္ သိမ္ဆင္းေလာင္းၿပီး ကုသိုလ္ယူခဲ့တဲ့ အႏုပညာရွင္တို႔ရဲ႕ ပုံရိပ္ေလးေတြကလည္း တကယ့္ကို ၾကည္ႏူးပီတျဖစ္ၿပီး သာဓုေခၚခ်င္စရာေကာင္းေလာက္ပါတယ္။

အခုလည္း ဆုပန္ထြာက ” ဘုန္းဘုန္း အရွင္ဆႏၵာဓိက ၅၁ ႏွစ္ေျမာက္ေမြးေန႔ ။ ဓါတ္ပုံ Ko Aye Zaw Moe ,Ko Aye Zaw Myo တို႔မိသားစုေတြအားလုံးရဲ႕ဆြမ္းအလႉ။ ကိုယ္ေတြကေတာ့ ဘုန္းဘုန္းကို သိမ္ဆင္းေလာင္းခ်င္လြန္းေတာ့ Roar Roarမႏိုးခင္အေျပးအလႊားအမွီေျပးေပါ့။သူမ်ားေတြလႉၾကတာေတြေတြ႕ၿပီး၊ဝမ္းေျမာက္ဝမ္းသာသာဓုအႀကိမ္ႀကိမ္ေခၚခဲ့မိပါတယ္။” ဆိုၿပီး အလႉပြဲက ပုံရိပ္ေလးေတြကိုလည္း တင္ေပးထားတာ ျဖစ္ပါတယ္။ ကဲခ်စ္ပရိသတ္ေတြအတြက္ဆုပန္ထြာတို႔ အႏုပညာရွင္တစ္စုရဲ႕ အလႉျပဳေနတဲ့ပုံရိပ္ေလးေတြကို တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Burmese.asia

#Unicode Version#

ယနေ့ဇန်နဝါရီလ ၉ ရက်နေ့ကတော့ မြန်မာနိုင်ငံအတွက် သာသနာပြုလုပ်ငန်းတွေကို အကျိုးပြုဆောင်ရွက်နေတဲ့ ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) ရဲ့ သက်တော် (၅၁) နှစ်မြောက်မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ဆရာတော်ဘုရားကတော့ သူရဲ့သိမ်မွေ့နက်နဲတဲ့ တရားစာပေတွေနဲ့ ကြားနာဖတ်ရှုသူ ပရိသတ်တွေရဲ့ စိတ်နှလုံးကို ချမ်းမြေ့ကြည်ညိုစေနိုင်တဲ့ဆရာတော်တစ်ပါးလည်းဖြစ်ပါတယ်။ဒီနေ့ဆရာတော်ဘုရားရဲ့မွေးနေ့မှာတော့အနုပညာရှင်တွေက သွားရောက်ပြီး ကုသိုလ်ယူခဲ့ကြပါတယ်။

ဆရာတော်ဘုရားရဲ့မွေးနေ့ရက်မြတ်လေးမှာတော့အနုပညာရှင်တွေဖြစ်ကြတဲ့သရုပ်ဆောင်ဒေါင်း၊မေမြင့်မိုရ်၊ဆုပန်ထွာတို့ဇနီးမောင်နှံ၊ R ဇာနည်တို့ဇနီးမောင်နှံ၊ ဒီဇိုင်နာ မပုံံ့၊ လွင်မိုးဇနီးမေသူတို့မိသားစုတို့ကသွားရောက်လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။ ဆရာတော်ဘုရားအတွက် သိမ်ဆင်းလောင်းပြီး ကုသိုလ်ယူခဲ့တဲ့ အနုပညာရှင်တို့ရဲ့ ပုံရိပ်လေးတွေကလည်း တကယ့်ကို ကြည်နူးပီတဖြစ်ပြီး သာဓုခေါ်ချင်စရာကောင်းလောက်ပါတယ်။


အခုလည်း ဆုပန်ထွာက ” ဘုန်းဘုန်း အရှင်ဆန္ဒာဓိက ၅၁ နှစ်မြောက်မွေးနေ့ ။ ဓါတ်ပုံ Ko Aye Zaw Moe ,Ko Aye Zaw Myo တို့မိသားစုတွေအားလုံးရဲ့ဆွမ်းအလှူ။ ကိုယ်တွေကတော့ ဘုန်းဘုန်းကို သိမ်ဆင်းလောင်းချင်လွန်းတော့ Roar Roarမနိုးခင်အပြေးအလွှားအမှီပြေးပေါ့။သူများတွေလှူကြတာတွေတွေ့ပြီး၊ဝမ်းမြောက်ဝမ်းသာသာဓုအကြိမ်ကြိမ်ခေါ်ခဲ့မိပါတယ်။

” ဆိုပြီး အလှူပွဲက ပုံရိပ်လေးတွေကိုလည်း တင်ပေးထားတာ ဖြစ်ပါတယ်။ ကဲချစ်ပရိသတ်တွေအတွက်ဆုပန်ထွာတို့ အနုပညာရှင်တစ်စုရဲ့ အလှူပြုနေတဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top