ရန်ကင်းရှိ ဇူလိုင်လတွင်အခန်းအပ်မည့် Skysuites ကွန်ဒိုအရောင်းပြပွဲ
×
(ရုပ်/သံ ကြည့်ရန်)
Credit: Wavecele
# Unicode Version ဖြင့် ဖတ်ပါ #
ဖြစ်ရတဲ့အကြောင်းရင်းကတော့ မင်းကိုင်ထားတဲ့ဖုန်း မင်းဝတ်ထားတဲ့အဝတ်တွေ အားလုံးငါဝယ်ပေးထားတာချည်းပဲလို့ သူ့ခင်ပွန်းဟောင်းကပြောခဲ့လို့ပဲဖြစ်ပါတယ် ။
လူကြားထဲမှာ ကိုယ့်နဲ့သဘောထားမတိုက်ဆိုင်လို့လမ်းခွဲလိုက်ရတဲ့ လက်တွဲဖော်ဟောင်းနဲ့မမျှော်လင့်ပဲတွေ့ရတာဟာ ။
စိတ်အနှောက်အယှက်ဖြစ်စရာကောင်းလွန်းပါတယ် ။
ဒီစုံတွဲအတွက်တော့ တကယ်ကိုဆိုးရွားလွန်းတဲ့ဆုံတွေ့မှုတစ်ခုဖြစ်ခဲ့တယ်ဆိုတာ အသေအချာပါပဲ..
ဘာကြောင့်လဲဆိုတော့ရှော့ပင်းမောမှာတွေ့ဆုံးပြီးနောက် တစ်ယောက်က အိမ်ကို ကိုယ်တုံးလုံးနဲ့ပြန်သွားရတဲ့အတွက်ကြောင့်ပါပဲ ။
Jangsu နယ်မှာရှိတဲ့ Wuxi က ရှော့ပင်းမောတစ်ခုမှာဖြစ်ပွားခဲ့တာပါ ။ ဒေါသကြီးတဲ့အမျိုးသမီးတစ်ယောက်ဟာ သူ့ရဲ့ခင်ပွန်းဟောင်းနဲ့တွေ့ဆုံပြီးတဲ့နောက်မှာ အခုလိုမျိုး ကမောက်ကမဖြစ်ရပ်ဖြစ်သွားခဲ့တာဖြစ်တယ် ။
သူတို့နှစ်ယောက်ပြတ်ဆဲသွားတဲ့နောက်မှာတောင်မှ သူ့ရဲ့ခင်ပွန်းဟောင်းဟာ သူ့ကိုအနှောက်အယှက်ဆက်ပေးနေပြီး လမ်းမှာတွေ့ရင်လည်း ပါးရိုက်ပြီးနှုတ်ဆက်သွားတာမျိုးလုပ်လေ့ရှိတယ် ။
မျက်မြင်သက်သေတွေကတော့ အခုဒီဗီယိုကိုရိုက်ကူးခဲ့ပြီး တရုတ် ဆိုရှယ်မီဒီယာအပေါ်တင်လိုက်တဲ့အခါမှာတော့ အွန်လိုင်းပေါ်မှာ နာမည်ကြီးသွားခဲ့ပါတယ် ။
သူတို့နှစ်ယောက်လက်တွဲဖြုတ်ပြီးတဲ့နောက် သူ့ရဲ့ခင်ပွန်းဟောင်းရဲ့ငွေကြေးတစ်ပြားတစ်ချပ်မှမလိုကြောင်း အမျိုးသမီးက သက်သေပြသွားခဲ့တာဖြစ်ပါတယ်။
ဒီဗီဒီယိုထဲမှာဆိုရင် သူတို့နှစ်ယောက်ဟာ ရှော့ပင်းမောအဝင်အဝမှာစကားများနေတာပါ ။ ဖြစ်သွားတာအရမ်းကိုမြန်ပါတယ် ။
အမျိုးသားဟာ သူ့ဇနီးဟောင်းကို သူကိုင်ထားတာတွေ ဝတ်ဆင်ထားတာတွေဟာ သူ့ပိုက်ဆံနဲ့ဝယ်ထားတာတွေဖြစ်ကြောင်းပြောခဲ့ပါတယ် ။
“မင်းကိုင်နေတဲ့ဖုန်း မင်းဝတ်ထားတဲ့အဝတ်အစားအားလုံး ငါဝယ်ပေးထားတာချည်းပဲ” လို့အမျိုးသားခဲ့ပြောခဲ့ကြောင်း Shanghaiist မှာရေးသားဖော်ပြထားပါတယ် ။
အမျိုးသမီးဟာ သူ့ခင်ပွန်းဟောင်းအခုလိုပြောတဲ့အချိန်မှာ အလွန်ဒေါသထွက်သွားခဲ့ပြီး သူ့ခင်ပွန်းဟောင်းကို ဖုန်းနဲ့ပစ်ပေါက်ခဲ့ပါတယ် ။
ထို့နောက်မှာတော့ ကြည့်နေသူအားလုံးရှေ့မှာ ဝတ်ထားတဲ့အဝတ်တွေအကုန်လုံးကိုချွတ်ချခဲ့ပါတယ် ။
ဒီအမျိုးသမီးရဲ့လုပ်ရပ်ကို သူ့ယောကျာ်းဟောင်း ကိုယ်တိုင်တောင်လန့်ဖြတ်သွားပြီးတော့ သူ့ဘရာဇီယာကိုချွတ်ချခြင်းမပြုလုပ်အောင် ဖက်ထားခဲ့ပါတယ်။
ကြည့်ရတာတော့ ဒီလူရဲ့လုပ်ရပ်မအောင်မြင်တဲ့ပုံပဲ ။
ဘာကြောင့်လဲဆိုတော့ အခုမြင်ရတဲ့အတိုင်းပဲ ဓါတ်လှေကားရှေ့မှာ မတ်တပ်ရပ်နေတဲ့ အမျိုးသမီးဟာ အခုမှအသစ်တစ်ဖန်မွေးလာသလို ဘာအဝတ်အစားမှမပါပဲ မတ်တပ်ရပ်နေတဲ့အတွက်ကြောင့်ပါပဲ ။
ဒါပေမယ့် ကံကောင်းစွာပဲ ရှော့ပင်းမောထဲမှာရှိတဲ့သူတွေဟာ ဒီအမျိုးသမီးအတွက် အဝတ်အစားတွေယူလာပေးခဲ့ပါတယ်။crd
သင်ခန်းစာ။ ။ အဆက်ဟောင်း ပေးထားတဲ့ အသုံးအဆောင် အဝတ်အစားတွေနဲ့ ရှော့ပင်းမောလ် မသွားရန်။
(ရုပ်/သံ ကြည့်ရန်)
ဖိုးသူတော် (www.phothutaw.com)
Credit: Wavecele
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top