ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ဝက္ျခံ ေပါက္လုိ႕ ေပ်ာ္ၾကတဲ့သူေတြ ဘယ္သူမွ မရွိပါဘူး။ မ်က္ႏွာမွာ ဝက္ျခံေတြေပါက္ေနရင္ အလွပ်က္မယ္၊ အျပင္သြားရမွာလည္း ရွက္လာမယ္။ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈလည္း မရွိေတာ့ပါဘူး။ ဒီလို ကိုယ့္ကို ရုပ္ဆိုးေစတဲ့့ ၊ စိတ္ညစ္ညဴးေစတဲ့ ဝက္ျခံနဲ႔ ပက္သက္တဲ့ လူတုိင္းသိခ်င္ေနၾကတဲ့ အေၾကာင္းေတြက ဘာေတြလဲ ။  ။
Q  – ဝက္ျခံတစ္ခု ဘယ္လိုစျဖစ္လာတာလဲ ။  ။

မ်က္ႏွာေပၚမွာ ရွိတဲ့ အဆီဂလင္းေလးကေန အဆီေတြ ထုတ္မ်ားျပီး ဖုန္ေတြ၊ ဘက္တီးရီးယားေတြနဲ႔ ေရာသြားလို႕ ေခၽြးေပါက္ပိတ္ရာကေန ေရာင္လာျပီး ဝက္ျခံေတြ ျဖစ္လာရတာပါ။
Q  – ဝက္ျခံ ဘယ္ႏွစ္မ်ိဳးွရွိလဲ ။  ။

    ဆားဝက္ျခံ ( blackhead) – အဆီေတြနဲ႕ဖုန္ေတြေရာျပီး ေခၽြးေပါက္ထဲပိတ္ေနတာ
    အဆီဖု (whiteheads) – အဆီျပန္လြန္းျပီး ေခၽြးေပါက္ထဲ အဆီေလးေတြခဲျပီးစုေနတာ
    Pimples – အရြယ္ေရာက္ခ်ိန္ ေပါက္တတ္တဲ့ ဝက္ျခံ နဲ႔
    Acne Valguris – ဆင္ဝက္ျခံ တုိ႕ဟာ အျဖစ္အမ်ားဆံုး ဝက္ျခံေတြပါ။ ။

Q  – ဘာေၾကာင့္ ကိုယ့္မ်က္ႏွာမွာမွ ဝက္ျခံေတြေပါက္ရတာလဲ။  ။

သူမ်ားမ်က္ႏွာေလးေတြမွာ ဝက္ျခံမရွိဘဲ ေျပာင္ေခ်ာေလးျဖစ္ေနေပမယ့္ ကိုယ့္မ်က္မွာေပၚမွာေတာ့ ဝက္ျခံေတြ အျပည့္ဆုိရင္ ကိုယ့္မ်ိဳးရိုးနဲ႔ ေဟာ္မုန္းေတြကိုသာ အျပစ္တင္ရမွာပါ ။
Q – အဆီျပန္ရင္ ဝက္ျခံေပါက္တယ္ဆိုေတာ့ အဆီမျပန္တဲ့သူေတြမွာေရာ ဝက္ျခံေပါက္တတ္လား ။  ။

အဆီျပန္ ျပီး ေခၽြးေပါက္ပိတ္လို႔ ဝက္ျခံေပါက္တတ္တာ သိျပီးဆိုေတာ့ အသားေျခာက္တဲ့သူေတြမွာ ဝက္ျခံ မေပါက္ဘူးလားလို႕ ေမးစရာရွိပါတယ္။ အသားေျခာက္တဲ့သူေတြမွာလည္း ဝက္ျခံေပါက္ႏုိင္ပါတယ္။ အသားေျခာက္ ေတာ့ ဆဲလ္ေသေတြ မ်က္ႏွာမ်ား အမ်ားၾကီးရွိေနတတ္ျပီး ေခၽြးေပါက္ပိတ္ကာ ဝက္ျခံေပါက္ႏုိင္ပါတယ္။
Q  – စိတ္ဖိစီးမႈ နဲ႔ ဝက္ျခံနဲ႔က ဘယ္လိုဆက္စပ္ေနပါသလဲ ။  ။

စိတ္ဖိစီးမႈမ်ားရင္ ဝက္ျခံေပါက္တယ္လို႕ ၾကားဖူးၾကမွာပါ။ ဒါေတြဟာ စိတ္ဖိစီးမႈကို ျပန္တုန္႔ျပန္တဲ့ ကိုယ္တြင္းက ေဟာ္မုန္းေတြ အေျပာင္းအလဲျဖစ္သြားလုိ႕ ျဖစ္ရတာပါ။ စိတ္ဖိစီးမႈေၾကာင့္ မ်က္ႏွာမွာ အဆီေတြ ပိုျပန္လာတဲ့အျပင္ ေမြးညွင္းအိတ္ေလးေတြ ကို ေရာင္ေစလို႕ ဝက္ျခံေတြ ထြက္လာရတာပါ ။
Q  – ကိုယ္စားလုိက္တဲ့ အစားအေသာက္ေတြ ေၾကာင့္ ဝက္ျခံထြက္တယ္ဆိုတာ မွန္ပါသလား ။  ။

တစ္ခ်ိဳ႕ ဝက္ျခံမေပါက္ခ်င္ရင္ ေရွာင္ရတဲ့အစားအစာေတြ ရွိတယ္လို႕ ေျပာတာေတြၾကားဖူးမွာပါ။ တကယ္ေတာ့ အစားအေသာက္ေတြက ဝက္ျခံေတြ အေပၚမွာ သက္ေရာက္မႈ မရွိသေလာက္ရွားပါတယ္။ ေခ်ာ့ကလက္စားလုိ႕ ၊ အစပ္စားလို႕၊ အငန္စားလို႕ ၊ ပင္လယ္စာေတြစားလို႕ ဝက္ျခံေပါက္တယ္ဆိုတာ လံုးဝမဟုတ္ပါဘူး။ ဝက္ျခံဆိုတာ ဖုန္၊ အဆီနဲ႔ ဘက္တီးရီးယားေတြေရာသြားလုိ႔ ျဖစ္ရတာပါ။
Q  – အလွကုန္ပစၥည္းေတြ၊ မိတ္ကပ္ေတြ ေၾကာင့္ ဝက္ျခံေပါက္ႏုိင္လား၊ ေပါက္ေနတဲ့ ဝက္ျခံေတြ ပိုဆိုးသြားႏုိင္လား ။  ။

သိပ္ ေပါက္ႏုိင္ပါတယ္။ ကုိယ္ဝယ္လိုက္တဲ့ အလွကုန္ပစၥည္းမွာ  အဆီေတြ အမ်ားၾကီးပါလို႕ မ်က္ႏွာကို အဆီပိုျပန္ေစျပီး ေခၽြးေပါက္ပိတ္ေစျပီး ဝက္ျခံေတြပိုထြက္လာႏုိင္ပါတယ္။ ဝက္ျခံခ်က္ခ်င္းမထြက္ရင္ေတာင္ အဆီဖု ေလးေတြ ထြက္လာျပီး ေနာက္ပိုင္း ဝက္ျခံေတြ အျဖစ္ေျပာင္းသြားႏုိင္ပါတယ္။ ဒါ့အျပင္ ဝက္ျခံေပါက္ေနတဲ့ မ်က္ႏွာကို အတင္းမိတ္ကပ္ေတြ ဖိလိမ္းရင္ ေခၽြးေပါက္ေတြထဲ မိတ္ကပ္ဝင္သြားတာေၾကာင့္ ေခၽြးေပါက္ပိုပိတ္၊ ဝက္ျခံပိုထြက္ႏုိ္င္ပါတယ္။ ဒါေၾကာင့္ ညအိပ္ရာဝင္ခါနီးတိုင္း လိမ္းထားတဲ့ မိတ္ကပ္ေတြကို အကုန္ဖ်က္ မ်က္ႏွာ သစ္ျပီးမွ အိပ္ရာဝင္သင့္တာပါ ။
Q  – ကိုယ္ဝယ္လိုက္တဲ့ အလွကုန္ပစၥည္းေတြာ non-comedogenic ( အဆီဖုကို မျဖစ္ေစ) ဘူးဆိုတာကို ဘယ္လိုသိႏုိင္မလဲ ။  ။

တစ္ခ်ိဳ႕ အလွကုန္ေတြရဲ႕ ဘူးေနာက္ေက်ာမွာ non-comedogenic ( အဆီဖုကို မျဖစ္ေစ) ဆုိတဲ့ စာသားေလးေတြ ထည့္ေပးထားတာေတြ႕ရပါလိမ့္မယ္။ ဒါမ်ိဳး အလွကုန္ေတြကုို ဝယ္သံုးလို႕ရပါတယ္။ ဒါမွမဟုတ္ non-comedogenic  စာသား မပါရင္ေတာ့ မဝယ္ခင္ ကိုယ့္လက္ အတြင္းသားေလးမွာ အရင္စမ္းၾကည့္ျပီး အဖုေလးေတြ ေပါက္မလာဘူးဆုိေတာ့မွ အဲဒီ အလွကုန္ပစၥည္းေတြကို ဝယ္သံုးတာ အေကာင္းဆံုးပါ။

Q  – မ်က္ႏွာ ခဏခဏသစ္ရင္ ေပါက္ေနတဲ့ ဝက္ျခံေတြ ေပ်ာက္လိမ့္မယ္ဆုိတာ ဟုတ္ပါသလား ။  ။

မ်က္ႏွာခဏခဏ သစ္ေပးရင္  ဝက္ျခံေပ်ာက္ႏုိင္တယ္ဆိုတာ မဟုတ္ပါဘူး။ မ်က္ႏွာသစ္ေဆး အမ်ားစုဟာ မ်က္ႏွာေပၚကအဆီေတြကို ဖယ္ရွားေပးလို႕ အဆီေတြ မရွိေတာ့တာမွန္ေပမယ့္ ခဏခဏ မ်က္ႏွာသစ္ရင္ မရွိေတာ့တဲ့အဆီေတြေနရာ အစားထိုးဖို႕အတြက္ အဆီဂလင္းေတြက အလုပ္ေတြပိုလုပ္ျပိီး အဆီေတြ ပိုထုတ္ရပါတယ္ ။ဒီလိုနဲပဲ မ်က္ႏွာသစ္လိုက္ အဆီေတြျပန္ထုတ္လိုက္ နဲ႔ သံသရာလည္ေနေတာ့မွာပါ။

Q  – ဝက္ျခံညွစ္တတ္တဲ့ အက်င့္ရွိတာေကာင္းသလား။  ။

ဝက္ျခံတစ္ဖုေပါက္လာျပီဆုိရင္ အထဲ အျမစ္ထြက္သြားဖို႔၊ ဝက္ျခံျမန္ျမန္ပိန္ေစဖို႕အတြက္ ဝက္ျခံညွစ္တတ္ၾကပါတယ္။ တစ္ခ်ိဳ႕ကလည္း လက္နဲ႕ သြားသြားကိုင္ၾကည့္ ဆြၾကည့္ၾကပါတယ္။ ဒီလို ဝက္ျခံကို ညွစ္တာ၊ ဆြေပးတာေတြေၾကာင့္ လက္မွာရွိ္ေနတဲ့ ဘက္တီးရီးယားပိုးေတြေၾကာင့္ ဝက္ျခံပိုဆိုးသြားႏုိင္တဲ့အျပင္ လက္ပူလိုက္ျပီး ဝက္ျခံဖု ပိုၾကီးလာႏုိင္ပါတယ္ ။ ဒါ့အျပင္ ဝက္ျခံညွစ္ျပီးေနာက္ပိုင္း ေပ်ာက္ဖို႕ ခက္တဲ့ အမာရြတ္ ေတြနဲ႕ ခ်ိဳင့္ခြက္ေတြက်န္ခဲ့တတ္ပါတယ္။

Q  – ဝက္ျခံေပါက္တတ္တဲ့သူေတြ ဟာ ဘယ္လုိ အလွကုန္ပစၥည္းမ်ိဳးကို ဝယ္သံုးသင့္သလဲ ။  ။

ဝက္ျခံအတြက္ သီးသန္႔ထုတ္ထားတဲ့ အလွကုန္ပစၥည္းေတြကို အဓိကဝယ္သံုးသင့္ပါတယ္။ အလွကုန္ပစၥည္းေတြနဲ႔ လည္း မေပ်ာက္ဘူးဆိုရင္ေတာ့ ဆရာဝန္ဆီသြားျပီး ကိုယ့္နဲ႔ အသင့္ေတာ္ဆံုး ကုသမႈကို ခံယူတာကသာ အေကာင္းဆံုးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hello Health Group

# Unicode Version ျဖင့္ ဖတ္ပါ #

ဝက်ခြံ ပေါက်လို့ ပျော်ကြတဲ့သူတွေ ဘယ်သူမှ မရှိပါဘူး။ မျက်နှာမှာ ဝက်ခြံတွေပေါက်နေရင် အလှပျက်မယ်၊ အပြင်သွားရမှာလည်း ရှက်လာမယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း မရှိတော့ပါဘူး။ ဒီလို ကိုယ့်ကို ရုပ်ဆိုးစေတဲ့ ၊ စိတ်ညစ်ညူးစေတဲ့ ဝက်ခြံနဲ့ ပက်သက်တဲ့ လူတိုင်းသိချင်နေကြတဲ့ အကြောင်းတွေက ဘာတွေလဲ ။  ။
Q  – ဝက်ခြံတစ်ခု ဘယ်လိုစဖြစ်လာတာလဲ ။  ။

မျက်နှာပေါ်မှာ ရှိတဲ့ အဆီဂလင်းလေးကနေ အဆီတွေ ထုတ်များပြီး ဖုန်တွေ၊ ဘက်တီးရီးယားတွေနဲ့ ရောသွားလို့ ချွေးပေါက်ပိတ်ရာကနေ ရောင်လာပြီး ဝက်ခြံတွေ ဖြစ်လာရတာပါ။
Q  – ဝက်ခြံ ဘယ်နှစ်မျိုးှရှိလဲ ။  ။

    ဆားဝက်ခြံ ( blackhead) – အဆီတွေနဲ့ဖုန်တွေရောပြီး ချွေးပေါက်ထဲပိတ်နေတာ
    အဆီဖု (whiteheads) – အဆီပြန်လွန်းပြီး ချွေးပေါက်ထဲ အဆီလေးတွေခဲပြီးစုနေတာ
    Pimples – အရွယ်ရောက်ချိန် ပေါက်တတ်တဲ့ ဝက်ခြံ နဲ့
    Acne Valguris – ဆင်ဝက်ခြံ တို့ဟာ အဖြစ်အများဆုံး ဝက်ခြံတွေပါ။ ။

Q  – ဘာကြောင့် ကိုယ့်မျက်နှာမှာမှ ဝက်ခြံတွေပေါက်ရတာလဲ။  ။

သူများမျက်နှာလေးတွေမှာ ဝက်ခြံမရှိဘဲ ပြောင်ချောလေးဖြစ်နေပေမယ့် ကိုယ့်မျက်မှာပေါ်မှာတော့ ဝက်ခြံတွေ အပြည့်ဆိုရင် ကိုယ့်မျိုးရိုးနဲ့ ဟော်မုန်းတွေကိုသာ အပြစ်တင်ရမှာပါ ။
Q – အဆီပြန်ရင် ဝက်ခြံပေါက်တယ်ဆိုတော့ အဆီမပြန်တဲ့သူတွေမှာရော ဝက်ခြံပေါက်တတ်လား ။  ။

အဆီပြန် ပြီး ချွေးပေါက်ပိတ်လို့ ဝက်ခြံပေါက်တတ်တာ သိပြီးဆိုတော့ အသားခြောက်တဲ့သူတွေမှာ ဝက်ခြံ မပေါက်ဘူးလားလို့ မေးစရာရှိပါတယ်။ အသားခြောက်တဲ့သူတွေမှာလည်း ဝက်ခြံပေါက်နိုင်ပါတယ်။ အသားခြောက် တော့ ဆဲလ်သေတွေ မျက်နှာများ အများကြီးရှိနေတတ်ပြီး ချွေးပေါက်ပိတ်ကာ ဝက်ခြံပေါက်နိုင်ပါတယ်။
Q  – စိတ်ဖိစီးမှု နဲ့ ဝက်ခြံနဲ့က ဘယ်လိုဆက်စပ်နေပါသလဲ ။  ။

စိတ်ဖိစီးမှုများရင် ဝက်ခြံပေါက်တယ်လို့ ကြားဖူးကြမှာပါ။ ဒါတွေဟာ စိတ်ဖိစီးမှုကို ပြန်တုန့်ပြန်တဲ့ ကိုယ်တွင်းက ဟော်မုန်းတွေ အပြောင်းအလဲဖြစ်သွားလို့ ဖြစ်ရတာပါ။ စိတ်ဖိစီးမှုကြောင့် မျက်နှာမှာ အဆီတွေ ပိုပြန်လာတဲ့အပြင် မွေးညှင်းအိတ်လေးတွေ ကို ရောင်စေလို့ ဝက်ခြံတွေ ထွက်လာရတာပါ ။
Q  – ကိုယ်စားလိုက်တဲ့ အစားအသောက်တွေ ကြောင့် ဝက်ခြံထွက်တယ်ဆိုတာ မှန်ပါသလား ။  ။

တစ်ချို့ ဝက်ခြံမပေါက်ချင်ရင် ရှောင်ရတဲ့အစားအစာတွေ ရှိတယ်လို့ ပြောတာတွေကြားဖူးမှာပါ။ တကယ်တော့ အစားအသောက်တွေက ဝက်ခြံတွေ အပေါ်မှာ သက်ရောက်မှု မရှိသလောက်ရှားပါတယ်။ ချော့ကလက်စားလို့ ၊ အစပ်စားလို့၊ အငန်စားလို့ ၊ ပင်လယ်စာတွေစားလို့ ဝက်ခြံပေါက်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ဝက်ခြံဆိုတာ ဖုန်၊ အဆီနဲ့ ဘက်တီးရီးယားတွေရောသွားလို့ ဖြစ်ရတာပါ။
Q  – အလှကုန်ပစ္စည်းတွေ၊ မိတ်ကပ်တွေ ကြောင့် ဝက်ခြံပေါက်နိုင်လား၊ ပေါက်နေတဲ့ ဝက်ခြံတွေ ပိုဆိုးသွားနိုင်လား ။  ။

သိပ် ပေါက်နိုင်ပါတယ်။ ကိုယ်ဝယ်လိုက်တဲ့ အလှကုန်ပစ္စည်းမှာ  အဆီတွေ အများကြီးပါလို့ မျက်နှာကို အဆီပိုပြန်စေပြီး ချွေးပေါက်ပိတ်စေပြီး ဝက်ခြံတွေပိုထွက်လာနိုင်ပါတယ်။ ဝက်ခြံချက်ချင်းမထွက်ရင်တောင် အဆီဖု လေးတွေ ထွက်လာပြီး နောက်ပိုင်း ဝက်ခြံတွေ အဖြစ်ပြောင်းသွားနိုင်ပါတယ်။ ဒါ့အပြင် ဝက်ခြံပေါက်နေတဲ့ မျက်နှာကို အတင်းမိတ်ကပ်တွေ ဖိလိမ်းရင် ချွေးပေါက်တွေထဲ မိတ်ကပ်ဝင်သွားတာကြောင့် ချွေးပေါက်ပိုပိတ်၊ ဝက်ခြံပိုထွက်နိုင်ပါတယ်။ ဒါကြောင့် ညအိပ်ရာဝင်ခါနီးတိုင်း လိမ်းထားတဲ့ မိတ်ကပ်တွေကို အကုန်ဖျက် မျက်နှာ သစ်ပြီးမှ အိပ်ရာဝင်သင့်တာပါ ။
Q  – ကိုယ်ဝယ်လိုက်တဲ့ အလှကုန်ပစ္စည်းတွော non-comedogenic ( အဆီဖုကို မဖြစ်စေ) ဘူးဆိုတာကို ဘယ်လိုသိနိုင်မလဲ ။  ။

တစ်ချို့ အလှကုန်တွေရဲ့ ဘူးနောက်ကျောမှာ non-comedogenic ( အဆီဖုကို မဖြစ်စေ) ဆိုတဲ့ စာသားလေးတွေ ထည့်ပေးထားတာတွေ့ရပါလိမ့်မယ်။ ဒါမျိုး အလှကုန်တွေကို ဝယ်သုံးလို့ရပါတယ်။ ဒါမှမဟုတ် non-comedogenic  စာသား မပါရင်တော့ မဝယ်ခင် ကိုယ့်လက် အတွင်းသားလေးမှာ အရင်စမ်းကြည့်ပြီး အဖုလေးတွေ ပေါက်မလာဘူးဆိုတော့မှ အဲဒီ အလှကုန်ပစ္စည်းတွေကို ဝယ်သုံးတာ အကောင်းဆုံးပါ။

Q  – မျက်နှာ ခဏခဏသစ်ရင် ပေါက်နေတဲ့ ဝက်ခြံတွေ ပျောက်လိမ့်မယ်ဆိုတာ ဟုတ်ပါသလား ။  ။

မျက်နှာခဏခဏ သစ်ပေးရင်  ဝက်ခြံပျောက်နိုင်တယ်ဆိုတာ မဟုတ်ပါဘူး။ မျက်နှာသစ်ဆေး အများစုဟာ မျက်နှာပေါ်ကအဆီတွေကို ဖယ်ရှားပေးလို့ အဆီတွေ မရှိတော့တာမှန်ပေမယ့် ခဏခဏ မျက်နှာသစ်ရင် မရှိတော့တဲ့အဆီတွေနေရာ အစားထိုးဖို့အတွက် အဆီဂလင်းတွေက အလုပ်တွေပိုလုပ်ပြီး အဆီတွေ ပိုထုတ်ရပါတယ် ။ဒီလိုနဲပဲ မျက်နှာသစ်လိုက် အဆီတွေပြန်ထုတ်လိုက် နဲ့ သံသရာလည်နေတော့မှာပါ။

Q  – ဝက်ခြံညှစ်တတ်တဲ့ အကျင့်ရှိတာကောင်းသလား။  ။

ဝက်ခြံတစ်ဖုပေါက်လာပြီဆိုရင် အထဲ အမြစ်ထွက်သွားဖို့၊ ဝက်ခြံမြန်မြန်ပိန်စေဖို့အတွက် ဝက်ခြံညှစ်တတ်ကြပါတယ်။ တစ်ချို့ကလည်း လက်နဲ့ သွားသွားကိုင်ကြည့် ဆွကြည့်ကြပါတယ်။ ဒီလို ဝက်ခြံကို ညှစ်တာ၊ ဆွပေးတာတွေကြောင့် လက်မှာရှိနေတဲ့ ဘက်တီးရီးယားပိုးတွေကြောင့် ဝက်ခြံပိုဆိုးသွားနိုင်တဲ့အပြင် လက်ပူလိုက်ပြီး ဝက်ခြံဖု ပိုကြီးလာနိုင်ပါတယ် ။ ဒါ့အပြင် ဝက်ခြံညှစ်ပြီးနောက်ပိုင်း ပျောက်ဖို့ ခက်တဲ့ အမာရွတ် တွေနဲ့ ချိုင့်ခွက်တွေကျန်ခဲ့တတ်ပါတယ်။

Q  – ဝက်ခြံပေါက်တတ်တဲ့သူတွေ ဟာ ဘယ်လို အလှကုန်ပစ္စည်းမျိုးကို ဝယ်သုံးသင့်သလဲ ။  ။

ဝက်ခြံအတွက် သီးသန့်ထုတ်ထားတဲ့ အလှကုန်ပစ္စည်းတွေကို အဓိကဝယ်သုံးသင့်ပါတယ်။ အလှကုန်ပစ္စည်းတွေနဲ့ လည်း မပျောက်ဘူးဆိုရင်တော့ ဆရာဝန်ဆီသွားပြီး ကိုယ့်နဲ့ အသင့်တော်ဆုံး ကုသမှုကို ခံယူတာကသာ အကောင်းဆုံးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Hello Health Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top