သံလမ္းမွတ္တိုင္အနီး ဓမၼသုခေက်ာင္းလမ္းရွိ ေျမအခ်ိဳးက် ပိုင္ဆိုင္မည့္ The Leaf Residence အထူးအေရာင္းျပပြဲ
×


လူ႐ႊင္ေတာ္ ဝိုင္းခ်စ္တစ္ေယာက္ ပညာေရးမွာ ထူးခြၽန္လွတဲ့ သားျဖစ္သူေၾကာင့္ ဝမ္းသာဂုဏ္ယူလို႔ ေနပါတယ္. သူကေတာ့ လက္ရွိမွာ ခ်စ္ရတဲ့ ဇနီးေခ်ာနဲ႔ အတူ သားသမီး ၃ ေယာက္ပိုင္ဆိုင္ထားတဲ့ ေဖေဖ ျဖစ္ပါတယ္.

လူ႐ႊင္ေတာ္ ဝိုင္းခ်စ္ရဲ႕ သားျဖစ္သူ ေမာင္လင္းျပည့္ၿဖိဳးကေတာ့ အဌမတန္းကို A အဆင့္ ထူးခြၽန္ဆု ရရွိခဲ့တယ္လို႔ သိရပါတယ္. ဝိုင္းခ်စ္ကေတာ့ သားႀကီး အတြက္ ဝမ္းသာဂုဏ္ယူမဆုံးျဖစ္လို႔ ေနပါတယ္.



'' ဒီေန႔ ကြၽန္ေတာ့္သားႀကီး ဆုယူပါတယ္'' ဆိုၿပီးေတာ့ ဇန္နဝါရီလ ၈ ရက္ေန႔ ေန႔လည္ ၁၂ နာရီခြဲက သူ႔ရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ ေရးသားခဲ့ပါတယ္. အဲ့ဒီေနာက္ သားျဖစ္သူရဲ႕ ဆုတံဆိပ္ေတြနဲ႔ အတူ မိသားစု ဓာတ္ပုံေလးေတြကို အမွတ္တရ တင္ခဲ့ပါတယ္. အဲ့ဒီေနာက္ ပရိသတ္ေတြကလည္း Comment ကေန တဆင့္ ဂုဏ္ျပဳစကားေျပာခဲ့ပါေသးတယ္.

လူ႐ႊင္ေတာ္ ဝိုင္းခ်စ္ဟာ လက္ရွိမွာေတာ့ အင္ပါယာ ဆိုတဲ့ လူ႐ႊင္ေတာ္အဖြဲ႕ နဲ႔ အတူ ဇာတ္သဘင္ပြဲေတြမွာ ေဖ်ာ္ေျဖေနတာကို ေတြ႕ရပါတယ္. သူ႔ကိုေတာ့ ဗီဒီယို ဇာတ္ကားေတြမွာလည္း ဟာသသ႐ုပ္ေဆာင္ တစ္ေယာက္အေနနဲ႔ ေတြ႕ျမင္ႏိုင္ပါတယ္. ဝိုင္းခ်စ္က ပရိသတ္အခိုင္အမာနဲ႔ရပ္တည္ေနတဲ့ ဟာသသ႐ုပ္ေဆာင္ ေကာင္းတစ္ေယာက္လည္းျဖစ္ပါတယ္.


ဝိုင္းခ်စ္ဟာ ခ်စ္စရာေကာင္းတဲ့ သားသမီး ၃ ေယာက္ကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္. သားႀကီးရဲ႕ နာမည္ကိုေတာ့ အိမ္ေခၚနာမည္ Lucky လို႔ နာမည္ေပးထားပါတယ္. သားလတ္ကိုေတာ့ Happy လို႔ နာမည္ေပးထားတာျဖစ္ၿပီး သမီး အငယ္ဆုံးေလး နာမည္ကိုေတာ့ Snow လို႔ နာမည္ေပးထားတာ ျဖစ္ပါတယ္. ဝိုင္းခ်စ္ရဲ႕ ဇနီးေခ်ာ နာမည္ကေတာ့ မသက္သက္ေဇာ္လို႔ ေခၚပါတယ္.

ဝိုင္းခ်စ္ရဲ႕ ဇနီး မသက္သက္ေဇာ္ဟာ အရင္တုန္းက ဇာတ္သဘင္ပြဲေတြမွာ ေဖ်ာ္ေျဖေလ့ရွိတဲ့ မင္းသမီး တစ္ဦးျဖစ္ပါတယ္. ဇနီးျဖစ္သူကို ခ်စ္လည္းခ်စ္ သဝန္လည္း တိုတာေၾကာင့္ ဝိုင္းခ်စ္က အိမ္ေထာင္က်ၿပီးတဲ့ ေနာက္မွာေတာ့ မကခိုင္းေတာ့ဘူးလို႔ မီဒီယာအင္တာဗ်ဴးေတြမွာ ေျဖဆိုထားတာ ေတြ႕ရပါတယ္. ႐ိုက္ကူးေရး၊ အၿငိမ့္ပြဲေတြ မရွိတဲ့အခ်ိန္ဆို မိသားစုနဲ႔ပဲ အိမ္မွာ ေႏြးေႏြးေထြးေထြး ေနတယ္လို႔ သိရပါတယ္.

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

လူရွှင်တော် ဝိုင်းချစ်တစ်ယောက် ပညာရေးမှာ ထူးချွန်လှတဲ့ သားဖြစ်သူကြောင့် ဝမ်းသာဂုဏ်ယူလို့ နေပါတယ်. သူကတော့ လက်ရှိမှာ ချစ်ရတဲ့ ဇနီးချောနဲ့ အတူ သားသမီး ၃ ယောက်ပိုင်ဆိုင်ထားတဲ့ ဖေဖေ ဖြစ်ပါတယ်.

လူရွှင်တော် ဝိုင်းချစ်ရဲ့ သားဖြစ်သူ မောင်လင်းပြည့်ဖြိုးကတော့ အဌမတန်းကို A အဆင့် ထူးချွန်ဆု ရရှိခဲ့တယ်လို့ သိရပါတယ်. ဝိုင်းချစ်ကတော့ သားကြီး အတွက် ဝမ်းသာဂုဏ်ယူမဆုံးဖြစ်လို့ နေပါတယ်.

'' ဒီနေ့ ကျွန်တော့်သားကြီး ဆုယူပါတယ်'' ဆိုပြီးတော့ ဇန်နဝါရီလ ၈ ရက်နေ့ နေ့လည် ၁၂ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ပါတယ်. အဲ့ဒီနောက် သားဖြစ်သူရဲ့ ဆုတံဆိပ်တွေနဲ့ အတူ မိသားစု ဓာတ်ပုံလေးတွေကို အမှတ်တရ တင်ခဲ့ပါတယ်. အဲ့ဒီနောက် ပရိသတ်တွေကလည်း Comment ကနေ တဆင့် ဂုဏ်ပြုစကားပြောခဲ့ပါသေးတယ်.

လူရွှင်တော် ဝိုင်းချစ်ဟာ လက်ရှိမှာတော့ အင်ပါယာ ဆိုတဲ့ လူရွှင်တော်အဖွဲ့ နဲ့ အတူ ဇာတ်သဘင်ပွဲတွေမှာ ဖျော်ဖြေနေတာကို တွေ့ရပါတယ်. သူ့ကိုတော့ ဗီဒီယို ဇာတ်ကားတွေမှာလည်း ဟာသသရုပ်ဆောင် တစ်ယောက်အနေနဲ့ တွေ့မြင်နိုင်ပါတယ်. ဝိုင်းချစ်က ပရိသတ်အခိုင်အမာနဲ့ရပ်တည်နေတဲ့ ဟာသသရုပ်ဆောင် ကောင်းတစ်ယောက်လည်းဖြစ်ပါတယ်.

ဝိုင်းချစ်ဟာ ချစ်စရာကောင်းတဲ့ သားသမီး ၃ ယောက်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်. သားကြီးရဲ့ နာမည်ကိုတော့ အိမ်ခေါ်နာမည် Lucky လို့ နာမည်ပေးထားပါတယ်. သားလတ်ကိုတော့ Happy လို့ နာမည်ပေးထားတာဖြစ်ပြီး သမီး အငယ်ဆုံးလေး နာမည်ကိုတော့ Snow လို့ နာမည်ပေးထားတာ ဖြစ်ပါတယ်. ဝိုင်းချစ်ရဲ့ ဇနီးချော နာမည်ကတော့ မသက်သက်ဇော်လို့ ခေါ်ပါတယ်.

ဝိုင်းချစ်ရဲ့ ဇနီး မသက်သက်ဇော်ဟာ အရင်တုန်းက ဇာတ်သဘင်ပွဲတွေမှာ ဖျော်ဖြေလေ့ရှိတဲ့ မင်းသမီး တစ်ဦးဖြစ်ပါတယ်. ဇနီးဖြစ်သူကို ချစ်လည်းချစ် သဝန်လည်း တိုတာကြောင့် ဝိုင်းချစ်က အိမ်ထောင်ကျပြီးတဲ့ နောက်မှာတော့ မကခိုင်းတော့ဘူးလို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုထားတာ တွေ့ရပါတယ်. ရိုက်ကူးရေး၊ အငြိမ့်ပွဲတွေ မရှိတဲ့အချိန်ဆို မိသားစုနဲ့ပဲ အိမ်မှာ နွေးနွေးထွေးထွေး နေတယ်လို့ သိရပါတယ်.
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top