ထိုင္ဝမ္ႏိုင္ငံ က အသက္ ၃ ႏွစ္အ႐ြယ္ သမီးငယ္ေလးဟာ ဓါတ္ဆီဆိုင္က ေလမႈတ္ေသနတ္ ပါးစပ္ ထဲ ထိုးထည့္ခံခဲ့ရမႈေၾကာင့္ အဆုပ္ေပါက္ကြဲၿပီး ေသဆုံးခဲ့ရပါတယ္။ဖခင္ျဖစ္သူက ကေလးကို ေဆး႐ုံ သို႔ အျမန္ပို႔ခဲ့ေပမယ့္ ေသဆုံးသြားခဲ့ပါတယ္။ ဆရာဝန္ေတြရဲ႕ ေဆးစစ္ခ်က္အရ အဆုပ္ထဲေလေတြ အရွိန္ျပင္းစြာဝင္ၿပီး အဆုပ္ကြဲေသဆုံးခဲ့ရတယ္လို႔ မွတ္ခ်က္ေပးထားပါတယ္။ ကေလးငယ္ေသဆုံးမႈနဲ႔ ပက္သက္ၿပီး ထိုင္ဝမ္ရဲေတြက ဖခင္ျဖစ္သူကို လူေသေစမႈနဲ႔ ဖမ္းဆီးတရားစြဲထားပါတယ္။

ဖခင္ျဖစ္သူရဲ႕ ေျပာၾကားခ်က္အရ ဓါတ္ဆီဆိုင္မွာ ကားကို ဆီျဖည့္ေနစဥ္ သမီးေလးက ကားေအာက္ဆင္းသြားၿပီး ေလမႈတ္ေသနတ္ကို သူဟာသူပါးစပ္ထဲထည့္ေနတာ ေတြ႕လို႔ ဆင္းေျပးၿပီး တားေပမယ့္ မမီေတာ့ဘူးလို႔ ဆိုပါတယ္။သမီးငယ္ဟာ လဲက်သြားၿပီး အသားေတြ ေသြးဆုတ္သလို ျဖဴေဖ်ာ့လာၿပီး အသက္ရႈတစ္ျဖည္းျဖည္းရပ္သြားတာေၾကာင့္ ေပြ႕ခ်ီၿပီး ေဆး႐ုံအျမန္ပို႔ခဲ့ေပမယ့္ ေသဆုံခဲ့ရေၾကာင္း ထြက္ဆိုခဲ့ပါတယ္။

စစ္ေဆးေရးအရာရွိေတြက ဓါတ္ဆီဆိုင္က စီစီတီဗီကို ျပန္စစ္ၾကည့္တဲ့အခါမွာေတာ့ ဖခင္ျဖစ္သူက သူ႔ရဲ႕ BMW ကားကို ေလမႈတ္စက္နဲ႔ မႈတ္ေနၿပီး သူ႔သမီးကို စသလို ေနာက္သလိုနဲ႔ ေလမႈတ္ေသနတ္နဲ႔ ႏွစ္ခါခ်ိန္တာကို ေတြ႕ခဲ့ရပါတယ္။ရဲေတြကို ကေလးက ကားအျပင္ကို ထြက္သြားခဲ့တယ္လို႔ ထြက္ဆိုခဲ့ေပမယ့္ စီစီတီဗီမွာေတာ့ ကေလးဟာ ကားေရွ႕ခန္းထိုင္ခုံမွာ ထိုင္လွ်က္သားရွိေနတာကို ေတြ႕ရပါတယ္။ စီစီတီဗီမွတ္တမ္းမွာ ကာတာ ကြယ္တာေတြမ်ားျပားရႈပ္ေထြးေနတဲ့ အတြက္ ျဖစ္စဥ္အတိအက်သိရဖို႔ အခက္အခဲရွိေနပါတယ္။

လက္ရွိမွာေတာ့ ဖခင္ကို လူေသေစမႈနဲ႔ ထိန္းသိမ္းထားၿပီး ကေလးကို ေစာင့္ေရွာက္ဖို႔ ပ်က္ကြက္မႈအတြက္ ထိုင္ဝမ္ေငြ ၆၀,၀၀၀ ဒဏ္ေငြ႐ိုက္ထားပါတယ္။ ယခုခ်ိန္ထိေတာ့ ကေလးကိုယ္တိုင္ ေသနတ္ကို ပါးစပ္ထဲထည့္ခဲ့တာလား ဖခင္ျဖစ္သူရဲ႕ လက္ခ်က္လားဆိုတာ ရွင္းရွင္းလင္းလင္း မေျပာႏိုင္ေသးပါဘူး။ ျဖစ္စဥ္နဲ႔ ပက္သက္ၿပီး မ်က္ျမင္သက္ေသမ်ား ရွိပါက ရဲစခန္းကို လာေရာက္ဆက္သြယ္ၾကဖို႔လည္း ေၾကညာထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Popolay

#Unicode Version#

ထိုင်ဝမ်နိုင်ငံ က အသက် ၃ နှစ်အရွယ် သမီးငယ်လေးဟာ ဓါတ်ဆီဆိုင်က လေမှုတ်သေနတ် ပါးစပ် ထဲ ထိုးထည့်ခံခဲ့ရမှုကြောင့် အဆုပ်ပေါက်ကွဲပြီး သေဆုံးခဲ့ရပါတယ်။ဖခင်ဖြစ်သူက ကလေးကို ဆေးရုံ သို့ အမြန်ပို့ခဲ့ပေမယ့် သေဆုံးသွားခဲ့ပါတယ်။ ဆရာဝန်တွေရဲ့ ဆေးစစ်ချက်အရ အဆုပ်ထဲလေတွေ အရှိန်ပြင်းစွာဝင်ပြီး အဆုပ်ကွဲသေဆုံးခဲ့ရတယ်လို့ မှတ်ချက်ပေးထားပါတယ်။ ကလေးငယ်သေဆုံးမှုနဲ့ ပက်သက်ပြီး ထိုင်ဝမ်ရဲတွေက ဖခင်ဖြစ်သူကို လူသေစေမှုနဲ့ ဖမ်းဆီးတရားစွဲထားပါတယ်။

ဖခင်ဖြစ်သူရဲ့ ပြောကြားချက်အရ ဓါတ်ဆီဆိုင်မှာ ကားကို ဆီဖြည့်နေစဉ် သမီးလေးက ကားအောက်ဆင်းသွားပြီး လေမှုတ်သေနတ်ကို သူဟာသူပါးစပ်ထဲထည့်နေတာ တွေ့လို့ ဆင်းပြေးပြီး တားပေမယ့် မမီတော့ဘူးလို့ ဆိုပါတယ်။သမီးငယ်ဟာ လဲကျသွားပြီး အသားတွေ သွေးဆုတ်သလို ဖြူဖျော့လာပြီး အသက်ရှုတစ်ဖြည်းဖြည်းရပ်သွားတာကြောင့် ပွေ့ချီပြီး ဆေးရုံအမြန်ပို့ခဲ့ပေမယ့် သေဆုံခဲ့ရကြောင်း ထွက်ဆိုခဲ့ပါတယ်။

စစ်ဆေးရေးအရာရှိတွေက ဓါတ်ဆီဆိုင်က စီစီတီဗီကို ပြန်စစ်ကြည့်တဲ့အခါမှာတော့ ဖခင်ဖြစ်သူက သူ့ရဲ့ BMW ကားကို လေမှုတ်စက်နဲ့ မှုတ်နေပြီး သူ့သမီးကို စသလို နောက်သလိုနဲ့ လေမှုတ်သေနတ်နဲ့ နှစ်ခါချိန်တာကို တွေ့ခဲ့ရပါတယ်။ရဲတွေကို ကလေးက ကားအပြင်ကို ထွက်သွားခဲ့တယ်လို့ ထွက်ဆိုခဲ့ပေမယ့် စီစီတီဗီမှာတော့ ကလေးဟာ ကားရှေ့ခန်းထိုင်ခုံမှာ ထိုင်လျှက်သားရှိနေတာကို တွေ့ရပါတယ်။ စီစီတီဗီမှတ်တမ်းမှာ ကာတာ ကွယ်တာတွေများပြားရှုပ်ထွေးနေတဲ့ အတွက် ဖြစ်စဉ်အတိအကျသိရဖို့ အခက်အခဲရှိနေပါတယ်။

လက်ရှိမှာတော့ ဖခင်ကို လူသေစေမှုနဲ့ ထိန်းသိမ်းထားပြီး ကလေးကို စောင့်ရှောက်ဖို့ ပျက်ကွက်မှုအတွက် ထိုင်ဝမ်ငွေ ၆၀,၀၀၀ ဒဏ်ငွေရိုက်ထားပါတယ်။ ယခုချိန်ထိတော့ ကလေးကိုယ်တိုင် သေနတ်ကို ပါးစပ်ထဲထည့်ခဲ့တာလား ဖခင်ဖြစ်သူရဲ့ လက်ချက်လားဆိုတာ ရှင်းရှင်းလင်းလင်း မပြောနိုင်သေးပါဘူး။ ဖြစ်စဉ်နဲ့ ပက်သက်ပြီး မျက်မြင်သက်သေများ ရှိပါက ရဲစခန်းကို လာရောက်ဆက်သွယ်ကြဖို့လည်း ကြေညာထားပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top