




Source : momolay

Credit: Real Thadin

# Unicode Version ဖြင့် ဖတ်ပါ #

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ “သိင်္ခါရသီချင်းတစ်ပုဒ်”ဆိုတဲ့ သီချင်းဗီဒီယိုလေးထဲကနေ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ရရှိခဲ့တဲ့ ချစ်စရာကောင်မလေး ပိုးမမှီသာကတော့ ရင်အေးစေတဲ့ အပြုံးနုနုလေးတွေကို ပိုင်ဆိုင်ထားသူလေးပါ။ ဆေးကျောင်းသူလေးတစ်ဖြစ်လဲ ပိုးမမှီသာကတော့ သူမရွေးချယ်ထားတဲ့ ဆရာဝန်အလုပ်ဘက်ကိုပဲ တစ်စိုက်မတ်မတ် လုပ်ကိုင်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။ လတ်တလောမှာတော့ ဆေးကျောင်းသူလေး ပိုးမမှီသာက ကလေးလေးတစ်ယောက်ကို ကူပြီးမွေးဖွား ပေးခဲ့ရလို့ ပျော်နေတဲ့အကြောင်း လူမှုကွန်ယက်မှာ တင်ထားတာ တွေ့ရပါတယ်။

ချစ်ပရိသတ်တွေအတွက် ဆေးကျောင်းသူပီပီ ရဲရဲဝံ့ဝံ့နဲ့ ကလေးမီးဖွားဖို့ ကူပေးခဲ့တဲ့ ပိုးမမှီသာရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုးမမှီသာကိုယ်တိုင် ကူပြီး မွေးဖွားပေးထားတဲ့ ကလေးငယ်လေး

ပိုးမမှီသာကတော့ “I admit … I do really enjoy OB & GYN ”ဆိုပြီး OG လုပ်ရတာပျော်ကြောင်းကိုလည်း ပြောထားပါသေးတယ်။

ပိုးမမှီသာကတော့ ဆေးကျောင်းတစ်ဖက်နဲ့ အနုပညာအလုပ်တွေ ဆက်တိုက် ပြုလုပ်ဖြစ်နေတာပါ။ သူမကတော့ ဆရာဝန်တစ်ဦးဖြစ်သွားရင် အနုပညာအလုပ်တွေ ရပ်နားလိုက်တော့မှာဖြစ်တယ်လို့လည်း သိရပါတယ်။ ချစ်ပရိသတ်တွေလည်း ချစ်စရာဘေဘီလေးကို ဆေးကျောင်းသူလေး တစ်ဦးအနေနဲ့ ကူပြီးမွေးဖွားပေးခဲ့ရလို့ ပျော်နေတဲ့ ပိုးမမှီသာလေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Source : momolay

ဖိုးသူတော် (www.phothutaw.com)
Credit: Real Thadin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top