ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×


မင္းရာဇာက ရပ္ကြက္အတြင္းမွာ လုပ္တဲ့ တရားပြဲမွာ မိသားစုနဲ႔အတူ တက္ႏိုင္တဲ့ဘက္က အလႉအတန္း လုပ္ခဲ့ တယ္လို႔ ဆိုပါ တယ္။ လက္ရွိမွာလည္း သူ႔ရဲ႕ ဇနီးေခ်ာက ဒုတိယေျမာက္ ရင္ေသြးေလးကို လြယ္ထားရၿပီ ျဖစ္ပါ တယ္။သ႐ုပ္ေဆာင္မင္းရာဇာက ႐ိုက္ကူးေရးအားတဲ့ အခ်ိန္မွာ မိသားစု၊ ပတ္ဝန္းက်င္ နဲ႔အတူ တရားနာ၊ အလႉအတန္း ကုသိုလ္ေရး ေတြ ေဆာင္႐ြက္ေနတာကို ေတြ႕ရပါတယ္။ ဒီ့အတြက္လည္း သူ႔ရဲ႕ ပီတိကို အခုလို ေျပာျပလာပါတယ္။

''တက္ႏိုင္သေလာက္ေလးလႉတယ္ တရားေလးနာတယ္ ေပ်ာ္စရာေကာင္းတဲ့စတုဒီသာေလးအားေပးခဲ့တယ္ ။ ရပ္ကြက္က မိတ္ ေဆြေတြအားလုံးနဲ႔ ကြၽန္ေတာ့္သူငယ္ခ်င္းေတြအားလုံး လိုအင္ဆႏၵေတြျပည့္ဝၾကပါေစဗ်'' ဆိုၿပီးေတာ့ ဇန္နဝါရီလ ၉ ရက္ေန႔ ည ၁၁ နာရီက သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ပါတယ္။


သ႐ုပ္ေဆာင္မင္းရာဇာ ရဲ႕ ဇနီးေခ်ာ မဖူးငုံပြင့္ ကေတာ့ ဒုတိယေျမာက္ ရင္ေသြးေလး လြယ္ထားရၿပီျဖစ္ပါတယ္။ သူတို႔ ဇနီးေမာင္ႏွံအေနနဲ႔ လက္ရွိမွာ ခ်စ္စရာေကာင္းတဲ့ သမီးေလးကို ပိုင္ဆိုင္ထားတာျဖစ္ၿပီး ဒုတိယေျမာက္ရင္ေသြးကေတာ့ သားေလး ျဖစ္တဲ့ အေၾကာင္းကို ေျပာျပလာပါတယ္။

'' ေညးတို႔ ကိုယ္ေတြက က်ားဆိုမွက်ားဘဲကြ ဟားဟားဟား'' ဆိုၿပီးေတာ့ သူ႔ရဲ႕ ေဖ့စ္ဘြတ္ ေပၚမွာ ေရးသားခဲ့ဖူးပါတယ္။ အဲ့ဒီ ေနာက္ ရင္ေသြးေလးရဲ႕ ဓာတ္မွန္႐ိုက္ကူးထားတဲ့ ဓာတ္ပုံေတြကိုလည္း ပရိသတ္နဲ႔ မိတ္ဆက္ေပးခဲ့ ပါေသးတယ္။ ပထမ သမီးေလး ကေတာ့ အခုဆိုရင္ အသက္ ၄ ႏွစ္ေက်ာ္ၿပီလို႔ သိရပါတယ္။


အက္ရွင္မင္းသားေခ်ာ သ႐ုပ္ေဆာင္မင္းရာဇာနဲ႔ ဇနီးျဖစ္တဲ့ မဖူးငုံပြင့္တို႔ရဲ႕ တစ္ဦးတည္းေသာ သမီးေခ်ာေလး သစ္သစ္ မင္းရာဇာ ကေတာ့ ၾသဂုတ္လ အတြင္းက ၄ ႏွစ္ျပည့္ခဲ့တာျဖစ္ပါတယ္။ ေမြးေန႔ပြဲကိုေတာ့ သမီးေလးတက္ေရာက္ ပညာ သင္ၾကားေနတဲ့ မူႀကိဳေက်ာင္းမွာပဲ က်င္းပ ျပဳလုပ္ခဲ့တာပါ။

အခုလက္ရွိမွာေတာ့ မင္းရာဇာဟာ မိသားစုကို အခ်ိန္ေပးရင္း ျပည္တြင္း၊ ျပည္ပ ခရီးစဥ္ေတြလည္း ထြက္ျဖစ္ေနသလို၊ လက္ခံထားတဲ့ ႐ုပ္ရွင္ ဇာတ္ကားႀကီးေတြလည္း ႐ိုက္ကူးေနရတာျဖစ္ပါတယ္။ ဗီဒီယိုဇာတ္ကားေတြကေန တဆင့္ ပရိသတ္ေတြ စတင္သိရွိလာခဲ့တဲ့ သ႐ုပ္ေဆာင္ မင္းရာဇာကေတာ့ အခုခ်ိန္မွာ ေအာင္ျမင္မႈေတြရရွိေနတဲ့ သ႐ုပ္ေဆာင္ေကာင္းတစ္ေယာက္ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

မင်းရာဇာက ရပ်ကွက်အတွင်းမှာ လုပ်တဲ့ တရားပွဲမှာ မိသားစုနဲ့အတူ တက်နိုင်တဲ့ဘက်က အလှူအတန်း လုပ်ခဲ့ တယ်လို့ ဆိုပါ တယ်။ လက်ရှိမှာလည်း သူ့ရဲ့ ဇနီးချောက ဒုတိယမြောက် ရင်သွေးလေးကို လွယ်ထားရပြီ ဖြစ်ပါ တယ်။သရုပ်ဆောင်မင်းရာဇာက ရိုက်ကူးရေးအားတဲ့ အချိန်မှာ မိသားစု၊ ပတ်ဝန်းကျင် နဲ့အတူ တရားနာ၊ အလှူအတန်း ကုသိုလ်ရေး တွေ ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ဒီ့အတွက်လည်း သူ့ရဲ့ ပီတိကို အခုလို ပြောပြလာပါတယ်။

''တက်နိုင်သလောက်လေးလှူတယ် တရားလေးနာတယ် ပျော်စရာကောင်းတဲ့စတုဒီသာလေးအားပေးခဲ့တယ် ။ ရပ်ကွက်က မိတ် ဆွေတွေအားလုံးနဲ့ ကျွန်တော့်သူငယ်ချင်းတွေအားလုံး လိုအင်ဆန္ဒတွေပြည့်ဝကြပါစေဗျ'' ဆိုပြီးတော့ ဇန်နဝါရီလ ၉ ရက်နေ့ ည ၁၁ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

သရုပ်ဆောင်မင်းရာဇာ ရဲ့ ဇနီးချော မဖူးငုံပွင့် ကတော့ ဒုတိယမြောက် ရင်သွေးလေး လွယ်ထားရပြီဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံအနေနဲ့ လက်ရှိမှာ ချစ်စရာကောင်းတဲ့ သမီးလေးကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ဒုတိယမြောက်ရင်သွေးကတော့ သားလေး ဖြစ်တဲ့ အကြောင်းကို ပြောပြလာပါတယ်။

'' ညေးတို့ ကိုယ်တွေက ကျားဆိုမှကျားဘဲကွ ဟားဟားဟား'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ် ပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။ အဲ့ဒီ နောက် ရင်သွေးလေးရဲ့ ဓာတ်မှန်ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုလည်း ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ ပါသေးတယ်။ ပထမ သမီးလေး ကတော့ အခုဆိုရင် အသက် ၄ နှစ်ကျော်ပြီလို့ သိရပါတယ်။

အက်ရှင်မင်းသားချော သရုပ်ဆောင်မင်းရာဇာနဲ့ ဇနီးဖြစ်တဲ့ မဖူးငုံပွင့်တို့ရဲ့ တစ်ဦးတည်းသော သမီးချောလေး သစ်သစ် မင်းရာဇာ ကတော့ သြဂုတ်လ အတွင်းက ၄ နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။ မွေးနေ့ပွဲကိုတော့ သမီးလေးတက်ရောက် ပညာ သင်ကြားနေတဲ့ မူကြိုကျောင်းမှာပဲ ကျင်းပ ပြုလုပ်ခဲ့တာပါ။

အခုလက်ရှိမှာတော့ မင်းရာဇာဟာ မိသားစုကို အချိန်ပေးရင်း ပြည်တွင်း၊ ပြည်ပ ခရီးစဉ်တွေလည်း ထွက်ဖြစ်နေသလို၊ လက်ခံထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရတာဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေကနေ တဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တဲ့ သရုပ်ဆောင် မင်းရာဇာကတော့ အခုချိန်မှာ အောင်မြင်မှုတွေရရှိနေတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top