ခ်စ္သူစုံတြဲေတြၾကားမွာ စိတ္ဆိုးစိတ္ေကာက္တာ ဆိုးႏြဲ႕တာ ရန္ျဖစ္တာ…တစ္ခ်ိဳ႕ကိစၥေတြမွာ ခ်ဳပ္ခ်ယ္ေလ့ရွိတာ စတာေတြက ပုံမွန္ျဖစ္ေလ့ျဖစ္ထရွိတဲ့ ကိစၥေတြပါပဲ။

ဒါေပမယ့္ အဲဒါေတြထက္ပိုလာၿပီဆိုရင္ေတာ့ ႏွစ္ဦးႏွစ္ဖက္စလုံးအတြက္ ထိခိုက္နစ္နာမႈေတြျဖစ္လာႏိုင္ပါတယ္။အခုလည္း အဂၤလန္ႏိုင္ငံ ဘတ္ဖိုဒ့္ရႈိင္းယားရွိ Stewartby ႐ြာေလးမွာ ခ်စ္သူေကာင္ေလးနဲ႔အတူတူေနထိုင္တဲ့ (၂၂)ႏွစ္အ႐ြယ္ေကာင္မေလး Petite Jordan Worth ဟာ ခ်စ္သူကို အႏိုင္က်င့္လြန္းလို႔ တရား႐ုံးကေနေထာင္ဒဏ္ (၇)ႏွစ္ခြဲက်ခံေစရန္ အမိန္႔ခ်အျပစ္ေပးလိုက္ပါၿပီ။

ေအာင္ျမင္တဲ့ေက်ာင္းဆရာမတစ္ေယာက္ျဖစ္ဖို႔ႀကိဳးပမ္းေနတဲ့ Petite ဟာ Hertfordshire တကၠသိုလ္ကေန ဘြဲ႕ရထားတဲ့ေက်ာင္းသူတစ္ေယာက္ျဖစ္ၿပီးေႏြးေထြးေပ်ာ္႐ႊင္ဖို႔ေကာင္းတဲ့မိသားစုမွေပါက္ဖြားလာသူ အာဖရိကရွိကေလးသူငယ္ေတြအတြက္ ပရဟိတအလုပ္ေတြလုပ္ေဆာင္သူေလးအျဖစ္ လူသိမ်ားပါတယ္။

ဒါေပမယ့္ တရား႐ုံးကေန ဒီအမႈကို စစ္ေဆးလိုက္တဲ့အခါ သူမဟာ အမ်ားထင္ျမင္ထားသလိုမဟုတ္ဘဲ ခ်စ္သူကို ရက္စက္စြာအႏိုင္က်င့္တတ္သူမိန္းမပ်ိဳတစ္ေယာက္ျဖစ္ေနပါတယ္။


သူမႏွင့္ ခ်စ္သူေကာင္ေလးဟာ လြန္ခဲ့တဲ့ (၂၀၁၂)ခုႏွစ္မွာစတင္ေတြ႕ဆုံခဲ့တာျဖစ္ၿပီး သူတို႔ႏွစ္ေယာက္ခ်စ္ကြၽမ္းဝင္ခ်ိန္မွာ ႏွစ္ေယာက္စလုံးအသက္(၁၆)ႏွစ္ပဲရွိပါေသးတယ္။

အစပိုင္းမွာ သူမဟာ ခ်စ္သူေကာင္ေလးကို အဝတ္အစားေ႐ြးခ်ယ္ေပးျခင္း…..ဆိုရွယ္မီဒီယာအေကာင့္မ်ားစစ္ျခင္းေလာက္သာခ်ဳပ္ခ်ယ္ခဲ့ေပမယ့္ေနာက္ပိုင္းမွာေတာ့ ေဖ့စ္ဘြတ္ခ္ အေကာင့္အပိုင္သိမ္းကာ မိဘ….သူငယ္ခ်င္းမ်ားႏွင့္ အဆက္အသြယ္ျဖတ္ေစျခင္း…..သူမ မႀကိဳက္တာလုပ္ရင္ ႐ိုက္ႏွက္ျခင္း….ခြၽန္ထက္ေသာအရာမ်ားႏွင့္ထိုးျခင္း…..ေရေႏြးပူေလာင္းျခင္း စတာေတြျပဳလုပ္ၿပီးအႏိုင္က်င့္ခဲ့တယ္လို႔သိရပါတယ္။

ဒါေတြကိုျမင္ေတြ႕ေနတဲ့ အိမ္နီးနားခ်င္းေတြဟာ သူမကို ရဲတိုင္ဖမ္းဆီးေစခဲ့႐ုံသာမက တရား႐ုံးမွာပါ သက္ေသလိုက္ခဲ့ပါတယ္။ခ်စ္သူေကာင္ေလးကို ေဆး႐ုံမွာ ေဆးစစ္တဲ့အခါ ႐ိုက္ႏွက္မႈဒဏ္ေၾကာင့္ ဦးေႏွာက္တြင္ ဒဏ္ရာရရွိျခင္း…..အပူေလာင္ဒဏ္ရာမ်ား…..ခြၽန္ထက္ေသာအရာမ်ားႏွင့္ထိုးသြင္းဒဏ္ရာမ်ားစတာေတြေတြ႕ရွိခဲ့တာေၾကာင့္ အျပစ္က်ဴးလြန္ေၾကာင္းထင္ရွားၿပီးေထာင္ဒဏ္ခ်မွတ္ခံလိုက္ရတာျဖစ္တယ္လို႔သိရပါတယ္။

ေထာင္ဒဏ္အျပင္ အခ်ိန္အကန္႔အသတ္မရွိ ခ်စ္သူေကာင္ေလးႏွင့္ အဆက္အသြယ္မလုပ္ဘဲ ေဝးေဝးေနရန္ တရား႐ုံးမွအမိန္႔ခ်မွတ္ခဲ့ပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Burmese.asia

#Unicode Version#

ချစ်သူစုံတွဲတွေကြားမှာ စိတ်ဆိုးစိတ်ကောက်တာ ဆိုးနွဲ့တာ ရန်ဖြစ်တာ…တစ်ချို့ကိစ္စတွေမှာ ချုပ်ချယ်လေ့ရှိတာ စတာတွေက ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတွေပါပဲ။

ဒါပေမယ့် အဲဒါတွေထက်ပိုလာပြီဆိုရင်တော့ နှစ်ဦးနှစ်ဖက်စလုံးအတွက် ထိခိုက်နစ်နာမှုတွေဖြစ်လာနိုင်ပါတယ်။အခုလည်း အင်္ဂလန်နိုင်ငံ ဘတ်ဖိုဒ့်ရှိုင်းယားရှိ Stewartby ရွာလေးမှာ ချစ်သူကောင်လေးနဲ့အတူတူနေထိုင်တဲ့ (၂၂)နှစ်အရွယ်ကောင်မလေး Petite Jordan Worth ဟာ ချစ်သူကို အနိုင်ကျင့်လွန်းလို့ တရားရုံးကနေထောင်ဒဏ် (၇)နှစ်ခွဲကျခံစေရန် အမိန့်ချအပြစ်ပေးလိုက်ပါပြီ။

အောင်မြင်တဲ့ကျောင်းဆရာမတစ်ယောက်ဖြစ်ဖို့ကြိုးပမ်းနေတဲ့ Petite ဟာ Hertfordshire တက္ကသိုလ်ကနေ ဘွဲ့ရထားတဲ့ကျောင်းသူတစ်ယောက်ဖြစ်ပြီးနွေးထွေးပျော်ရွှင်ဖို့ကောင်းတဲ့မိသားစုမှပေါက်ဖွားလာသူ အာဖရိကရှိကလေးသူငယ်တွေအတွက် ပရဟိတအလုပ်တွေလုပ်ဆောင်သူလေးအဖြစ် လူသိများပါတယ်။

ဒါပေမယ့် တရားရုံးကနေ ဒီအမှုကို စစ်ဆေးလိုက်တဲ့အခါ သူမဟာ အများထင်မြင်ထားသလိုမဟုတ်ဘဲ ချစ်သူကို ရက်စက်စွာအနိုင်ကျင့်တတ်သူမိန်းမပျိုတစ်ယောက်ဖြစ်နေပါတယ်။

သူမနှင့် ချစ်သူကောင်လေးဟာ လွန်ခဲ့တဲ့ (၂၀၁၂)ခုနှစ်မှာစတင်တွေ့ဆုံခဲ့တာဖြစ်ပြီး သူတို့နှစ်ယောက်ချစ်ကျွမ်းဝင်ချိန်မှာ နှစ်ယောက်စလုံးအသက်(၁၆)နှစ်ပဲရှိပါသေးတယ်။

အစပိုင်းမှာ သူမဟာ ချစ်သူကောင်လေးကို အဝတ်အစားရွေးချယ်ပေးခြင်း…..ဆိုရှယ်မီဒီယာအကောင့်များစစ်ခြင်းလောက်သာချုပ်ချယ်ခဲ့ပေမယ့်နောက်ပိုင်းမှာတော့ ဖေ့စ်ဘွတ်ခ် အကောင့်အပိုင်သိမ်းကာ မိဘ….သူငယ်ချင်းများနှင့် အဆက်အသွယ်ဖြတ်စေခြင်း…..သူမ မကြိုက်တာလုပ်ရင် ရိုက်နှက်ခြင်း….ချွန်ထက်သောအရာများနှင့်ထိုးခြင်း…..ရေနွေးပူလောင်းခြင်း စတာတွေပြုလုပ်ပြီးအနိုင်ကျင့်ခဲ့တယ်လို့သိရပါတယ်။

ဒါတွေကိုမြင်တွေ့နေတဲ့ အိမ်နီးနားချင်းတွေဟာ သူမကို ရဲတိုင်ဖမ်းဆီးစေခဲ့ရုံသာမက တရားရုံးမှာပါ သက်သေလိုက်ခဲ့ပါတယ်။ချစ်သူကောင်လေးကို ဆေးရုံမှာ ဆေးစစ်တဲ့အခါ ရိုက်နှက်မှုဒဏ်ကြောင့် ဦးနှောက်တွင် ဒဏ်ရာရရှိခြင်း…..အပူလောင်ဒဏ်ရာများ…..ချွန်ထက်သောအရာများနှင့်ထိုးသွင်းဒဏ်ရာများစတာတွေတွေ့ရှိခဲ့တာကြောင့် အပြစ်ကျူးလွန်ကြောင်းထင်ရှားပြီးထောင်ဒဏ်ချမှတ်ခံလိုက်ရတာဖြစ်တယ်လို့သိရပါတယ်။

ထောင်ဒဏ်အပြင် အချိန်အကန့်အသတ်မရှိ ချစ်သူကောင်လေးနှင့် အဆက်အသွယ်မလုပ်ဘဲ ဝေးဝေးနေရန် တရားရုံးမှအမိန့်ချမှတ်ခဲ့ပါသေးတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top