ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×


၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္မွ စ၍ အသက္ ၈၅ ႏွစ္ အထက္ ဘိုးဘြားမ်ားကို တလက်ပ္ ၁၅၀၀၀ ေပးအပ္ရန္ စီစဥ္ ေဆာင္ ႐ြက္ထားၿပီး ျဖစ္ေၾကာင္း လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ ေနရာခ်ထားေရး ဝန္ႀကီး ဌာနက သိရသည္။

လူမႈဝန္ထမ္း ဦးစီး ဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ စန္းစန္းေအးက“စီမံကိန္း ဆြဲထားတာေတာ့ ၂၀၁၉ -၂၀၂၀ ဘ႑ာႏွစ္မွာ ၈၅ ႏွစ္နဲ႔ အထက္ အဘိုးအဘြားေတြ အတြက္ကို ေငြက်ပ္ ၁၀၀၀၀ ကေန ၁၅၀၀၀ တိုးျမႇင့္ၿပီး ေထာက္ပံ့ဖို႔ ရွိပါတယ္”ဟု ဧရာဝတီသို႔ ေျပာသည္။

၂၀၁၈-၂၀၁၉ ဘတ္ဂ်က္ ႏွစ္တြင္ အသက္ ၈၅ ႏွစ္ အထက္ အဘိုးအဘြား ဦးေရ ၁၄၀,၀၀၀ ေက်ာ္ အတြက္ ၁၇ ဘီလီယံ ခန႔္ တင္ျပ ေတာင္းခံေသာ္လည္း၊ တႏိုင္ငံလုံးရွိ အဘိုး အဘြား စာရင္းကို ေကာက္ယူရာတြင္ ၁၆၀,၀၀၀ ရွိေနေၾကာင္း သိရ သည္။

ေဒၚစန္းစန္းေအးက“အဘိုးအဘြားဦးေရ တသိန္းေလးေသာင္း ဆိုၿပီး မွန္းဆၿပီး ေတာင္းတယ္။ တကယ္တမ္း ေကာက္လို႔ ရေတာ့ ၁၆၈၅၇၈ ဦး ေကာက္လို႔ ရတယ္။ လိုအပ္တဲ့ ေငြကို ထပ္ေတာင္းပါမယ္”ဟု ေျပာသည္။

၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္တြင္ အသက္ ၉၀ ႏွင့္ အထက္ ဘိုးဘြားဦးေရ ေလးေသာင္းေက်ာ္ကို တလလွ်င္ ၁ ေသာင္း က်ပ္ ႏႈန္းျဖင့္ လူမႈေရး ပင္စင္ ေထာက္ပံ့ခဲ့ကာ ယခု ဘ႑ာႏွစ္၌ အသက္ ကန႔္သတ္မႈ ျဖစ္ေသာ ၉၀ မွ ၈၅ ႏွစ္ အထိ ေလွ်ာ့ခ် ခဲ့ျခင္း ျဖစ္ၿပီး ယခင္ထက္ လူဦးေရ ၃ ဆေက်ာ္သို႔ တိုးျမႇင့္ေပးႏိုင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ပ်ဥ္းမနားၿမိဳ႕၊ ၿမိဳ႕ဦး ရပ္ကြက္ေန အသက္ ၈၆ ႏွစ္ အ႐ြယ္ ေဒၚမွီ၏ သားျဖစ္သူ ဦးျမင့္ဦးက“အခုလို အလုပ္ မလုပ္ႏိုင္တဲ့ အခ်ိန္မွာ ေထာက္ပံ့တယ္ ဆိုတာေတာ့ လႉခ်င္တာ လႉလို႔ ရတာေပါ့။ အစိုးရ အေနနဲ႔ သက္ႀကီး႐ြယ္အိုေတြ အတြက္ ေဆးဝါးနဲ႔ ျဖည့္စြက္စာေတြ ေထာက္ပံ့မယ္ ဆိုရင္ေတာ့ ပိုၿပီး အဆင္ေျပတာေပ့ါ”ဟု ေျပာသည္။

ျမန္မာႏိုင္ငံတြင္ သက္ႀကီး ႐ြယ္အိုမ်ားသည္ ဝင္ေငြ မဖူလုံမႈ၊ က်န္းမာေရး ျပဳစု ေစာင့္ေရွာက္မႈ ဆိုင္ရာ ျပႆနာႏွင့္ လူမႈ ေရးဆိုင္ရာ အထီးက်န္မႈ ျပႆနာမ်ားကို ရင္ဆိုင္ေနရသည့္ အတြက္ ဝင္ေငြ အေထာက္အကူ ျဖစ္ေစရန္ ၂၀၁၇ ခုႏွစ္မွ စတင္ ၍ အိမ္တိုင္ရာေရာက္ ပံ့ပိုးေပးျခင္း ျဖစ္သည္ဟု ဆိုသည္။

ယခု အစိုးရ လက္ထက္ ၂၀၁၇-၁၈ ဘ႑ာႏွစ္၌ တႏွစ္ကို ေလးသုတ္ ခြဲကာ သုံးလ တႀကိမ္ႏႈန္းျဖင့္ ေထာက္ပံ့ေပးေနျခင္း ျဖစ္ေၾကာင္း သိရသည္။

ခံစားခြင့္ရွိသူ ဘိုးဘြားမ်ား အေနျဖင့္ လူမႈဝန္ထမ္း႐ုံးႏွင့္ အုပ္ခ်ဳပ္ေရး ႐ုံးမ်ားသို႔ မွတ္ပုံတင္ သို႔မဟုတ္ အိမ္ေထာင္စု စာရင္း မ်ားျဖင့္ ဆက္သြယ္ စာရင္းေပးႏိုင္ကာ အကယ္၍ မွတ္ပုံတင္၊ အိမ္ေထာင္စု စာရင္း မရွိပါကလည္း အသက္ ၈၅ အထက္ ျဖစ္ေၾကာင္း ေထာက္ခံေပးမည့္သူ ၃ ဦးႏွင့္ ရပ္ကြက္လူႀကီး ေထာက္ခံခ်က္ ပါပါက ေထာက္ပံ့ေငြ ေပးအပ္ သြားမည္ဟု ဆိုထားသည္။

ေမွာ္ဘီ မဲဆႏၵနယ္မွ ျပည္သူ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေမာင္ဝင္းကလည္း“ေနာက္တဆင့္ အေနနဲ႔ အသက္ ၈၅ ႏွစ္ အထက္ကို က်န္းမာေရး အခမဲ့ ေပးႏိုင္ဖို႔ စီစဥ္ေနပါတယ္။ အသက္ကို ၈၀ ထိ ေလွ်ာ့ဖို႔လည္း ေဆြးေႏြးေနၾကပါတယ္။ ဘတ္ဂ်က္ႏွစ္နဲ႔ ဆိုရင္ ၂၀၁၉- ၂၀၂၀ ေလာက္ ျဖစ္ႏိုင္ပါတယ္”ဟု ေျပာဆိုသည္။

ႏိုင္ငံတကာတြင္ ေငြေၾကး ေထာက္ပံ့မႈထက္ က်န္းမာေရး ေစာင့္ေရွာက္မႈမ်ား အခမဲ့ အမ်ားဆုံး ေဆာင္႐ြက္ေပးေနသျဖင့္ ျမန္မာႏိုင္ငံတြင္လည္း ယင္းကဲ့သို႔ ေဆာင္႐ြက္ေပးႏိုင္ရန္ အတြက္ စီစဥ္ ေဆာင္႐ြက္ေနေၾကာင္း ျပည္သူ႔ လႊတ္ေတာ္ ျပည္ သူ႔ ေငြစာရင္းေကာ္မတီ အဖြဲ႕ဝင္ ဦးေအာင္ဝင္းက ေျပာျပသည္။

ပ်ဥ္းမနားၿမိဳ႕ ၊ ေအာင္ခ်မ္းသာ ရပ္ကြက္မွ အသက္ ၉၂ အ႐ြယ္ရွိ အဘြား ေဒၚယဥ္ႏု၏ သမီး ေဒၚသန္းခင္ကလည္း“သူတို႔ ေထာက္ပံ့တဲ့ ပိုက္ဆံက သိပ္မမ်ားဘူး ဆိုေပမယ့္ အဲ့ဒီ ေထာက္ပံ့ေငြ ရၿပီဆိုရင္ အရမ္းကို ေပ်ာ္တာ။ အန္တီတို႔ အေန နဲ႔ လည္း ေတာ္ေတာ္ေလး ေက်းဇူးတင္ပါတယ္”ဟု ေျပာသည္။

ျမန္မာႏိုင္ငံတြင္ အသက္ ၆၀ ႏွစ္ အထက္ သက္ႀကီး႐ြယ္အိုသည္ ၁၉၇၃ ခုႏွစ္တြင္ ၆ ရာခိုင္ႏႈန္း၊ ၁၉၈၃ ခုႏွစ္တြင္ ၆ ဒသမ ၄ ရာခိုင္ႏႈန္း၊ ၂၀၁၄ ခုႏွစ္တြင္ ၈ ဒသမ ၉ ရာခိုင္ႏႈန္း အထိ တိုးလာေၾကာင္း၊ သက္ႀကီး႐ြယ္အို ဦးေရ မ်ားျပားလာျခင္း သည္ စီးပြားေရး ကိစၥမ်ားတြင္ပါ သက္ေရာက္မႈ ရွိလာသည့္အတြက္ ႀကိဳတင္ ျပင္ဆင္ထားသင့္သည့္ ကိစၥတခု ျဖစ္ ေၾကာင္း ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ အတြင္းက ျပဳလုပ္ခဲ့သည့္ အျပည္ျပည္ဆိုင္ရာ သက္ႀကီး ႐ြယ္အိုမ်ားေန႔ ဂုဏ္ျပဳ အခမ္းအနားတြင္ လူမႈ ဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ျပည္ေထာင္စု ဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးက ေျပာၾကားသြား သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy

#Unicode Version#

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ စ၍ အသက် ၈၅ နှစ် အထက် ဘိုးဘွားများကို တလကျပ် ၁၅၀၀၀ ပေးအပ်ရန် စီစဉ် ဆောင် ရွက်ထားပြီး ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဌာနက သိရသည်။

လူမှုဝန်ထမ်း ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက“စီမံကိန်း ဆွဲထားတာတော့ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်မှာ ၈၅ နှစ်နဲ့ အထက် အဘိုးအဘွားတွေ အတွက်ကို ငွေကျပ် ၁၀၀၀၀ ကနေ ၁၅၀၀၀ တိုးမြှင့်ပြီး ထောက်ပံ့ဖို့ ရှိပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

၂၀၁၈-၂၀၁၉ ဘတ်ဂျက် နှစ်တွင် အသက် ၈၅ နှစ် အထက် အဘိုးအဘွား ဦးရေ ၁၄၀,၀၀၀ ကျော် အတွက် ၁၇ ဘီလီယံ ခန့် တင်ပြ တောင်းခံသော်လည်း၊ တနိုင်ငံလုံးရှိ အဘိုး အဘွား စာရင်းကို ကောက်ယူရာတွင် ၁၆၀,၀၀၀ ရှိနေကြောင်း သိရ သည်။

ဒေါ်စန်းစန်းအေးက“အဘိုးအဘွားဦးရေ တသိန်းလေးသောင်း ဆိုပြီး မှန်းဆပြီး တောင်းတယ်။ တကယ်တမ်း ကောက်လို့ ရတော့ ၁၆၈၅၇၈ ဦး ကောက်လို့ ရတယ်။ လိုအပ်တဲ့ ငွေကို ထပ်တောင်းပါမယ်”ဟု ပြောသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အသက် ၉၀ နှင့် အထက် ဘိုးဘွားဦးရေ လေးသောင်းကျော်ကို တလလျှင် ၁ သောင်း ကျပ် နှုန်းဖြင့် လူမှုရေး ပင်စင် ထောက်ပံ့ခဲ့ကာ ယခု ဘဏ္ဍာနှစ်၌ အသက် ကန့်သတ်မှု ဖြစ်သော ၉၀ မှ ၈၅ နှစ် အထိ လျှော့ချ ခဲ့ခြင်း ဖြစ်ပြီး ယခင်ထက် လူဦးရေ ၃ ဆကျော်သို့ တိုးမြှင့်ပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပျဉ်းမနားမြို့၊ မြို့ဦး ရပ်ကွက်နေ အသက် ၈၆ နှစ် အရွယ် ဒေါ်မှီ၏ သားဖြစ်သူ ဦးမြင့်ဦးက“အခုလို အလုပ် မလုပ်နိုင်တဲ့ အချိန်မှာ ထောက်ပံ့တယ် ဆိုတာတော့ လှူချင်တာ လှူလို့ ရတာပေါ့။ အစိုးရ အနေနဲ့ သက်ကြီးရွယ်အိုတွေ အတွက် ဆေးဝါးနဲ့ ဖြည့်စွက်စာတွေ ထောက်ပံ့မယ် ဆိုရင်တော့ ပိုပြီး အဆင်ပြေတာပေ့ါ”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် သက်ကြီး ရွယ်အိုများသည် ဝင်ငွေ မဖူလုံမှု၊ ကျန်းမာရေး ပြုစု စောင့်ရှောက်မှု ဆိုင်ရာ ပြဿနာနှင့် လူမှု ရေးဆိုင်ရာ အထီးကျန်မှု ပြဿနာများကို ရင်ဆိုင်နေရသည့် အတွက် ဝင်ငွေ အထောက်အကူ ဖြစ်စေရန် ၂၀၁၇ ခုနှစ်မှ စတင် ၍ အိမ်တိုင်ရာရောက် ပံ့ပိုးပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခု အစိုးရ လက်ထက် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်၌ တနှစ်ကို လေးသုတ် ခွဲကာ သုံးလ တကြိမ်နှုန်းဖြင့် ထောက်ပံ့ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

ခံစားခွင့်ရှိသူ ဘိုးဘွားများ အနေဖြင့် လူမှုဝန်ထမ်းရုံးနှင့် အုပ်ချုပ်ရေး ရုံးများသို့ မှတ်ပုံတင် သို့မဟုတ် အိမ်ထောင်စု စာရင်း များဖြင့် ဆက်သွယ် စာရင်းပေးနိုင်ကာ အကယ်၍ မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်း မရှိပါကလည်း အသက် ၈၅ အထက် ဖြစ်ကြောင်း ထောက်ခံပေးမည့်သူ ၃ ဦးနှင့် ရပ်ကွက်လူကြီး ထောက်ခံချက် ပါပါက ထောက်ပံ့ငွေ ပေးအပ် သွားမည်ဟု ဆိုထားသည်။

မှော်ဘီ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ဝင်းကလည်း“နောက်တဆင့် အနေနဲ့ အသက် ၈၅ နှစ် အထက်ကို ကျန်းမာရေး အခမဲ့ ပေးနိုင်ဖို့ စီစဉ်နေပါတယ်။ အသက်ကို ၈၀ ထိ လျှော့ဖို့လည်း ဆွေးနွေးနေကြပါတယ်။ ဘတ်ဂျက်နှစ်နဲ့ ဆိုရင် ၂၀၁၉- ၂၀၂၀ လောက် ဖြစ်နိုင်ပါတယ်”ဟု ပြောဆိုသည်။

နိုင်ငံတကာတွင် ငွေကြေး ထောက်ပံ့မှုထက် ကျန်းမာရေး စောင့်ရှောက်မှုများ အခမဲ့ အများဆုံး ဆောင်ရွက်ပေးနေသဖြင့် မြန်မာနိုင်ငံတွင်လည်း ယင်းကဲ့သို့ ဆောင်ရွက်ပေးနိုင်ရန် အတွက် စီစဉ် ဆောင်ရွက်နေကြောင်း ပြည်သူ့ လွှတ်တော် ပြည် သူ့ ငွေစာရင်းကော်မတီ အဖွဲ့ဝင် ဦးအောင်ဝင်းက ပြောပြသည်။

ပျဉ်းမနားမြို့ ၊ အောင်ချမ်းသာ ရပ်ကွက်မှ အသက် ၉၂ အရွယ်ရှိ အဘွား ဒေါ်ယဉ်နု၏ သမီး ဒေါ်သန်းခင်ကလည်း“သူတို့ ထောက်ပံ့တဲ့ ပိုက်ဆံက သိပ်မများဘူး ဆိုပေမယ့် အဲ့ဒီ ထောက်ပံ့ငွေ ရပြီဆိုရင် အရမ်းကို ပျော်တာ။ အန်တီတို့ အနေ နဲ့ လည်း တော်တော်လေး ကျေးဇူးတင်ပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အသက် ၆၀ နှစ် အထက် သက်ကြီးရွယ်အိုသည် ၁၉၇၃ ခုနှစ်တွင် ၆ ရာခိုင်နှုန်း၊ ၁၉၈၃ ခုနှစ်တွင် ၆ ဒသမ ၄ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်တွင် ၈ ဒသမ ၉ ရာခိုင်နှုန်း အထိ တိုးလာကြောင်း၊ သက်ကြီးရွယ်အို ဦးရေ များပြားလာခြင်း သည် စီးပွားရေး ကိစ္စများတွင်ပါ သက်ရောက်မှု ရှိလာသည့်အတွက် ကြိုတင် ပြင်ဆင်ထားသင့်သည့် ကိစ္စတခု ဖြစ် ကြောင်း ၂၀၁၈ ခုနှစ် စက်တင်ဘာလ အတွင်းက ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများနေ့ ဂုဏ်ပြု အခမ်းအနားတွင် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ် အေးက ပြောကြားသွား သည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top