ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

အေဖ်ာက္ၿမိဳ႕ အင္းလန္းေက်းရြာမွာ ႏြားအငွားေက်ာင္းတဲ့ အဘုိးအုိတဦး ႏြားသုံးေကာင္ အခိုးခံရၿပီး ႏြားပိုင္ရွင္ေတြက ႏြားဖိုးအေလ်ာ္ေတာင္းတာကုိ အေဖ်ာက္ၿမိဳ႕ အလႉရွင္ေတြနဲ႔ ေစတနာရွင္ေတြ စုေပါင္းၿပီး အေလ်ွာ္ေပးအပ္ပြဲကုိ ျပဳလုပ္ခဲ့ပါတယ္။

ဇန္နဝါရီ ၁၃ ရက္ေန႔က အေဖ်ာက္ၿမိဳ႕ ေငြဥေဒါင္းခန္းမမွာ ျပည္သူမွျပည္သူသို႔ ေမတၱာမ်ွ ေဝျခင္း ေခါင္းစဥ္န႔ဲ က်င္းပျပဳလုပ္ခဲ့တာပါ။ ႏြားအငွားေက်ာင္းသူ အဘ ဦးေက်ာ္ၿငိမ္းက “ႏြားအငွားေက်ာင္းတာ ၉ ႏွစ္ေက်ာ္ၿပီ၊ တခါမွ အခိုးမခံရဘူး။ ၁၀ လပိုင္း ၁၃ ရက္ေန႔ညဘက္ေပ်ာက္တယ္၊ မနက္ပိုင္းလိုက္ရွာေသးတယ္၊ မေတြ႔လို႔ အုပ္ခ်ဳပ္ေရးမႉးကို အေၾကာင္းၾကားေတာ့စာေရးေပးၿပီး ရဲစခန္းကိုလႊတ္တယ္။ ရဲစခန္းေရာက္ေတာ့ အမႈဖြင့္မေပးဘူး၊ စာေတာ့ေရးယူထားတယ္။ အဘုိးလည္း ရွာၾကည့္ပါဦးဆိုၿပီး ျပန္လႊတ္လိုက္တယ္။ ရဲစခန္းကို သုံးေခါက္က်တယ္သြားတာ။ ၿပီးခဲ့တဲ့ ရက္ပိုင္းကမွ ၿမိဳ႕နယ္မႉး႐ုံးကေန ေခၚၿပီးအမႈဖြင့္ေပးတယ္။ ႏြားပိုင္ရွင္ေတြကအေလ်ွာ္ေတာင္းေတာ့ ေပးပါမယ္ဆိုၿပီး ရဲစခန္းနဲ႔ အုပ္ခ်ဳပ္ေရးမႉးထံမွာ လက္မွတ္ထိုးေပးခဲ႔ရတယ္။ အခုလိုအလႉရွင္ေတြက လႉတဲ့အတြက္ ေက်းဇူးတင္ပါတယ္” လို႔ေျပာပါတယ္။

လိုက္ပါကူညီေပးသူ ကိုရဲမင္းသိန္းက “အဘုိးႏြားစေပ်ာက္တဲ့ အခ်ိန္ကတည္းက သတင္းေတြလည္း တင္ေပးခဲ့တယ္၊ အဖိုးႏြားလိုက္ရွာတဲ့ သတင္းတင္လိုက္ေတာ့ ေစတနာရွင္ေတြက မရွာခိုင္းပါနဲ႔၊ လႉခ်င္ပါတယ္ဆိုလို႔ အလႉေငြလက္ခံၿပီးအခုလို ကူညီျဖစ္တာပါ” လို႔ ေျပာပါတယ္။

ေစတနာရွင္ေတြရဲ႕ အလႉေငြ သိန္း ၂၀ ေက်ာ္ရတယ္လုိ႔ သိရပါတယ္။

ႏြားခိုးခံရတာနဲ႔ ပတ္သက္ၿပီး ဖိုးေခါင္နယ္ေျမရဲစခန္းက ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၉ (တ) နဲ႔ အမႈဖြင့္ၿပီး စုံးစမ္းစစ္ေဆးတာေတြ၊ ေၾကာ္ျငာထားတာေတြ ျပဳ လုပ္ထားတဟ္လို႔ ဖိုးေခါင္နယ္ေျမရဲစခန္း ယာယီစခန္းမႉး ဒုရဲအုပ္တင္ျမင့္က ေျပာပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: ေမသြယ္ (DVB)

#Unicode Version#
အဖျောက်မြို့ အင်းလန်းကျေးရွာမှာ နွားအငှားကျောင်းတဲ့ အဘိုးအိုတဦး နွားသုံးကောင် အခိုးခံရပြီး နွားပိုင်ရှင်တွေက နွားဖိုးအလျော်တောင်းတာကို အဖျောက်မြို့ အလှူရှင်တွေနဲ့ စေတနာရှင်တွေ စုပေါင်းပြီး အလျှော်ပေးအပ်ပွဲကို ပြုလုပ်ခဲ့ပါတယ်။

ဇန်နဝါရီ ၁၃ ရက်နေ့က အဖျောက်မြို့ ငွေဥဒေါင်းခန်းမမှာ ပြည်သူမှပြည်သူသို့ မေတ္တာမျှ ဝေခြင်း ခေါင်းစဉ်နဲ့ ကျင်းပပြုလုပ်ခဲ့တာပါ။ နွားအငှားကျောင်းသူ အဘ ဦးကျော်ငြိမ်းက “နွားအငှားကျောင်းတာ ၉ နှစ်ကျော်ပြီ၊ တခါမှ အခိုးမခံရဘူး။ ၁၀ လပိုင်း ၁၃ ရက်နေ့ညဘက်ပျောက်တယ်၊ မနက်ပိုင်းလိုက်ရှာသေးတယ်၊ မတွေ့လို့ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားတော့စာရေးပေးပြီး ရဲစခန်းကိုလွှတ်တယ်။ ရဲစခန်းရောက်တော့ အမှုဖွင့်မပေးဘူး၊ စာတော့ရေးယူထားတယ်။ အဘိုးလည်း ရှာကြည့်ပါဦးဆိုပြီး ပြန်လွှတ်လိုက်တယ်။ ရဲစခန်းကို သုံးခေါက်ကျတယ်သွားတာ။ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ မြို့နယ်မှူးရုံးကနေ ခေါ်ပြီးအမှုဖွင့်ပေးတယ်။ နွားပိုင်ရှင်တွေကအလျှော်တောင်းတော့ ပေးပါမယ်ဆိုပြီး ရဲစခန်းနဲ့ အုပ်ချုပ်ရေးမှူးထံမှာ လက်မှတ်ထိုးပေးခဲ့ရတယ်။ အခုလိုအလှူရှင်တွေက လှူတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ပြောပါတယ်။

လိုက်ပါကူညီပေးသူ ကိုရဲမင်းသိန်းက “အဘိုးနွားစပျောက်တဲ့ အချိန်ကတည်းက သတင်းတွေလည်း တင်ပေးခဲ့တယ်၊ အဖိုးနွားလိုက်ရှာတဲ့ သတင်းတင်လိုက်တော့ စေတနာရှင်တွေက မရှာခိုင်းပါနဲ့၊ လှူချင်ပါတယ်ဆိုလို့ အလှူငွေလက်ခံပြီးအခုလို ကူညီဖြစ်တာပါ” လို့ ပြောပါတယ်။

စေတနာရှင်တွေရဲ့ အလှူငွေ သိန်း ၂၀ ကျော်ရတယ်လို့ သိရပါတယ်။

နွားခိုးခံရတာနဲ့ ပတ်သက်ပြီး ဖိုးခေါင်နယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉ (တ) နဲ့ အမှုဖွင့်ပြီး စုံးစမ်းစစ်ဆေးတာတွေ၊ ကြော်ငြာထားတာတွေ ပြု လုပ်ထားတဟ်လို့ ဖိုးခေါင်နယ်မြေရဲစခန်း ယာယီစခန်းမှူး ဒုရဲအုပ်တင်မြင့်က ပြောပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit: မေသွယ် (DVB)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top