စကၤာပူတြင္က်င္းပမည့္ ကိုယ္ပိုင္ကမ္းေျခအသစ္ Kangyi Paradise ရွိ ေျမကြက္ ႏွင့္ Service Apartment အေရာင္းျပပြဲ
×

မသိဘဲ လုပ္မိေနတာေတြ ရွိရင္ ခုပဲ ရပ္လိုက္ေတာ့ေနာ္…

ဗုိက္ထဲက မေမြးေသးတဲ့ ကေလးေတြက ခ်စ္တတ္ မုန္းတတ္လို႔လားလို႔ ေယာင္းတို႔က ေမးလာစရာ ရွိပါတယ္။ ဒီေမးခြန္းရဲ႕ အေျဖကေတာ့ ဟုတ္ကဲ့ ခ်စ္တတ္၊ မုန္းတတ္ၾကပါတယ္ ဆိုတာပါပဲ..  တကယ္ေတာ့ အက္ဒ္မင္တို႔ေတြဟာ ေမြးကတည္းက အသိစိတ္ပါလာၿပီးသားပါ.. လူႀကီးေတြေလာက္ မမွတ္မိတာပဲ ရွိတာေပါ့ေနာ္..  ဒီေဆာင္းပါးမွာေတာ့ Mom Junction မွာ ေဖာ္ျပထားတဲ့ ဗိုက္ထဲက ကေလးေလးေတြ မႀကိဳက္တဲ့အရာေတြကို ေဖာ္ျပေပးသြားမွာပါ ေယာင္းတို႔ေရ…

၁။ မိခင္ အူလိုက္သည္းလႈိက္ရယ္ျခင္း

မိခင္ေလာင္းက ေပ်ာ္ရႊင္တတ္တာ ေကာင္းပါတယ္။ တစ္ခါ ၿပံဳးရင္ တစ္ရက္ အသက္ရွည္တယ္လို႔ ဆုိရေလာက္ေအာင္ ေပ်ာ္ရႊင္ျခင္းက လူေတြရဲ႕ က်န္းမာေရးကို အရမ္း အေထာက္အကူျပဳပါတယ္။ ဒါေပမဲ့ ဗိုက္ထဲက ကေလးကေတာ့ အူလႈိုက္သည္းလႈိက္ရယ္ေမာျခင္းကိုေတာ့ ႀကိဳက္မယ္မထင္ပါဘူး။ ဒီလိုရယ္တာ ဘာနဲ႔တူသလဲဆိုရင္ ကိုယ့္ကို ေဖာင္းေနတဲ့ ေလအိတ္တစ္ခုထဲမွာ ထည့္ထားၿပီးအိတ္ကို ရမ္းခါေနသလိုမ်ဳိးပါပဲတဲ့။ ကဲ.. အခြီသန္တဲ့ မာမီေလာင္း ေယာင္းေယာင္းေတြ သတိထားၾကေမ

၂။ ဗိုက္ကို အၿမဲ ပြတ္ေနျခင္း

ေမြးခါနီး အခ်ိန္မွာ ကေလးကို ထိေတြ႔ကိုင္တြယ္ရတာ ၾကည္ႏူးစရာပါ။ ကေလးေလးကလည္း သေဘာက်မွာ အမွန္ပါပဲ။ ဒါေပမဲ့ စဥ္ဆက္မျပတ္ ကိုယ္တြယ္ေနတယ္ဆိုရင္ေတာ့ ကေလး ၿငိဳျငင္တာ ခံရပါေတာ့မယ္ အထဲမွာ ကေလးဘယ္လိုေနေနမွန္း မသိႏိုင္တဲ့အတြက္ ကေလးကို အၿမဲလိုလို ထိေတြ႕ေနတာမ်ိဳးကိုေတာ့ ေလွ်ာ႔သင့္ပါတယ္ေနာ္.. ကိုယ့္ေတာင္ တစ္ခ်ိန္လံုး လာကိုင္ေနရင္ မႀကိဳက္ဘူးမလား

၃။ ဆူညံေနျခင္း

ဒါကေတာ့ ရွင္းပါတယ္။ ေယာင္းလည္း လမ္းထဲမွာ ရုတ္တရက္ ဟြန္း အက်ယ္ႀကီးတီးလိုက္တာမ်ိဳးတို႔၊ ေလာ္သံနဲ႔ ႏွိပ္စက္တာတို႔ မႀကိဳက္ဘူးမလား.. ကေလးေတြလည္း ဒီလိုပါပဲ။ သူတို႔မွာ ၾကားႏိုင္တဲ့ စြမ္းရည္ရွိတဲ့အတြက္ အသံက်ယ္ေလာင္တဲ့အရာေတြကို မုန္းပါတယ္။ ဒါေၾကာင့္ တတ္ႏိုင္သမွ် ကိုယ္ဝန္ေဆာင္က ဆိတ္ၿငိမ္ေအးခ်မ္းတဲ့ေနရာမွာ ေနထိုင္သင့္ပါတယ္။

၄။ မိခင္ စိတ္ဖိစီးမႈမ်ားျခင္း

ေသာကမ်ားေနတဲ့လူတစ္ေယာက္က က်န္းမာေရးေကာင္းနုိင္ပါ့မလား ဆိုတဲ့ေမးခြန္းအတြက္ လူတိုင္းအေျဖကိုိ သိပါတယ္။ ကေလးအေမမွာ ခံစားေနရသမွ်ကို ေဟာ္မုန္းေတြကဆင့္ ကေလးေလးက သိပါတယ္။ မိခင္က စိတ္ဖိစီးမႈမ်ားတဲ့အခါ ထြက္တဲ့ ေဟာ္မုန္းေတြကို ကေလးေတြက မနွစ္သက္ပါဘူး။ ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္ခ်ိန္ ကာလမွာ မိခင္ေသာကမမ်ားရေအာင္ ေနသင့္ပါတယ္။ အစကတည္းကလည္း ႀကိဳတင္စီစဥ္ဖို႔ လိုအပ္ပါတယ္။

၅။ အလင္းေရာင္ စူးျခင္း

တူတူေရ ဝါး ေဆာ့သလိုမ်ိဳး ဗိုက္ထဲကို ဓာတ္မီးနဲ႔ ထိုးၾကည့္ဖူးလား။ ဒါကိုေတာ့ ကေလးေတြ သိပ္ႀကိဳက္မယ္ မထင္ပါဘူး။ အထူးသျဖင့္ ဗိုက္ထဲက ကေလးေတြ အိပ္ေနတဲ့အခ်ိန္မွာ ဓာတ္မီးနဲ႔ထိုးရင္ လံုးဝ၊ လံုးဝ မႀကိဳက္မွာ က်ိန္းေသေပါက္ပါပဲ…

၆။ အိပ္ခ်ိန္ေျပာင္းလဲျခင္း

ေယာင္းက ဘာရယ္မဟုတ္ဘဲ အိပ္မေပ်ာ္လို႔ ဘာလို႔ အလုပ္ေၾကာင့္မို႔ စတာေတြနဲ႔ အိပ္ခ်ိန္ေျပာင္းလဲလိုက္တဲ့အခါ ဗိုက္ထဲက ကေလးမွာလည္း သက္ေရာက္မႈေတြ ျဖစ္တတ္ပါတယ္။ ေယာင္း ခံစားေနရသလို ကေလးလည္း ခံစားရတ့ဲအတြက္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ တတ္ႏိုင္သမွ် ပံုမွန္ေလးအိပ္ေပးတာ အေကာင္းဆံုးျဖစ္မွာပါ။

၇။ အပူအစပ္စားျခင္း

အပူအစပ္ေတြက မိခင္ရဲ႕ခ်က္ႀကိဳးကေန တစ္ဆင့္ ကေလးဆီ ေရာက္ႏုိင္တယ္ဆိုတာေတာ့ ေယာင္းတို႔အားလံုး သိၿပီးသားျဖစ္ပါလိမ့္မယ္ေနာ္။ ႏုနယ္လြန္းတဲ့ ကေလးငယ္ေတြအတြက္ေတာ့ ဒါေတြက သဘာက် ႏွစ္သက္စရာေတြ မဟုတ္ပါဘူး။ ေယာင္း အပူအစပ္စားၿပီးရင္ ကေလးရဲ႕ လႈပ္ရွားမႈက ပံုမွန္နဲ႔ မတူဘူးဆိုတာေရာ ေယာင္းတို႔ ခံစားမိပါသလား?

၈။ စိတ္ဓာတ္က်ျခင္း

စိတ္ဖိစီးမႈ မ်ားတဲ့ မိခင္ေတြလိုပါပဲ။ သင္ခံစားေနရသမွ်ကို ေဟာ္မုန္းေတြကေနတစ္ဆင့္ ကေလးက သိၾကားေနရပါလိမ့္မယ္။ မိခင္ကိုယ္တိုင္က စိတ္ဓာတ္က်ေနရင္ ကေလးကလည္း ေပွ်ာ္ရႊင္ႏိုင္မယ္ မထင္ပါဘူး။ သူမ်ားငိုတာျမင္ရင္ ကိုယ္လည္း မ်က္ရည္ဝဲသလိုေပါ့… ဒါေတာင္ ျမင္ရတာပဲ ရွိေသးတာေလ.. ေဟာ္မုန္းကို တူတူခြဲေနရတဲ့ ကေလးေလးေတြက အဲဒီထက္ပိုတာေပါ့လို႔…

၉။ မိခင္ဗိုက္ဆာျခင္း

မိခင္ေလာင္းဆိုတာ အာဟာရဓာတ္ေတြ ျပည့္ဝေနရမယ့္သူေတြပါ။ အစားမ်ားမ်ားစား၊ လံုေလာက္တဲ့ အနားယူမႈေတြ လုပ္ရမယ့္သူပါ။ ဒါကို မိခင္က အစာနဲ႔ ေဝးေနၿပီး ဘာမွအစားရေသးဘဲ ဗိုက္ဆာေနတယ္ဆိုရင္ေတာ့ ယူ နည္းနည္း မ်ားဘီ လို႔ ဆိုရမွာပါပဲ။ ေယာင္းတစ္ေယာက္တည္း မဟုတ္ဘဲ အထဲက ကေလးေလးလည္း ဗိုက္ဆာတတ္တာမို႔ ပံုမွန္ေလး သတိထားၿပီး စားပါ။ မိခင္ အာဟာရျပည့္မွ ကေလးဆီ ေရာက္မွာမို႔ ကိုယ္ဝန္ေဆာင္ မိခင္ေလာင္းေတြ အစာအာဟာရ ျပည့္ဝဖို႔လည္း လိုအပ္ပါတယ္လို႔…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဒါက္တာေအာင္ေက်ာ္ျမင့္ (က်န္းက်န္းမာမာ by Alinker)

# Unicode Version ျဖင့္ ဖတ္ပါ #

မသိဘဲ လုပ်မိနေတာတွေ ရှိရင် ခုပဲ ရပ်လိုက်တော့နော်…

ဗိုက်ထဲက မမွေးသေးတဲ့ ကလေးတွေက ချစ်တတ် မုန်းတတ်လို့လားလို့ ယောင်းတို့က မေးလာစရာ ရှိပါတယ်။ ဒီမေးခွန်းရဲ့ အဖြေကတော့ ဟုတ်ကဲ့ ချစ်တတ်၊ မုန်းတတ်ကြပါတယ် ဆိုတာပါပဲ..  တကယ်တော့ အက်ဒ်မင်တို့တွေဟာ မွေးကတည်းက အသိစိတ်ပါလာပြီးသားပါ.. လူကြီးတွေလောက် မမှတ်မိတာပဲ ရှိတာပေါ့နော်..  ဒီဆောင်းပါးမှာတော့ Mom Junction မှာ ဖော်ပြထားတဲ့ ဗိုက်ထဲက ကလေးလေးတွေ မကြိုက်တဲ့အရာတွေကို ဖော်ပြပေးသွားမှာပါ ယောင်းတို့ရေ…

၁။ မိခင် အူလိုက်သည်းလှိုက်ရယ်ခြင်း

မိခင်လောင်းက ပျော်ရွှင်တတ်တာ ကောင်းပါတယ်။ တစ်ခါ ပြုံးရင် တစ်ရက် အသက်ရှည်တယ်လို့ ဆိုရလောက်အောင် ပျော်ရွှင်ခြင်းက လူတွေရဲ့ ကျန်းမာရေးကို အရမ်း အထောက်အကူပြုပါတယ်။ ဒါပေမဲ့ ဗိုက်ထဲက ကလေးကတော့ အူလှိုက်သည်းလှိုက်ရယ်မောခြင်းကိုတော့ ကြိုက်မယ်မထင်ပါဘူး။ ဒီလိုရယ်တာ ဘာနဲ့တူသလဲဆိုရင် ကိုယ့်ကို ဖောင်းနေတဲ့ လေအိတ်တစ်ခုထဲမှာ ထည့်ထားပြီးအိတ်ကို ရမ်းခါနေသလိုမျိုးပါပဲတဲ့။ ကဲ.. အခွီသန်တဲ့ မာမီလောင်း ယောင်းယောင်းတွေ သတိထားကြမေ

၂။ ဗိုက်ကို အမြဲ ပွတ်နေခြင်း

မွေးခါနီး အချိန်မှာ ကလေးကို ထိတွေ့ကိုင်တွယ်ရတာ ကြည်နူးစရာပါ။ ကလေးလေးကလည်း သဘောကျမှာ အမှန်ပါပဲ။ ဒါပေမဲ့ စဉ်ဆက်မပြတ် ကိုယ်တွယ်နေတယ်ဆိုရင်တော့ ကလေး ငြိုငြင်တာ ခံရပါတော့မယ် အထဲမှာ ကလေးဘယ်လိုနေနေမှန်း မသိနိုင်တဲ့အတွက် ကလေးကို အမြဲလိုလို ထိတွေ့နေတာမျိုးကိုတော့ လျှော့သင့်ပါတယ်နော်.. ကိုယ့်တောင် တစ်ချိန်လုံး လာကိုင်နေရင် မကြိုက်ဘူးမလား

၃။ ဆူညံနေခြင်း

ဒါကတော့ ရှင်းပါတယ်။ ယောင်းလည်း လမ်းထဲမှာ ရုတ်တရက် ဟွန်း အကျယ်ကြီးတီးလိုက်တာမျိုးတို့၊ လော်သံနဲ့ နှိပ်စက်တာတို့ မကြိုက်ဘူးမလား.. ကလေးတွေလည်း ဒီလိုပါပဲ။ သူတို့မှာ ကြားနိုင်တဲ့ စွမ်းရည်ရှိတဲ့အတွက် အသံကျယ်လောင်တဲ့အရာတွေကို မုန်းပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ ကိုယ်ဝန်ဆောင်က ဆိတ်ငြိမ်အေးချမ်းတဲ့နေရာမှာ နေထိုင်သင့်ပါတယ်။

၄။ မိခင် စိတ်ဖိစီးမှုများခြင်း

သောကများနေတဲ့လူတစ်ယောက်က ကျန်းမာရေးကောင်းနိုင်ပါ့မလား ဆိုတဲ့မေးခွန်းအတွက် လူတိုင်းအဖြေကို သိပါတယ်။ ကလေးအမေမှာ ခံစားနေရသမျှကို ဟော်မုန်းတွေကဆင့် ကလေးလေးက သိပါတယ်။ မိခင်က စိတ်ဖိစီးမှုများတဲ့အခါ ထွက်တဲ့ ဟော်မုန်းတွေကို ကလေးတွေက မနှစ်သက်ပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန် ကာလမှာ မိခင်သောကမများရအောင် နေသင့်ပါတယ်။ အစကတည်းကလည်း ကြိုတင်စီစဉ်ဖို့ လိုအပ်ပါတယ်။

၅။ အလင်းရောင် စူးခြင်း

တူတူရေ ဝါး ဆော့သလိုမျိုး ဗိုက်ထဲကို ဓာတ်မီးနဲ့ ထိုးကြည့်ဖူးလား။ ဒါကိုတော့ ကလေးတွေ သိပ်ကြိုက်မယ် မထင်ပါဘူး။ အထူးသဖြင့် ဗိုက်ထဲက ကလေးတွေ အိပ်နေတဲ့အချိန်မှာ ဓာတ်မီးနဲ့ထိုးရင် လုံးဝ၊ လုံးဝ မကြိုက်မှာ ကျိန်းသေပေါက်ပါပဲ…

၆။ အိပ်ချိန်ပြောင်းလဲခြင်း

ယောင်းက ဘာရယ်မဟုတ်ဘဲ အိပ်မပျော်လို့ ဘာလို့ အလုပ်ကြောင့်မို့ စတာတွေနဲ့ အိပ်ချိန်ပြောင်းလဲလိုက်တဲ့အခါ ဗိုက်ထဲက ကလေးမှာလည်း သက်ရောက်မှုတွေ ဖြစ်တတ်ပါတယ်။ ယောင်း ခံစားနေရသလို ကလေးလည်း ခံစားရတဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ တတ်နိုင်သမျှ ပုံမှန်လေးအိပ်ပေးတာ အကောင်းဆုံးဖြစ်မှာပါ။

၇။ အပူအစပ်စားခြင်း

အပူအစပ်တွေက မိခင်ရဲ့ချက်ကြိုးကနေ တစ်ဆင့် ကလေးဆီ ရောက်နိုင်တယ်ဆိုတာတော့ ယောင်းတို့အားလုံး သိပြီးသားဖြစ်ပါလိမ့်မယ်နော်။ နုနယ်လွန်းတဲ့ ကလေးငယ်တွေအတွက်တော့ ဒါတွေက သဘာကျ နှစ်သက်စရာတွေ မဟုတ်ပါဘူး။ ယောင်း အပူအစပ်စားပြီးရင် ကလေးရဲ့ လှုပ်ရှားမှုက ပုံမှန်နဲ့ မတူဘူးဆိုတာရော ယောင်းတို့ ခံစားမိပါသလား?

၈။ စိတ်ဓာတ်ကျခြင်း

စိတ်ဖိစီးမှု များတဲ့ မိခင်တွေလိုပါပဲ။ သင်ခံစားနေရသမျှကို ဟော်မုန်းတွေကနေတစ်ဆင့် ကလေးက သိကြားနေရပါလိမ့်မယ်။ မိခင်ကိုယ်တိုင်က စိတ်ဓာတ်ကျနေရင် ကလေးကလည်း ပျှော်ရွှင်နိုင်မယ် မထင်ပါဘူး။ သူများငိုတာမြင်ရင် ကိုယ်လည်း မျက်ရည်ဝဲသလိုပေါ့… ဒါတောင် မြင်ရတာပဲ ရှိသေးတာလေ.. ဟော်မုန်းကို တူတူခွဲနေရတဲ့ ကလေးလေးတွေက အဲဒီထက်ပိုတာပေါ့လို့…

၉။ မိခင်ဗိုက်ဆာခြင်း

မိခင်လောင်းဆိုတာ အာဟာရဓာတ်တွေ ပြည့်ဝနေရမယ့်သူတွေပါ။ အစားများများစား၊ လုံလောက်တဲ့ အနားယူမှုတွေ လုပ်ရမယ့်သူပါ။ ဒါကို မိခင်က အစာနဲ့ ဝေးနေပြီး ဘာမှအစားရသေးဘဲ ဗိုက်ဆာနေတယ်ဆိုရင်တော့ ယူ နည်းနည်း များဘီ လို့ ဆိုရမှာပါပဲ။ ယောင်းတစ်ယောက်တည်း မဟုတ်ဘဲ အထဲက ကလေးလေးလည်း ဗိုက်ဆာတတ်တာမို့ ပုံမှန်လေး သတိထားပြီး စားပါ။ မိခင် အာဟာရပြည့်မှ ကလေးဆီ ရောက်မှာမို့ ကိုယ်ဝန်ဆောင် မိခင်လောင်းတွေ အစာအာဟာရ ပြည့်ဝဖို့လည်း လိုအပ်ပါတယ်လို့…

ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာအောင်ကျော်မြင့် (ကျန်းကျန်းမာမာ by Alinker)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top