စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

အေဝးသင္၀ိဇၨာဘာသာရပ္ေတြ အနီးကပ္သင္ၾကားရက္ ၅ ရက္ ႏွစ္ႀကိမ္ခြဲတာနဲ႔ ပတ္သက္လို႔ ေက်ာင္းသား ေက်ာင္းသူေတြအေနနဲ႔ အဆင္မေျပတာေတြရွိတယ္ဆုိတဲ့ အသံေတြ ၾကားေနရတဲ့အတြက္ ျပန္စဥ္းစားၿပီး အေကာင္းဆံုးျဖစ္ေအာင္ ေဆာင္ရြက္ေပးသြားမယ္လို႔ ပညာေရး၀န္ႀကီးဌာန ဒု၀န္ႀကီး ဦး၀င္းေမာ္ထြန္းက ေျပာပါတယ္။

ဇန္န၀ါရီ ၂၂ ရက္ေန႔ အမ်ဳိးသားလႊတ္ေတာ္အစည္းအေ၀းမွာ မီဒီယာေတြရဲ႕ ေမးျမန္းခ်က္ေတြကို အခုလို ျပန္လည္ေျဖဆိုခဲ့တာျဖစ္ပါတယ္။

ဒု၀န္ႀကီး ဦး၀င္းေမာ္ထြန္းက “ပိုၿပီး ထိေရာက္ေအာင္ သင္ႏိုင္ေအာင္၊ ပိုၿပီး သင္ၾကားေရးေကာင္းလာေအာင္ဆုိၿပီး ကာလရွည္ ေတာက္ေလွ်ာက္သင္မယ့္အစား ႏွစ္ပိုင္းခြဲၿပီး လ်ာၾကည့္တာေပါ့။ လ်ာၾကည့္ေတာ့ က်ေနာ္တုိ႔လည္း ေတြ႔ပါတယ္။ ကေလးေတြ (အလုပ္လုပ္တဲ့ ကေလးေတြေပါ့ေနာ္) အဆင္မေျပဘူး။ ခြင့္ႏွစ္ခါယူရမယ္ အေဆာင္ႏွစ္ခါငွားရမယ္ ထမင္းဖိုး ႏွစ္ခါေပးရမယ္ စသျဖင့္ အခက္အခဲအမ်ားႀကီး က်ေနာ္တို႔ ၾကားရပါတယ္။ ၾကားရေတာ့ က်ေနာ္တို႔ ရည္ရြယ္ခ်က္က ပညာသင္တာ ပိုထိေရာက္ေအာင္ ေဆာင္ရြက္တယ္။ မထိေရာက္ဘူး၊ ရည္ရြယ္ရင္း မေျမာက္ဘူး ဆိုရင္ေတာ့ ျပန္စဥ္းစားရမွာေပါ့” လုိ႔ ေျပာပါတယ္။

ျပန္စဥ္းစားေဆာင္ရြက္တဲ့အပိုင္းမွာလည္း သက္ဆုိင္ရာ အေ၀းသင္သင္တန္းေတြကို တာ၀န္ခံတဲ့ တကၠသိုလ္ေတြက ပါေမာကၡေတြ၊ ပါေမာကၡခ်ဳပ္ေတြနဲ႔ ေက်ာင္းသားေတြအသံ နားေထာင္ၿပီး ေဆာင္ရြက္ေပးဖို႔ ညိႇႏိႈင္းၿပီးရင္ တရား၀င္ထုတ္ျပန္ေပးမယ္လုိ႔ ဆုိပါတယ္။

ဒု၀န္ႀကီး ဦး၀င္းေမာ္ထြန္းက “ညိႇႏိႈင္းေနတယ္ဆုိတာ ဒီလုိျဖစ္ရင္ေကာင္းမယ္လို႔ က်ေနာ္တို႔ ပထမ သင္ၾကားေရးဘက္က ဆႏၵသေဘာထားသိရတဲ့အတြက္ ကဲဒါျဖင့္လည္း သင္ဆိုၿပီး ေျပာလိုက္တာေပါ့။ သို႔ေသာ္ အခုနက သိတဲ့အတုိင္း အဆင္မေျပမႈေတြ အမွန္တကယ္ ရွိေနရင္ ျပန္ၾကည့္ေပးဖို႔၊ ေပါ့ေစလိုလို႔ ေၾကာင္႐ုပ္ထုိးရင္ ေဆးအတြက္ေလးတာေတာ့ ျဖစ္လုိ႔မရဘူးေပါ့ဗ်ာ။ အေကာင္းဆံုးျဖစ္ေအာင္ ေဆာင္ရြက္ေပးပါမယ္”လို႔ ေျပာပါ တယ္။

အေ၀းသင္၀ိဇၨာဘာသာရပ္ေတြအတြက္ အနီးကပ္ ဆယ္ရက္ အစား ငါးရက္ ႏွစ္ႀကိမ္ခြဲ တက္ဖို႔ ပံုစံေျပာင္းလဲလိုက္တာကို ဇန္န၀ါရီ ၁၆ ရက္ေန႔က အဆင့္ျမင့္ ပညာေရးဦးစီးဌာနက ထုတ္ျပန္ခဲ့ပါတယ္။

၂၀၁၉-၂၀ ပညာသင္ႏွစ္မွာ အေ၀းသင္ ၀ိဇၨာဘာသာရပ္ေတြ စာေမးပြဲမေျဖခင္ တႀကိမ္တည္း အနီးကပ္ ဆယ္ရက္တက္ရတာကုိ ေမလမွာ ငါးရက္နဲ႔ ေအာက္တိုဘာ၊ ႏုိ၀င္ဘာမွာ ငါးရက္ တက္ရမယ္လို႔ ေျပာင္းလဲလုိက္တာျဖစ္ပါတယ္။

ဒီလုိ ေျပာင္းလဲလိုက္တာနဲ႔ပတ္သက္လို႔ အေ၀းသင္ ေက်ာင္းသားေက်ာင္းသူေတြက ဖဲႀကိဳးနီလႈပ္ရွားမႈေတြ ျပဳလုပ္ၿပီး ကန္႔ကြက္ေနၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

# Unicode Version # ျဖင့္ ဖတ္ပါ #

အဝေးသင်ဝိဇ္ဇာဘာသာရပ်တွေ အနီးကပ်သင်ကြားရက် ၅ ရက် နှစ်ကြိမ်ခွဲတာနဲ့ ပတ်သက်လို့ ကျောင်းသား ကျောင်းသူတွေအနေနဲ့ အဆင်မပြေတာတွေရှိတယ်ဆိုတဲ့ အသံတွေ ကြားနေရတဲ့အတွက် ပြန်စဉ်းစားပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားမယ်လို့ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောပါတယ်။

ဇန်နဝါရီ ၂၂ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို အခုလို ပြန်လည်ဖြေဆိုခဲ့တာဖြစ်ပါတယ်။

ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက “ပိုပြီး ထိရောက်အောင် သင်နိုင်အောင်၊ ပိုပြီး သင်ကြားရေးကောင်းလာအောင်ဆိုပြီး ကာလရှည် တောက်လျှောက်သင်မယ့်အစား နှစ်ပိုင်းခွဲပြီး လျာကြည့်တာပေါ့။ လျာကြည့်တော့ ကျနော်တို့လည်း တွေ့ပါတယ်။ ကလေးတွေ (အလုပ်လုပ်တဲ့ ကလေးတွေပေါ့နော်) အဆင်မပြေဘူး။ ခွင့်နှစ်ခါယူရမယ် အဆောင်နှစ်ခါငှားရမယ် ထမင်းဖိုး နှစ်ခါပေးရမယ် စသဖြင့် အခက်အခဲအများကြီး ကျနော်တို့ ကြားရပါတယ်။ ကြားရတော့ ကျနော်တို့ ရည်ရွယ်ချက်က ပညာသင်တာ ပိုထိရောက်အောင် ဆောင်ရွက်တယ်။ မထိရောက်ဘူး၊ ရည်ရွယ်ရင်း မမြောက်ဘူး ဆိုရင်တော့ ပြန်စဉ်းစားရမှာပေါ့” လို့ ပြောပါတယ်။

ပြန်စဉ်းစားဆောင်ရွက်တဲ့အပိုင်းမှာလည်း သက်ဆိုင်ရာ အဝေးသင်သင်တန်းတွေကို တာဝန်ခံတဲ့ တက္ကသိုလ်တွေက ပါမောက္ခတွေ၊ ပါမောက္ခချုပ်တွေနဲ့ ကျောင်းသားတွေအသံ နားထောင်ပြီး ဆောင်ရွက်ပေးဖို့ ညှိနှိုင်းပြီးရင် တရားဝင်ထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။

ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက “ညှိနှိုင်းနေတယ်ဆိုတာ ဒီလိုဖြစ်ရင်ကောင်းမယ်လို့ ကျနော်တို့ ပထမ သင်ကြားရေးဘက်က ဆန္ဒသဘောထားသိရတဲ့အတွက် ကဲဒါဖြင့်လည်း သင်ဆိုပြီး ပြောလိုက်တာပေါ့။ သို့သော် အခုနက သိတဲ့အတိုင်း အဆင်မပြေမှုတွေ အမှန်တကယ် ရှိနေရင် ပြန်ကြည့်ပေးဖို့၊ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးရင် ဆေးအတွက်လေးတာတော့ ဖြစ်လို့မရဘူးပေါ့ဗျာ။ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးပါမယ်”လို့ ပြောပါ တယ်။

အဝေးသင်ဝိဇ္ဇာဘာသာရပ်တွေအတွက် အနီးကပ် ဆယ်ရက် အစား ငါးရက် နှစ်ကြိမ်ခွဲ တက်ဖို့ ပုံစံပြောင်းလဲလိုက်တာကို ဇန်နဝါရီ ၁၆ ရက်နေ့က အဆင့်မြင့် ပညာရေးဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၉-၂၀ ပညာသင်နှစ်မှာ အဝေးသင် ဝိဇ္ဇာဘာသာရပ်တွေ စာမေးပွဲမဖြေခင် တကြိမ်တည်း အနီးကပ် ဆယ်ရက်တက်ရတာကို မေလမှာ ငါးရက်နဲ့ အောက်တိုဘာ၊ နိုဝင်ဘာမှာ ငါးရက် တက်ရမယ်လို့ ပြောင်းလဲလိုက်တာဖြစ်ပါတယ်။

ဒီလို ပြောင်းလဲလိုက်တာနဲ့ပတ်သက်လို့ အဝေးသင် ကျောင်းသားကျောင်းသူတွေက ဖဲကြိုးနီလှုပ်ရှားမှုတွေ ပြုလုပ်ပြီး ကန့်ကွက်နေကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:DVB

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top