ဗဟန္းၿမိဳ႕နယ္တြင္ ေဆးေျခာက္ ႏွင့္အတူဖမ္းဆီးရမိသူ ၄ ဦးကို စစ္ေဆးခဲ့ရာ မူးယစ္ေဆးဝါးေရာင္းခ်သူကို ကြင္းဆက္အျဖစ္ ဇန္နဝါရီ ၉ ရက္က မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။

ဗဟန္းၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ ဇန္နဝါရီ ၈ ရက္ ည ၁၀ နာရီခြဲခန႔္တြင္ ေရတာရွည္လမ္းႏွင့္ နႏၵဝန္လမ္းေထာင့္၌ သက္ႏိုင္ေအာင္၊ ျပည့္ၿဖိဳးႏိုင္၊ ရဲေဇာ္ဦး၊ ရဲၿဖိဳးေက်ာ္ တို႔အား ေဆးေျခာက္ဟုယူဆရေသာ အ႐ြက္ေျခာက္ ၆ ဒသမ ၅ ဂရမ္ ႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။

သက္ဆိုင္ရာက မယ(ပ)၃/၁၉၊ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစ ေသာေဆးဝါးမ်ားဆိုင္ရာဥပေဒပုဒ္မ ၁၆(ဂ)/၂၁ ျဖင့္ စစ္ေဆးခဲ့ရာ အဆိုပါပစၥည္းမ်ားမွာ ဗဟန္းၿမိဳ႕နယ္၊ ငါးထပ္ႀကီးေတာင္ ရပ္ကြက္၊ ဦးဖိုးသာလမ္းေန ေတာႀကီး(ခ)မ်ိဳးျမင့္ေအာင္ (၃၁)ႏွစ္ ထံမွ ဝယ္ယူရရွိေၾကာင္းေပၚေပါက္ခဲ့သည္။

သက္ဆိုင္ရာက ဇန္နဝါရီ  ၉ရက္ ညသန္းေခါင္ေက်ာ္ ၁ နာရီ ၄၀ မိနစ္ အခ်ိန္တြင္ ေတာႀကီးဂ(ခ) မ်ိဳးျမင့္ေအာင္၏ေနအိမ္ၿခံဝင္းအတြင္း ဝင္ေရာက္ စစ္ေဆးရွာေဖြရာ  ေနအိမ္ေနာက္ေဖး အိမ္သာအတြင္း အနက္ေရာင္သားေရဂစ္တာအိတ္ကို ပိုက္လ်က္ထိုင္ေနသည့္ကိုေတြ႕ရွိခဲ့သည္။ ၎၏ခႏၶာကိုယ္ႏွင့္ ဂစ္တာအိတ္အား ဖြင့္၍ရွာေဖြရာ အဆိုပါ ဂစ္တာအိတ္အတြင္းရွိ ႀကိဳးမပါ နီညိဳေရာင္ ဂစ္တာအေဟာင္း၏ ဂစ္တာအိုးအတြင္းမွ WY စာတမ္းပါ စိတ္ႂကြ႐ူးသြပ္ေဆးျပား(၁၈၆၀)ျပားႏွင့္ ေဆးေျခာက္ဟုယူဆရေသာ အ႐ြက္ေျခာက္အေလးခ်ိန္(၂၂၈)ဂရမ္ခန႔္ တို႔ကို ရွာေဖြေတြ႕ရွိသျဖင့္ မူးယစ္ေဆးဝါး ဥပေဒအရ ဆက္လက္အမႈဖြင့္ အေရးယူထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myanmar Time

#Unicode Version#

ဗဟန်းမြို့နယ်တွင် ဆေးခြောက် နှင့်အတူဖမ်းဆီးရမိသူ ၄ ဦးကို စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးရောင်းချသူကို ကွင်းဆက်အဖြစ် ဇန်နဝါရီ ၉ ရက်က မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဗဟန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၈ ရက် ည ၁၀ နာရီခွဲခန့်တွင် ရေတာရှည်လမ်းနှင့် နန္ဒဝန်လမ်းထောင့်၌ သက်နိုင်အောင်၊ ပြည့်ဖြိုးနိုင်၊ ရဲဇော်ဦး၊ ရဲဖြိုးကျော် တို့အား ဆေးခြောက်ဟုယူဆရသော အရွက်ခြောက် ၆ ဒသမ ၅ ဂရမ် နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

သက်ဆိုင်ရာက မယ(ပ)၃/၁၉၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၆(ဂ)/၂၁ ဖြင့် စစ်ဆေးခဲ့ရာ အဆိုပါပစ္စည်းများမှာ ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးတောင် ရပ်ကွက်၊ ဦးဖိုးသာလမ်းနေ တောကြီး(ခ)မျိုးမြင့်အောင် (၃၁)နှစ် ထံမှ ဝယ်ယူရရှိကြောင်းပေါ်ပေါက်ခဲ့သည်။

သက်ဆိုင်ရာက ဇန်နဝါရီ  ၉ရက် ညသန်းခေါင်ကျော် ၁ နာရီ ၄၀ မိနစ် အချိန်တွင် တောကြီးဂ(ခ) မျိုးမြင့်အောင်၏နေအိမ်ခြံဝင်းအတွင်း ဝင်ရောက် စစ်ဆေးရှာဖွေရာ  နေအိမ်နောက်ဖေး အိမ်သာအတွင်း အနက်ရောင်သားရေဂစ်တာအိတ်ကို ပိုက်လျက်ထိုင်နေသည့်ကိုတွေ့ရှိခဲ့သည်။ ၎င်း၏ခန္ဓာကိုယ်နှင့် ဂစ်တာအိတ်အား ဖွင့်၍ရှာဖွေရာ အဆိုပါ ဂစ်တာအိတ်အတွင်းရှိ ကြိုးမပါ နီညိုရောင် ဂစ်တာအဟောင်း၏ ဂစ်တာအိုးအတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား(၁၈၆၀)ပြားနှင့် ဆေးခြောက်ဟုယူဆရသော အရွက်ခြောက်အလေးချိန်(၂၂၈)ဂရမ်ခန့် တို့ကို ရှာဖွေတွေ့ရှိသဖြင့် မူးယစ်ဆေးဝါး ဥပဒေအရ ဆက်လက်အမှုဖွင့် အရေးယူထားသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top