သံလမ္းမွတ္တိုင္အနီး ဓမၼသုခေက်ာင္းလမ္းရွိ ေျမအခ်ိဳးက် ပိုင္ဆိုင္မည့္ The Leaf Residence အထူးအေရာင္းျပပြဲ
×



အသက္အ႐ြယ္ေၾကာင့္ျဖစ္ေစ၊ စိတ္ဖိစီးမႈဒဏ္ေတြေၾကာင့္ပဲျဖစ္ေစ မ်က္ႏွာအသားအေရေပၚနဲ႔ မ်က္လုံးတဝိုက္မွာ အေရးအေၾကာင္းေတြဟာ အနည္းနဲ႔အမ်ားဆိုသလို ျဖစ္ေပၚတတ္ၾကပါတယ္။

ဒီလိုအေရးအေၾကာင္း ျပႆနာအတြက္ေတာ့ အုန္းဆီဟာ အထိေရာက္ဆုံးနဲ႔အေကာင္းမြန္ဆုံးသဘာဝပစၥည္းတမ်ိဳးျဖစ္ၿပီး အုန္းဆီဟာ ဆဲလ္အသစ္ေတြျပန္လည္ျဖစ္ေပၚဖို႔နဲ႔ အသားအေရကို တင္းရင္းႏုပ်ိဳေစတဲ့ Collagen ထြက္ရွိမႈကို လႈံ႕ေဆာ္ေပးႏိုင္တာေၾကာင့္ အုန္းဆီကို အသုံးျပဳၿပီး အေရးအေၾကာင္းေတြကို ဖယ္ရွားသက္သာေစႏိုင္မယ့္ နည္းလမ္းေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။


(၁) အုန္းဆီနဲ႔ပ်ားရည္

အုန္းဆီ လက္ဖက္ရည္ဇြန္းတဇြန္းနဲ႔ ပ်ားရည္ လက္ဖက္ရည္ဇြန္း တဝက္ခန႔္ကို ေရာစပ္ကာ အေရးအေၾကာင္းေတြရွိတဲ့ မ်က္ႏွာအသားအေရ တဝိုက္ကို လိမ္းက်ံ ႏွိပ္နယ္ေပးၿပီး ၁၅ မိနစ္ခန႔္ၾကာရင္ေတာ့ ေရနဲ႔ျပန္လည္ ေဆးေၾကာေပးရမွာ ျဖစ္ပါတယ္။ ပ်ားရည္မွာ ပါဝင္တဲ့ antioxidant ဟာ အသားအေရကို ျပန္လည္တင္းရင္းေစတာေၾကာင့္ ဒီနည္းလမ္းအတိုင္း တပတ္မွာ တႀကိမ္ခန႔္ ျပဳလုပ္ေပးသင့္ပါတယ္။

(၂) အုန္းဆီနဲ႔ ဗီတာမင္အီး

ဗီတာမင္အီးဟာ အသားအေရကို ေရဓာတ္ျဖည့္တင္းေပးႏိုင္ၿပီး ေခ်ာေမြ႕ႏူးညံ့ေစတာေၾကာင့္ အုန္းဆီနဲ႔ဗီတာမင္အီး capsule တလုံးတို႔ကို ေရာစပ္ကာ မ်က္ႏွာအသားအေရေပၚမွာ လိမ္းက်ံေပးၿပီး နာရီဝက္ေလာက္ၾကာရင္ ေရနဲ႔ျပန္လည္ ေဆးေၾကာေပးပါ။ ဒီနည္းလမ္းကိုေတာ့ ညအိပ္ရာ ဝင္ခါနီးတိုင္း ျပဳလုပ္ေပးမယ္ဆိုရင္ အေရးအေၾကာင္းေတြ ထပ္မံမျဖစ္ေပၚလာေအာင္ ကာကြယ္ေပးႏိုင္မွာ ျဖစ္ပါတယ္။

(၃) အုန္းဆီ

မ်က္ႏွာကို ေသခ်ာစြာ သန႔္ရွင္းေဆးေၾကာထားၿပီး အုန္းဆီစစ္စစ္ အနည္းငယ္ကို မ်က္ႏွာနဲ႔ မ်က္လုံးတဝိုက္က အေရးအေၾကာင္းေတြေပၚမွာ လိမ္းက်ံေပးၿပီး အသာအယာ ႏွိပ္နယ္ေပးရမွာ ျဖစ္ပါတယ္။ ဒီနည္းလမ္းကိုေတာ့ ညအိပ္ရာ ဝင္ခါနီးတိုင္း ျပဳလုပ္ေပးရမွာပဲျဖစ္ၿပီး အုန္းဆီကို မ်က္ႏွာေပၚမွာ ညလုံးေပါက္ထားအိပ္ေပးရမွာ ျဖစ္ပါတယ္။

မ်က္ႏွာေပၚက အေရးအေၾကာင္းေတြဟာ ခ်က္ခ်င္းဆိုသလို ေပ်ာက္ကင္းသြားႏိုင္တာမ်ိဳး မဟုတ္တာေၾကာင့္ အခုေဖာ္ျပခဲ့တဲ့ နည္းလမ္းေတြကို စိတ္ရွည္ရွည္နဲ႔ ျပဳလုပ္ေပးရမွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy

#Unicode Version#


အသက်အရွယ်ကြောင့်ဖြစ်စေ၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့်ပဲဖြစ်စေ မျက်နှာအသားအရေပေါ်နဲ့ မျက်လုံးတဝိုက်မှာ အရေးအကြောင်းတွေဟာ အနည်းနဲ့အများဆိုသလို ဖြစ်ပေါ်တတ်ကြပါတယ်။

ဒီလိုအရေးအကြောင်း ပြဿနာအတွက်တော့ အုန်းဆီဟာ အထိရောက်ဆုံးနဲ့အကောင်းမွန်ဆုံးသဘာဝပစ္စည်းတမျိုးဖြစ်ပြီး အုန်းဆီဟာ ဆဲလ်အသစ်တွေပြန်လည်ဖြစ်ပေါ်ဖို့နဲ့ အသားအရေကို တင်းရင်းနုပျိုစေတဲ့ Collagen ထွက်ရှိမှုကို လှုံ့ဆော်ပေးနိုင်တာကြောင့် အုန်းဆီကို အသုံးပြုပြီး အရေးအကြောင်းတွေကို ဖယ်ရှားသက်သာစေနိုင်မယ့် နည်းလမ်းတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။


(၁) အုန်းဆီနဲ့ပျားရည်

အုန်းဆီ လက်ဖက်ရည်ဇွန်းတဇွန်းနဲ့ ပျားရည် လက်ဖက်ရည်ဇွန်း တဝက်ခန့်ကို ရောစပ်ကာ အရေးအကြောင်းတွေရှိတဲ့ မျက်နှာအသားအရေ တဝိုက်ကို လိမ်းကျံ နှိပ်နယ်ပေးပြီး ၁၅ မိနစ်ခန့်ကြာရင်တော့ ရေနဲ့ပြန်လည် ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ ပျားရည်မှာ ပါဝင်တဲ့ antioxidant ဟာ အသားအရေကို ပြန်လည်တင်းရင်းစေတာကြောင့် ဒီနည်းလမ်းအတိုင်း တပတ်မှာ တကြိမ်ခန့် ပြုလုပ်ပေးသင့်ပါတယ်။

(၂) အုန်းဆီနဲ့ ဗီတာမင်အီး

ဗီတာမင်အီးဟာ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးနိုင်ပြီး ချောမွေ့နူးညံ့စေတာကြောင့် အုန်းဆီနဲ့ဗီတာမင်အီး capsule တလုံးတို့ကို ရောစပ်ကာ မျက်နှာအသားအရေပေါ်မှာ လိမ်းကျံပေးပြီး နာရီဝက်လောက်ကြာရင် ရေနဲ့ပြန်လည် ဆေးကြောပေးပါ။ ဒီနည်းလမ်းကိုတော့ ညအိပ်ရာ ဝင်ခါနီးတိုင်း ပြုလုပ်ပေးမယ်ဆိုရင် အရေးအကြောင်းတွေ ထပ်မံမဖြစ်ပေါ်လာအောင် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

(၃) အုန်းဆီ

မျက်နှာကို သေချာစွာ သန့်ရှင်းဆေးကြောထားပြီး အုန်းဆီစစ်စစ် အနည်းငယ်ကို မျက်နှာနဲ့ မျက်လုံးတဝိုက်က အရေးအကြောင်းတွေပေါ်မှာ လိမ်းကျံပေးပြီး အသာအယာ နှိပ်နယ်ပေးရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကိုတော့ ညအိပ်ရာ ဝင်ခါနီးတိုင်း ပြုလုပ်ပေးရမှာပဲဖြစ်ပြီး အုန်းဆီကို မျက်နှာပေါ်မှာ ညလုံးပေါက်ထားအိပ်ပေးရမှာ ဖြစ်ပါတယ်။

မျက်နှာပေါ်က အရေးအကြောင်းတွေဟာ ချက်ချင်းဆိုသလို ပျောက်ကင်းသွားနိုင်တာမျိုး မဟုတ်တာကြောင့် အခုဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို စိတ်ရှည်ရှည်နဲ့ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top