စကၤာပူတြင္က်င္းပမည့္ ကိုယ္ပိုင္ကမ္းေျခအသစ္ Kangyi Paradise ရွိ ေျမကြက္ ႏွင့္ Service Apartment အေရာင္းျပပြဲ
×

မြန္ျပည္နယ္ ေရးၿမိဳ႕နယ္တြင္ တည္ေထာင္မည့္ မူးယစ္ေဆးစြဲ ကုသေရးႏွင့္ ျပန္လည္ ထူေထာင္ေရး ဌာန ဆိုင္းဘုတ္ တင္ရန္ ျပင္ဆင္ေနသည္ကို ေတြ႕ရစဥ္

မြန္ရပ္႐ြာ ေခါင္းေဆာင္မ်ားက မူးယစ္ေဆးစြဲ လူငယ္မ်ား ျပန္လည္ ထူေထာင္ေရး ဌာနတခုကို မြန္ျပည္နယ္ ေရး ၿမိဳ႕ နယ္ တြင္ တည္ေထာင္ရန္ စီစဥ္ေနေၾကာင္း မြန္သတင္းရင္းျမစ္မ်ားထံမွ သိရသည္။ထို ျပန္လည္ ထူေထာင္ေရး ဌာနအတြက္ မြန္ျပည္သစ္ပါတီ (NMSP)က ေျမ ၃ ဧက လႉဒါန္းသည္။

တည္ေဆာက္ေရး ေကာ္မတီဝင္မ်ားသည္ ထိုေျမကြက္ကို စတင္ ရွင္းလင္းရန္ ေျမထိုးစက္တစင္း အသုံးျပဳလုပ္ ေဆာင္ေနၿပီး ေရပိုက္လိုင္းမ်ား ခ်ရန္ စီစဥ္ေနၿပီျဖစ္သည္။ အေဆာက္အအုံကို မၾကာမီ ၿပီးစီးရန္ ေမွ်ာ္လင့္ေၾကာင္း ေကာ္မတီဝင္မ်ားက ေျပာသည္။

အဖြဲ႕ဝင္ ၄၅ ဦးပါ ထိုေကာ္မတီတြင္ မြန္ျပည္သစ္ပါတီမွ ၁၅ ဦး၊ မြန္ဘုန္းေတာ္ႀကီး ၁၅ ပါးႏွင့္ ရပ္႐ြာမွ လူ ၁၅ ဦးပါဝင္ ၿပီး ျပန္လည္ ထူေထာင္ေရးဌာနကို ေရရွည္လုပ္ငန္း အျဖစ္ လုပ္ကိုင္မည္ဟု ၎တို႔က ဆိုသည္။“ျပန္လည္ ထူေထာင္ေရးဌာန တည္ေဆာက္ၿပီးရင္ မူးယစ္ေဆးစြဲသူေတြကို အခမဲ့ ကုသေပးမယ္။ သူတို႔ ေဆးျပတ္ သြားရင္ ပညာေပးေရးပါ လုပ္မယ္” ဟု ေကာ္မတီ ေခါင္းေဆာင္ တဦးျဖစ္သူ ႏိုင္တင္ရွိန္က ေျပာသည္။

“ဒါက ေရရွည္စီမံကိန္းပဲ။ က်ေနာ္တို႔မွာ ေငြလုံလုံေလာက္ေလာက္ေတာ့ မရွိေသးေပမယ့္ ဆက္လုပ္မယ္။ မြန္ အသိုင္း အဝန္း ရဲ႕ အလႉေငြကို မွီခိုရမွာပဲ။ လူနာေတြကို ေစာင့္ေရွာက္ဖို႔ မြန္ျပည္သစ္ပါတီက ေဆးဝန္ထမ္းေတြ လႊတ္ေပးမယ္” ဟုလည္း သူက ရွင္းျပသည္။

ထိုစီမံကိန္းတြင္ ဝန္ထမ္းလခႏွင့္ ေဆးဖိုးေငြလိုသည္။ မြန္ ဗုဒၶဘာသာ ဘုန္းေတာ္ႀကီးမ်ားႏွင့္ ရပ္႐ြာေခါင္းေဆာင္မ်ား က ထိုစရိတ္မ်ားကို က်ခံရန္ ကမ္းလွမ္းထားသည္။“တကယ္ေတာ့ ဒီလိုစီမံကိန္းမ်ိဳးဆိုတာ အစိုးရရဲ႕တာဝန္ပဲ။ သူတို႔က မလုပ္ဘူး။ ဒါေၾကာင့္ ကိုယ့္တိုင္းရင္းသားကို ကိုယ္ကူညီရမယ္” ဟုလည္း ႏိုင္တင္ရွိန္က ေျပာသည္။

အထူးသျဖင့္ မက္သာဖက္တမင္း မူးယစ္ေဆးဝါးမ်ားသည္ မြန္ အသိုင္းအဝန္းအတြက္ ျပင္းထန္ေသာ ၿခိမ္းေျခာက္မႈ ျဖစ္ေနၿပီး မူးယစ္ေဆးစြဲျခင္းမွာ လူငယ္မ်ားၾကား ႀကီးထြားေနေသာ ျပႆနာ ျဖစ္ေနသည္။မူးယစ္ေဆးစြဲ သူမ်ား၏ မိသားစုမ်ားမွာ ေဆးစြဲသူမ်ား ဘဝသစ္ စတင္ႏိုင္ရန္ မည္သည့္ေနရာသို႔ ပို႔ေဆာင္ရမည္ကို လည္း မသိျဖစ္ေနသည္။

ထို႔ေၾကာင့္ မြန္ အသိုင္းအဝန္း ေခါင္းေဆာင္မ်ား အေနျဖင့္ ၎တို႔ အသိုင္းအဝန္းကို ကယ္တင္ရန္ တခုခု လုပ္ရမည္ ဟု ခံစားမိေၾကာင္း ေကာ္မတီဝင္မ်ားက ေျပာၾကသည္။

“က်ေနာ္တို႔ အသိုင္းအဝန္းမွာ မူးယစ္းေဆးအႏၲရာယ္ အဓိက ရင္ဆိုင္ရတာ လူငယ္ေတြပဲ။ သူတို႔ေတြဟာ အနာဂတ္ မြန္ ေခါင္းေဆာင္ေတြပဲ။ သူတို႔ကို က်ေနာ္တို႔ ကူညီရမယ္။ မကူညီရင္ ဒီေရာဂါက ပိုဆိုးလာမယ္”ဟု ႏိုင္တင္ရွိန္က ဆိုသည္။

ထိုျပႆနာ၏ အေၾကာင္းရင္းတခုမွာ မြန္လူငယ္ အမ်ားအျပားသည္ ဘြဲ႕ရၿပီးေသာ္လည္း အလုပ္လက္မဲ့ ျဖစ္ေနၾက ေသာ ေၾကာင့္ဟု သူက ရွင္းျပသည္။သူတို႔၏ အနာဂတ္ ေပ်ာက္ဆုံးေနေသာေၾကာင့္ တခ်ိဳ႕က မက္သာ ဖက္တမင္း သုံးစြဲၾကေၾကာင္းလည္း ႏိုင္တင္ရွိန္ က ဆက္ေျပာသည္။

ယခု တည္ေဆာက္ေနေသာ ျပန္လည္ထူေထာင္ေရး ဌာနသည္ မုဒုံ၊ သံျဖဴဇရပ္ႏွင့္ ေမာ္လၿမိဳင္ စသည့္ ၿမိဳ႕နယ္မ်ားႏွင့္ အလွမ္း ေဝးေၾကာင္း၊ သို႔ေသာ္လည္း အသိုင္းအဝန္း အမ်ားစုသည္ ၎တို႔ၾကားတြင္ မူးယစ္ေဆးစြဲ ျပန္လည္ ထူေထာင္ ေရး စခန္းဖြင့္မည့္ အစီအစဥ္ကို လက္မခံေသာေၾကာင့္ မြန္ျပည္သစ္ပါတီ ထိန္းခ်ဳပ္နယ္ေျမတြင္ ဖြင့္လွစ္ရ ျခင္း ျဖစ္ေၾကာင္းလည္း ႏိုင္တင္ရွိန္က ရွင္းျပသည္။

မြန္ျပည္နယ္ အစိုးရသည္ မူးယစ္ေဆး သုံးစြဲသူမ်ား ကိစၥကို ကိုင္တြယ္ရန္ ပ်က္ကြက္ေနေၾကာင္း ၎က ေျပာသည္။ရာႏွင့္ခ်ီေသာ မြန္ တိုင္းရင္းသားမ်ားသည္ မူးယစ္ေဆးစြဲေနၿပီး ကုသရန္ လိုအပ္ေနေသာ္လည္း တခုတည္းေသာ ကုသ ေပးႏိုင္သည့္ ေနရာမွ ေမာ္လၿမိဳင္ေဆး႐ုံမွ အခန္းငယ္ တခုသာျဖစ္ေၾကာင္း ႏိုင္တင္ရွိန္က ဆိုသည္။

ယခုတည္ေဆာက္မည့္ ျပန္လည္ထူေထာင္ေရး ဌာနသည္ အခမဲ့ ကုသေပးမည့္ ေနရာျဖစ္ၿပီး အစားအစာ၊ ေဆးကုသ မႈႏွင့္ ေနထိုင္ရန္ ေနရာ စသည့္ လိုအပ္ခ်က္မ်ားကို စီစဥ္ေပးမည္ ျဖစ္ေၾကာင္း၊ ထို႔ျပင္ မူးယစ္ေဆး အႏၲရာယ္ ဆိုင္ရာ ပညာေပးမႈ မ်ားကိုလည္း ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

မြန္အသိုင္းအဝန္း၏ စီးပြားေရး၊ ပညာေရး အပါအဝင္ က႑ အမ်ားအျပားမွာလည္း ဆိုး႐ြားစြာ ထိခိုက္ေနေၾကာင္း တျခားေသာ ေကာ္မတီဝင္ တဦးျဖစ္သူ ႏိုင္ေအာင္ထူးက ေျပာသည္။မြန္ အသိုင္းအဝန္းၾကား မူးယစ္ေဆးသုံးစြဲမႈ ျပႆနာသည္ အက်ပ္အတည္း အဆင့္သို႔ ေရာက္ေနၿပီ ျဖစ္ေၾကာင္းႏွင့္ ျပႆနာသည္ စာသင္ေက်ာင္းမ်ား အထိပင္ ပ်ံ႕ႏွံ႔ ေနေၾကာင္းလည္း သူက ေျပာသည္။

မူးယစ္ေဆး သုံးသူမ်ားကို ပစ္မွတ္ထား ဖမ္းဆီးၿပီး ေရာင္းခ်သူမ်ား လြတ္ေျမာက္ေနသည္ကို ေထာက္ျပကာ ရဲတပ္ဖြဲ႕ ကိုလည္း ႏိုင္ေအာင္ထူးက ေဝဖန္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy

#Unicode Version#

မွန်ရပ်ရွာ ခေါင်းဆောင်များက မူးယစ်ဆေးစွဲ လူငယ်များ ပြန်လည် ထူထောင်ရေး ဌာနတခုကို မွန်ပြည်နယ် ရေး မြို့ နယ် တွင် တည်ထောင်ရန် စီစဉ်နေကြောင်း မွန်သတင်းရင်းမြစ်များထံမှ သိရသည်။ထို ပြန်လည် ထူထောင်ရေး ဌာနအတွက် မွန်ပြည်သစ်ပါတီ (NMSP)က မြေ ၃ ဧက လှူဒါန်းသည်။

တည်ဆောက်ရေး ကော်မတီဝင်များသည် ထိုမြေကွက်ကို စတင် ရှင်းလင်းရန် မြေထိုးစက်တစင်း အသုံးပြုလုပ် ဆောင်နေပြီး ရေပိုက်လိုင်းများ ချရန် စီစဉ်နေပြီဖြစ်သည်။ အဆောက်အအုံကို မကြာမီ ပြီးစီးရန် မျှော်လင့်ကြောင်း ကော်မတီဝင်များက ပြောသည်။

အဖွဲ့ဝင် ၄၅ ဦးပါ ထိုကော်မတီတွင် မွန်ပြည်သစ်ပါတီမှ ၁၅ ဦး၊ မွန်ဘုန်းတော်ကြီး ၁၅ ပါးနှင့် ရပ်ရွာမှ လူ ၁၅ ဦးပါဝင် ပြီး ပြန်လည် ထူထောင်ရေးဌာနကို ရေရှည်လုပ်ငန်း အဖြစ် လုပ်ကိုင်မည်ဟု ၎င်းတို့က ဆိုသည်။“ပြန်လည် ထူထောင်ရေးဌာန တည်ဆောက်ပြီးရင် မူးယစ်ဆေးစွဲသူတွေကို အခမဲ့ ကုသပေးမယ်။ သူတို့ ဆေးပြတ် သွားရင် ပညာပေးရေးပါ လုပ်မယ်” ဟု ကော်မတီ ခေါင်းဆောင် တဦးဖြစ်သူ နိုင်တင်ရှိန်က ပြောသည်။

“ဒါက ရေရှည်စီမံကိန်းပဲ။ ကျနော်တို့မှာ ငွေလုံလုံလောက်လောက်တော့ မရှိသေးပေမယ့် ဆက်လုပ်မယ်။ မွန် အသိုင်း အဝန်း ရဲ့ အလှူငွေကို မှီခိုရမှာပဲ။ လူနာတွေကို စောင့်ရှောက်ဖို့ မွန်ပြည်သစ်ပါတီက ဆေးဝန်ထမ်းတွေ လွှတ်ပေးမယ်” ဟုလည်း သူက ရှင်းပြသည်။

ထိုစီမံကိန်းတွင် ဝန်ထမ်းလခနှင့် ဆေးဖိုးငွေလိုသည်။ မွန် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် ရပ်ရွာခေါင်းဆောင်များ က ထိုစရိတ်များကို ကျခံရန် ကမ်းလှမ်းထားသည်။“တကယ်တော့ ဒီလိုစီမံကိန်းမျိုးဆိုတာ အစိုးရရဲ့တာဝန်ပဲ။ သူတို့က မလုပ်ဘူး။ ဒါကြောင့် ကိုယ့်တိုင်းရင်းသားကို ကိုယ်ကူညီရမယ်” ဟုလည်း နိုင်တင်ရှိန်က ပြောသည်။

အထူးသဖြင့် မက်သာဖက်တမင်း မူးယစ်ဆေးဝါးများသည် မွန် အသိုင်းအဝန်းအတွက် ပြင်းထန်သော ခြိမ်းခြောက်မှု ဖြစ်နေပြီး မူးယစ်ဆေးစွဲခြင်းမှာ လူငယ်များကြား ကြီးထွားနေသော ပြဿနာ ဖြစ်နေသည်။မူးယစ်ဆေးစွဲ သူများ၏ မိသားစုများမှာ ဆေးစွဲသူများ ဘဝသစ် စတင်နိုင်ရန် မည်သည့်နေရာသို့ ပို့ဆောင်ရမည်ကို လည်း မသိဖြစ်နေသည်။

ထို့ကြောင့် မွန် အသိုင်းအဝန်း ခေါင်းဆောင်များ အနေဖြင့် ၎င်းတို့ အသိုင်းအဝန်းကို ကယ်တင်ရန် တခုခု လုပ်ရမည် ဟု ခံစားမိကြောင်း ကော်မတီဝင်များက ပြောကြသည်။

“ကျနော်တို့ အသိုင်းအဝန်းမှာ မူးယစ်းဆေးအန္တရာယ် အဓိက ရင်ဆိုင်ရတာ လူငယ်တွေပဲ။ သူတို့တွေဟာ အနာဂတ် မွန် ခေါင်းဆောင်တွေပဲ။ သူတို့ကို ကျနော်တို့ ကူညီရမယ်။ မကူညီရင် ဒီရောဂါက ပိုဆိုးလာမယ်”ဟု နိုင်တင်ရှိန်က ဆိုသည်။

ထိုပြဿနာ၏ အကြောင်းရင်းတခုမှာ မွန်လူငယ် အများအပြားသည် ဘွဲ့ရပြီးသော်လည်း အလုပ်လက်မဲ့ ဖြစ်နေကြ သော ကြောင့်ဟု သူက ရှင်းပြသည်။သူတို့၏ အနာဂတ် ပျောက်ဆုံးနေသောကြောင့် တချို့က မက်သာ ဖက်တမင်း သုံးစွဲကြကြောင်းလည်း နိုင်တင်ရှိန် က ဆက်ပြောသည်။

ယခု တည်ဆောက်နေသော ပြန်လည်ထူထောင်ရေး ဌာနသည် မုဒုံ၊ သံဖြူဇရပ်နှင့် မော်လမြိုင် စသည့် မြို့နယ်များနှင့် အလှမ်း ဝေးကြောင်း၊ သို့သော်လည်း အသိုင်းအဝန်း အများစုသည် ၎င်းတို့ကြားတွင် မူးယစ်ဆေးစွဲ ပြန်လည် ထူထောင် ရေး စခန်းဖွင့်မည့် အစီအစဉ်ကို လက်မခံသောကြောင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွင် ဖွင့်လှစ်ရ ခြင်း ဖြစ်ကြောင်းလည်း နိုင်တင်ရှိန်က ရှင်းပြသည်။

မွန်ပြည်နယ် အစိုးရသည် မူးယစ်ဆေး သုံးစွဲသူများ ကိစ္စကို ကိုင်တွယ်ရန် ပျက်ကွက်နေကြောင်း ၎င်းက ပြောသည်။ရာနှင့်ချီသော မွန် တိုင်းရင်းသားများသည် မူးယစ်ဆေးစွဲနေပြီး ကုသရန် လိုအပ်နေသော်လည်း တခုတည်းသော ကုသ ပေးနိုင်သည့် နေရာမှ မော်လမြိုင်ဆေးရုံမှ အခန်းငယ် တခုသာဖြစ်ကြောင်း နိုင်တင်ရှိန်က ဆိုသည်။

ယခုတည်ဆောက်မည့် ပြန်လည်ထူထောင်ရေး ဌာနသည် အခမဲ့ ကုသပေးမည့် နေရာဖြစ်ပြီး အစားအစာ၊ ဆေးကုသ မှုနှင့် နေထိုင်ရန် နေရာ စသည့် လိုအပ်ချက်များကို စီစဉ်ပေးမည် ဖြစ်ကြောင်း၊ ထို့ပြင် မူးယစ်ဆေး အန္တရာယ် ဆိုင်ရာ ပညာပေးမှု များကိုလည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မွန်အသိုင်းအဝန်း၏ စီးပွားရေး၊ ပညာရေး အပါအဝင် ကဏ္ဍ အများအပြားမှာလည်း ဆိုးရွားစွာ ထိခိုက်နေကြောင်း တခြားသော ကော်မတီဝင် တဦးဖြစ်သူ နိုင်အောင်ထူးက ပြောသည်။မွန် အသိုင်းအဝန်းကြား မူးယစ်ဆေးသုံးစွဲမှု ပြဿနာသည် အကျပ်အတည်း အဆင့်သို့ ရောက်နေပြီ ဖြစ်ကြောင်းနှင့် ပြဿနာသည် စာသင်ကျောင်းများ အထိပင် ပျံ့နှံ့ နေကြောင်းလည်း သူက ပြောသည်။

မူးယစ်ဆေး သုံးသူများကို ပစ်မှတ်ထား ဖမ်းဆီးပြီး ရောင်းချသူများ လွတ်မြောက်နေသည်ကို ထောက်ပြကာ ရဲတပ်ဖွဲ့ ကိုလည်း နိုင်အောင်ထူးက ဝေဖန်သည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top