စကၤာပူတြင္က်င္းပမည့္ ကိုယ္ပိုင္ကမ္းေျခအသစ္ Kangyi Paradise ရွိ ေျမကြက္ ႏွင့္ Service Apartment အေရာင္းျပပြဲ
×

ေဘာဂသီရိကားဝင္းအတြင္း ဝရိန္ေဆာ္ရာမွ ယာဉ္နွစ္စီး မီးကူးစက္ေလာင္မႈ ဇန္နဝါရီလ ၇ ရက္ ေန့ကျဖစ္ပြားခဲ့သည္။

အဆိုပါေန့ မြန္းလြဲ ၁ နာရီခြဲတြင္ ပ်ဉ္းမနားျမို့နယ္ ေဘာဂသီရိကားဝင္းအတြင္းရွိ “ဆန္းလိုက္” ကားေဆးေဘာ္ဒီဆိုင္တြင္ ဆိုင္အလုပ္သမား ကိုေဝ (၂၄ နွစ္)က ဆိုင္ေရွ့ တြင္ ရပ္ထားသည့္ ဟီးနိုးေျခာက္ဘီးယာဉ္ကို ဝရိန္ေဆာ္ေနရာမွ မီးေလာင္ကြ်မ္းခဲ့သည္။

ယာဉ္မီးေလာင္ကြ်မ္းမႈေျကာင့္ အနီးတြင္ ရပ္တန့္ထားေသာ မွန္လံုယာဉ္ကို မီးကူးစက္ေလာင္ ကြ်မ္းခဲ့သည္။

ပ်ဉ္းမနားျမို့နယ္ မီးသတ္တပ္ဖြဲ့ဝင္ ၃၅ ဦးက မီးသတ္ယာဉ္သံုးစီးျဖင့္ ယာဉ္မီးေလာင္ရာသို့ သြားေရာက္ကာ ဝိုင္းဝန္းျငွိမ္းသတ္ခဲ့ျပီး မြန္းလြဲ ၂ နာရီ မိနစ္၂၀ အခ်ိန္တြင္ မီးျငိမ္းခဲ့သည္။

အဆိုပါမီးေလာင္မႈနွင့္ပတ္သက္၍ ဆိုင္အလုပ္သမား ကိုေဝ(၂၄)နွစ္ကို ပ်ဉ္းမနားျမို့မ ရဲစခန္းက (ပ) ၁၁/၁၉၊ ရာဇသတ္ျကီးပုဒ္မ ၂၈၅ အရ အမႈဖြင့္အေရးယူထားသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:The Myanmar Times Daily Newspaper – Myanmar Version

#Unicode Version#
ဘောဂသီရိကားဝင်းအတွင်း ဝရိန်ဆော်ရာမှ ယာဉ်နှစ်စီး မီးကူးစက်လောင်မှု ဇန်နဝါရီလ ၇ ရက် နေ့ကဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ပျဉ်းမနားမြို့နယ် ဘောဂသီရိကားဝင်းအတွင်းရှိ “ဆန်းလိုက်” ကားဆေးဘော်ဒီဆိုင်တွင် ဆိုင်အလုပ်သမား ကိုဝေ (၂၄ နှစ်)က ဆိုင်ရှေ့ တွင် ရပ်ထားသည့် ဟီးနိုးခြောက်ဘီးယာဉ်ကို ဝရိန်ဆော်နေရာမှ မီးလောင်ကျွမ်းခဲ့သည်။

ယာဉ်မီးလောင်ကျွမ်းမှုကြောင့် အနီးတွင် ရပ်တန့်ထားသော မှန်လုံယာဉ်ကို မီးကူးစက်လောင် ကျွမ်းခဲ့သည်။

ပျဉ်းမနားမြို့နယ် မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦးက မီးသတ်ယာဉ်သုံးစီးဖြင့် ယာဉ်မီးလောင်ရာသို့ သွားရောက်ကာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး မွန်းလွဲ ၂ နာရီ မိနစ်၂၀ အချိန်တွင် မီးငြိမ်းခဲ့သည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ ဆိုင်အလုပ်သမား ကိုဝေ(၂၄)နှစ်ကို ပျဉ်းမနားမြို့မ ရဲစခန်းက (ပ) ၁၁/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူထားသည်။



ဖိုးသူတော်(www.phothutaw.com)
Credit:The Myanmar Times Daily Newspaper – Myanmar Version


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top