ေက်ာင္းကုန္းတြင္ မန္းရာဇာ ခရီးသည္တင္ယာဥ္ႏွင့္ ကုန္ တင္ယာဥ္တုိက္မိ၍ ယာဥ္ ေမာင္းႏွင့္ ယာဥ္ေနာက္လုိက္ ေသဆုံးၿပီး ခရီးသည္ေလးဦး ဒဏ္ ရာရခဲ့ေၾကာင္း ျပည္ထဲေရး၀န္ ႀကီးဌာနက သတင္းထုတ္ျပန္ သည္။

ဧရာ၀တီတုိင္း ေက်ာင္းကုန္းၿမိဳ႕နယ္ အ၀စုေက်းရြာအနီး ဇန္ န၀ါရီ ၇ ရက္ နံနက္က ရန္ကုန္-ပုသိမ္ကားလမ္း မုိင္တုိင္အမွတ္(၇၁/၁-၂)ၾကားတြင္ ျဖစ္ပြားခဲ့ သည္။ ရန္ကုန္မွ ပုသိမ္ဘက္သုိ႔ အသက္(၆၀)အရြယ္ ဦးျမင့္ဦး ေမာင္းႏွင္လာသည့္ နစ္ဆန္းကုန္ တင္ယာဥ္ကို ဦးျမင့္လႈိင္ေမာင္း ႏွင္လာသည့္ မန္းရာဇာခရီးသည္ တင္ယာဥ္က ေက်ာ္တက္စဥ္တုိက္မိေၾကာင္း ရဲမွတ္တမ္းတြင္ေဖာ္ျပထားသည္။

အဆုိပါ ယာဥ္တုိက္မႈ ေၾကာင့္ နစ္ဆန္းကုန္တင္ယာဥ္ ေမာင္း ဦးျမင့္ဦးႏွင့္ မန္းရာဇာခရီးသည္တင္ယာဥ္ ေနာက္လုိက္ (၂၉)ႏွစ္အရြယ္ ဇင္ေမာင္ေမာင္ တို႔ ဦးေခါင္းႏွင့္ မ်က္ႏွာတြင္ ဒဏ္ ရာမ်ားရရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးခဲ့သည္။
ယာဥ္တိုက္မႈျဖစ္ပြားၿပီးေနာက္ ခရီးသည္တင္ယာဥ္ကို ေတြ႕ရစဥ္ (ဓာတ္ပံု − ေက်ာင္းကုန္းလူငယ္)

ထို႔အျပင္ ကုန္တင္ယာဥ္ ေနာက္လုိက္ ေဇာ္မင္းႏုိင္သည္ ဒဏ္ရာမ်ားရရွိၿပီး မန္းရာဇာခရီး သည္တင္ယာဥ္ေပၚပါ ခရီးသည္၁၅ ဦးအနက္ သုံးဦးထိခိုက္ဒဏ္ရာရရွိေၾကာင္း ေက်ာင္းကုန္းၿမိဳ႕မရဲစခန္းမွ တာ၀န္က်ရဲအရာရွိတစ္ဦးက ေျပာသည္။

‘‘ဒဏ္ရာရတဲ့အထဲမွာ တစ္ ေယာက္ကေတာ့ စိုးရိမ္ရတယ္။ က်န္တဲ့သုံးဦးကေတာ့ သိပ္ၿပီးမစိုး ရိမ္ရဘူး။ အကုန္လုံးကုိ ေဆး႐ုံ မွာတင္ထားပါတယ္။ ခရီးသည္ တင္ကားေမာင္းတဲ့သူကိုလည္း အမႈဖြင့္ၿပီး အေရးယူထားပါ တယ္’’ဟု ၎ကေျပာသည္။

Nissan(၆)ဘီးယာဥ္ေနာက္လိုက္ ေဇာ္မင္းႏိုင္(၂၉)ႏွစ္သည္ ယာမ်က္လုံး စုတ္ၿပဲ ဒဏ္ရာရရွိၿပီး မန္းရာဇာ ခရီးသည္တင္ယာဥ္မွ ခရီးသည္သုံးဦးတို႔သည္ ဖူးေရာင္ဒဏ္ရာမ်ား ရရွိခဲ့ကာ ေသဆုံးသူမ်ားႏွင့္ ဒဏ္ရာ ရရွိသူမ်ားကို ေက်ာင္းကုန္းျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့သည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ခရီးသည္တင္ယာဥ္ေမာင္း ျမင့္လႈိင္ ကို ေက်ာင္းကုန္း ၿမိဳ႕မရဲစခန္းက ေပါ့ေလ်ာ့မႈေၾကာင့္ လူေသမႈ ပုဒ္မ ၃၀၄(က)၊ နာက်င္ဒဏ္ရာရ ရွိမႈပုဒ္မ ၃၃၈/၃၃၇ ပုဒ္မသုံးခုျဖင့္ အမႈဖြင့္ထားသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:7daydaily

#Unicode Version#
ကျောင်းကုန်းတွင် မန်းရာဇာ ခရီးသည်တင်ယာဉ်နှင့် ကုန် တင်ယာဉ်တိုက်မိ၍ ယာဉ် မောင်းနှင့် ယာဉ်နောက်လိုက် သေဆုံးပြီး ခရီးသည်လေးဦး ဒဏ် ရာရခဲ့ကြောင်း ပြည်ထဲရေးဝန် ကြီးဌာနက သတင်းထုတ်ပြန် သည်။

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် အဝစုကျေးရွာအနီး ဇန် နဝါရီ ၇ ရက် နံနက်က ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်အမှတ်(၇၁/၁-၂)ကြားတွင် ဖြစ်ပွားခဲ့ သည်။ ရန်ကုန်မှ ပုသိမ်ဘက်သို့ အသက်(၆၀)အရွယ် ဦးမြင့်ဦး မောင်းနှင်လာသည့် နစ်ဆန်းကုန် တင်ယာဉ်ကို ဦးမြင့်လှိုင်မောင်း နှင်လာသည့် မန်းရာဇာခရီးသည် တင်ယာဉ်က ကျော်တက်စဉ်တိုက်မိကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။

အဆိုပါ ယာဉ်တိုက်မှု ကြောင့် နစ်ဆန်းကုန်တင်ယာဉ် မောင်း ဦးမြင့်ဦးနှင့် မန်းရာဇာခရီးသည်တင်ယာဉ် နောက်လိုက် (၂၉)နှစ်အရွယ် ဇင်မောင်မောင် တို့ ဦးခေါင်းနှင့် မျက်နှာတွင် ဒဏ် ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့သည်။
ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ခရီးသည်တင်ယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ − ကျောင်းကုန်းလူငယ်)

ထို့အပြင် ကုန်တင်ယာဉ် နောက်လိုက် ဇော်မင်းနိုင်သည် ဒဏ်ရာများရရှိပြီး မန်းရာဇာခရီး သည်တင်ယာဉ်ပေါ်ပါ ခရီးသည်၁၅ ဦးအနက် သုံးဦးထိခိုက်ဒဏ်ရာရရှိကြောင်း ကျောင်းကုန်းမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ဒဏ်ရာရတဲ့အထဲမှာ တစ် ယောက်ကတော့ စိုးရိမ်ရတယ်။ ကျန်တဲ့သုံးဦးကတော့ သိပ်ပြီးမစိုး ရိမ်ရဘူး။ အကုန်လုံးကို ဆေးရုံ မှာတင်ထားပါတယ်။ ခရီးသည် တင်ကားမောင်းတဲ့သူကိုလည်း အမှုဖွင့်ပြီး အရေးယူထားပါ တယ်’’ဟု ၎င်းကပြောသည်။

Nissan(၆)ဘီးယာဉ်နောက်လိုက် ဇော်မင်းနိုင်(၂၉)နှစ်သည် ယာမျက်လုံး စုတ်ပြဲ ဒဏ်ရာရရှိပြီး မန်းရာဇာ ခရီးသည်တင်ယာဉ်မှ ခရီးသည်သုံးဦးတို့သည် ဖူးရောင်ဒဏ်ရာများ ရရှိခဲ့ကာ သေဆုံးသူများနှင့် ဒဏ်ရာ ရရှိသူများကို ကျောင်းကုန်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ခရီးသည်တင်ယာဉ်မောင်း မြင့်လှိုင် ကို ကျောင်းကုန်း မြို့မရဲစခန်းက ပေါ့လျော့မှုကြောင့် လူသေမှု ပုဒ်မ ၃၀၄(က)၊ နာကျင်ဒဏ်ရာရ ရှိမှုပုဒ်မ ၃၃၈/၃၃၇ ပုဒ်မသုံးခုဖြင့် အမှုဖွင့်ထားသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top