အီးစ​ေပါ့ဂိမ္​း​ေလာကမွာ ကမၻာ့နာမည္​အႀကီးဆံုး​ေတြထဲက တစ္​​ေယာက္​​ျဖစ္​တဲ့ အသက္​ ၂၇ ႏွစ္​အရြယ္​ တုိင္​လာဘလဲဗင္​ (Tyler Blevins) ​ေခၚ Ninja ဟာ၂၀၁၈ ခုႏွစ္​အတြင္းမွာ ဂိမ္းကစားျပီး ​ေဒၚလာ ၁၀ သန္​းနီးပါးအထိ သူ႔အိတ္​ကပ္​ထဲ​ေရာက္​လာေအာင္ လုပ္ႏိုင္ခဲ့ပါတယ္​​။ Ninja ရဲ႕ဘဝမွာ အ​ေအာင္​ျမင္​ဆံုးႏွစ္​တစ္​ႏွစ္​ျဖစ္​ခဲ့သလို အြန္​လိုင္​းဂိမ္​း​ကစားၿပီး လူငယ္​မီလ်ံနာတစ္ေယာက္အျဖစ္ ရပ္​တည္​လာႏိုင္​​ေစတဲ့ ၂၀၁၈ ခု​ႏွစ္​ဟာ အေတာ္ေလးထူးျခားခဲ့ပါတယ္​။

Fortnite အြန္​လိုင္​းဂိမ္​းမွာ အနီ​ေရာင္​​ဆြံပင္နဲ႔ တြဲျမင္​ရ​ေလ့႐ွိတဲ့ Ninjaဟာ သူ႕ရဲ့ ထူးခၽြန္တဲ့ဂိမ္​းကစားမွုစြမ္​းရည္​၊ လူမ်ားအၾကား ​ေရပန္​းစားမႈနဲ႔ သူ႕အ​ေပၚ လူႀကိဳက္​မ်ားမႈေနတြ​ေၾကာင္​့ပဲ Fornite ဂိမ္​းကို ထုတ္​လုပ္​တဲ့ Epic Games ဂိမ္​းကုမၸဏီဟာ ၂၀၁၈ မွာ ​ေဒၚလာ ၃ ဘီလ်ံ ျမတ္​စြန္​းသြားခဲ့ပါတယ္​။



ၿပီးခဲ့တဲ့မတ္​လတုန္​းက Ninja ရဲ႕ ဂိမ္​းပြဲစဥ္​ကို တစ္​ၿပိဳင္​တည္​း Live Streaming ၾကည္​့႐ႈသူဦး​ေရဟာ ၆၂၈၀၀၀ အထိ ႐ွိခဲ့ၿပီး ဒါဟာ စံခ်ိန္​္​တင္မွတ္​တမ္​းျဖစ္​ခဲ့ပါတယ္​။ Ninja ရဲ႕ ဗီဒီယို​ေတြကို အႀကိမ္​​ေပါင္​း သန္​းနဲ႔ခ်ီ​​ ၾကည္​့႐ႈၾကတဲ့ You Tube ​ေပၚက Subscriber အ​ေရအတြက္​ဟာ သန္​း၂၀ ​ေက်ာ္​ ႐ွိၿပီး Twitch မွာ​ေတာ့ ၁၂ သန္​း​ေက်ာ္​ ႐ွိ​ေနတာလည္း ျဖစ္​ပါတယ္​။

Ninja ဟာ သူ႔ဝင္​​ေငြအားလံုးရဲ႕ ၇၀ ရာခိုင္​ႏႈန္​းအထိကို You Tube နဲ႔ Twitch တို႔လို အြန္​လိုင္​းဗီဒီယိုဝန္​​ေဆာင္​မႈေတြရဲ႕ ​ေၾကာ္​ျငာစနစ္​က​တစ္​ဆင္​့ ရ႐ွိ​ေနတာပါ။ ဆမ္​​ေဆာင္​း၊ အူဘာ၊ ရက္​ဘူးလ္​ တ​ို႔လို ကုမၸဏီ​ေတြဆီကလည္း စပြန္​ဆာ​ဝင္​​ေငြအ​ေနနဲ႔ က်န္တဲ့​ ၃၀ ရာခို္​င္​ႏႈန္​းကို ရ႐ွိ​ေနပါေသးတယ္။


Ninja ဟာ ျပီးခဲ့တဲ့ စက္​တင္​ဘာလက ကမၻာ​ေက်ာ္​ ESPN မဂၢဇင္​းရဲ့ မ်က္​ႏွာဖံုး႐ွင္​အ​ေနနဲ႔ ပါဝင္​ခဲ့ၿပီး ကမၻာ့အီးစ​ေပါ့ဂိမ္​း​ေလာကအသိုင္​းအဝိုင္​းမွာ သူနဲ႔ထပ္​တူ အၿပိဳင္​းအ႐ိုင္​း​ေပၚ​ေပါက္​လာ​ေနတဲ့ လူငယ္​​ေတြဟာ အားကစားသမား​ေတြလို႔ ဆိုႏိုင္​လားလို႔ ​ေမးလာတဲ့ ​ေမးခြန္​းကို​ေတာ့ "ကိုယ္​့ကိုယ္​ကိုယ္​ေတာ့ ​ေကာ္​ဖီဆိုင္​​ေလးတစ္​ဆိုင္​လိုပဲ ျမင္​ပါတယ္​။ ကိုယ္​့ဆုိင္​ပိတ္​ထားရင္​ လူ​ေတြ ​ေနာက္​တစ္​ဆိုင္​မွာ သြား​ေသာက္​ၾကပါလိမ္​့မယ္​။ ဒါ​ေၾကာင္​့ ကြၽန္​​ေတာ္​က အခ်ိန္​ျပည္​့ အြန္​လိုင္​း​ေပၚမွာ ႐ွိ​ေနရပါတယ္​" လို႔သာ Ninja က ​ေျဖၾကားသြားခဲ့ပါတယ္​။

Ninja ဟာ Fortnite ဂိမ္​းမွာတင္​ တစ္​ရက္​ကို ၁၂ နာရီနဲ႔ ၂၀၁၈ တစ္​ႏွစ္​ပတ္​လံုးမွာ နာရီ​ေပါင္​း ၄ေထာင္အထိ ပ႐ိုတစ္ေယာက္အ​ေနနဲ႔ ​ေဆာ့ကစား​ေပးခဲ့ရပါတယ္​။ Ninja အြန္​လိုင္​းမွာမ႐ွိတာနဲ႔ နင္​ဂ်ာရဲ႕ မန္​​ေနဂ်ာလည္းျဖစ္​သလို ဇနီးလည္းျ​ဖစ္​တဲ့ ဂ်က္​စီကာ (Jessica) က​ေတာ့ Subscriber ​ေတြ ဘယ္​​ေလာက္​​ေလ်ာ့သြားသလဲ၊ ဝင္​​ေငြဘယ္​​ေလာက္​က်ဆင္းသြားသလဲ ဆိုတာ ​ေရတြက္​​ေနရၿပီ ျဖစ္​ပါတယ္​​။


သူတို႔ ဇနီး​ေမာင္​ႏွံဟာ တစ္​​ေယာက္​နဲ႔တစ္​​ေယာက္​ ႀကိဳးစားအခ်ိန္​​ေပးၾက​ေပ​မဲ့ သူတို့ ခရီးအတူတူထြက္​ျဖစ္​ခဲ့တာဟာ လြန္​ခဲ့တဲ့ ၈ ႏွစ္ေလာက္​က ပ်ားရည္​ဆမ္​းခရီး ျဖစ္​​ေနခဲ့ၿပီး အဲဒီအခ်ိန္​ကတည္​းက ပရိုဂိမ္​းပြဲစဥ္​​ေတြ​ေၾကာင္​့ အျပည္​့အဝေပ်ာ္​ရႊင္​ခြင္​့မရဘဲ အခ်ိန္​အနည္​းငယ္​သာ​ မ်ွ​ေဝႏုိင္​ခဲ့ပါတယ္​။ ဘဝရဲ႕ အ​ေအာင္​ျမင္​ဆံုး ၂၀၁၈ ခုႏွစ္​ကို ပိုင္​ဆိုင္​ႏိုင္ခဲ့တဲ့ ကမၻာ့နာမည္​ႀကီးဂိမ္​းသမားတစ္​​ေယာက္​အတြက္​​ေတာ့ ဒီအခ်ိန္ကာလတစ္ေလ်ွာက္လံုးဟာ ကြန္​ပ်ဴတာ​ေ႐ွ႕မွာ အခ်ိန္​ျပည္​့နီးပါး ထိုင္​​ေနခဲ့ရတဲ့ေန႔ရက္​​ေတြလို႔ မွတ္​ယူရမွာျဖစ္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Yoyarlay

#Unicode Version#

အီးစပေါ့ဂိမ်းလောကမှာ ကမ္ဘာ့နာမည်အကြီးဆုံးတွေထဲက တစ်ယောက်ဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် တိုင်လာဘလဲဗင် (Tyler Blevins) ခေါ် Ninja ဟာ၂၀၁၈ ခုနှစ်အတွင်းမှာ ဂိမ်းကစားပြီး ဒေါ်လာ ၁၀ သန်းနီးပါးအထိ သူ့အိတ်ကပ်ထဲရောက်လာအောင် လုပ်နိုင်ခဲ့ပါတယ်။ Ninja ရဲ့ဘဝမှာ အအောင်မြင်ဆုံးနှစ်တစ်နှစ်ဖြစ်ခဲ့သလို အွန်လိုင်းဂိမ်းကစားပြီး လူငယ်မီလျံနာတစ်ယောက်အဖြစ် ရပ်တည်လာနိုင်စေတဲ့ ၂၀၁၈ ခုနှစ်ဟာ အတော်လေးထူးခြားခဲ့ပါတယ်။

Fortnite အွန်လိုင်းဂိမ်းမှာ အနီရောင်ဆွံပင်နဲ့ တွဲမြင်ရလေ့ရှိတဲ့ Ninjaဟာ သူ့ရဲ့ ထူးချွန်တဲ့ဂိမ်းကစားမှုစွမ်းရည်၊ လူများအကြား ရေပန်းစားမှုနဲ့ သူ့အပေါ် လူကြိုက်များမှုနေတွကြောင့်ပဲ Fornite ဂိမ်းကို ထုတ်လုပ်တဲ့ Epic Games ဂိမ်းကုမ္ပဏီဟာ ၂၀၁၈ မှာ ဒေါ်လာ ၃ ဘီလျံ မြတ်စွန်းသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့မတ်လတုန်းက Ninja ရဲ့ ဂိမ်းပွဲစဉ်ကို တစ်ပြိုင်တည်း Live Streaming ကြည့်ရှုသူဦးရေဟာ ၆၂၈၀၀၀ အထိ ရှိခဲ့ပြီး ဒါဟာ စံချိန်တင်မှတ်တမ်းဖြစ်ခဲ့ပါတယ်။ Ninja ရဲ့ ဗီဒီယိုတွေကို အကြိမ်ပေါင်း သန်းနဲ့ချီ ကြည့်ရှုကြတဲ့ You Tube ပေါ်က Subscriber အရေအတွက်ဟာ သန်း၂၀ ကျော် ရှိပြီး Twitch မှာတော့ ၁၂ သန်းကျော် ရှိနေတာလည်း ဖြစ်ပါတယ်။

Ninja ဟာ သူ့ဝင်ငွေအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းအထိကို You Tube နဲ့ Twitch တို့လို အွန်လိုင်းဗီဒီယိုဝန်ဆောင်မှုတွေရဲ့ ကြော်ငြာစနစ်ကတစ်ဆင့် ရရှိနေတာပါ။ ဆမ်ဆောင်း၊ အူဘာ၊ ရက်ဘူးလ် တို့လို ကုမ္ပဏီတွေဆီကလည်း စပွန်ဆာဝင်ငွေအနေနဲ့ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကို ရရှိနေပါသေးတယ်။

Ninja ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ကမ္ဘာကျော် ESPN မဂ္ဂဇင်းရဲ့ မျက်နှာဖုံးရှင်အနေနဲ့ ပါဝင်ခဲ့ပြီး ကမ္ဘာ့အီးစပေါ့ဂိမ်းလောကအသိုင်းအဝိုင်းမှာ သူနဲ့ထပ်တူ အပြိုင်းအရိုင်းပေါ်ပေါက်လာနေတဲ့ လူငယ်တွေဟာ အားကစားသမားတွေလို့ ဆိုနိုင်လားလို့ မေးလာတဲ့ မေးခွန်းကိုတော့ "ကိုယ့်ကိုယ်ကိုယ်တော့ ကော်ဖီဆိုင်လေးတစ်ဆိုင်လိုပဲ မြင်ပါတယ်။ ကိုယ့်ဆိုင်ပိတ်ထားရင် လူတွေ နောက်တစ်ဆိုင်မှာ သွားသောက်ကြပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်က အချိန်ပြည့် အွန်လိုင်းပေါ်မှာ ရှိနေရပါတယ်" လို့သာ Ninja က ဖြေကြားသွားခဲ့ပါတယ်။

Ninja ဟာ Fortnite ဂိမ်းမှာတင် တစ်ရက်ကို ၁၂ နာရီနဲ့ ၂၀၁၈ တစ်နှစ်ပတ်လုံးမှာ နာရီပေါင်း ၄ထောင်အထိ ပရိုတစ်ယောက်အနေနဲ့ ဆော့ကစားပေးခဲ့ရပါတယ်။ Ninja အွန်လိုင်းမှာမရှိတာနဲ့ နင်ဂျာရဲ့ မန်နေဂျာလည်းဖြစ်သလို ဇနီးလည်းဖြစ်တဲ့ ဂျက်စီကာ (Jessica) ကတော့ Subscriber တွေ ဘယ်လောက်လျော့သွားသလဲ၊ ဝင်ငွေဘယ်လောက်ကျဆင်းသွားသလဲ ဆိုတာ ရေတွက်နေရပြီ ဖြစ်ပါတယ်။

သူတို့ ဇနီးမောင်နှံဟာ တစ်ယောက်နဲ့တစ်ယောက် ကြိုးစားအချိန်ပေးကြပေမဲ့ သူတို့ ခရီးအတူတူထွက်ဖြစ်ခဲ့တာဟာ လွန်ခဲ့တဲ့ ၈ နှစ်လောက်က ပျားရည်ဆမ်းခရီး ဖြစ်နေခဲ့ပြီး အဲဒီအချိန်ကတည်းက ပရိုဂိမ်းပွဲစဉ်တွေကြောင့် အပြည့်အဝပျော်ရွှင်ခွင့်မရဘဲ အချိန်အနည်းငယ်သာ မျှဝေနိုင်ခဲ့ပါတယ်။ ဘဝရဲ့ အအောင်မြင်ဆုံး ၂၀၁၈ ခုနှစ်ကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ကမ္ဘာ့နာမည်ကြီးဂိမ်းသမားတစ်ယောက်အတွက်တော့ ဒီအချိန်ကာလတစ်လျှောက်လုံးဟာ ကွန်ပျူတာရှေ့မှာ အချိန်ပြည့်နီးပါး ထိုင်နေခဲ့ရတဲ့နေ့ရက်တွေလို့ မှတ်ယူရမှာဖြစ်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top