



Source;Kyaw Thu
Credit:Celeplatform

#Unicode Version#
ယခင်အချိန်က ရုပ်ရှင်လောကမှာအောင်မြင်ခဲ့ပြီး အရည်အချင်းရှိတဲ့ ဝါရင့်သရုပ်ဆောင်မင်းသားကြီးတစ်ဦးဖြစ်တဲ့ ဦးကျော်သူက ယခုအချိန်မှာတော့ ပရိသတ်တွေ အရမ်းလေးစားရတဲ့ ပရဟိတမင်းသားကြီးတစ်လက်ဖြစ်ပါတယ်။ ဦးကျော်သူ ဦးစီးတည်ထောင်ထားတဲ့ နာရေးကူညီမှုအသင်း ဟာဆိုရင် လူအားလုံးရဲ့ နောက်ဆုံးခရီးမှာ အဆင်ပြေစေနိုင်ဖို့ အတွက် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့တဲ့ အသင်းကြီးပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ယခင်က ပရိသတ်တွေအသည်းစွဲကြိုက်ခဲ့ရတဲ့ ဦးကျော်သူဟာဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပြန်လည်ရိုက်ကူးနေပြီးဖြစ်တာကိုလည်း တွေ့မြင်ရမှာပါ။ အနုပညာအလုပ်တွေကို တကြော့ပြန်လည် လုပ်ကိုင်ရင်း ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်နေတာကိုလည်း လေးစား ဂုဏ်ယူဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ နာမည်ကြီးတဲ့ ပရိသတ်တွေရဲ့ ပရဟိတမင်းသားကြီး ဦးကျော်သူနဲ့ ပတ်သတ်ပြီး ဂျပန်နိုင်ငံရဲ့ သတင်းစာတစ်ခုမှာ ဖော်ပြခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဘဝတစ်လျှေက်လုံး ယခုကဲ့သို့ ပြည်သူတွေကို အကျိုးပြုနိုင်မယ့် အသင်းအဖွဲ့တွေကို ဦးစီးတည်ဆောက်နိုင်ခဲ့တဲ့ လေးစား အတုယူဖွယ်ရာ အကြောင်းအရာတွေကို မြင်တွေ့ရမှာပါ။ ပရိသတ်တွေနဲ့ ရင်းနှီးချစ်ခင်မှုတွေပြန်ရလာပြီဖြစ်တဲ့ ဦးကျော်သူက ” ဂျပန်သီတင်းစာမှာတော့ပါနေပြီ။ ဘာတွေရေးထားမှန်းတော့ မသိပါ။ အင်တာဗျူးလာလုပ်တုန်းကတော့ အမှန်တရားတွေပဲ ရင်ဖွင့်ခဲ့တာပဲလေ။

” သေဆုံးခြင်းဆိုတာက သတ္တဝါတိုင်း ကြုံတွေ့ရမယ့် အမှန်တရားတစ်ခု မဟုတ်ပါလား။ ” ဆိုပြီး ပရိသတ်တွေကို မှတ်သားဖွယ်ကောင်းတဲ့ စကားတစ်ခုကို ဆိုခဲ့ပါသေးတယ်။

Source;Kyaw Thu

ဖိုးသူတော်(www.phothutaw.com)
Credit:Celeplatform
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top