Credit:Can’t Wait To Say
#Unicode Version#
မမရေ လွမ်းလို့ဆိုတဲ့ သီချင်းလေးနဲ့ လူသိများကျော်ကြားလာပြီးပရိသတ်အခိုင်အမာရရှိထားတဲ့ ခြိမ့်ကေကိုဟာ သိပ်မကြာခင်က တောသားတွေကို အချဉ်မလုပ်ကြဖို့ ပညာပေးဇာတ်လမ်းတိုလေးရိုက်ခဲ့ပြီးနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်လမ်းတွေကို ဇယ်ဆက်သလိုရိုက်ကူးနေရပြီဖြစ်ပါတယ်။ ခြိမ့်ကေကိုက မကြာသေးမီက မီဒီယာတွေနဲ့ အင်တာဗျူးမှာ သူ့ရဲ့လက်ရှိအနုပညာလှုပ်ရှားမှုတွေနဲ့ ပရိသတ်တွေသိချင်နေကြတဲ့အချစ်ရေးအကြောင်းကိုပြောပြသွားပါတယ်။
ခြိမ့်ကေကိုက လတ်တလောအနုပညာလှုပ်ရှားမှုတွေကို “ကျွန်တော်အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့အများကြီးကြိုးစားနေပါတယ်လို့ ကျွန်တော်အခွေထွက်ဖို့လည်းကျွန်တော်ပြင်ဆင်နေတယ်။  အခုလောလောဆယ်တော့ ကျွန်တော်ပညာပေးကားတွေအများကြီးထပ်ရိုက်သွားဖို့ရှိပါတယ်” လို့ပြောပြသွားပါတယ်။
ရိုက်ဖို့ရှိတဲ့ပညာပေးကားတွေအကြောင်းလည်းခြိမ့်ကေကိုက “ကျွန်တော်ပညာပေးကားတွေကို တောသားဆိုပြီးအချဉ်မဖောက်နဲ့ဇာတ်ကားလိုပဲ တကယ်ပညာပေးကားအစစ်ပါ။ အဲဒီကားတွေကျွန်တော်သရုပ်ဆောင်ထားပါတယ်။အကောင်းဆုံးဖြစ်အောင်”လို့ပြောပြထားပြီး မြန်မာနိုင်ငံကဘယ်သူတွေနဲ့သရုပ်ဆောင်ချင်လဲဆိုတာကိုတော့ “မြန်မာနိုင်ငံက ဘယ်လိုအနုပညာရှင်မျိုးနဲ့သရုပ်ဆောင်ချင်လဲဆိုတော့ ကျွန်တော်အနုပညာရှင်မှန်သမျှနဲ့ ကျွန်တော်လိုက်ဖက်ညီအောင်အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ”လို့လည်းပြောကြားထားပါတယ်။
လူသိများနေပြီဖြစ်တဲ့အဆိုတော်သရုပ်ဆောင်တစ်ဦးအနေနဲ့ခြိမ့်ကေကိုက နှစ်ခုလုံးကိုခုံမင်ကြောင်း “သရုပ်ဆောင်တာနဲ့သီချင်းဆိုတာနဲ့ဆိုရင်တော့ ကျွန်တော်နှစ်ခုလုံးကိုတော့ ပြည့်စုံအောင်အကောင်းဆုံးဖြစ်အောင်ကြိုးစားဖို့တော့လိုသေးတယ်။ ကျွန်တော့်မှာလိုအပ်ချက်တွေတော့ရှိပါသေးတယ်။ ကျွန်တော်ကြိုးစားသွားဦးမှာပါလို့”ဆိုပြီးတော့လည်း ပြောသွားပါတယ်။
ခြိမ့်ကေကိုက အားလုံးသိချင်နေကြတဲ့အချစ်ရေးအကြောင်းကိုတော့ “ကျွန်တော်အခုလောလောဆယ်တော့အချစ်ရေးဘက်ကိုတော့ မလှည့်သေးပါဘူး။ ကျွန်တော်ကြိုးစားတဲ့အချိန်ကာလရှိသေးတယ်ဆိုတော့။ ကောင်မလေးရွေးမယ်ဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက်အနစ်နာခံပြီးတော့ ကျွန်တော်တစ်ယောက်သဘောတစ်ယောက်နားလည်တဲ့မိန်းမမျိုးပဲ လက်ခံစဉ်းစားမှာပါ”လို့  ဖြေကြားသွားပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော ခြိမ့်ကေကိုကိုအားပေးကြလား။ ခြိမ့်ကေကိုကိုသီချင်းဆိုတာကြိုက်လား သရုပ်ဆောင်တာပိုကြိုက်ကြလား။ ခြိမ့်ကေကိုရဲ့ပညာပေးကားတွေကိုရော ကြည့်ရှု့အားပေးဖို့အဆင်သင့်ဖြစ်နေကြပြီလား။ပြောခဲ့ကြပါဦး။
ဖိုးသူတော်(www.phothutaw.com)
Credit:Can’t Wait To Say
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top