ဇြန္လ (၁၅) ရက္ေန႔က အိႏိၵယႏုိင္ငံ ႀတိပူရျပည္နယ္ အမ္ဘက္ဆာၿမိဳ႕မွ ဆြာပန္ဒက္ဘားမားဆိုသူ အမ်ိဳးသား တစ္ဦးႏွင့္ သမီးျဖစ္သူဆိုမာတီတို႔သည္ ရထားလမ္းအားျဖတ္ကူးစဥ္ မိုးသည္းထည္စြာရြာသြန္းမႈေၾကာင့္ ေျမၿပိဳက်ၿပီး ရထားလမ္းပိုင္းမ်ားပ်က္စီးေနေၾကာင္း ေတြ႔ရိွခဲ့ၾကေလသည္။

ထို႔ေၾကာင့္ ရထားတစ္စင္းဦးတည္ ခုတ္ေမာင္းလာေနေသာအခါ ပ်က္စီးကိန္းမဆိုက္ေစရန္အတြက္ သားအဖႏွစ္ေယာက္သည္ ၄င္းတို႔၏အက်ႍ မ်ားကို ေ၀ွ႔ယမ္းကာ ရပ္တန္႔ေစႏုိင္ခဲ့ေၾကာင္းသိရသည္။

အဆိုပါသားအဖ၏သူရဲေကာင္းဆန္သည့္လုပ္ရပ္မွာပ်ံ႕ႏွံသြားၿပီး ျပည္နယ္၀န္ႀကီးတစ္ဦးကပင္ ေနအိမ္သို႔ ေခၚယူေတြ႔ဆံုခဲ့ေလသည္။ “သူတို႔သားအဖသာ ရထားကိုရပ္တန္႔ေအာင္မလုပ္ႏုိင္ခဲ့ရင္ လူ႔အသက္ေတြ ဆံုး႐ံႈး ကုန္မွာပဲ။ ကၽြန္ေတာ္ဒါကို သိရတဲ့အခါ သူတို႔ကိုအိမ္ဖိတ္ေခၚၿပီး သူတို႔နဲ႔အတူနံနက္စာစားခဲ့ပါတယ္” ဟု ၀န္ႀကီး ဆူဒစ္႐ိြင္းဘားမန္ကေျပာၾကားခဲ့သည္။


ရထားေပၚတြင္ခရီးသည္ဦးေရႏွစ္ေထာင္ခန္႔ပါရိွသျဖင့္ အကယ္၍ ဆြာပန္ႏွင့္ဆိုမာတီတို႔သားအဖသာ ရထားကို မရပ္တန္႔ေစခဲ့လွ်င္ ၀န္ႀကီးေျပာသလို ေသသူေသ ၊ ဒဏ္ရာရသူရျဖင့္ အေျခအေနဆိုးရြားသြားမည္မွာအမွန္ပင္ ျဖစ္သည္။ ဆြာပန္တို႔သားအဖအားဂုဏ္ျပဳဆုခ်ီးျမႇင့္ရန္လည္း ဆူဒစ္က ၀န္ႀကီးခ်ဳပ္ႏွင့္လႊတ္ေတာ္အျပင္ ဗဟို အစိုးရႏွင့္ မီးရထား၀န္ႀကီးဌာနသို႔လည္း ေတာင္းဆိုခဲ့ပါသည္။

ဆြာပန္ႏွင့္၄င္း၏မိသားစုမွာ အလြန္ပင္ဆင္းရဲေသာေၾကာင့္ အဖြဲ႔အစည္းေပါင္းမ်ားစြာ ၊ လူပုဂိၢဳလ္ေပါင္းမ်ားစြာ က ၀ိုင္း၀န္းကူညီပ့ံပိုးေပးေနၾကသည့္အျပင္ အနီးရိွဘူတာ႐ံုတစ္႐ံုအား သူ၏နာမည္ႏွင့္ထားရိွဂုဏ္ျပဳရန္ပင္ အႀကံျပဳမႈမ်ားရိွေၾကာင္း ၾကားသိရပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Burmese.asia

#Unicode Version#

ဇွန်လ (၁၅) ရက်နေ့က အိန္ဒိယနိုင်ငံ တြိပူရပြည်နယ် အမ်ဘက်ဆာမြို့မှ ဆွာပန်ဒက်ဘားမားဆိုသူ အမျိုးသား တစ်ဦးနှင့် သမီးဖြစ်သူဆိုမာတီတို့သည် ရထားလမ်းအားဖြတ်ကူးစဉ် မိုးသည်းထည်စွာရွာသွန်းမှုကြောင့် မြေပြိုကျပြီး ရထားလမ်းပိုင်းများပျက်စီးနေကြောင်း တွေ့ရှိခဲ့ကြလေသည်။

ထို့ကြောင့် ရထားတစ်စင်းဦးတည် ခုတ်မောင်းလာနေသောအခါ ပျက်စီးကိန်းမဆိုက်စေရန်အတွက် သားအဖနှစ်ယောက်သည် ၎င်းတို့၏အကျႍ များကို ဝှေ့ယမ်းကာ ရပ်တန့်စေနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါသားအဖ၏သူရဲကောင်းဆန်သည့်လုပ်ရပ်မှာပျံ့နှံသွားပြီး ပြည်နယ်ဝန်ကြီးတစ်ဦးကပင်နေအိမ်သို့ ခေါ်ယူတွေ့ဆုံခဲ့လေသည်။ “သူတို့သားအဖသာ ရထားကိုရပ်တန့်အောင်မလုပ်နိုင်ခဲ့ရင် လူ့အသက်တွေ ဆုံးရှုံး ကုန်မှာပဲ။ ကျွန်တော်ဒါကို သိရတဲ့အခါ သူတို့ကိုအိမ်ဖိတ်ခေါ်ပြီး သူတို့နဲ့အတူနံနက်စာစားခဲ့ပါတယ်” ဟု ဝန်ကြီး ဆူဒစ်ရွိင်းဘားမန်ကပြောကြားခဲ့သည်။

ရထားပေါ်တွင်ခရီးသည်ဦးရေနှစ်ထောင်ခန့်ပါရှိသဖြင့် အကယ်၍ ဆွာပန်နှင့်ဆိုမာတီတို့သားအဖသာ ရထားကို မရပ်တန့်စေခဲ့လျှင် ဝန်ကြီးပြောသလို သေသူသေ ၊ ဒဏ်ရာရသူရဖြင့် အခြေအနေဆိုးရွားသွားမည်မှာအမှန်ပင် ဖြစ်သည်။ ဆွာပန်တို့သားအဖအားဂုဏ်ပြုဆုချီးမြှင့်ရန်လည်း ဆူဒစ်က ဝန်ကြီးချုပ်နှင့်လွှတ်တော်အပြင် ဗဟို အစိုးရနှင့် မီးရထားဝန်ကြီးဌာနသို့လည်း တောင်းဆိုခဲ့ပါသည်။

ဆွာပန်နှင့်၎င်း၏မိသားစုမှာ အလွန်ပင်ဆင်းရဲသောကြောင့် အဖွဲ့အစည်းပေါင်းများစွာ ၊ လူပုဂ္ဂိုလ်ပေါင်းများစွာ က ဝိုင်းဝန်းကူညီပံ့ပိုးပေးနေကြသည့်အပြင် အနီးရှိဘူတာရုံတစ်ရုံအား သူ၏နာမည်နှင့်ထားရှိဂုဏ်ပြုရန်ပင် အကြံပြုမှုများရှိကြောင်း ကြားသိရပါသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top