ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

စာဖတ္သူဟာ မိမိအတြက္ အေရးပါတဲ့ အလုပ္လုပ္ဖို႔ စိုးရိမ္စိတ္ဝင္ေနရင္ ျဖစ္ျဖစ္၊ ကံဆိုး က်ေရာက္ေနတယ္လို႔ ခံစားေနမိရင္ပဲျဖစ္ျဖစ္ အျခားေသာ ယၾတာ ေတြထက္ ခင္ပြန္းၾကီး ဆယ္ပါးကို ေန႔ည မပ်က္ ကန္ေတာ့ေပးျခင္းဟာ က်ေရာက္ေနတဲ့ အညံ့အဆိုးမွန္သမွ် ၾကီးၾကီးမားမား မက်ေရာက္ပဲ ေအာင္ျမင္ႏိုင္မွာ မုခ်မလြဲပါ။

ခင္ပြန္းၾကီးဆယ္ပါး ဆုိတာ ..
၁။ ဗုဒၶ – သဗၺညဳတ ၿမတ္စြာဘုရားရွင္
၂။ ပေစၥကဗုဒၶါ - ပေစၥကဗုဒၶါ ဘုရားငယ္မ်ား
၃။ ရဟႏာၱ – အာသေ၀ါ ကုန္ခမ္းၿပီးေသာ ရဟႏာၱမ်ား
၄။ အဂၢသာ၀က – ၿမတ္ဗုဒၶ၏ တပည့္သာ၀ကမ်ား
၅။ မာတာ – ေမြးသမိခင္
၆။ ပိတ – ေမြးသဖခင္
၇။ ၀ုဒၶါ – မိမိထက္ အသက္၊ သိကၡာ၊ သီလ စသည္တို႔၌ ၾကီး၍ ၿမင့္ၿမတ္သူ
၈။ အာစရိယ – ဆရာၿမတ္
၉။ ဟိတကရ – မိမိအေပၚ ကိုယ္၊ ႏႈတ္၊ ႏွလံုးၿဖင့္ ကူညီဖူးသူ
၁၀။ ဓမၼကထိက – ၿမတ္ေသာတရား ေဟာၾကားၿပသသည့္ ပုဂၢိဳလ္တို႔ ျဖစ္ပါတယ္။

ထိုပုဂၢိဳလ္မ်ားကိုု ကာယကံ ၊၀စိီကံ၊ မေနာကံတို႔နဲ အမွတ္မထင္ ျပစ္မွားေစာ္ကားမိသြားရင္ ရရွိနိုင္မယ့္ ဒဏ္ၾကီးဆယ္ပါးကေတာ့
ေ၀ဒနာၾကီးမား ၊ ေလ်ာ့ပါးစည္းစိမ္၊ ေနအိမ္မီးေလာင္၊ အဂၤါက်ိဳးျပတ္၊ ႏူနာ၀ဲစြဲ၊ စိတ္ေဖာက္ရူးသြပ္၊ မမွန္စြပ္စြဲ၊ မင္းျပစ္ဒဏ္သင့္၊ ျပိဳကြဲမ်ိဳးေဆြ၊ ေရႊေငြ ကၽြဲႏြား ယြင္းေဖာက္ျပားက ဆယ္ပါးမ်က္ေမွာ ဒဏ္ၾကီးေရာက္၍ ေနာက္၌မေသြ ေသျပန္ေလေသာ္ ငရဲ ၾကီးစြာ လားရတယ္လို႔ ဓမၼရံသီဆရာေတာ္ ဦးသုနႏၵ ေဟာၾကားေပးထားပါတယ္။

ဖုိးသူေတာ္ (www.phothutaw.com)
Credit : Yangonlife

#Unicode Version#
 စာဖတ်သူဟာ မိမိအတွက် အရေးပါတဲ့ အလုပ်လုပ်ဖို့ စိုးရိမ်စိတ်ဝင်နေရင် ဖြစ်ဖြစ်၊ ကံဆိုး ကျရောက်နေတယ်လို့ ခံစားနေမိရင်ပဲဖြစ်ဖြစ် အခြားသော ယတြာ တွေထက် ခင်ပွန်းကြီး ဆယ်ပါးကို နေ့ည မပျက် ကန်တော့ပေးခြင်းဟာ ကျရောက်နေတဲ့ အညံ့အဆိုးမှန်သမျှ ကြီးကြီးမားမား မကျရောက်ပဲ အောင်မြင်နိုင်မှာ မုချမလွဲပါ။

ခင်ပွန်းကြီးဆယ်ပါး ဆိုတာ ..
၁။ ဗုဒ္ဓ – သဗ္ဗညုတ မြတ်စွာဘုရားရှင်
၂။ ပစ္စေကဗုဒ္ဓါ - ပစ္စေကဗုဒ္ဓါ ဘုရားငယ်များ
၃။ ရဟန္တာ – အာသဝေါ ကုန်ခမ်းပြီးသော ရဟန္တာများ
၄။ အဂ္ဂသာဝက – မြတ်ဗုဒ္ဓ၏ တပည့်သာဝကများ
၅။ မာတာ – မွေးသမိခင်
၆။ ပိတ – မွေးသဖခင်
၇။ ဝုဒ္ဓါ – မိမိထက် အသက်၊ သိက္ခာ၊ သီလ စသည်တို့၌ ကြီး၍ မြင့်မြတ်သူ
၈။ အာစရိယ – ဆရာမြတ်
၉။ ဟိတကရ – မိမိအပေါ် ကိုယ်၊ နှုတ်၊ နှလုံးဖြင့် ကူညီဖူးသူ
၁၀။ ဓမ္မကထိက – မြတ်သောတရား ဟောကြားပြသသည့် ပုဂ္ဂိုလ်တို့ ဖြစ်ပါတယ်။

ထိုပုဂ္ဂိုလ်များကိုု ကာယကံ ၊ဝစီကံ၊ မနောကံတို့နဲ အမှတ်မထင် ပြစ်မှားစော်ကားမိသွားရင် ရရှိနိုင်မယ့် ဒဏ်ကြီးဆယ်ပါးကတော့
ဝေဒနာကြီးမား ၊ လျော့ပါးစည်းစိမ်၊ နေအိမ်မီးလောင်၊ အင်္ဂါကျိုးပြတ်၊ နူနာဝဲစွဲ၊ စိတ်ဖောက်ရူးသွပ်၊ မမှန်စွပ်စွဲ၊ မင်းပြစ်ဒဏ်သင့်၊ ပြိုကွဲမျိုးဆွေ၊ ရွှေငွေ ကျွဲနွား ယွင်းဖောက်ပြားက ဆယ်ပါးမျက်မှော ဒဏ်ကြီးရောက်၍ နောက်၌မသွေ သေပြန်လေသော် ငရဲ ကြီးစွာ လားရတယ်လို့ ဓမ္မရံသီဆရာတော် ဦးသုနန္ဒ ဟောကြားပေးထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Yangonlife
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top