သြားဖံုးေရာဂါေတြဟာ သြားနဲ႔ခံတြင္းတင္မကဘဲ ခႏၶာကိုယ္က်န္းမာေရးအတြက္ပါ အေရးႀကီးပါတယ္။ သြားတိုက္ၾကမ္းတာ တစ္ခုတည္းေၾကာင့္ သြားဖံုးေသြးယိုတာေတာ့ မဟုတ္ပါဘူး။
          သြားကို တစ္ေန႔ ၂ ႀကိမ္ ပံုမွန္တိုက္ေနရင္း၊ ပံုမွန္သြားႀကိဳးျခစ္ေနရင္းေတာင္မွ မၾကာမၾကာေသြးေလးေတြ ထြက္လာတတ္တယ္။ တကယ္ေတာ့ သြားဖံုးေသြးယိုတယ္ဆိုတာ ဘက္တီးရီးယားေတြ၊ သြားေခ်းေတြ သြားဖံုးမွာ ပံုလာၿပီး သြားဖံုးေရာင္တာေၾကာင့္ ျဖစ္တတ္ပါတယ္။ သြားဖံုးေရာဂါေတြဟာ သြားနဲ႔ခံတြင္းအတြက္တင္မကဘဲ တစ္ကိုယ္လံုးအတြက္ပါ ဆိုးတယ္ေနာ္။
          သြားတိုက္ၾကမ္းတာ တစ္ခုတည္းတင္မကဘဲ သြားဖံုးေသြးယိုေစတဲ့ အေၾကာင္းရင္းေတြ အမ်ားႀကီး ရွိတယ္ေနာ္။
၁။     တစ္ေနရာကြက္က်န္ခဲ့လို႔
          တကယ္လု႔ိ သြားေကာင္းေကာင္း မတိုက္မိတာ၊ သြားႀကိဳးျခစ္ဖို႔ ေနရာက်န္ခဲ့တာမ်ိဳးေၾကာင့္ က်န္ခဲ့တဲ့ ဘက္တီးရီးယားေတြေၾကာင့္ ေရာင္ရမ္းတာေတြ ျဖစ္တတ္တယ္။ သြားတိုက္ရင္ ေနရာလပ္မက်န္ရေလေအာင္ ျဖည္းျဖည္းခ်င္း တိုက္ပါ။
၂။     ေဟာ္မုန္း ပံုမမွန္လို႔
          အပ်ိဳလူပ်ိဳေဖာ္ဝင္ခ်ိန္ေတြ၊ ကိုယ္ဝန္ေဆာင္ခ်ိန္ေတြ၊ ရာသီလာခ်ိန္နဲ႔ ေသြးဆံုးခ်ိန္ေတြမွာ ေဟာ္မုန္းအတက္အက်ေတြ ျဖစ္တတ္လို႔ သြားနဲ႔ခံတြင္းကို ေသခ်ာဂ႐ုစုိက္ဖို႔လိုတယ္။
၃။     စိတ္ဖိစီးမႈမ်ားလို႔၊ အိပ္ေရးမဝလို႔
          စိတ္ဖိစီးမႈမ်ားတာ၊ ညဥ့္နက္မွအိပ္တာေတြက ဘက္တီးရီးယားေၾကာင့္ ေရာင္ရမ္းတာေတြကို မတိုက္ထုတ္ႏိုင္တာမ်ိဳး ျဖစ္တတ္တယ္။ ပ႐ိုတင္း၊ အသီးအရြက္၊ ဗီတာမင္ C နဲ႔ D ပါတဲ့ အစားအေသာက္ေတြကို မ်ားမ်ားစားေပးဖို႔ လိုတယ္။
၄။     ေဆးေတြ ေသာက္ထားလို႔
          စိတ္ဓာတ္က်ေပ်ာက္ေဆးနဲ႔ ေသြးတိုးက်ေဆးေတြက သြားဖံုးေသြးယိုေစတတ္တယ္ဆိုတာ သိထားသင့္တယ္ေနာ္။ ဒီေဆးေတြဟာ ပါးစပ္ေျခာက္ေစၿပီး တံေတြးေျခာက္ျခင္းက ဘက္တီးရီးယားပိုးေတြကို ပြားေစႏိုင္တယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:drmyanmar
# Unicode Version # ျဖင့္ ဖတ္ပါ #
သြားတိုက္တဲ့အခ်ိန္မွာ သြားဖံုးကေန ေသြးထြက္တယ္ဆိုတာ ပံုမွန္မဟုတ္ဘူးေနာ္။
  သွားတိုက်တဲ့အချိန်မှာ သွားဖုံးကနေ သွေးထွက်တယ်ဆိုတာ ပုံမှန်မဟုတ်ဘူးနော်။
သွားဖုံးရောဂါတွေဟာ သွားနဲ့ခံတွင်းတင်မကဘဲ ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါ အရေးကြီးပါတယ်။ သွားတိုက်ကြမ်းတာ တစ်ခုတည်းကြောင့် သွားဖုံးသွေးယိုတာတော့ မဟုတ်ပါဘူး။
          သွားကို တစ်နေ့ ၂ ကြိမ် ပုံမှန်တိုက်နေရင်း၊ ပုံမှန်သွားကြိုးခြစ်နေရင်းတောင်မှ မကြာမကြာသွေးလေးတွေ ထွက်လာတတ်တယ်။ တကယ်တော့ သွားဖုံးသွေးယိုတယ်ဆိုတာ ဘက်တီးရီးယားတွေ၊ သွားချေးတွေ သွားဖုံးမှာ ပုံလာပြီး သွားဖုံးရောင်တာကြောင့် ဖြစ်တတ်ပါတယ်။ သွားဖုံးရောဂါတွေဟာ သွားနဲ့ခံတွင်းအတွက်တင်မကဘဲ တစ်ကိုယ်လုံးအတွက်ပါ ဆိုးတယ်နော်။
          သွားတိုက်ကြမ်းတာ တစ်ခုတည်းတင်မကဘဲ သွားဖုံးသွေးယိုစေတဲ့ အကြောင်းရင်းတွေ အများကြီး ရှိတယ်နော်။
၁။     တစ်နေရာကွက်ကျန်ခဲ့လို့
          တကယ်လု့ိ သွားကောင်းကောင်း မတိုက်မိတာ၊ သွားကြိုးခြစ်ဖို့ နေရာကျန်ခဲ့တာမျိုးကြောင့် ကျန်ခဲ့တဲ့ ဘက်တီးရီးယားတွေကြောင့် ရောင်ရမ်းတာတွေ ဖြစ်တတ်တယ်။ သွားတိုက်ရင် နေရာလပ်မကျန်ရလေအောင် ဖြည်းဖြည်းချင်း တိုက်ပါ။
၂။     ဟော်မုန်း ပုံမမှန်လို့
          အပျိုလူပျိုဖော်ဝင်ချိန်တွေ၊ ကိုယ်ဝန်ဆောင်ချိန်တွေ၊ ရာသီလာချိန်နဲ့ သွေးဆုံးချိန်တွေမှာ ဟော်မုန်းအတက်အကျတွေ ဖြစ်တတ်လို့ သွားနဲ့ခံတွင်းကို သေချာဂရုစိုက်ဖို့လိုတယ်။
၃။     စိတ်ဖိစီးမှုများလို့၊ အိပ်ရေးမဝလို့
          စိတ်ဖိစီးမှုများတာ၊ ညဉ့်နက်မှအိပ်တာတွေက ဘက်တီးရီးယားကြောင့် ရောင်ရမ်းတာတွေကို မတိုက်ထုတ်နိုင်တာမျိုး ဖြစ်တတ်တယ်။ ပရိုတင်း၊ အသီးအရွက်၊ ဗီတာမင် C နဲ့ D ပါတဲ့ အစားအသောက်တွေကို များများစားပေးဖို့ လိုတယ်။
၄။     ဆေးတွေ သောက်ထားလို့
          စိတ်ဓာတ်ကျပျောက်ဆေးနဲ့ သွေးတိုးကျဆေးတွေက သွားဖုံးသွေးယိုစေတတ်တယ်ဆိုတာ သိထားသင့်တယ်နော်။ ဒီဆေးတွေဟာ ပါးစပ်ခြောက်စေပြီး တံတွေးခြောက်ခြင်းက ဘက်တီးရီးယားပိုးတွေကို ပွားစေနိုင်တယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:drmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top