


source : thesun.co.uk


# Unicode Version ဖြင့် ဖတ်ပါ #

(၂၀၁၈) မတ်လတုန်းက တရုတ်နိုင်ငံတစ်ခုလုံး စိတ်ဝင်စားစေခဲ့တဲ့ သရဲရထားကြီးတစ်စီး၊ ဘူတာအတွင်း ဆိုက်ကပ်ရပ်နားခဲ့တယ်ဆိုတဲ့ ဗွီဒီယိုသက်သေဖိုင်တစ်ခု လူမှုကွန်ရက်နဲ့ သတင်းစာမျက်နှာတွေပေါ်မှာ ပေါ်ထွက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ Bataou Station မှာ ဖြစ်ခဲ့တာပါ။

Bataou Station မှာတပ်ဆင်ထားတဲ့ CCTV ကင်မရာတွေက သရဲရထားကြီး ဆိုက်ကပ်ပုံ၊ ထွက်ခွာသွားပုံတွေကို မှတ်တမ်းအဖြစ် ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဗွီဒီယိုအပေါ် အငြင်းပွားမှုတွေကတော့ ထုံးစံအတိုင်း ရှိနေဆဲပါ။ သရဲရထားကြီးဟာ စက္ကန့်အနည်းငယ် ရပ်နားပြီး ခရီးဆက်ထွက်ခွာသွားပါတယ်။


ဒီဗွီဒီယိုဖိုင်ဟာ YouTube မှာလည်း လူသန်းချီ ဝင်ရောက်ကြည့်ရှုခဲ့ပြီး တစ်ချို့ကလည်း CCTV ကင်မရာရှေ့မှာတပ်ထားတဲ့ မှန်ကနေ အခြားရထားတစ်စီး ဆိုက်ရောက်လာတာကို ရောင်ပြန်ဟပ်ပြီး ပုံရိပ်ယောင်ဖြစ်စေတာလို့ မှတ်ချက်ပေးခဲ့ပါတယ်။

source : thesun.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: လင်းသုတ (MyanmarNote)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top