ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

စစ္ကုိင္းတုိင္းေဒသႀကီး ျမင္းမူၿမဳိ႕နယ္ ပဒတၳိဳင္းးေက်းရြာ ေ႐ႊေစတီဘုန္းႀကီးေက်ာင္း ေ႐ႊလိုဏ္ဂူဓမၼာ႐ုံ၌ ပူေဇာ္ထားရွိသည့္ ေက်ာက္ဆင္းတုေတာ္ ၂၆ ဆူ နွင့္ ဘုရားေခါင္း ၂ ဆူ ခုိးယူခံရမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္ ။

ျဖစ္စဥ္မွာ ဇန္နဝါရီလ ၇ ရက္ေန႔ ညေနပိုင္းအခ်ိန္က ေဒၚသန္းေဌး (၇၅) ႏွစ္သည္ ေန႔စဥ္သြားေရာက္ဖူးေျမွာ္ေနက်ျဖစ္သည့္ ေ႐ႊေစတီဘုန္းႀကီးေက်ာင္းဝင္းအတြင္းရွိ ေ႐ႊလိုဏ္ဂူဓမၼာ႐ုံအတြင္းသုိ႔ ေရာက္ရွိခဲ့ရာ ယင္းဓမၼာရုံအတြင္း ပူေဇာ္ထားရွိသည့္ ေက်ာက္ဆင္းတုေတာ္ မ်ား ေပ်ာက္ဆုံးေနသည္ကုိ ေတြ႕ရွိရသည့္အတြက္ ေက်ာင္းထုိင္ဆရာေတာ္ ဦးလကၡဏသုိ႕ သြားေရာက္ေလ်ာက္ထားခဲ့ေၾကာင္း သိရသည္။

ေ႐ႊလိုဏ္ဂူဓမၼာ႐ုံအတြင္း အလြတ္အပူေဇာ္ခံ ထားရွိသည့္ ဥာဏ္ေတာ္ (၁)ေပခန္႔ရွိ စက်င္ေက်ာက္ဆင္းတုေတာ္ ၂၃ ဆူ၊ေရႊသကၤန္းကပ္လွဴထားေသာ ဥာဏ္ေတာ္ (၂)ေပခန္႔ရွိ ေက်ာက္ဆင္းတုေတာ္ (၃)ဆူ၊ ခ်မ္းသာႀကီးေစတီလႈိဏ္ဂူအတြင္း ဥာဏ္ေတာ္ႏွစ္ေပခန္႔႐ွိ ေက်ာက္ဆင္းတုေတာ္၏ ဦးေခါင္းေတာ္တစ္ဆူ၊ ဓမၼာ႐ုံအေနာက္ေျမာက္ဘက္ ေပ ၃၀ အကြာ ခ်မ္းသာႀကီးေစတီလႈိဏ္ဂူအတြင္း ဥာဏ္ေတာ္ ႏွစ္ေပခန္႔႐ွိ ေက်ာက္ဆင္းတုေတာ္၏ ဦးေခါင္းေတာ္ တစ္ဆူ၊ စုစုေပါင္း ေက်ာက္ဆင္းတုေတာ္ ၂၆ဆူ ႏွင့္ ဘုရားဦးေခါင္းေတာ္ ႏွစ္ဆူ ကာလတန္ဖိုး( ၄၆၅၀၀၀၀) ခန္႔ေပ်ာက္ဆုံးေနသည္ကုိေတြ႔႐ွိခဲ့ရသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သတ္၍ ဘုရားဆင္းတုေတာ္မ်ားခုိးယူသြားသူမ်ားအားဖမ္းဆီးရမိႏုိင္ရန္အတြက္ ေက်းရြာအုပ္ခ်ဳပ္ေရၚမွဴး က တရားလိုျပဳလုပ္ကာ ေတာေခ်ာင္းဦးစခန္းတြင္ (ပ)၃/၁၉ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၈၀/၂၉၅ ျဖင့္ အမႈဖြင့္စစ္ေဆးေဆာင္ရြက္ေနေၾကာင္း သိရသည္။

ထို႔အျပင္ မႏၲေလးၿမိဳ႕ အမရပူရၿမိဳ႕နယ္ ၾကည့္ျမင္တိုင္ေက်းရြာအုပ္စု ဒုတ္ရဲေက်းရြာ ရတနာဒီပံ ဘုန္းႀကီးေက်ာင္းဝင္း ေရႊျမင္ေတာ္ဘုရား ပရိဝုဏ္အတြင္း ေလးမ်က္နာေစတီမွ ေရွးေဟာင္းဘုရား (၂) ဆူလည္း ခိုးယူခံရမႈ ျဖစ္ပြားခဲ့သည္ ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ႏိုင္လင္းဦး
The Fifth Wave News
https://www.facebook.com/fifthwavenews/

#Unicode Version#

စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် ပဒတ္ထိုင်းးကျေးရွာ ရွှေစေတီဘုန်းကြီးကျောင်း ရွှေလိုဏ်ဂူဓမ္မာရုံ၌ ပူဇော်ထားရှိသည့် ကျောက်ဆင်းတုတော် ၂၆ ဆူ နှင့် ဘုရားခေါင်း ၂ ဆူ ခိုးယူခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည် ။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၇ ရက်နေ့ ညနေပိုင်းအချိန်က ဒေါ်သန်းဌေး (၇၅) နှစ်သည် နေ့စဉ်သွားရောက်ဖူးမြှော်နေကျဖြစ်သည့် ရွှေစေတီဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ရွှေလိုဏ်ဂူဓမ္မာရုံအတွင်းသို့ ရောက်ရှိခဲ့ရာ ယင်းဓမ္မာရုံအတွင်း ပူဇော်ထားရှိသည့် ကျောက်ဆင်းတုတော် များ ပျောက်ဆုံးနေသည်ကို တွေ့ရှိရသည့်အတွက် ကျောင်းထိုင်ဆရာတော် ဦးလက္ခဏသို့ သွားရောက်လျောက်ထားခဲ့ကြောင်း သိရသည်။

ရွှေလိုဏ်ဂူဓမ္မာရုံအတွင်း အလွတ်အပူဇော်ခံ ထားရှိသည့် ဉာဏ်တော် (၁)ပေခန့်ရှိ စကျင်ကျောက်ဆင်းတုတော် ၂၃ ဆူ၊ရွှေသင်္ကန်းကပ်လှူထားသော ဉာဏ်တော် (၂)ပေခန့်ရှိ ကျောက်ဆင်းတုတော် (၃)ဆူ၊ ချမ်းသာကြီးစေတီလှိုဏ်ဂူအတွင်း ဉာဏ်တော်နှစ်ပေခန့်ရှိ ကျောက်ဆင်းတုတော်၏ ဦးခေါင်းတော်တစ်ဆူ၊ ဓမ္မာရုံအနောက်မြောက်ဘက် ပေ ၃၀ အကွာ ချမ်းသာကြီးစေတီလှိုဏ်ဂူအတွင်း ဉာဏ်တော် နှစ်ပေခန့်ရှိ ကျောက်ဆင်းတုတော်၏ ဦးခေါင်းတော် တစ်ဆူ၊ စုစုပေါင်း ကျောက်ဆင်းတုတော် ၂၆ဆူ နှင့် ဘုရားဦးခေါင်းတော် နှစ်ဆူ ကာလတန်ဖိုး( ၄၆၅၀၀၀၀) ခန့်ပျောက်ဆုံးနေသည်ကိုတွေ့ရှိခဲ့ရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍ ဘုရားဆင်းတုတော်များခိုးယူသွားသူများအားဖမ်းဆီးရမိနိုင်ရန်အတွက် ကျေးရွာအုပ်ချုပ်ရေါ်မှူး က တရားလိုပြုလုပ်ကာ တောချောင်းဦးစခန်းတွင် (ပ)၃/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀/၂၉၅ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

ထို့အပြင် မန္တလေးမြို့ အမရပူရမြို့နယ် ကြည့်မြင်တိုင်ကျေးရွာအုပ်စု ဒုတ်ရဲကျေးရွာ ရတနာဒီပံ ဘုန်းကြီးကျောင်းဝင်း ရွှေမြင်တော်ဘုရား ပရိဝုဏ်အတွင်း လေးမျက်နာစေတီမှ ရှေးဟောင်းဘုရား (၂) ဆူလည်း ခိုးယူခံရမှု ဖြစ်ပွားခဲ့သည် ။

ဖိုးသူတော်(www.phothutaw.com)
Credit:နိုင်လင်းဦး
The Fifth Wave News
https://www.facebook.com/fifthwavenews/
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top