မိတ္ကပ္ေလာကမွာ စီနီယာက်တဲ့ LGBT ေတြထဲ မိုးကုတ္ေပါက္ေပါက္နဲ႕ မိတ္ကပ္ ခင္စန္းဝင္း (မၾကီးစန္း) တို႕လည္း ပါဝင္ပါတယ္။ မၾကီးစန္းကေတာ့ မင္းသားသစ္ေတြကို ေျမေတာင္ေျမွာက္ေပးတယ္ဆိုတဲ့ သတင္းနဲ႕ ေရပန္းစားသလို ဘဲတစ္ေပြနဲ႕ ရုပ္ရွင္ကားေတြလည္း ရိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ မၾကီးစန္းကို မင္းသားထုတ္တဲ့ စက္ဆိုျပီး ေနာက္ေျပာင္ ေျပာဆိုတာေတြလည္း ရွိပါတယ္။ ဒီလိုမ်ိဳး ေျပာဆိုတာေတြနဲ႕ ပတ္သက္ျပီး မၾကီးစန္းက အင္တာဗ်ဴးမွာ ခုလို ေျဖၾကားသြားပါတယ္။

“မၾကီးမွာ sense တစ္ခုရွိတယ္။ မၾကီးနဲ႕ တြဲရိုက္ဖို႕ ေရြးလိုက္တဲ့လူသည္ တစ္ခ်ိန္မွာ နာမည္ၾကီးဖို႕ မင္းသားျဖစ္ဖို႕ လူေပါ့ေလ။ ကိုယ့္အေတြ႕အၾကံဳအရ အမ်ားၾကီး ျဖစ္လာတာေပါ့။ သူမ်ားေတြကေတာ့ မၾကီးေနာက္ကြယ္မွာ အတင္းေျပာၾကတယ္။ မင္းသားလုပ္တဲ့ စက္ၾကီးေပါ့။ မၾကီးနဲ႕ ရိုက္လိုက္ရင္ မင္းသား ျဖစ္သြားတာ။ အဲ့လို ေျပၾကေပမဲ့ ေျပာခ်င္တာ ေျပာၾကပါေစ။ မၾကီးေစတနာ မွန္ဖို႕ အေရးၾကီးတယ္။ လူတစ္ဦးတစ္ေယာက္ ေလွ်ာက္လွမ္းရမယ့္ လမ္းေၾကာင္းေလး တစ္ခု သူတို႕ရဲ႕ အတတ္ပညာနဲ႕ ရုပ္ရည္ေလးနဲ႕ စီးပြားေရး ျဖစ္ျပီးေတာ့ သူတို႕ မိဘ ညီအစ္ကို ေမာင္ႏွမေတြကို ပံ့ပိုးကူညီႏိုင္မယ္ဆုိရင္ မၾကီး ကုသိုလ္ရတယ္ေလ။ ဘာပဲျဖစ္ျဖစ္ မၾကီးကေတာ့ ေစတနာ ေမတၱာေတြေပးတယ္။ လမ္းေၾကာင္းတစ္ခုမွာ ထြန္းေတာက္တဲ့သူ ေကာင္းကင္ေပၚမွာ လင္းလက္တဲ့သူ ျဖစ္ေစခ်င္တယ္။ ဒါကေတာ့ မၾကီး ေစတနာေပါ့ေလ။ အဲ့ေတစနာအက်ိဳးေပးလို႕လည္း မၾကီးခုထက္ထိ အဆင္ေျပေျပေနႏိုင္တာေပါ့။” လို႕ ဆိုပါတယ္။

ေဝဖန္မႈေတြကို ခံႏိုင္ရည္ ရွိတဲ့အေၾကာင္း မၾကီးစန္းက ခုလို ေျပာျပပါတယ္။“ငယ္ငယ္တုန္းကေတာ့ မၾကီးက စိတ္ဆတ္တယ္။ အရာရာကို ဆတ္ဆတ္ထိ မခံ ျပသနာ တစ္ခုခု ျဖစ္လာရင္ ကိုယ့္ဆီမလာရင္ေတာင္ ကိုယ္က သူ႕ဆီသြားျပီး ဒီျပႆနာ ေျဖရွင္းတတ္တယ္။ ဒါေပမဲ့ အရြယ္ေရာက္လာတဲ့အခါက်ေတာ့ ကိုယ့္ကို မေကာင္းတာလုပ္လာလည္း မေကာင္းတဲ့ လုပ္ရပ္ေတြအတြက္ မသိခ်င္ေယာင္ေဆာင္တယ္။ ဘာေၾကာင့္လဲဆုိေတာ့ မၾကီးေရာက္ေနတဲ့ အေနအထားနဲ႕ ဘဝတစ္ခုသည္ လူတိုင္းအတြက္ လမ္းျပၾကယ္တစ္ေယာက္ ျဖစ္ခ်င္တာဆိုေတာ့ ကိုယ့္ကိုေလးစားတဲ့လူေတြ အားလံုး အတုယူႏိုင္ေအာင္ အစစ အရာရာ မသိခ်င္ေယာင္ ေဆာင္တယ္။ ကိုယ္ေလွ်ာက္ရတဲ့လမ္းတစ္ခုကိုပဲ ေျဖာင့္ေျဖာင့့္ျဖဴးျဖဴး ေလွ်ာက္တယ္။” ဆိုျပီး ေျပာျပသြားပါတယ္။

ျမင့္ျမတ္ မင္းေမာ္ကြန္းတို႕နဲ႕ ရုပ္ရွင္တြဲရိုက္ရတဲ့အေပၚ ရင္ခုန္မႈကိုလည္း ခုလို ေျပာျပသြားပါတယ္။“နာမည္ၾကီးမင္းသားေတြ ဟာသဥာဏ္ အရမ္းရွိတယ္ဆိုေတာ့ သူတို႕က ေကာင္းတာေပါ့ေနာ္။ ဒါေပမဲ့ မၾကီးတို႕က ဘယ္လို အမီလိုက္ရမလဲပဲ ရယ္ဒီလုပ္ထားတာေပါ့။ မၾကီးတို႕က ရုပ္ရွင္ေလာကထဲမွာ က်င္လည္ေနတယ္ဆိုေတာ့ ဒီမင္းသားေတြကို သူစိမ္းတစ္ေယာက္လို စိတ္လႈပ္ရား ရင္ခုန္တာ မရွိဘူး။ ရုပ္ရွင္ရိုက္လို႕သာ ရိုက္ေနတယ္ ဒီေလာကမွ အျမဲရွွိေနတာ ဆိုေတာ့ အျပင္လူေတြလိုေတာ့ မျဖစ္ဘူးေပါ့။” လို႕ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နာမည္ၾကီး

# Unicode Version ျဖင့္ ဖတ္ပါ #

မိတ်ကပ်လောကမှာ စီနီယာကျတဲ့ LGBT တွေထဲ မိုးကုတ်ပေါက်ပေါက်နဲ့ မိတ်ကပ် ခင်စန်းဝင်း (မကြီးစန်း) တို့လည်း ပါဝင်ပါတယ်။ မကြီးစန်းကတော့ မင်းသားသစ်တွေကို မြေတောင်မြှောက်ပေးတယ်ဆိုတဲ့ သတင်းနဲ့ ရေပန်းစားသလို ဘဲတစ်ပွေနဲ့ ရုပ်ရှင်ကားတွေလည်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် မကြီးစန်းကို မင်းသားထုတ်တဲ့ စက်ဆိုပြီး နောက်ပြောင် ပြောဆိုတာတွေလည်း ရှိပါတယ်။ ဒီလိုမျိုး ပြောဆိုတာတွေနဲ့ ပတ်သက်ပြီး မကြီးစန်းက အင်တာဗျူးမှာ ခုလို ဖြေကြားသွားပါတယ်။

“မကြီးမှာ sense တစ်ခုရှိတယ်။ မကြီးနဲ့ တွဲရိုက်ဖို့ ရွေးလိုက်တဲ့လူသည် တစ်ချိန်မှာ နာမည်ကြီးဖို့ မင်းသားဖြစ်ဖို့ လူပေါ့လေ။ ကိုယ့်အတွေ့အကြုံအရ အများကြီး ဖြစ်လာတာပေါ့။ သူများတွေကတော့ မကြီးနောက်ကွယ်မှာ အတင်းပြောကြတယ်။ မင်းသားလုပ်တဲ့ စက်ကြီးပေါ့။ မကြီးနဲ့ ရိုက်လိုက်ရင် မင်းသား ဖြစ်သွားတာ။ အဲ့လို ပြေကြပေမဲ့ ပြောချင်တာ ပြောကြပါစေ။ မကြီးစေတနာ မှန်ဖို့ အရေးကြီးတယ်။ လူတစ်ဦးတစ်ယောက် လျှောက်လှမ်းရမယ့် လမ်းကြောင်းလေး တစ်ခု သူတို့ရဲ့ အတတ်ပညာနဲ့ ရုပ်ရည်လေးနဲ့ စီးပွားရေး ဖြစ်ပြီးတော့ သူတို့ မိဘ ညီအစ်ကို မောင်နှမတွေကို ပံ့ပိုးကူညီနိုင်မယ်ဆိုရင် မကြီး ကုသိုလ်ရတယ်လေ။ ဘာပဲဖြစ်ဖြစ် မကြီးကတော့ စေတနာ မေတ္တာတွေပေးတယ်။ လမ်းကြောင်းတစ်ခုမှာ ထွန်းတောက်တဲ့သူ ကောင်းကင်ပေါ်မှာ လင်းလက်တဲ့သူ ဖြစ်စေချင်တယ်။ ဒါကတော့ မကြီး စေတနာပေါ့လေ။ အဲ့တေစနာအကျိုးပေးလို့လည်း မကြီးခုထက်ထိ အဆင်ပြေပြေနေနိုင်တာပေါ့။” လို့ ဆိုပါတယ်။

ဝေဖန်မှုတွေကို ခံနိုင်ရည် ရှိတဲ့အကြောင်း မကြီးစန်းက ခုလို ပြောပြပါတယ်။“ငယ်ငယ်တုန်းကတော့ မကြီးက စိတ်ဆတ်တယ်။ အရာရာကို ဆတ်ဆတ်ထိ မခံ ပြသနာ တစ်ခုခု ဖြစ်လာရင် ကိုယ့်ဆီမလာရင်တောင် ကိုယ်က သူ့ဆီသွားပြီး ဒီပြဿနာ ဖြေရှင်းတတ်တယ်။ ဒါပေမဲ့ အရွယ်ရောက်လာတဲ့အခါကျတော့ ကိုယ့်ကို မကောင်းတာလုပ်လာလည်း မကောင်းတဲ့ လုပ်ရပ်တွေအတွက် မသိချင်ယောင်ဆောင်တယ်။ ဘာကြောင့်လဲဆိုတော့ မကြီးရောက်နေတဲ့ အနေအထားနဲ့ ဘဝတစ်ခုသည် လူတိုင်းအတွက် လမ်းပြကြယ်တစ်ယောက် ဖြစ်ချင်တာဆိုတော့ ကိုယ့်ကိုလေးစားတဲ့လူတွေ အားလုံး အတုယူနိုင်အောင် အစစ အရာရာ မသိချင်ယောင် ဆောင်တယ်။ ကိုယ်လျှောက်ရတဲ့လမ်းတစ်ခုကိုပဲ ဖြောင့်ဖြောင့်ဖြူးဖြူး လျှောက်တယ်။” ဆိုပြီး ပြောပြသွားပါတယ်။

မြင့်မြတ် မင်းမော်ကွန်းတို့နဲ့ ရုပ်ရှင်တွဲရိုက်ရတဲ့အပေါ် ရင်ခုန်မှုကိုလည်း ခုလို ပြောပြသွားပါတယ်။“နာမည်ကြီးမင်းသားတွေ ဟာသဉာဏ် အရမ်းရှိတယ်ဆိုတော့ သူတို့က ကောင်းတာပေါ့နော်။ ဒါပေမဲ့ မကြီးတို့က ဘယ်လို အမီလိုက်ရမလဲပဲ ရယ်ဒီလုပ်ထားတာပေါ့။ မကြီးတို့က ရုပ်ရှင်လောကထဲမှာ ကျင်လည်နေတယ်ဆိုတော့ ဒီမင်းသားတွေကို သူစိမ်းတစ်ယောက်လို စိတ်လှုပ်ရား ရင်ခုန်တာ မရှိဘူး။ ရုပ်ရှင်ရိုက်လို့သာ ရိုက်နေတယ် ဒီလောကမှ အမြဲရှိနေတာ ဆိုတော့ အပြင်လူတွေလိုတော့ မဖြစ်ဘူးပေါ့။” လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: နာမည်ကြီး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top