ျပီးခဲ့တဲ့ ဒီဇင္ဘာလအတြင္းက ရုရွားႏိုင္ငံက ဆားေဂ်း ဂရီဂိုရီယိရ္ (Sergey Grigoriyev) ဆိုသူကို အေကာင္ေပါက္ဘဝကတည္းက အိမ္ေမြးတိရိစၦာန္တစ္ေကာင္လို သူေမြးျမဴေစာင့္ေရွာက္ထားတဲ့ ဝက္ဝံက တိုက္ခိုက္သတ္ျဖတ္ျပီး စားေသာက္ပစ္ခဲ့တဲ့ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ပါတယ္။ မိသားစုဝင္ေတြဟာ ဆားေဂ်း ဂရီဂိုရီယိရ္ (Sergey Grigoriyev) နဲ႔ သူ႔ရဲ႕ ေခြးေလးေသဆံုးသြားတာကို အာဏာပိုင္ေတြဆီအေၾကာင္းၾကားၿပီးမွ ဝက္ဝံပါ ေပ်ာက္ဆံုးသြားတာကို သိရွိခဲ့ရတာျဖစ္ပါတယ္။


အသက္ (၄၁) ႏွစ္ရွိၿပီျဖစ္တဲ့ဆာေဂ်းက အညိဳေရာင္ဝက္ဝံေပါက္ေလးတစ္ေကာင္ကို အေကာင္ေပါက္ဘဝကတည္းက ေမြးျမဴေစာင့္ေရွာက္ထားခဲ့တာပါ။ အဲဒီဝက္ဝံဟာ ဆာေဂ်းမေမြးျမဴခင္က အိုဇက္ခ္ေဒသအပိုင္ဘက္ကျဖစ္ၿပီး ထြက္ေျပးလြတ္ေျမာက္သြားလို႔ ေသနတ္နဲ႔အပစ္ခံခဲ့ရပါေသးတယ္။ ဒါကို ဆာေဂ်းက လြန္ခဲ့တဲ့ (၄) ႏွစ္ေလာက္မွာ ကယ္တင္ၿပီး ေမြးျမဴထားခဲ့တာျဖစ္ပါတယ္။


အခင္းျဖစ္တဲ့ေန႔မွာ မိသားစုဝင္ေတြက ဆာေဂ်းကို ေလွာင္အိမ္ထဲက ဝက္ဝံလြတ္သြားေၾကာင္း ေျပာခဲ့ၾကပါတယ္။ ဆာေဂ်းရဲ႕ေခြးေလးကေတာ့ မိသားစုဝင္ေတြ ကားဆီေရာက္ၿပီး ထြက္ေျပးလြတ္ေျမာက္ႏိုင္ဖို႔ အဲဒီဝက္ဝံကို ခုခံတိုက္ခိုက္ခဲ့တယ္လို႔ဆိုပါတယ္။ ဒါေပမဲ့လည္း အင္အားမမွ်တာေၾကာင့္ ေခြးေလးဟာလည္း အေရခြံစုတ္ျပတ္ၿပီး အ႐ိုးေပၚ၊ အေရျပားလန္တဲ့ထိအကိုက္ခံခဲ့ရၿပီး ေသဆံုးသြားခဲ့ရပါတယ္။


ဝက္ဝံဟာ အရင္ကလည္း ဆာေဂ်းကို တိုက္ခိုက္ဖို႔ ႀကိဳးစားခဲ့ဖူးတာေၾကာင့္ စြန္႔ပစ္လိုက္ဖို႔ မိတ္ေဆြေတြရဲ႕ေျပာဆိုမွုကို ဆာေဂ်းက အႀကိမ္ႀကိမ္ျငင္းပယ္ခဲ့တာျဖစ္ၿပီး ေနာက္ဆံုးေတာ့ အခုလို အသက္ေပးသြားရတာျဖစ္ပါတယ္။ ဒီအျဖစ္အပ်က္အတြက္ အာဏာပိုင္ေတြက ဆက္လက္စံုစမ္းစစ္ေဆးေနဆဲ ျဖစ္တယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Yoyarlay

#Unicode Version#

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ရုရှားနိုင်ငံက ဆားဂျေး ဂရီဂိုရီယိရ် (Sergey Grigoriyev) ဆိုသူကို အကောင်ပေါက်ဘဝကတည်းက အိမ်မွေးတိရိစ္ဆာန်တစ်ကောင်လို သူမွေးမြူစောင့်ရှောက်ထားတဲ့ ဝက်ဝံက တိုက်ခိုက်သတ်ဖြတ်ပြီး စားသောက်ပစ်ခဲ့တဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ မိသားစုဝင်တွေဟာ ဆားဂျေး ဂရီဂိုရီယိရ် (Sergey Grigoriyev) နဲ့ သူ့ရဲ့ ခွေးလေးသေဆုံးသွားတာကို အာဏာပိုင်တွေဆီအကြောင်းကြားပြီးမှ ဝက်ဝံပါ ပျောက်ဆုံးသွားတာကို သိရှိခဲ့ရတာဖြစ်ပါတယ်။

အသက် (၄၁) နှစ်ရှိပြီဖြစ်တဲ့ဆာဂျေးက အညိုရောင်ဝက်ဝံပေါက်လေးတစ်ကောင်ကို အကောင်ပေါက်ဘဝကတည်းက မွေးမြူစောင့်ရှောက်ထားခဲ့တာပါ။ အဲဒီဝက်ဝံဟာ ဆာဂျေးမမွေးမြူခင်က အိုဇက်ခ်ဒေသအပိုင်ဘက်ကဖြစ်ပြီး ထွက်ပြေးလွတ်မြောက်သွားလို့ သေနတ်နဲ့အပစ်ခံခဲ့ရပါသေးတယ်။ ဒါကို ဆာဂျေးက လွန်ခဲ့တဲ့ (၄) နှစ်လောက်မှာ ကယ်တင်ပြီး မွေးမြူထားခဲ့တာဖြစ်ပါတယ်။

အခင်းဖြစ်တဲ့နေ့မှာ မိသားစုဝင်တွေက ဆာဂျေးကို လှောင်အိမ်ထဲက ဝက်ဝံလွတ်သွားကြောင်း ပြောခဲ့ကြပါတယ်။ ဆာဂျေးရဲ့ခွေးလေးကတော့ မိသားစုဝင်တွေ ကားဆီရောက်ပြီး ထွက်ပြေးလွတ်မြောက်နိုင်ဖို့ အဲဒီဝက်ဝံကို ခုခံတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့လည်း အင်အားမမျှတာကြောင့် ခွေးလေးဟာလည်း အရေခွံစုတ်ပြတ်ပြီး အရိုးပေါ်၊ အရေပြားလန်တဲ့ထိအကိုက်ခံခဲ့ရပြီး သေဆုံးသွားခဲ့ရပါတယ်။

ဝက်ဝံဟာ အရင်ကလည်း ဆာဂျေးကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့ဖူးတာကြောင့် စွန့်ပစ်လိုက်ဖို့ မိတ်ဆွေတွေရဲ့ပြောဆိုမှုကို ဆာဂျေးက အကြိမ်ကြိမ်ငြင်းပယ်ခဲ့တာဖြစ်ပြီး နောက်ဆုံးတော့ အခုလို အသက်ပေးသွားရတာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်အတွက် အာဏာပိုင်တွေက ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top