စကၤာပူတြင္က်င္းပမည့္ ကိုယ္ပိုင္ကမ္းေျခအသစ္ Kangyi Paradise ရွိ ေျမကြက္ ႏွင့္ Service Apartment အေရာင္းျပပြဲ
×


ယခုလ အတြင္း ေပ်ာက္ဆုံး သြားသည့္ က်ပ္ ၅၀၀ တန္ ေအာင္ဘာေလထီ စာအုပ္ ၁၂၈၅ အုပ္ (အေစာင္ေရ ၁၄၁၃၅) မွ ထီဆုမ်ား ထြက္ရွိပါက ဆုေၾကးေငြ ေပးမည္မဟုတ္ေၾကာင္း ျပည္တြင္း အခြန္မ်ား ဦးစီးဌာန၊ ေအာင္ဘာေလ သိန္းဆု ဌာနခြဲက သိရသည္။

အဆိုပါ ထီစာအုပ္မ်ားမွာ ေအာင္ဘာေလ သိန္းဆု ဌာနခြဲ (မႏၲေလး ႐ုံးခြဲ) မွ မေကြးတိုင္း ေဒသႀကီး ပြင့္ျဖဴၿမိဳ႕နယ္သို႔ စာတိုက္မွ အျမန္ အေခ်ာပို႔ျဖင့္ ပို႔ေဆာင္ရာတြင္ ေပ်ာက္ဆုံးခဲ့ျခင္း ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။ယင္းထီလက္မွတ္မ်ားမွာ ေရာင္းခ်ရျခင္း မျပဳရေသးေၾကာင္း၊ ျပည္သူမ်ား အေနႏွင့္ သတိျပဳ ဝယ္ယူၾကရန္ႏွင့္ ေပ်ာက္ဆုံး ထီလက္မွတ္ အကၡရာ၊ ကိန္းဂဏန္းမ်ားကိုပါ ေအာင္ဘာေလ သိန္းဆုဌာနခြဲမွ ေၾကညာထားသည္။

ျပည္တြင္း အခြန္မ်ား ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးမင္းထြဋ္က “က်ေနာ္တို႔က ျပည္သူေတြကို သတင္းစာထဲကေန အသိေပး လိုက္ၿပီ။ ဒီထီလက္မွတ္ေတြက တရားမဝင္ေတာ့ဘူးလို႔။ ထီကေတာ့ ၁၉၃၈ ခုႏွစ္ထဲက ေပၚခဲ့တာ ဆိုေတာ့ ဒီလိုမ်ိဳး ျဖစ္တာ တခါတရံေတာ့ ရွိခဲ့ဖူးတယ္။ ဒါေပမယ့္ အၿမဲတမ္းေတာ့မဟုတ္ပါဘူး။ ေၾကညာထားတဲ့ အတိုင္း ဒီထီ လက္မွတ္ေတြထဲက ဆုမဲေတြ ထြက္လာရင္ ေလ်ာ္ေပးမွာ မဟုတ္ပါဘူး”ဟု ဧရာဝတီသို႔ ေျပာသည္။

ယင္း ေပ်ာက္ဆုံး ထီအကၡရာမ်ားမွ ထီဆု ထြက္ရွိလာပါက ဆုေၾကးေငြကို ေပးေလ်ာ္မည္ မဟုတ္ေၾကာင္း အစားထိုး ျပန္လည္ ဖြင့္လွစ္ေပးမည္ ျဖစ္ေၾကာင္း ၎က ဆိုသည္။

ေပ်ာက္ဆုံးသြားသည့္ က်ပ္ ၅၀၀ တန္ ထီလတ္မွတ္ နံပါတ္မ်ားမွ အထူးဆုႀကီး စနစ္ႏွင့္ ဆု တဆုခ်င္း စနစ္ ျဖစ္လွ်င္ ေရာင္းခ်ရသည့္ ထီလက္မွတ္မ်ားထဲမွ ဆုမဲ ဂဏန္းမ်ား ထြက္ေပၚလာသည္ အထိ ဆုမဲ ေၾကညာ၍ အစားထိုး ဖြင့္လွစ္ ေပးသြားမည္ ျဖစ္ေၾကာင္း ဦးမင္းထြဋ္က ေျပာဆိုသည္။

ေအာင္ဘာေလ သိန္းဆုဌာနခြဲသည္ လာမည့္ ေဖေဖာ္ဝါရီလ ၁ ရက္တြင္ ဖြင့္လွစ္မည့္ ၂၃ ႀကိမ္ ေျမာက္က်ပ္ ၅၀၀ တန္ေအာင္ဘာေလ ထီဖြင့္ပြဲ အတြက္ ထီအကၡရာ အလုံးေရ ၅၂ လုံးကို ျမန္မာ တႏိုင္ငံလုံးသို႔ ျဖန႔္ျဖဴး ေရာင္းခ်ခဲ့ျခင္း ျဖစ္သည္။အဆိုပါ ေပ်ာက္ဆုံးသြားသည့္ ထီလက္မွတ္မ်ား ေဈးကြက္ထဲသို႔ ပ်ံ႕ႏွံ႔ ေရာင္းခ်လာမည္ကို ျပည္သူမ်ားက စိုးရိမ္မႈမ်ား လည္း ရွိေနေၾကာင္း သိရသည္။

ယင္းေၾကညာခ်က္ႏွင့္ ပတ္သက္၍ လိူင္သာယာ ၿမိဳ႕နယ္ေန မဇင္မာက “ထီကေတာ့ ထိုးမွာပဲ။ သူတို႔ဘာသာ ေပ်ာက္လို႔ ေၾကညာလည္း ေတာ္႐ုံ လူကေတာ့ တိုက္ျဖစ္မွာ မဟုတ္ဘူး။ ဒါက အစိုးရဘက္က လိုတာ။ ဒီလို ေပ်ာက္တဲ့ အထဲ ဂဏန္း ကို မေလ်ာ္တဲ့စနစ္ကို မျဖစ္သင့္တဲ့ ကိစၥႀကီးပါ။ ဆုေငြ ပမာဏ နည္းတယ္ ဆိုရင္ ေတာ္ေသးတယ္။ မ်ားတယ္ ဆိုရင္ လက္မခံႏိုင္ဘူး။ ဒါက ကုသိုလ္ကံနဲ႔ လည္း ဆိုင္တယ္။ လူတိုင္းကေတာ့ ႏွေျမာမွာပဲ။ က်ပ္သိန္းေထာင္နဲ႔ ခ်ီရင္ ပိုဆိုးမယ္” ဟု ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy

#Unicode Version#

ယခုလ အတွင်း ပျောက်ဆုံး သွားသည့် ကျပ် ၅၀၀ တန် အောင်ဘာလေထီ စာအုပ် ၁၂၈၅ အုပ် (အစောင်ရေ ၁၄၁၃၅) မှ ထီဆုများ ထွက်ရှိပါက ဆုကြေးငွေ ပေးမည်မဟုတ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန၊ အောင်ဘာလေ သိန်းဆု ဌာနခွဲက သိရသည်။

အဆိုပါ ထီစာအုပ်များမှာ အောင်ဘာလေ သိန်းဆု ဌာနခွဲ (မန္တလေး ရုံးခွဲ) မှ မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့နယ်သို့ စာတိုက်မှ အမြန် အချောပို့ဖြင့် ပို့ဆောင်ရာတွင် ပျောက်ဆုံးခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ယင်းထီလက်မှတ်များမှာ ရောင်းချရခြင်း မပြုရသေးကြောင်း၊ ပြည်သူများ အနေနှင့် သတိပြု ဝယ်ယူကြရန်နှင့် ပျောက်ဆုံး ထီလက်မှတ် အက္ခရာ၊ ကိန်းဂဏန်းများကိုပါ အောင်ဘာလေ သိန်းဆုဌာနခွဲမှ ကြေညာထားသည်။

ပြည်တွင်း အခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က “ကျနော်တို့က ပြည်သူတွေကို သတင်းစာထဲကနေ အသိပေး လိုက်ပြီ။ ဒီထီလက်မှတ်တွေက တရားမဝင်တော့ဘူးလို့။ ထီကတော့ ၁၉၃၈ ခုနှစ်ထဲက ပေါ်ခဲ့တာ ဆိုတော့ ဒီလိုမျိုး ဖြစ်တာ တခါတရံတော့ ရှိခဲ့ဖူးတယ်။ ဒါပေမယ့် အမြဲတမ်းတော့မဟုတ်ပါဘူး။ ကြေညာထားတဲ့ အတိုင်း ဒီထီ လက်မှတ်တွေထဲက ဆုမဲတွေ ထွက်လာရင် လျော်ပေးမှာ မဟုတ်ပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ယင်း ပျောက်ဆုံး ထီအက္ခရာများမှ ထီဆု ထွက်ရှိလာပါက ဆုကြေးငွေကို ပေးလျော်မည် မဟုတ်ကြောင်း အစားထိုး ပြန်လည် ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပျောက်ဆုံးသွားသည့် ကျပ် ၅၀၀ တန် ထီလတ်မှတ် နံပါတ်များမှ အထူးဆုကြီး စနစ်နှင့် ဆု တဆုချင်း စနစ် ဖြစ်လျှင် ရောင်းချရသည့် ထီလက်မှတ်များထဲမှ ဆုမဲ ဂဏန်းများ ထွက်ပေါ်လာသည် အထိ ဆုမဲ ကြေညာ၍ အစားထိုး ဖွင့်လှစ် ပေးသွားမည် ဖြစ်ကြောင်း ဦးမင်းထွဋ်က ပြောဆိုသည်။

အောင်ဘာလေ သိန်းဆုဌာနခွဲသည် လာမည့် ဖေဖော်ဝါရီလ ၁ ရက်တွင် ဖွင့်လှစ်မည့် ၂၃ ကြိမ် မြောက်ကျပ် ၅၀၀ တန်အောင်ဘာလေ ထီဖွင့်ပွဲ အတွက် ထီအက္ခရာ အလုံးရေ ၅၂ လုံးကို မြန်မာ တနိုင်ငံလုံးသို့ ဖြန့်ဖြူး ရောင်းချခဲ့ခြင်း ဖြစ်သည်။အဆိုပါ ပျောက်ဆုံးသွားသည့် ထီလက်မှတ်များ ဈေးကွက်ထဲသို့ ပျံ့နှံ့ ရောင်းချလာမည်ကို ပြည်သူများက စိုးရိမ်မှုများ လည်း ရှိနေကြောင်း သိရသည်။

ယင်းကြေညာချက်နှင့် ပတ်သက်၍ လိူင်သာယာ မြို့နယ်နေ မဇင်မာက “ထီကတော့ ထိုးမှာပဲ။ သူတို့ဘာသာ ပျောက်လို့ ကြေညာလည်း တော်ရုံ လူကတော့ တိုက်ဖြစ်မှာ မဟုတ်ဘူး။ ဒါက အစိုးရဘက်က လိုတာ။ ဒီလို ပျောက်တဲ့ အထဲ ဂဏန်း ကို မလျော်တဲ့စနစ်ကို မဖြစ်သင့်တဲ့ ကိစ္စကြီးပါ။ ဆုငွေ ပမာဏ နည်းတယ် ဆိုရင် တော်သေးတယ်။ များတယ် ဆိုရင် လက်မခံနိုင်ဘူး။ ဒါက ကုသိုလ်ကံနဲ့ လည်း ဆိုင်တယ်။ လူတိုင်းကတော့ နှမြောမှာပဲ။ ကျပ်သိန်းထောင်နဲ့ ချီရင် ပိုဆိုးမယ်” ဟု ပြောသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top