ယုန္ေလးဟာဆိုရင္ေတာ့အနုပညာနယ္ပယ္ထဲမွာ ေတာ္ေတာ္ေလးကုိ လူခ်စ္လူခင္မ်ားျပီး ေပါင္းတတ္သင္းတတ္တဲ့လူလို႔ေျပာရမွာပါ။ ယုန္ေလးဟာ အဆိုေတာ္အျဖစ္သီခ်င္းေခြေတြလည္း ထြက္ထားျပီး ရုပ္ရွင္ေတြလည္းရိုက္ကူးထားတဲ့ အေတြ႕အၾကံဳရွိအဆုိေတာ္ သရုပ္ေဆာင္တစ္ဦးျဖစ္ပါတယ္။ ယုန္ေလး က ျမင့္ျမတ္နဲ႔လည္း အလြန္ခင္မင္ရင္းနွီးတဲ့ သူငယ္ခ်င္းေတြျဖစ္သလို အနုပညာေလာကထဲက သူေတြေတာ္ေတာ္မ်ားမ်ားနဲ႔လည္း ခင္မင္တာေတြ႕ရပါတယ္။

ဒါ့အျပင္ ယုန္ေလးက ေပ်ာ္ေပ်ာ္ေနတတ္တဲ့သူ႔ရဲ႕စတိုင္အတိုင္းပဲ ဘယ္သူ႔ကုိမဆို စလိုက္ေနာက္လိုက္နဲ႔ေပါင္းတတ္လို႔ ပရိသတ္ေတြကလည္းခ်စ္သလုိ အနုပညာေမာင္နွမေတြရဲ႕ အသည္းေက်ာ္လည္းျဖစ္ေနရသူတစ္ဦးပါ။ ယုန္ေလးက မၾကာေသးခင္က ကမ္းေျခက ရိုက္ကြင္းတစ္ခုမွာ ပရိသတ္ေတြက သုသုလို႔ေခၚတဲ့ ညီညီေမာင္ (စမ္းေခ်ာင္း) ကုိ သတၱိရွိရွိနဲ႔လိုက္စေနပံုကို ယုန္ေလးရဲ႕ လူမႈကြန္ယက္မွာ တင္ထားတာေတြ႕ရပါတယ္။

ဗီဒီယုိထဲမွာ ၾကိဳးစားသရုပ္ေဆာင္ေနတဲ့ အနုပညာေမာင္နွမေတြျဖစ္တဲ့ ဂြမ္းပံု၊ညီညီေမာင္(စမ္းေခ်ာင္း)၊ျမင့္ျမတ္နဲ႔ ယုန္ေလးအျပင္ အျခားအနုပညာေလာကသားေတြကုိလည္းေတြ႕ရပါတယ္။ သုသုက အရမ္းကုိလွတဲ့ ဂါဝန္ေလးဝတ္ထားျပီး ယုန္ေလးကေတာ့ သုသုကုိ ဘဲၾကီး ဘဲၾကီးနဲ႔ သတၱိရွိရွိေခၚျပီးလိုက္စေနခဲ့တာပါ။ ယုန္ေလးက “ဘဲၾကီး ေစာက္ရမ္းမုိက္တယ္ WWE မွာ နပမ္းသတ္လို႔ရျပီ”ဆုိျပီး ေအာ္ၾကီးဟစ္က်ယ္နဲ႔မေၾကာက္မလန္႔စေနခဲ့ျပီး သုသုကေတာ့ ရယ္ေနခဲ့ပါတယ္။ ပရိသတ္ေတြကေတာ့ သုသုကုိ ဘဲၾကီးလို႔ေခၚရဲတဲ့ ယုန္ေလးရဲ႕သတၱိကုိအံ့ၾသေနၾကပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ သုသုနဲ႔ ယုန္ေလးကုိခ်စ္ၾကလား။ သူတို႔အတူတူရိုက္ေနၾကတဲ့ ဇာတ္ကားထြက္လာရင္ေရာသြားေရာက္ၾကည့္ရႈ႕အားေပးၾကမွာလား။ ယုန္ေလးရဲ႕သီခ်င္းအသစ္ေတြထြက္လာရင္ေရာအားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Can’t Wait To Say

# Unicode version ျဖင့္ ဖတ္ပါ #

ယုန်လေးဟာဆိုရင်တော့အနုပညာနယ်ပယ်ထဲမှာ တော်တော်လေးကို လူချစ်လူခင်များပြီး ပေါင်းတတ်သင်းတတ်တဲ့လူလို့ပြောရမှာပါ။ ယုန်လေးဟာ အဆိုတော်အဖြစ်သီချင်းခွေတွေလည်းထွက်ထားပြီး ရုပ်ရှင်တွေလည်းရိုက်ကူးထားတဲ့ အတွေ့အကြုံရှိအဆိုတော်သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ ယုန်လေး က မြင့်မြတ်နဲ့လည်း အလွန်ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်သလို အနုပညာလောကထဲကသူတွေတော်တော်များများနဲ့လည်း ခင်မင်တာတွေ့ရပါတယ်။

ဒါ့အပြင် ယုန်လေးက ပျော်ပျော်နေတတ်တဲ့သူ့ရဲ့စတိုင်အတိုင်းပဲ ဘယ်သူ့ကိုမဆို စလိုက်နောက်လိုက်နဲ့ပေါင်းတတ်လို့ ပရိသတ်တွေကလည်းချစ်သလို အနုပညာမောင်နှမတွေရဲ့အသည်းကျော်လည်းဖြစ်နေရသူတစ်ဦးပါ။ ယုန်လေးက မကြာသေးခင်က ကမ်းခြေက ရိုက်ကွင်းတစ်ခုမှာ ပရိသတ်တွေက သုသုလို့ခေါ်တဲ့ ညီညီမောင် (စမ်းချောင်း) ကို သတ္တိရှိရှိနဲ့လိုက်စနေပုံကို ယုန်လေးရဲ့ လူမှုကွန်ယက်မှာ တင်ထားတာတွေ့ရပါတယ်။

ဗီဒီယိုထဲမှာ ကြိုးစားသရုပ်ဆောင်နေတဲ့ အနုပညာမောင်နှမတွေဖြစ်တဲ့ ဂွမ်းပုံ၊ညီညီမောင်(စမ်းချောင်း)၊မြင့်မြတ်နဲ့ ယုန်လေးအပြင် အခြားအနုပညာလောကသားတွေကိုလည်းတွေ့ရပါတယ်။ သုသုက အရမ်းကိုလှတဲ့ ဂါဝန်လေးဝတ်ထားပြီး ယုန်လေးကတော့ သုသုကို ဘဲကြီး ဘဲကြီးနဲ့ သတ္တိရှိရှိခေါ်ပြီးလိုက်စနေခဲ့တာပါ။ ယုန်လေးက “ဘဲကြီး စောက်ရမ်းမိုက်တယ် WWE မှာ နပမ်းသတ်လို့ရပြီ”ဆိုပြီး အော်ကြီးဟစ်ကျယ်နဲ့မကြောက်မလန့်စနေခဲ့ပြီး သုသုကတော့ ရယ်နေခဲ့ပါတယ်။ ပရိသတ်တွေကတော့ သုသုကို ဘဲကြီးလို့ခေါ်ရဲတဲ့ ယုန်လေးရဲ့သတ္တိကိုအံ့သြနေကြပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော သုသုနဲ့ ယုန်လေးကိုချစ်ကြလား။ သူတို့အတူတူရိုက်နေကြတဲ့ ဇာတ်ကားထွက်လာရင်ရောသွားရောက်ကြည့်ရှု့အားပေးကြမှာလား။ ယုန်လေးရဲ့သီချင်းအသစ်တွေထွက်လာရင်ရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit: Can’t Wait To Say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top