ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

 ေလွာ္ကားဥယ်ာဥ္ေဘး မဲ့ေတာတြင္ ေမ်ာက္ေကာင္ေရ မ်ားလာသျဖင့္ ေျမာက္ဇာမရီ ေဘးမဲ့ေတာသို႔ ျပန္လႊတ္မည္ဟု ေလွာ္ကား ဥယ်ာဥ္အုပ္ခ်ဳပ္ေရး မွဴး ဦးစန္း၀င္းေအာင္က ေျပာၾကားသည္။

 ေလွာ္ကား ဥယ်ာဥ္တြင္ ေမ်ာက္ေကာင္ေရ မ်ားျပားလာမႈ ၏ အက်ဳိးဆက္အျဖစ္ ေဘးမဲ့ ေတာအတြင္းရွိ အပင္မ်ား၊ အသီး မ်ားကို ေဆာ့ကစား၍ ဖ်က္ဆီး ျခင္း၊ ေဘးမဲ့ေတာရွိ ငွက္မ်ား၊ ေဒါင္းမ်ားႏွင့္ ဖြတ္ဥမ်ားကို ေဆာ့ကစားသျဖင့္ ယင္းသတၱ၀ါမ်ားသည္ သားေပါက္ႏႈန္း ေလ်ာ့နည္းလာၿပီး ဥယ်ာဥ္၏ ေဂဟစနစ္ကုိလည္း ထိခိုက္လာသည္။

ထို႔ေၾကာင့္ ေမ်ာက္ေကာင္ ေရေလွ်ာ့ခ်ရန္ သယံဇာတႏွင့္ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရး ၀န္ႀကီးဌာနသို႔တင္ျပ၍ ဌာနခြင့္ျပဳခ်က္ျဖင့္ ဥယ်ာဥ္အတြင္းရွိ ေမ်ာက္မ်ားကို ပဲခူး႐ိုးမရွိ ေျမာက္ဇာမရီေဘးမဲ့ေတာသို႔ ေဘးမဲ့ျပန္လည္လႊတ္ေပးမည္ျဖစ္သည္။

လက္ရွိတြင္ ေလွာ္ကားဥယ်ာဥ္၌ ေမ်ာက္ေကာင္ေရ ၁,၅၀၀ မွ ၁,၈၀၀ ၾကားရွိေနၿပီး ဥယ်ာဥ္တြင္ေကာင္ေရ ၁၀၀ ခန္႔သာထားရွိ၍ က်န္ေမ်ာက္မ်ားကိုေျမာက္ဇာမရီသို႔ ပို႔ေဆာင္မည္ျဖစ္သည္။

ဥယ်ာဥ္အတြင္းရွိ ေမ်ာက္ မ်ားကို ဖမ္းဆီး၍ ၂၀၁၈ ဒီဇင္ဘာ လလယ္က ေမ်ာက္ေကာင္ေရ ၁၀၈ ေကာင္ကို ပထမအႀကိမ္ ေျမာက္ဇာမရီသို႔ ျပန္လည္လႊတ္ေပးၿပီး က်န္ေမ်ာက္မ်ားကိုလည္း ထပ္မံလႊတ္ေပးမည္ဟု ၎က ဆက္လက္ ေျပာသည္။

 ‘‘ဥယ်ာဥ္လာတဲ့သူေတြ လည္း စိတ္အေႏွာင့္အယွက္မျဖစ္ ေအာင္ မနက္ပိုင္းနဲ႔  ညေနပုိင္း ေတြမွာ ဖမ္းဆီးတယ္။ သူတုိ႔ကို ၿခံေလွာင္အိမ္ထဲမွာထားၿပီး ေကာင္ေရ ၁၀၀ ေလာက္ရွိရင္ ထပ္လႊတ္ ေပးသြားမယ္’’ ဟု ဦးစန္း၀င္း ေအာင္က ေျပာသည္။

ေမ်ာက္ေကာင္ေရ မ်ားျပား လာျခင္းေၾကာင့္ ဥယ်ာဥ္အတြင္း ေဂဟစနစ္ ထိခိုက္မႈမ်ားအျပင္ ေမ်ာက္မ်ား အစာ၀လင္စြာ မစား ရဟူေသာသတင္းမ်ား လူမႈကြန္ ရက္တြင္ ပ်ံ႕ႏွံ႔ျခင္း၊ ေမ်ာက္မ်ား ျပင္ပသို႔  ေရာက္ရွိသြားသည္ဆုိ၍ သတင္းမ်ားမၾကာခဏ ထြက္ေပၚ သျဖင့္ ဇီ၀မ်ဳိးစုံမ်ဳိးကဲြ ထိန္းသိမ္းေရး ေဆာင္ရြက္သူမ်ားက ေမ်ာက္မ်ဳိးပြားမႈ ေလွ်ာ့ခ်ေရးအစီအစဥ္မ်ားျပဳလုပ္ရန္ မၾကာခဏ သတိေပးသည္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:7Daydaily

#Unicode Version#
 လှော်ကားဥယျာဉ်ဘေး မဲ့တောတွင် မျောက်ကောင်ရေ များလာသဖြင့် မြောက်ဇာမရီ ဘေးမဲ့တောသို့ ပြန်လွှတ်မည်ဟု လှော်ကား ဥယျာဉ်အုပ်ချုပ်ရေး မှူး ဦးစန်းဝင်းအောင်က ပြောကြားသည်။

 လှော်ကား ဥယျာဉ်တွင် မျောက်ကောင်ရေ များပြားလာမှု ၏ အကျိုးဆက်အဖြစ် ဘေးမဲ့ တောအတွင်းရှိ အပင်များ၊ အသီး များကို ဆော့ကစား၍ ဖျက်ဆီး ခြင်း၊ ဘေးမဲ့တောရှိ ငှက်များ၊ ဒေါင်းများနှင့် ဖွတ်ဥများကို ဆော့ကစားသဖြင့် ယင်းသတ္တဝါများသည် သားပေါက်နှုန်း လျော့နည်းလာပြီး ဥယျာဉ်၏ ဂေဟစနစ်ကိုလည်း ထိခိုက်လာသည်။

ထို့ကြောင့် မျောက်ကောင် ရေလျှော့ချရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့တင်ပြ၍ ဌာနခွင့်ပြုချက်ဖြင့် ဥယျာဉ်အတွင်းရှိ မျောက်များကို ပဲခူးရိုးမရှိ မြောက်ဇာမရီဘေးမဲ့တောသို့ ဘေးမဲ့ပြန်လည်လွှတ်ပေးမည်ဖြစ်သည်။

လက်ရှိတွင် လှော်ကားဥယျာဉ်၌ မျောက်ကောင်ရေ ၁,၅၀၀ မှ ၁,၈၀၀ ကြားရှိနေပြီး ဥယျာဉ်တွင်ကောင်ရေ ၁၀၀ ခန့်သာထားရှိ၍ ကျန်မျောက်များကိုမြောက်ဇာမရီသို့ ပို့ဆောင်မည်ဖြစ်သည်။

ဥယျာဉ်အတွင်းရှိ မျောက် များကို ဖမ်းဆီး၍ ၂၀၁၈ ဒီဇင်ဘာ လလယ်က မျောက်ကောင်ရေ ၁၀၈ ကောင်ကို ပထမအကြိမ် မြောက်ဇာမရီသို့ ပြန်လည်လွှတ်ပေးပြီး ကျန်မျောက်များကိုလည်း ထပ်မံလွှတ်ပေးမည်ဟု ၎င်းက ဆက်လက် ပြောသည်။

 ‘‘ဥယျာဉ်လာတဲ့သူတွေ လည်း စိတ်အနှောင့်အယှက်မဖြစ် အောင် မနက်ပိုင်းနဲ့  ညနေပိုင်း တွေမှာ ဖမ်းဆီးတယ်။ သူတို့ကို ခြံလှောင်အိမ်ထဲမှာထားပြီး ကောင်ရေ ၁၀၀ လောက်ရှိရင် ထပ်လွှတ် ပေးသွားမယ်’’ ဟု ဦးစန်းဝင်း အောင်က ပြောသည်။

မျောက်ကောင်ရေ များပြား လာခြင်းကြောင့် ဥယျာဉ်အတွင်း ဂေဟစနစ် ထိခိုက်မှုများအပြင် မျောက်များ အစာဝလင်စွာ မစား ရဟူသောသတင်းများ လူမှုကွန် ရက်တွင် ပျံ့နှံ့ခြင်း၊ မျောက်များ ပြင်ပသို့  ရောက်ရှိသွားသည်ဆို၍ သတင်းများမကြာခဏ ထွက်ပေါ် သဖြင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး ဆောင်ရွက်သူများက မျောက်မျိုးပွားမှု လျှော့ချရေးအစီအစဉ်များပြုလုပ်ရန် မကြာခဏ သတိပေးသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:7Daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top