သံလမ္းမွတ္တိုင္အနီး ဓမၼသုခေက်ာင္းလမ္းရွိ ေျမအခ်ိဳးက် ပိုင္ဆိုင္မည့္ The Leaf Residence အထူးအေရာင္းျပပြဲ
×

ဖိလစ္ပိုင္အင္ဂ်င္နီယာမေလး ဂ်ိဳဆက္ဖင္း ဆန္တီေယဂိုဘြန္းကေတာ့ ဘယ္လိုဆိုးေနတဲ့ အေျခအေနကေနပဲ ျဖစ္ျဖစ္ ႀကီးမားတဲ့ အိပ္မက္ေတြကို ေအာင္ျမင္ေအာင္ အေကာင္အထည္ေဖာ္ႏုိင္တယ္ဆိုတာ သက္ေသျပသြားသူျဖစ္ပါတယ္။

သူမက ငယ္စဥ္က ႀကီးလာရင္ ဘာျဖစ္ခ်င္တယ္ဆိုၿပီး အထူးတလည္ မေတြးထားခဲ့သူပါ။ ေက်ာင္းၿပီး အလုပ္လုပ္ဖို႔ပဲ ေတြးထားခဲ့ပါတယ္။ သူမကိုယ္သူမ တစ္ေန႔မွာ နာဆာ အာကာသယာဥ္စခန္းက အင္ဂ်င္နီယာႀကီးတစ္ေယာက္ ျဖစ္လာမယ္လို႔ ပိုလို႔ေတာင္ မေတြးထားခဲ့ပါဘူး။

ဂ်ိဳဆက္ဖင္းဟာ ယူအက္စ္မွာ ေမြးၿပီး ဖိလစ္ပိုင္မွာ ႀကီးျပင္းလာသူပါ။ အေဖအေမအပါအဝင္ အစ္မ ၂ ေယာက္လံုးက ဆရာဝန္ေတြ ျဖစ္တဲ့အတြက္ သူမဟာ ဆရာဝန္ေတြၾကား ႀကီးျပင္းလာသူဆိုလည္း မမွားပါဘူး။ ဒါေပမယ့္ ေကာလိပ္တက္ခ်ိန္မွာေတာ့ သူငယ္ခ်င္းတစ္ေယာက္က တုိက္တြန္းတာနဲ႔ ဖိလစ္ပိုင္တကၠသိုလ္မွာ Electronics and Communications Engineering ေမဂ်ာကို ေရြးခဲ့ပါတယ္။

ဒါေပမယ့္ သူမဟာ သခ်ၤာနဲ႔ပတ္သက္တဲ့ ဘာသာရပ္ေတြမွာ စာမလိုက္ႏုိင္ခဲ့ပါဘူး။ “ကၽြန္မ အတန္းထဲမွာ ေတာ္ေတာ္ခက္ခဲခဲ့ပါတယ္။ ဒါေပမယ့္ (အင္ဂ်င္နီယာ ျဖစ္လာဖို႔) လက္မေလွ်ာ့ခဲ့ပါဘူး။ စာေမးပြဲမွာ ေျဖႏုိင္ဖို႔ အတြက္အခ်က္နဲ႔ အင္ဂ်င္နီယာဘာသာရပ္ေတြကို နားမလည္မခ်င္း က်ားကုတ္က်ားခဲ ေလ့က်င့္ခဲ့ပါတယ္။ အိပ္ေရးပ်က္တဲ့ ညေတြ ႀကံဳခဲ့ရက်ိဳး နပ္ပါတယ္” လို႔ ဂ်ိဳဆက္ဖင္းက အင္တာဗ်ဴးမွာ ေျပာျပခဲ့တာပါ။

ဘြဲ႔ရၿပီးခ်ိန္မွာေတာ့ ဂ်ိဳဆက္ဖင္းတစ္ေယာက္ အေမရိကန္ရိွ ဒါကိုတာျပည္နယ္ ေတာင္ပိုင္းတကၠသိုလ္မွာ အင္ဂ်င္နီယာ မဟာတန္းကို ထပ္တက္ခဲ့ပါတယ္။ ထို႔ေနာက္မွာေတာ့ နာဆာမွာ အလုပ္သင္ စဝင္ခဲ့တာပါ။

“အာကာသယာဥ္ေတြနဲ႔ ပတ္သက္လို႔ ကၽြန္မ ဘာမွ မသိခဲ့ပါဘူး။ အျပည္ျပည္ဆုိင္ရာ အာကာသစခန္းႀကီးက ကမၻာကို လွည့္ပတ္ေနခဲ့တယ္ဆိုတာေတာင္ မသိခဲ့ပါဘူး။” လို႔ဆုိကာ ဂ်ိဳဆက္ဖင္းက နာဆာနဲ႔ ပတ္သက္လို႔ ဗဟုသုတနည္းခဲ့ပံုကိုပါ ေျပာျပခဲ့ပါေသးတယ္။ နာဆာက အင္ဂ်င္နီယာေတြထဲ အမ်ိဳးသားဦးေရသာ မ်ားေပမယ့္ သူမကိုယ္သူမ ယံုၾကည္မႈရိွခဲ့တယ္ဆိုပါတယ္။ဂ်ိဳဆက္ဖင္းက လူတိုင္းအတြက္ အႀကံေပးခဲ့တဲ့ တစ္ဘဝစာ စကားကေတာ့ ေအာက္ပါအတုိင္းျဖစ္ပါတယ္။

“ႀကီးမားတဲ့ ရည္မွန္းခ်က္ေတြ အမ်ားႀကီးထားၾကည့္ပါ။ အခြင့္အလမ္းေတြကို ဆုပ္ကိုင္ၿပီး စိန္ေခၚဖို႔လည္း မေၾကာက္ပါနဲ႔။ Comfort zone ထဲက ထြက္ၿပီး ကိုယ္လုပ္ႏုိင္တာထက္ ပိုလုပ္ပါ။ ကိုယ္ မကၽြမ္းက်င္တဲ့အရာေတြကို လုပ္ၾကည့္ပါ။ အိပ္မက္တုိင္းက တကယ္ျဖစ္မလာႏုိင္တဲ့အခ်က္ကိုလည္း ႏွလံုးသြင္းထားပါ။ အနည္းဆံုးေတာ့ ပထမဆံုး ႀကိဳးစားမႈမွာေပါ့။ ဒီလိုနဲ႔ ထပ္ထပ္ႀကိဳးစားရင္း ေအာင္ျမင္လာမွာပါ။ ကိုယ့္ရဲ႕ ကိုယ္ရည္ကိုယ္ေသြးေတြကို ပိုပိုတုိးလာေအာင္ အားထုတ္ေနၿပီး အစြမ္းအစေတြကို အေကာင္းဆံုးနည္းလမ္းနဲ႔ သံုးၾကည့္ပါ။”

အခက္အခဲေတြ ဘယ္ေလာက္ပဲ ႀကံဳေနရပါေစ လက္မေလွ်ာ့ဘဲ ဆက္ႀကိဳးစားတဲ့အခါ ကိုယ္မွန္းထားတဲ့ အျမင့္ဆံုးထက္ေတာင္ သာတဲ့ေနရာဆီ တက္လွမ္းႏုိင္ေၾကာင္း ဂ်ိဳဆက္ဖင္းက သက္ေသျပေနပါတယ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:BurmeseAsia


#Unicode Version#
ဖိလစ်ပိုင်အင်ဂျင်နီယာမလေး ဂျိုဆက်ဖင်း ဆန်တီယေဂိုဘွန်းကတော့ ဘယ်လိုဆိုးနေတဲ့ အခြေအနေကနေပဲ ဖြစ်ဖြစ် ကြီးမားတဲ့ အိပ်မက်တွေကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်တယ်ဆိုတာ သက်သေပြသွားသူဖြစ်ပါတယ်။

သူမက ငယ်စဉ်က ကြီးလာရင် ဘာဖြစ်ချင်တယ်ဆိုပြီး အထူးတလည် မတွေးထားခဲ့သူပါ။ ကျောင်းပြီး အလုပ်လုပ်ဖို့ပဲ တွေးထားခဲ့ပါတယ်။ သူမကိုယ်သူမ တစ်နေ့မှာ နာဆာ အာကာသယာဉ်စခန်းက အင်ဂျင်နီယာကြီးတစ်ယောက် ဖြစ်လာမယ်လို့ ပိုလို့တောင် မတွေးထားခဲ့ပါဘူး။

ဂျိုဆက်ဖင်းဟာ ယူအက်စ်မှာ မွေးပြီး ဖိလစ်ပိုင်မှာ ကြီးပြင်းလာသူပါ။ အဖေအမေအပါအဝင် အစ်မ ၂ ယောက်လုံးက ဆရာဝန်တွေ ဖြစ်တဲ့အတွက် သူမဟာ ဆရာဝန်တွေကြား ကြီးပြင်းလာသူဆိုလည်း မမှားပါဘူး။ ဒါပေမယ့် ကောလိပ်တက်ချိန်မှာတော့ သူငယ်ချင်းတစ်ယောက်က တိုက်တွန်းတာနဲ့ ဖိလစ်ပိုင်တက္ကသိုလ်မှာ Electronics and Communications Engineering မေဂျာကို ရွေးခဲ့ပါတယ်။

ဒါပေမယ့် သူမဟာ သင်္ချာနဲ့ပတ်သက်တဲ့ ဘာသာရပ်တွေမှာ စာမလိုက်နိုင်ခဲ့ပါဘူး။ “ကျွန်မ အတန်းထဲမှာ တော်တော်ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် (အင်ဂျင်နီယာ ဖြစ်လာဖို့) လက်မလျှော့ခဲ့ပါဘူး။ စာမေးပွဲမှာ ဖြေနိုင်ဖို့ အတွက်အချက်နဲ့ အင်ဂျင်နီယာဘာသာရပ်တွေကို နားမလည်မချင်း ကျားကုတ်ကျားခဲ လေ့ကျင့်ခဲ့ပါတယ်။ အိပ်ရေးပျက်တဲ့ ညတွေ ကြုံခဲ့ရကျိုး နပ်ပါတယ်” လို့ ဂျိုဆက်ဖင်းက အင်တာဗျူးမှာ ပြောပြခဲ့တာပါ။

ဘွဲ့ရပြီးချိန်မှာတော့ ဂျိုဆက်ဖင်းတစ်ယောက် အမေရိကန်ရှိ ဒါကိုတာပြည်နယ် တောင်ပိုင်းတက္ကသိုလ်မှာ အင်ဂျင်နီယာ မဟာတန်းကို ထပ်တက်ခဲ့ပါတယ်။ ထို့နောက်မှာတော့ နာဆာမှာ အလုပ်သင် စဝင်ခဲ့တာပါ။

“အာကာသယာဉ်တွေနဲ့ ပတ်သက်လို့ ကျွန်မ ဘာမှ မသိခဲ့ပါဘူး။ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကြီးက ကမ္ဘာကို လှည့်ပတ်နေခဲ့တယ်ဆိုတာတောင် မသိခဲ့ပါဘူး။” လို့ဆိုကာ ဂျိုဆက်ဖင်းက နာဆာနဲ့ ပတ်သက်လို့ ဗဟုသုတနည်းခဲ့ပုံကိုပါ ပြောပြခဲ့ပါသေးတယ်။ နာဆာက အင်ဂျင်နီယာတွေထဲ အမျိုးသားဦးရေသာ များပေမယ့် သူမကိုယ်သူမ ယုံကြည်မှုရှိခဲ့တယ်ဆိုပါတယ်။ဂျိုဆက်ဖင်းက လူတိုင်းအတွက် အကြံပေးခဲ့တဲ့ တစ်ဘဝစာ စကားကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

“ကြီးမားတဲ့ ရည်မှန်းချက်တွေ အများကြီးထားကြည့်ပါ။ အခွင့်အလမ်းတွေကို ဆုပ်ကိုင်ပြီး စိန်ခေါ်ဖို့လည်း မကြောက်ပါနဲ့။ Comfort zone ထဲက ထွက်ပြီး ကိုယ်လုပ်နိုင်တာထက် ပိုလုပ်ပါ။ ကိုယ် မကျွမ်းကျင်တဲ့အရာတွေကို လုပ်ကြည့်ပါ။ အိပ်မက်တိုင်းက တကယ်ဖြစ်မလာနိုင်တဲ့အချက်ကိုလည်း နှလုံးသွင်းထားပါ။ အနည်းဆုံးတော့ ပထမဆုံး ကြိုးစားမှုမှာပေါ့။ ဒီလိုနဲ့ ထပ်ထပ်ကြိုးစားရင်း အောင်မြင်လာမှာပါ။ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ပိုပိုတိုးလာအောင် အားထုတ်နေပြီး အစွမ်းအစတွေကို အကောင်းဆုံးနည်းလမ်းနဲ့ သုံးကြည့်ပါ။”

အခက်အခဲတွေ ဘယ်လောက်ပဲ ကြုံနေရပါစေ လက်မလျှော့ဘဲ ဆက်ကြိုးစားတဲ့အခါ ကိုယ်မှန်းထားတဲ့ အမြင့်ဆုံးထက်တောင် သာတဲ့နေရာဆီ တက်လှမ်းနိုင်ကြောင်း ဂျိုဆက်ဖင်းက သက်သေပြနေပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:BurmeseAsia

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top