အေမရိကန္ႏုိင္ငံမွ ေကဆီကင္းဆိုသူ အမ်ိဳးသားတစ္ဦးကေတာ့ သူ႔ဘဝအေၾကာင္းကို TLC ႐ုပ္သံုလိုင္းရဲ႕ ပ႐ိုဂရမ္တစ္ခုျဖစ္တဲ့ Family by the Ton အစီအစဥ္မွာ ဖြင့္ဟခဲ့ပါတယ္။ Family by the Ton ကေတာ့ ဝိတ္ခ်ဖို႔ လိုေနတဲ့ အေျခအေနရိွသူေတြအေၾကာင္းကို ႐ုပ္သံမွတ္တမ္းအေနနဲ႔ ထုတ္လႊင့္တဲ့ အစီအစဥ္ပါ။


ေကဆီကင္းကေတာ့ အသက္ ၃၄ ရိွၿပီျဖစ္ၿပီး ဖခင္ ဒန္နီနဲ႔အတူ ေနထုိင္ပါတယ္။ သူရဲ႕ တစ္ေန႔တာ ကုန္ဆံုးပံုကေတာ့ ေန႔လည္ ၁၂ နာရီေလာက္ အိပ္ယာထ၊ ၿပီးရင္ အစားစား၊ တီဗီၾကည့္၊ ဗီဒီယိုဂိမ္းေတြ ထုိင္ေဆာ့၊ ၿပီးရင္ အိပ္ယာဝင္၊ ဒီလိုနဲ႔ပါပဲ။ သူေျပာတဲ့ စကားတစ္ခြန္းကေတာ့ “ေသတဲ့အထိ စားေနဦးမွာပဲ” ဆိုပါတယ္။ သူဟာ တစ္ေန႔လံုး အခန္းတံခါးပိတ္ကာ ဂိမ္းပဲ ထုိင္ေဆာ့ေနတတ္တဲ့အျပင္ အက်ႌအဝတ္အစားလည္း မဝတ္ဘဲ ေနေလ့ရိွပါတယ္။ “ေဂ်ာ္ဂ်ီယာမွာ ပူတယ္ေလ။ ကၽြန္ေတာ္ အက်ႌဝတ္ရတာလည္း က်ပ္က က်ပ္နဲ႔၊ မဝတ္ေတာ့ဘဲ အခန္းထဲမွာပဲ ေနေနလုိက္ေတာ့တယ္။”


ဂိမ္းေလာကကေတာ့ သူ႔ကို လက္ေတြ႔ဘဝကေန လြတ္ေျမာက္ေစႏုိင္တဲ့ ကမၻာတစ္ခုပါတဲ့။ သူ႔ရဲ႕ အျပင္ပန္းပံုစံကို ဘယ္သူမွ မေဝဖန္ဘဲ သူျဖစ္ခ်င္တဲ့ ဘဝကို ဂိမ္းထဲမွာ စိတ္ႀကိဳက္ဖန္တီးႏုိင္ေၾကာင္း ေကဆီက ေျပာပါတယ္။ သူဟာ အထက္တန္းေက်ာင္းၿပီးတုန္းက ကိုယ္အေလးခ်ိန္ ေပါင္ ၃၀၀ ရိွခဲ့ပါတယ္။ ထုိ႔ေနာက္ စားေသာက္ဆုိင္အခ်ိဳ႕မွာ အလုပ္ဝင္လုပ္ရင္း ေပါင္ ၅၀၀ ျဖစ္လာခဲ့ပါတယ္။ အဲဒီမွာ အလုပ္လုပ္ဖို႔ေတာင္ စခက္ခဲလာခဲ့တဲ့အတြက္ အလုပ္ထြက္ခဲ့ရပါတယ္။ အလုပ္လက္မဲ့ ျဖစ္သြားတာေၾကာင့္ မိခင္ျဖစ္သူက အိမ္ေပၚက ႏွင္ခ်ခဲ့ၿပီး ထုိကစလို႔ ဖခင္နဲ႔အတူ လာေနခဲ့တာပါ။


သားကုိ ခ်စ္လြန္းလို႔ အလိုလိုက္တဲ့ ဒန္နီကေတာ့ ေကဆီကို တစ္ေန႔တစ္မ်ိဳး စားခ်င္တာေတြ အကုန္ဝယ္ေကၽြးေနခဲ့ရာမွ ေပါင္ ၇၀၀ အထိ ျဖစ္လာခဲ့ပါတယ္။ ေရခ်ိဳးခန္းနဲ႔ေတာင္ မဆံ့ေတာ့တဲ့အတြက္ အိမ္အျပင္မွာ သံဇလံုႀကီးနဲ႔ ေရထြက္ခ်ိဳးရပါတယ္။ ဖခင္ ဒန္နီကေတာ့ ေကဆီ့ကို ဝိတ္လည္း က်ေစခ်င္ၿပီး ကိုယ့္အားကိုယ္ကိုးကာ ေနႏုိင္မယ့္ ေန႔ကို စိတ္ရွည္ရွည္နဲ႔ ေစာင့္ေပးမွာျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Burmese.asia

#Unicode Version#

အမေရိကန်နိုင်ငံမှ ကေဆီကင်းဆိုသူ အမျိုးသားတစ်ဦးကတော့ သူ့ဘဝအကြောင်းကို TLC ရုပ်သုံလိုင်းရဲ့ ပရိုဂရမ်တစ်ခုဖြစ်တဲ့ Family by the Ton အစီအစဉ်မှာ ဖွင့်ဟခဲ့ပါတယ်။ Family by the Ton ကတော့ ဝိတ်ချဖို့ လိုနေတဲ့ အခြေအနေရှိသူတွေအကြောင်းကို ရုပ်သံမှတ်တမ်းအနေနဲ့ ထုတ်လွှင့်တဲ့ အစီအစဉ်ပါ။

ကေဆီကင်းကတော့ အသက် ၃၄ ရှိပြီဖြစ်ပြီး ဖခင် ဒန်နီနဲ့အတူ နေထိုင်ပါတယ်။ သူရဲ့ တစ်နေ့တာ ကုန်ဆုံးပုံကတော့ နေ့လည် ၁၂ နာရီလောက် အိပ်ယာထ၊ ပြီးရင် အစားစား၊ တီဗီကြည့်၊ ဗီဒီယိုဂိမ်းတွေ ထိုင်ဆော့၊ ပြီးရင် အိပ်ယာဝင်၊ ဒီလိုနဲ့ပါပဲ။ သူပြောတဲ့ စကားတစ်ခွန်းကတော့ “သေတဲ့အထိ စားနေဦးမှာပဲ” ဆိုပါတယ်။ သူဟာ တစ်နေ့လုံး အခန်းတံခါးပိတ်ကာ ဂိမ်းပဲ ထိုင်ဆော့နေတတ်တဲ့အပြင် အင်္ကျီအဝတ်အစားလည်း မဝတ်ဘဲ နေလေ့ရှိပါတယ်။ “ဂျော်ဂျီယာမှာ ပူတယ်လေ။ ကျွန်တော် အင်္ကျီဝတ်ရတာလည်း ကျပ်က ကျပ်နဲ့၊ မဝတ်တော့ဘဲ အခန်းထဲမှာပဲ နေနေလိုက်တော့တယ်။”

ဂိမ်းလောကကတော့ သူ့ကို လက်တွေ့ဘဝကနေ လွတ်မြောက်စေနိုင်တဲ့ ကမ္ဘာတစ်ခုပါတဲ့။ သူ့ရဲ့ အပြင်ပန်းပုံစံကို ဘယ်သူမှ မဝေဖန်ဘဲ သူဖြစ်ချင်တဲ့ ဘဝကို ဂိမ်းထဲမှာ စိတ်ကြိုက်ဖန်တီးနိုင်ကြောင်း ကေဆီက ပြောပါတယ်။ သူဟာ အထက်တန်းကျောင်းပြီးတုန်းက ကိုယ်အလေးချိန် ပေါင် ၃၀၀ ရှိခဲ့ပါတယ်။ ထို့နောက် စားသောက်ဆိုင်အချို့မှာ အလုပ်ဝင်လုပ်ရင်း ပေါင် ၅၀၀ ဖြစ်လာခဲ့ပါတယ်။ အဲဒီမှာ အလုပ်လုပ်ဖို့တောင် စခက်ခဲလာခဲ့တဲ့အတွက် အလုပ်ထွက်ခဲ့ရပါတယ်။ အလုပ်လက်မဲ့ ဖြစ်သွားတာကြောင့် မိခင်ဖြစ်သူက အိမ်ပေါ်က နှင်ချခဲ့ပြီး ထိုကစလို့ ဖခင်နဲ့အတူ လာနေခဲ့တာပါ။

သားကို ချစ်လွန်းလို့ အလိုလိုက်တဲ့ ဒန်နီကတော့ ကေဆီကို တစ်နေ့တစ်မျိုး စားချင်တာတွေ အကုန်ဝယ်ကျွေးနေခဲ့ရာမှ ပေါင် ၇၀၀ အထိ ဖြစ်လာခဲ့ပါတယ်။ ရေချိုးခန်းနဲ့တောင် မဆံ့တော့တဲ့အတွက် အိမ်အပြင်မှာ သံဇလုံကြီးနဲ့ ရေထွက်ချိုးရပါတယ်။ ဖခင် ဒန်နီကတော့ ကေဆီ့ကို ဝိတ်လည်း ကျစေချင်ပြီး ကိုယ့်အားကိုယ်ကိုးကာ နေနိုင်မယ့် နေ့ကို စိတ်ရှည်ရှည်နဲ့ စောင့်ပေးမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top