



Credit: celegabar

# Unicode Version ဖြင့် ဖတ်ပါ #

နေခန့်မင်းသစ်တစ်ယောက် ရုတ်တရက် အမှတ်မထင် ပြောဆိုခဲ့တဲ့ စကားတစ်ခုကြောင့် အွန်လိုင်းမီဒီယာတွေပေါ်မှာ နာမည်ကြီးသွားခဲ့ပါတယ်။ “မိုးဟေကို ကို အသေရရ အရှင်ရရ” ဆိုတဲ့ စကားလေးတစ်ခွန်းကြောင့် မီဒီယာတွေရဲ့ ဖော်ပြရေးသားချက်တွေကို ခံခဲ့ရတာပါ ။

နေခန့်မင်းသစ်ရဲ့ အမှတ်မထင် ပြောပြလိုက်မှုရယ်၊ မီဒီယာတွေရဲ့ ဖော်ပြမှုတွေရယ်ပေါင်းစပ်လိုက်တဲ့အါ ပရိသတ်တွေကြားမှာ ပြောစမှတ်တွင်သွားခဲ့တာကြောင့် ချစ်ရသူရဲ့ ရွှေစိတ်တော် ကောက်ခြင်းကိုလည်းခံခဲ့ရပါတယ်။

လူမှုကွန်ရက်ပေါ်မှာ”Ooredoo ကလုပ်တဲ့ လွတ်လပ်ရေးနေ့ပွဲသွားရင်းနဲ့ အင်တာဗျူးတစ်ခုမှာ မိုးဟေကို ကိုအသေရရအရှင်ရရဆိုတဲ့ စကားကိုဒီတိုင်းပဲ ကျနော့်စိတ်ထဲ ဘာရည်ရွယ်ချက်မှမရှိပဲဖြေခဲ့တာပါ ဒါကိုကျွန်တော့်ကိုလဲ အသိမပေးခွင့်မတောင်းပဲနဲ့ ချဲ့ထွင်ပြီးရေးသားဖော်ပြနေတဲ့ Pageတွေအနေနဲ့လဲ ပြန်ဖျက်ပေးဖို့တောင်းဆိုပါတယ် ကျွန်တော့်ကြောင့် စိတ်မကောင်းဖြစ်သွားရတဲ့ ကျွန်တော့်ချစ်သူကိုလဲ ဒီနေရာကနေထပ်ပြီး တောင်းပန်ပါတယ်” လို့ ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။

ဆယ်လီကမ္ဘာပရိသတ်ကြီးရေ သားပလုံးရဲ့ ချစ်သူကောင်မလေးသိရအောင် ဒီသတင်းလေးကို ပြန်လည်မျှဝေပေးလိုက်ကြပါနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: celegabar
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top