အခင်းဖြစ်​​နေ့ ည ၈ နာရီ​ကျော်​ခန့်​က သီဟတင်​စိုး ​နေအိမ်​သို့ တစ်​ဦးတည်း ပြန်​လာပြီး ဧည့်​ခန်း၌ထိုင်​​နေစဉ်​ ​ဒေါ်ညိုသင်​​ပေးသည့်​အတိုင်း အိပ်​ခန်းတံခါးကို အနည်းငယ်​ ဟထားခဲ့​ကြောင်း၊ သို့​သော်​ သီဟတင်​စိုးမှာ ​ဧည့်​ခန်းမှ ၄င်း၏ အလုပ်​ခန်းသို့ ဝင်​​ရောက်​သွားခဲ့​ကြောင်း၊ ည ၉ နာရီခွဲတွင်​ ဇင်​မာဦးနှင့်​ သူ၏ သားသမီးများ အပြင်​မှ ပြန်​​ရောက်​လာပြီး သီဟတင်​စိုးနှင့်​အတူ ​နေအိမ်​ အ​ပေါ်ထပ်​သို့ တက်​သွားခဲ့​ပြီး​နောက်
တစ်​​နေ့ နံနက်​ ၇ နာရီခွဲအချိန်​တွင်​ ​တာ​မွေမြို့နယ်​ရှိ ​ဒေါ်မြင့်​​၏ ​နေအိမ်၌ ​ဒေါ်ညိုနှင့်​သွား​ရောက်​​တွေ့ဆုံကာဖြစ်စဉ်အား ​ပြောပြခဲ့​ကြောင်း၊ ​ဒေါ်ညိုက ၄င်းက သင်​​ပေးသည့်​ အတိုင်းလိမ်​လည်​ထွက်​ဆိုကာ ​ငွေ​ကြေး​တောင်းရန်​နှင့်​မရပါကအမှုဖွင့်​ရန်သင်​​ပေးသည့်​အတိုင်း လိုက်​ပါ​ဆောင်​ရွက်​ခဲ့​ကြောင်းခင်မာမြင့်​ကရဲထံ ​​ဖြောင့်​ချက်​​ပေးခဲ့သည်​ဟု ဆိုသည်​။
#Unicode Version#
သုဝဏ္ဏနယ်မြေ ရဲစခန်းမှူး ရဲအုပ်သန်းနိုင်က အိမ်အကူ ခင်မာမြင့်ကို ပုဒ်မ ၂၁၁ ဖြင့် စွဲဆိုထားသော အမှုမှ တရားလိုပြသက်သေအဖြစ် သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်မှ ရာအိမ်မှူး ဦးအောင်ကြည်ဝင်းကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံး၌ စစ်ဆေးခဲ့ခြင်းဖြစ်သည်။ လိမ်လည်တိုင်တန်းမှု ပုဒ်မ ၂၁၁ အတွက် ခင်မာမြင့်မှ သုဝဏ္ဏနယ်မြေ ရဲစခန်းမှူးရှေ့၌ ဖြောင့်ချက်ပေးရာတွင် ဦးအောင်ကြည်ဝင်းမှာ မှတ်တမ်းရယူခဲ့သူဖြစ်သည်။
အိပ်ခန်းအတွင်းသို့ သီဟတင်စိုး ဝင်ရောက်စေရန်တံခါးကိုဖွင့်ထားခဲ့ကြောင်း ခင်မာမြင့် ဖြောင့်ချက်ပေးခဲ့ ။ ပွဲစား ဒေါ်ညိုသင်ကြားခဲ့သည့်အတိုင်း အိပ်ခန်းအတွင်းသို့ သီဟတင်စိုး ဝင်ရောက်စေရန် တံခါးအား ဖွင့်ထားခဲ့ကြောင်း ခင်မာမြင့်က ရဲထံဖြောင့်ချက်ပေးခဲ့သည်ဟု တရားလိုပြသက်သေ ရာအိမ်မှူး ဦးအောင်ကြည်ဝင်းက ယနေ့ တရားခွင်တွင် ထွက်ဆိုခဲ့သည်။
အခင်းဖြစ်နေ့ ည ၈ နာရီကျော်ခန့်က သီဟတင်စိုး နေအိမ်သို့ တစ်ဦးတည်း ပြန်လာပြီး ဧည့်ခန်း၌ထိုင်နေစဉ် ဒေါ်ညိုသင်ပေးသည့်အတိုင်း အိပ်ခန်းတံခါးကို အနည်းငယ် ဟထားခဲ့ကြောင်း၊ သို့သော် သီဟတင်စိုးမှာ ဧည့်ခန်းမှ ၎င်း၏ အလုပ်ခန်းသို့ ဝင်ရောက်သွားခဲ့ကြောင်း၊ ည ၉ နာရီခွဲတွင် ဇင်မာဦးနှင့် သူ၏ သားသမီးများ အပြင်မှ ပြန်ရောက်လာပြီး သီဟတင်စိုးနှင့်အတူ နေအိမ် အပေါ်ထပ်သို့ တက်သွားခဲ့ပြီးနောက်
တစ်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် တာမွေမြို့နယ်ရှိ ဒေါ်မြင့်၏ နေအိမ်၌ ဒေါ်ညိုနှင့်သွားရောက်တွေ့ဆုံကာဖြစ်စဉ်အား ပြောပြခဲ့ကြောင်း၊ ဒေါ်ညိုက ၎င်းက သင်ပေးသည့် အတိုင်းလိမ်လည်ထွက်ဆိုကာ ငွေကြေးတောင်းရန်နှင့်မရပါကအမှုဖွင့်ရန်သင်ပေးသည့်အတိုင်း လိုက်ပါဆောင်ရွက်ခဲ့ကြောင်းခင်မာမြင့်ကရဲထံ ဖြောင့်ချက်ပေးခဲ့သည်ဟု ဆိုသည်။
ယနေ့ ရုံးချိန်းတွင် သရုပ်ဆောင် ဇင်မာဦးက တရားလိုပြု၍ အိမ်အကူ ခင်မာမြင့််နဲ့ ပွဲစားဒေါ်ညိုအား ပုဒ်မ-၃၈၉ဖြင့် စွဲဆိုထားသော အမှုကိုလည်း စစ်ဆေးခဲ့ပြီး ဒေါ်ဇင်မာဦး၏ အမ ဒေါ်ကေသီဦးက တရားလိုပြသက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့သည်။အမှုကို လာမည့် ဇန်နဝါရီ ၂၈ရက်တွင် ဆက်လက်စစ်ဆေးရန် ချိန်းဆိုခဲ့သည်။
ဖိုးသူတော်(www.phothutaw.com)
Credit:မင်းဟိန်းThe Standard Time Daily
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top