စကၤာပူတြင္က်င္းပမည့္ ကိုယ္ပိုင္ကမ္းေျခအသစ္ Kangyi Paradise ရွိ ေျမကြက္ ႏွင့္ Service Apartment အေရာင္းျပပြဲ
×


အိမ္ရာမဲ့အမ်ားစုဟာ မူးယစ္ေဆးစြဲေနသူေတြ၊ စိတ္ေရာဂါခံစားေနရသူေတြ ဒါမွမဟုတ္ ရာဇဝတ္မႈက်ဴးလြန္ထားသူေတြ ၿဖစ္တတ္ၾကပါတယ္။ သူေၿပာတာကေတာ့ လူတစ္ေယာက္ဟာ အိမ္နဲ႔မေနရတာေၾကာင့္ ဒီလိုေတြ ပ်က္စီးတတ္ၾကတယ္လို႔ ေၿပာတာမဟုတ္ပါဘူးတဲ့။

တစ္ေန႔မွာ အေမရိကန္က ၿမိဳ႕ေလးတစ္ၿမိဳ႕ၿဖစ္တဲ့ နယူးေဟဗန္မွာေနထိုင္သူ အဲလ္မာအလ္ဗာရဲဇ္ (Elmer Alvarez) ဟာ ေဒၚလာ ၁၀,၀၀၀ တန္ခ်က္လက္မွတ္တစ္ေစာင္ကို ေကာက္ရခဲ့ပါတယ္။ ခ်က္လက္မွတ္ကို ေတြ႔လိုက္တဲ့အခ်ိန္ ပထမဆံုး သူ႔ေခါင္းထဲမွာ ေပၚလာတာက ‘ငါ ပိုင္ရွင္ကို ရွာရမယ္’ လို႔ပါ။


ဒီခ်က္လက္မွတ္ကိို အိမ္ၿခံေၿမအက်ိဳးေဆာင္တစ္ဦးျဖစ္တဲ့ ေရာဘာတ့္တာဟိုစ္ကီ (Roberta Hoskie) ပိုင္ဆိုင္တာၿဖစ္ျပီး နယူးေဟဗန္မွာ ခ်က္လက္မွတ္ေပ်ာက္ဆံုးသြားခဲ့တာျဖစ္ပါတယ္။ ‘စိတ္ေကာင္းရိွတဲ့သူတစ္ေယာက္ေယာက္က ေကာက္ရၿပီး ျပန္ေပးလာဖို႔ ကြ်န္မေမ်ွာ္လင့္ခဲ့ပါတယ္’ လို႔ေၿပာပါတယ္။ ေနာက္ေတာ့ အဲလ္မာအလ္ဗာရဲဇ္ ဆိုသူဆီက ဒီခ်က္လက္မွတ္ကို ေကာက္ရထားေၾကာင္း ဖုန္းလက္ခံရရိွခဲ့ပါတယ္။

ေရာဘာ့တ္တာက အဲလ္မာကိုေတြ႕ၿပီး စကားေျပာၾကည့္မွ သူဟာ အိမ္ရာမဲ့တစ္ဦးၿဖစ္ေၾကာင္း သိခဲ့ရပါတယ္။ ေရာဘာ့တ္တာဟာလည္း တစ္ခ်ိန္က အိမ္ရာမဲ့တစ္ဦးၿဖစ္ဖူးတာမို႔ ဒီအေၿခအေနကို ေကာင္းေကာင္းနားလည္ပါတယ္။ အဲလ္ဗာရဲဇ္က သူအလုပ္ရၿပီးေတာ့ သူ႔ဘဝၿပန္ၿပီးေကာင္းမြန္လာေအာင္ ၾကိဳးစားေနသူပါ။

ဒါေတြအားလံုးဟာ လြန္ခဲ့တဲ့တစ္ႏွစ္ေလာက္တုန္းက ၿဖစ္ပ်က္ခဲ့တာဆိုေပမဲ့ လူတိုင္းသိခ်င္ေနၾကမွာက ဒီအၿဖစ္အပ်က္ေလးရဲ႕ေနာက္ပိုင္းမွာ ဘာဆက္ျဖစ္ခဲ့လဲဆိုတာပါပဲ။ ေရာဘာ့တ္တာက အဲလ္ဗာရဲဇ္အတြက္ တိုက္ခန္းတစ္ခန္းရွာေပးၿပီး သူ႔ေၿခေထာက္ေပၚသူ ရပ္တည္ႏိုင္တဲ့အထိ ခုနွစ္လစာ တိုက္ခန္းငွားေပးခဲ့ပါတယ္။ အခုဆိုရင္ သူတို႔ဟာ အိမ္ၿခံေျမပေရာဂ်က္ေလးတစ္ခုကိုေတာင္ အတူတူ လုပ္ေဆာင္ေနၾကပါျပီ။

ဒါ့အၿပင္ ေနာက္ႏွစ္ထဲမွာ ဆယ္ေက်ာ္သက္လူငယ္လူရြယ္ေတြနဲ႔ အိမ္ရာမဲ့ေတြအတြက္ ခဏတာခိုလွုံလို႔ရေစမယ့္ အိမ္ၾကီးတစ္လံုးေဆာက္ေပးဖို႔ အစီအစဥ္လည္းခ်ထားပါတယ္။ ဒီအိမ္ၾကီးမွာ လုိအပ္တဲ့ဝန္ေဆာင္မႈမ်ိဳးစံုကို ေထာက္ပံ့ဖန္တီးေပးထားမယ္လုိ႔ ဆိုပါတယ္။ ‘အမိုးအကာေလးေအာက္မွာ ေနရတာဘယ္လိုမ်ိဳးလဲဆိုတာ ကြ်န္မမွတ္မိေနပါေသးတယ္… ဒါေၾကာင့္ ဒီလိုအစီအစဥ္ကို ခ်မွတ္ခဲ့တာပါ’ လို႔ ေရာဘာ့တ္တာက ေၿပာျပခဲ့ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Yoyarlay

#Unicode Version#

အိမ်ရာမဲ့အများစုဟာ မူးယစ်ဆေးစွဲနေသူတွေ၊ စိတ်ရောဂါခံစားနေရသူတွေ ဒါမှမဟုတ် ရာဇဝတ်မှုကျူးလွန်ထားသူတွေ ဖြစ်တတ်ကြပါတယ်။ သူပြောတာကတော့ လူတစ်ယောက်ဟာ အိမ်နဲ့မနေရတာကြောင့် ဒီလိုတွေ ပျက်စီးတတ်ကြတယ်လို့ ပြောတာမဟုတ်ပါဘူးတဲ့။

တစ်နေ့မှာ အမေရိကန်က မြို့လေးတစ်မြို့ဖြစ်တဲ့ နယူးဟေဗန်မှာနေထိုင်သူ အဲလ်မာအလ်ဗာရဲဇ် (Elmer Alvarez) ဟာ ဒေါ်လာ ၁၀,၀၀၀ တန်ချက်လက်မှတ်တစ်စောင်ကို ကောက်ရခဲ့ပါတယ်။ ချက်လက်မှတ်ကို တွေ့လိုက်တဲ့အချိန် ပထမဆုံး သူ့ခေါင်းထဲမှာ ပေါ်လာတာက ‘ငါ ပိုင်ရှင်ကို ရှာရမယ်’ လို့ပါ။

ဒီချက်လက်မှတ်ကို အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်တဲ့ ရောဘာတ့်တာဟိုစ်ကီ (Roberta Hoskie) ပိုင်ဆိုင်တာဖြစ်ပြီး နယူးဟေဗန်မှာ ချက်လက်မှတ်ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ ‘စိတ်ကောင်းရှိတဲ့သူတစ်ယောက်ယောက်က ကောက်ရပြီး ပြန်ပေးလာဖို့ ကျွန်မမျှော်လင့်ခဲ့ပါတယ်’ လို့ပြောပါတယ်။ နောက်တော့ အဲလ်မာအလ်ဗာရဲဇ် ဆိုသူဆီက ဒီချက်လက်မှတ်ကို ကောက်ရထားကြောင်း ဖုန်းလက်ခံရရှိခဲ့ပါတယ်။

ရောဘာ့တ်တာက အဲလ်မာကိုတွေ့ပြီး စကားပြောကြည့်မှ သူဟာ အိမ်ရာမဲ့တစ်ဦးဖြစ်ကြောင်း သိခဲ့ရပါတယ်။ ရောဘာ့တ်တာဟာလည်း တစ်ချိန်က အိမ်ရာမဲ့တစ်ဦးဖြစ်ဖူးတာမို့ ဒီအခြေအနေကို ကောင်းကောင်းနားလည်ပါတယ်။ အဲလ်ဗာရဲဇ်က သူအလုပ်ရပြီးတော့ သူ့ဘဝပြန်ပြီးကောင်းမွန်လာအောင် ကြိုးစားနေသူပါ။

ဒါတွေအားလုံးဟာ လွန်ခဲ့တဲ့တစ်နှစ်လောက်တုန်းက ဖြစ်ပျက်ခဲ့တာဆိုပေမဲ့ လူတိုင်းသိချင်နေကြမှာက ဒီအဖြစ်အပျက်လေးရဲ့နောက်ပိုင်းမှာ ဘာဆက်ဖြစ်ခဲ့လဲဆိုတာပါပဲ။ ရောဘာ့တ်တာက အဲလ်ဗာရဲဇ်အတွက် တိုက်ခန်းတစ်ခန်းရှာပေးပြီး သူ့ခြေထောက်ပေါ်သူ ရပ်တည်နိုင်တဲ့အထိ ခုနှစ်လစာ တိုက်ခန်းငှားပေးခဲ့ပါတယ်။ အခုဆိုရင် သူတို့ဟာ အိမ်ခြံမြေပရောဂျက်လေးတစ်ခုကိုတောင် အတူတူ လုပ်ဆောင်နေကြပါပြီ။

ဒါ့အပြင် နောက်နှစ်ထဲမှာ ဆယ်ကျော်သက်လူငယ်လူရွယ်တွေနဲ့ အိမ်ရာမဲ့တွေအတွက် ခဏတာခိုလှုံလို့ရစေမယ့် အိမ်ကြီးတစ်လုံးဆောက်ပေးဖို့ အစီအစဉ်လည်းချထားပါတယ်။ ဒီအိမ်ကြီးမှာ လိုအပ်တဲ့ဝန်ဆောင်မှုမျိုးစုံကို ထောက်ပံ့ဖန်တီးပေးထားမယ်လို့ ဆိုပါတယ်။ ‘အမိုးအကာလေးအောက်မှာ နေရတာဘယ်လိုမျိုးလဲဆိုတာ ကျွန်မမှတ်မိနေပါသေးတယ်… ဒါကြောင့် ဒီလိုအစီအစဉ်ကို ချမှတ်ခဲ့တာပါ’ လို့ ရောဘာ့တ်တာက ပြောပြခဲ့ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top